သိန္းတစ္ေသာင္းခြဲေပါက္သူမွ ဘုရားတည္ရန္ အုတ္႐ိုးတူးရာ ေရွးေဟာင္းပစၥည္းမ်ားေတြ႕

Unicode

စစ်ကိုင်းတိုင်းကနီမြို့နယ် ဝရာကျေးရွာနေ(၁၇) ကြိမ်မြောက် သိန်း (၁၅၀၀၀) ဆုပေါက်ခဲ့သူတို့က ဘုရားတည်ရန် အုတ်ရိုးတူးရာမှရှေးဟောင်းအမွေအနှစ်များ သြဂုတ်လ(၂၅)ရက်နေ့လည်ကတူးဖော်တွေ့ရှိကြောင်းသိရသည်။

“ဝရာကျေးရွာမှာ သမိုင်းဝင်ရွှေမုဌောဘုရားကြီးရဲ့မြောက်ဘက်ကပ်ရက်မှာ ဘုရားကုန်းကြီးရှိတယ်။သစ်ပင်တွေပေါက်နေတာကြာပြီ။ဦးဇင်းတို့ရွာက ၁၇ ကြိမ်မြောက်မှာ သိန်း၁၅ဝဝဝပေါက်တယ်။ပေါက်တဲ့ကိုသောင်းထိုက်ဦးတို့၊မဆုမြတ်မော်မောင်နှမတစ်စုကဒီရှေးဟောင်း

ဘုရားကြီးကိုပြင်မယ်ဆိုပြီး လုပ်တယ်။ဒီဝါတွင်းကိုတော့ အုတ်ရိုးတွေဖော်မယ်ပေါ့။ဝါကျွတ်မှပဲဘုရားတည်မယ်ပေါ့။ဒီနေ့မှာ ဘတ်ဟိုးကော်တယ်။ဒီနေ့လူတွေနဲ့အုတ်ရိုးတွေတူးရင်းနဲ့ရှေးဟောင်းပစ္စည်းတွေရှိခဲ့တာပါ”ဟု ဦးဇင်း ဦးဝေပုံကမိန့်ကြားသည်။

တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်များမှာ ရှေးဟောင်းဘုရားများ၊ကျောက်ဆင်းတုဘုရား၊စာများ၊အိုးများ၊ကြေးဆင်းတုများဖြစ်ပြီး မည်သို့စီမံဆောင်ရွက်မည်ကိုဆွေးနွေးတိုင်ပင်စဲဖြစ်ကြောင်းသိရသည်။

“ဘုရားတွေကတော့ လက်ကျိုးတာတွေရော၊ခေါင်းပြတ်တာတွေရော ပါတယ်။ စာတွေတော့ ပါတယ်။ တချို့ကတော့ အင်းဝခေတ်ကဟာလို့တော့ပြောတယ်။

သေချာမကြည့်ရသေးဘူး။ အရင်ရွှေမုဌောဘုရားကြီးတုန်းက ငလျင်လှုပ်တုန်းက ဓာတ်တော်တွေ့တယ်၊အဲဒါတွေလည်း ဘုရားထည့်တယ်။အခုတွေ့ဟာကလည်း ဌာပနာထဲထည့်ဖြစ်မယ်ထင်တယ်”ဟု ဆရာတော်ကမိန့်ကြားသည်။

ဓါတ်ပုံ- ဦးဝေ/ မျိုးဝင်းထွန်း (မုံရွာ)

Crd

Zawgyi

စစ္ကိုင္းတိုင္းကနီၿမိဳ႕နယ္ ဝရာေက်း႐ြာေန(၁၇) ႀကိမ္ေျမာက္ သိန္း (၁၅၀၀၀) ဆုေပါက္ခဲ့သူတို႔က ဘုရားတည္ရန္ အုတ္႐ိုးတူးရာမွေရွးေဟာင္းအေမြအႏွစ္မ်ား ၾသဂုတ္လ(၂၅)ရက္ေန႔လည္ကတူးေဖာ္ေတြ႕ရွိေၾကာင္းသိရသည္။

“ဝရာေက်း႐ြာမွာ သမိုင္းဝင္ေ႐ႊမုေဌာဘုရားႀကီးရဲ႕ေျမာက္ဘက္ကပ္ရက္မွာ ဘုရားကုန္းႀကီးရွိတယ္။သစ္ပင္ေတြေပါက္ေနတာၾကာၿပီ။ဦးဇင္းတို႔႐ြာက ၁၇ ႀကိမ္ေျမာက္မွာ သိန္း၁၅ဝဝဝေပါက္တယ္။ေပါက္တဲ့ကိုေသာင္းထိုက္ဦးတို႔၊မဆုျမတ္ေမာ္ေမာင္ႏွမတစ္စုကဒီေရွးေဟာင္း

ဘုရားႀကီးကိုျပင္မယ္ဆိုၿပီး လုပ္တယ္။ဒီဝါတြင္းကိုေတာ့ အုတ္႐ိုးေတြေဖာ္မယ္ေပါ့။ဝါကြၽတ္မွပဲဘုရားတည္မယ္ေပါ့။ဒီေန႔မွာ ဘတ္ဟိုးေကာ္တယ္။ဒီေန႔လူေတြနဲ႔အုတ္႐ိုးေတြတူးရင္းနဲ႔ေရွးေဟာင္းပစၥည္းေတြရွိခဲ့တာပါ”ဟု ဦးဇင္း ဦးေဝပုံကမိန႔္ၾကားသည္။

ေတြ႕ရွိခဲ့သည့္ ေရွးေဟာင္းအေမြအႏွစ္မ်ားမွာ ေရွးေဟာင္းဘုရားမ်ား၊ေက်ာက္ဆင္းတုဘုရား၊စာမ်ား၊အိုးမ်ား၊ေၾကးဆင္းတုမ်ားျဖစ္ၿပီး မည္သို႔စီမံေဆာင္႐ြက္မည္ကိုေဆြးေႏြးတိုင္ပင္စဲျဖစ္ေၾကာင္းသိရသည္။

“ဘုရားေတြကေတာ့ လက္က်ိဳးတာေတြေရာ၊ေခါင္းျပတ္တာေတြေရာ ပါတယ္။ စာေတြေတာ့ ပါတယ္။ တခ်ိဳ႕ကေတာ့ အင္းဝေခတ္ကဟာလို႔ေတာ့ေျပာတယ္။

ေသခ်ာမၾကည့္ရေသးဘူး။ အရင္ေ႐ႊမုေဌာဘုရားႀကီးတုန္းက ငလ်င္လႈပ္တုန္းက ဓာတ္ေတာ္ေတြ႕တယ္၊အဲဒါေတြလည္း ဘုရားထည့္တယ္။အခုေတြ႕ဟာကလည္း ဌာပနာထဲထည့္ျဖစ္မယ္ထင္တယ္”ဟု ဆရာေတာ္ကမိန႔္ၾကားသည္။

ဓါတ္ပုံ- ဦးေဝ/ မ်ိဳးဝင္းထြန္း (မုံ႐ြာ)

Crd