Unicode
ထဘီလေး ပေါင်ပြီ… ဆန်ပြုတ်လေး သောက်တယ်ကျနော် မိတ်ဆွေ လင်မယားက… အဖွားကို ကျနော့် ဖုန်းနံပါတ်လေး ပေးလိုက်တော့……
သားလေး မောင်ပူတူးလား ဟင်… အဖွားတို့ သားမိကို ကယ်ပါနော်
ဘာဖြစ်လို့ပါလဲ အဖွား… မငိုပဲ ပြောပေးပါနော်
အဖွားတို့ ထမင်းမစားရတာ (၃)ရက်ရှိပါပြီ သားရယ်…..
အဖွားကို မကယ်ရင်နေပါ… ဒီ ပိုလီယိုသားလေးကို ကယ်ပေးပါနော် သားရယ်
အဲ့လို အကြောင်းလေး ကြားတော့… မနေနိုင်ဘူး သွားကြည့်တော့…..
တကယ့်ကို အဆင်မပြေဘူး….အဖွားပြောတဲ့ အတိုင်း ပိုလီယိုသားလဲ တွေ့ရတယ်
ကျနော့် အရှေ့ပဲ…. အိမ်လစာ လာတောင်းသွားလို့… အဖွား ဆံပင်ဖြတ် ရောင်းပြီ ပေးလိုက်တယ်တဲ့
ဘယ်လောက်ရလဲမေးတော့…. (၁)သောင်းခွဲရတယ် သား
ကဲ အဖွား ထမင်းမစားရတာ (၃)ရက်ရှိပြီဆိုတော့… အဲ့ရက်တွေ ဘာစားကြလဲ??
အဖွား ထဘီလေး (၃)ထည်ပေါင်တာ…(၁)ထောင်ရတယ် သားလေးရယ်…
အဲ့ (၁)ထောင်ကို ဆန်ကြမ်းလေး ဝယ်ပြီ…အဖွားတို့ ဆန်ပြုတ်လေး ပြုတ်သောက်ကြတယ်
အရင်ကကော ဘာအလုပ်လုပ်လဲ အဖွား??
အရင်က အဖွား ဈေးပတ်ရောင်းတယ်… လေ(၁)ခြမ်းဖြတ်ပြီ ဈေးမရောင်းနိုင်တော့ဘူး…လုပ်ကျွေးတဲ့ သား(၂)ယောက်ကလဲ ကိုဗစ်မှာ ဆုံးသွားကြတယ်
အဖွားကို ကယ်ပါ သားလေးရယ်…အဖွားကို ကယ်ပေးပါနော်
ဟုတ် အဖွား… ဒီမှာ အဖွားတို့တွက် ဆန် ဆီ စားစရာတွေ နှင့် အဖွား နဲ့ အဖွားသားတွက် ဆေးဖိုး (100,000)Ks အဖွား
အဖွား ပြောမပြတတ်လောက်အောင်… ဝမ်းသာတယ်… (မျက်ရည်တွေ ကျလာရော )
မငိုပါနဲ့ အဖွား… အခု အဆင်ပြေပြီလေနော်
အဖွား ငိုတာ… အဖွားတို့ သားမိ ငတ်မသေတော့ဘူး… အဖွားသားလေး ထမင်းစားရတော့မှာ… အဖွား….. (ငိုပြန်ရော အားရပါးရကြီး ငိုပါရော )
ဟုတ် အဖွား… အဆင်ပြေသွားမှာပါ… အားတင်းထားကြပါနော်
•အော… ကျနော်တို့တွေကသာ ထမင်း ဟင်းပိုရင် ပစ်လိုက်ဆိုပြီလုပ်ကြတာ…. တချို့တွေမှာ ထမင်းမပြောနဲ့ ဆန်ပြုတ် သောက်ဖို့တောင် မနည်းကြိုးစားနေရတယ်
(အဖွားခွင့်ပြုချက်ဖြင့် ပုံ တင်ပါသည်။)
ပို့စ်အား Copy & Paste မလုပ်ခြင်းဖြင့် ကူညီပေးကြပါ… ပြဿနာတွေ ရှင်းရလွန်းလို့ပါ
လူနာတင်ယာဉ် အကူညီလိုအပ်ပါက……
ကိုပူတူးနှင့်ဘော်ဒါများ
095408437
Zawgyi
ထဘီေလး ေပါင္ၿပီ… ဆန္ျပဳတ္ေလး ေသာက္တယ္က်ေနာ္ မိတ္ေဆြ လင္မယားက… အဖြားကို က်ေနာ့္ ဖုန္းနံပါတ္ေလး ေပးလိုက္ေတာ့……
သားေလး ေမာင္ပူတူးလား ဟင္… အဖြားတို႔ သားမိကို ကယ္ပါေနာ္
ဘာျဖစ္လို႔ပါလဲ အဖြား… မငိုပဲ ေျပာေပးပါေနာ္
အဖြားတို႔ ထမင္းမစားရတာ (၃)ရက္ရွိပါၿပီ သားရယ္…..
အဖြားကို မကယ္ရင္ေနပါ… ဒီ ပိုလီယိုသားေလးကို ကယ္ေပးပါေနာ္ သားရယ္
အဲ့လို အေၾကာင္းေလး ၾကားေတာ့… မေနႏိုင္ဘူး သြားၾကည့္ေတာ့…..
တကယ့္ကို အဆင္မေျပဘူး….အဖြားေျပာတဲ့ အတိုင္း ပိုလီယိုသားလဲ ေတြ႕ရတယ္
က်ေနာ့္ အေရွ႕ပဲ…. အိမ္လစာ လာေတာင္းသြားလို႔… အဖြား ဆံပင္ျဖတ္ ေရာင္းၿပီ ေပးလိုက္တယ္တဲ့
ဘယ္ေလာက္ရလဲေမးေတာ့…. (၁)ေသာင္းခြဲရတယ္ သား
ကဲ အဖြား ထမင္းမစားရတာ (၃)ရက္ရွိၿပီဆိုေတာ့… အဲ့ရက္ေတြ ဘာစားၾကလဲ??
အဖြား ထဘီေလး (၃)ထည္ေပါင္တာ…(၁)ေထာင္ရတယ္ သားေလးရယ္…
အဲ့ (၁)ေထာင္ကို ဆန္ၾကမ္းေလး ဝယ္ၿပီ…အဖြားတို႔ ဆန္ျပဳတ္ေလး ျပဳတ္ေသာက္ၾကတယ္
အရင္ကေကာ ဘာအလုပ္လုပ္လဲ အဖြား??
အရင္က အဖြား ေစ်းပတ္ေရာင္းတယ္… ေလ(၁)ျခမ္းျဖတ္ၿပီ ေစ်းမေရာင္းႏိုင္ေတာ့ဘူး…လုပ္ေကြၽးတဲ့ သား(၂)ေယာက္ကလဲ ကိုဗစ္မွာ ဆုံးသြားၾကတယ္
အဖြားကို ကယ္ပါ သားေလးရယ္…အဖြားကို ကယ္ေပးပါေနာ္
ဟုတ္ အဖြား… ဒီမွာ အဖြားတို႔တြက္ ဆန္ ဆီ စားစရာေတြ ႏွင့္ အဖြား နဲ႔ အဖြားသားတြက္ ေဆးဖိုး (100,000)Ks အဖြား
အဖြား ေျပာမျပတတ္ေလာက္ေအာင္… ဝမ္းသာတယ္… (မ်က္ရည္ေတြ က်လာေရာ )
မငိုပါနဲ႔ အဖြား… အခု အဆင္ေျပၿပီေလေနာ္
အဖြား ငိုတာ… အဖြားတို႔ သားမိ ငတ္မေသေတာ့ဘူး… အဖြားသားေလး ထမင္းစားရေတာ့မွာ… အဖြား….. (ငိုျပန္ေရာ အားရပါးရႀကီး ငိုပါေရာ )
ဟုတ္ အဖြား… အဆင္ေျပသြားမွာပါ… အားတင္းထားၾကပါေနာ္
•ေအာ… က်ေနာ္တို႔ေတြကသာ ထမင္း ဟင္းပိုရင္ ပစ္လိုက္ဆိုၿပီလုပ္ၾကတာ…. တခ်ိဳ႕ေတြမွာ ထမင္းမေျပာနဲ႔ ဆန္ျပဳတ္ ေသာက္ဖို႔ေတာင္ မနည္းႀကိဳးစားေနရတယ္
(အဖြားခြင့္ျပဳခ်က္ျဖင့္ ပုံ တင္ပါသည္။)
ပို႔စ္အား Copy & Paste မလုပ္ျခင္းျဖင့္ ကူညီေပးၾကပါ… ျပႆနာေတြ ရွင္းရလြန္းလို႔ပါ
လူနာတင္ယာဥ္ အကူညီလိုအပ္ပါက……
ကိုပူတူးႏွင့္ေဘာ္ဒါမ်ား
095408437