မိဘေတြအိမ္ျပန္လာခ်ိန္ TV ပိတ္ၿပီး အိမ္စာလုပ္ဖို႔ ေကာင္မေလးကိုအၿမဲသတိေပးေလ့ရွိတဲ့ ေခြးလိမၼာ (႐ုပ္သံ)

Unicode

မိဘတွေအိမ်ပြန်လာချိန် TV ပိတ်ပြီး အိမ်စာလုပ်ဖို့ ကောင်မလေးကိုအမြဲသတိပေးလေ့ရှိတဲ့ ခွေးလိမ္မာ (ရုပ်သံ)

တရုတ် social media ပေါ်မှာ ဂျာမာန်အမျိုးအစားခွေးလေးဖြစ်တဲ့ Nuomi နှင့်သူ၏သခင်မလေး Guanline တို့ရဲ့ အချင်းချင်းဂရုစိုက်ပြီး

အလိုက်သိတတ်လွန်းတဲ့လုပ်ရပ်တွေဟာ အတော်လေးကိုနာမည်ကြီးနေလျက်ရှိပါတယ် ။ Nuomi ကို မွေးစားခဲ့တာ 4နှစ်ခန့်ရှိနေပြီဖြစ်ပြီး ၊ခွေးလေးကို သေသေချာချာလေ့ကျင့်သင်ကြားပေးခဲ့တာမျိုးလည်းမရှိကြောင်း သိရှိရပါတယ် ။

ခွေးလေးဟာ မိဘတွေအိမ်ပြန်လာချိန် TVခိုးကြည့်နေတဲ့Guanline ကိုဘယ်လိုသတိပေးရမလဲဆိုတာသိနေခဲ့ပါတယ် ။အစပိုင်းမှာခွေးလေးဟာ

တံခါးပေါက်ဖက်ကို ဟောင်နေခဲ့ပြီး နောက်မှ သူ၏လက်ဖဝါးကို စားပွဲခုံပေါ်တင်ပြီး အချက်ပြခဲ့တာပါ ။ Guanline ကလည်း ခွေးလေးရဲ့သတိပေးချက်ကို

ချက်ချင်းနားလည်သဘောပေါက်သွားပြီး TV ကိုပိတ်ကာ အိမ်စာလုပ်နေသယောင်ဟန်ဆောင်ခဲ့ပါတော့တယ် ။

ဖခင်ဖြစ်သူကလည်း အစပိုင်းမှာတော့ လုံးဝကိုမရိပ်မိခဲ့ဘဲ နောက်ဆုံး CCTV ဖွင့်ကြည့်ခဲ့ချိန်မှ သမီးလေး နှင့် ခွေးလေး အတိုင်အဖောက်ညီနေကြတာကို သိရှိခဲ့ရတာပါ ။ေ

ခွးလေးဟာမိသားစုဝင်တွေနဲ့အတူ အမြဲကုန်စုံဆိုင်သို့သွားလေ့ရှိပြီးသခင်တွေအတွက်အမြဲခြင်းတောင်းကူသယ်ပေးလေ့ရှိရုံသာမက ၊ နေအိမ်မှာတစ်ကောင်တည်း

ကျန်နေခဲ့တဲ့အချိန်တိုင်းလည်း delivery ပစ္စည်းတွေကိုလက်ခံတတ်ပါသေးတယ် ။Delivery သမားရဲ့ပြောပြချက်အရ ”

တံခါးဖွင့်နေတာကိုမြင်တော့ ကျွန်တော်ပါဆယ်ထုပ်ကိုပေးလိုက်တယ် ၊ ခဏနေမှ ပါဆယ်ထုပ်လက်ခံပေးနေတာ ခွေးလေးဖြစ်မှန်ကျွန်တော်သိလိုက်ရတယ် ၊

ကျွန်တော်ကြောက်လွန်းလို့ လက်ခံရရှိကြောင်းပြေစာကိုတောင် မယူလိုက်ရဘူး ၊ ခွေးလေးက ပစ္စည်းတွေကိုဒီတိုင်းပဲ ယူသွားခဲ့တာပါ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

နောက်တော့မှ သခင်ဖြစ်သူကခွေးလေးကို delivery သမားဆီသို့ခေါ်သွားခဲ့ကာ ခွေးလေးကလည်းချက်ချင်းမှတ်မိခဲ့လို့ delivery သမားကို မုန့်ထုပ်ပေးခဲ့ပြီး ကျေးဇူးတင်စကားပြောခဲ့ရကြောင်း သိရှိရပါတယ် ။

ခွေးလေး Nuomi ကို Guanlin လမ်းလျှောက်တက်စအရွယ်ကတည်းက မွေးစားခဲ့တာဖြစ်ပါတယ် ။ Guanlin ကလည်း ခွေးလေးကိုအမြဲပုံပြင်ဖတ်ပြပြီး မုန့်ကျွေးလေ့ရှိပါတယ် ။

ကျောင်းကနေ အိမ်ပြန်လာတဲ့ Guanlin ကိုအမြဲကြိုပို့ရုံသာမက ခွေးလေး Nuomi က လွယ်အိတ်တွေပါ ကူးသယ်ပေးလေ့ရှိလို့ ချစ်ဖို့ကောင်းလွန်းတဲ့ Nuomi နှင့်

Guanlin ရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီး follower တွေလည်းအတော်များများရရှိခဲ့ကြောင်း သိရှိရပါတယ် ။

crd

Vedio

Zawgyi

မိဘေတြအိမ္ျပန္လာခ်ိန္ TV ပိတ္ၿပီး အိမ္စာလုပ္ဖို႔ ေကာင္မေလးကိုအၿမဲသတိေပးေလ့ရွိတဲ့ ေခြးလိမၼာ (႐ုပ္သံ)

တ႐ုတ္ social media ေပၚမွာ ဂ်ာမာန္အမ်ိဳးအစားေခြးေလးျဖစ္တဲ့ Nuomi ႏွင့္သူ၏သခင္မေလး Guanline တို႔ရဲ႕ အခ်င္းခ်င္းဂ႐ုစိုက္ၿပီး

အလိုက္သိတတ္လြန္းတဲ့လုပ္ရပ္ေတြဟာ အေတာ္ေလးကိုနာမည္ႀကီးေနလ်က္ရွိပါတယ္ ။ Nuomi ကို ေမြးစားခဲ့တာ 4ႏွစ္ခန႔္ရွိေနၿပီျဖစ္ၿပီး ၊ေခြးေလးကို ေသေသခ်ာခ်ာေလ့က်င့္သင္ၾကားေပးခဲ့တာမ်ိဳးလည္းမရွိေၾကာင္း သိရွိရပါတယ္ ။

ေခြးေလးဟာ မိဘေတြအိမ္ျပန္လာခ်ိန္ TVခိုးၾကည့္ေနတဲ့Guanline ကိုဘယ္လိုသတိေပးရမလဲဆိုတာသိေနခဲ့ပါတယ္ ။အစပိုင္းမွာေခြးေလးဟာ

တံခါးေပါက္ဖက္ကို ေဟာင္ေနခဲ့ၿပီး ေနာက္မွ သူ၏လက္ဖဝါးကို စားပြဲခုံေပၚတင္ၿပီး အခ်က္ျပခဲ့တာပါ ။ Guanline ကလည္း ေခြးေလးရဲ႕သတိေပးခ်က္ကို

ခ်က္ခ်င္းနားလည္သေဘာေပါက္သြားၿပီး TV ကိုပိတ္ကာ အိမ္စာလုပ္ေနသေယာင္ဟန္ေဆာင္ခဲ့ပါေတာ့တယ္ ။

ဖခင္ျဖစ္သူကလည္း အစပိုင္းမွာေတာ့ လုံးဝကိုမရိပ္မိခဲ့ဘဲ ေနာက္ဆုံး CCTV ဖြင့္ၾကည့္ခဲ့ခ်ိန္မွ သမီးေလး ႏွင့္ ေခြးေလး အတိုင္အေဖာက္ညီေနၾကတာကို သိရွိခဲ့ရတာပါ ။ေ

ခြးေလးဟာမိသားစုဝင္ေတြနဲ႔အတူ အၿမဲကုန္စုံဆိုင္သို႔သြားေလ့ရွိၿပီးသခင္ေတြအတြက္အၿမဲျခင္းေတာင္းကူသယ္ေပးေလ့ရွိ႐ုံသာမက ၊ ေနအိမ္မွာတစ္ေကာင္တည္း

က်န္ေနခဲ့တဲ့အခ်ိန္တိုင္းလည္း delivery ပစၥည္းေတြကိုလက္ခံတတ္ပါေသးတယ္ ။Delivery သမားရဲ႕ေျပာျပခ်က္အရ ”

တံခါးဖြင့္ေနတာကိုျမင္ေတာ့ ကြၽန္ေတာ္ပါဆယ္ထုပ္ကိုေပးလိုက္တယ္ ၊ ခဏေနမွ ပါဆယ္ထုပ္လက္ခံေပးေနတာ ေခြးေလးျဖစ္မွန္ကြၽန္ေတာ္သိလိုက္ရတယ္ ၊

ကြၽန္ေတာ္ေၾကာက္လြန္းလို႔ လက္ခံရရွိေၾကာင္းေျပစာကိုေတာင္ မယူလိုက္ရဘူး ၊ ေခြးေလးက ပစၥည္းေတြကိုဒီတိုင္းပဲ ယူသြားခဲ့တာပါ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

ေနာက္ေတာ့မွ သခင္ျဖစ္သူကေခြးေလးကို delivery သမားဆီသို႔ေခၚသြားခဲ့ကာ ေခြးေလးကလည္းခ်က္ခ်င္းမွတ္မိခဲ့လို႔ delivery သမားကို မုန႔္ထုပ္ေပးခဲ့ၿပီး ေက်းဇူးတင္စကားေျပာခဲ့ရေၾကာင္း သိရွိရပါတယ္ ။

ေခြးေလး Nuomi ကို Guanlin လမ္းေလွ်ာက္တက္စအ႐ြယ္ကတည္းက ေမြးစားခဲ့တာျဖစ္ပါတယ္ ။ Guanlin ကလည္း ေခြးေလးကိုအၿမဲပုံျပင္ဖတ္ျပၿပီး မုန႔္ေကြၽးေလ့ရွိပါတယ္ ။

ေက်ာင္းကေန အိမ္ျပန္လာတဲ့ Guanlin ကိုအၿမဲႀကိဳပို႔႐ုံသာမက ေခြးေလး Nuomi က လြယ္အိတ္ေတြပါ ကူးသယ္ေပးေလ့ရွိလို႔ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ Nuomi ႏွင့္

Guanlin ရဲ႕အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားခဲ့ၿပီး follower ေတြလည္းအေတာ္မ်ားမ်ားရရွိခဲ့ေၾကာင္း သိရွိရပါတယ္ ။

crd