ေသရြာက ျပန္လာၿပီးေနာက္ ထီဆုႀကီးေတြ ဆြတ္ခူးႏုိင္ခဲ့တဲ့ ကမာၻ႔ကံအေကာင္းဆုံး အမ်ိဳးသား

Unicode

အမျိုုးသားတစ်ယောက်ဟာ ဆေးခန်းက သေပြီလို့ သတ်မှတ်ခဲ့ပေမယ့်၊ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာနိုင်ခဲ့ပါတယ်။ ကံကောင်ထောက်မစွာ ဒုတိယအကြိမ် အသက်ရှင်သန်ခွင့်ရခဲ့တဲ့ သူဟာ၊ ကံကောင်းမှုတွေက ရပ်တန့်မနေခဲ့ပါဘူး။ ထီဆုကြီးနှစ်ဆုပါ ထပ်ပြီးပေါက်ခဲ့ကြောင်း သိရပါတယ်။

သူ့အမည်ကတော့ Bill Morgan ဖြစ်ပါတယ်။Bill Morgan နဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်လေးဟာ တွစ်တာပေါ်မှာ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး၊ ဝင်ရောက်ကြည့်ရှုသူ (၁.၆)သန်းအထိ ကျော်သွားခဲ့ကြောင်း သိရပါတယ်။ Bill ဟာ ကိုမာကနေ ပြန်လည်နိုးထလာပြီး သိပ်မကြာမီမှာ သြစတေးလျဒေါ်လာ

(၂)သိန်းခွဲ ထီဆုကြီး ကံထူးခဲ့ပါတယ်။ ပေါင်အားဖြင့် (၁၃၅,၀၀၀) ဖြစ်ပါတယ်။လက်ရှိအချိန်မှာ Bill ဟာ အသက် (၅၉)နှစ် စွန်းနေပါပြီ။ ထိုစဉ်တုန်းက Bill ဟာ အသက်(၃၇)နှစ်သာ ရှိပါသေးတယ်။ ကုန်ကားမောင်းတဲ့ Bill ဟာ (၁၉၉၅)ခုနှစ်မှာ ယာဉ်မတော်တဆမှု

အကြီးအကျယ်ကို မြင်တွေ့ပြီး နှလုံးထိခိုက်ခဲ့ပါတယ်။ Bill ကို နီးစပ်ရာဆေးခန်းကတော့ သေပြီလို့ ဆုံးဖြတ်ခဲ့တာပါ။

သူ့ကို သက်ဆိုင်ရာမိသားစုဝင်တွေက အစိုးရဆေးရုံဆီ အမြန်လွှဲပြောင်းခဲ့ပါတယ်။ ကံဆိုးတာက မဖြစ်မနေ အသုံးပြုရမယ့် ဆေးတစ်မျိုးနဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် သူရဲ့နှလုံးဟာ (၁၄)မိနစ်ကြာ ရပ်ဆိုင်းသွားပြီး၊ ဦးနောက်အတွင်း သွေးစီးဆင်းမှု မရှိသလောက်ဖြစ်ကာ

ကိုမာဝင်သွားပါတော့တယ်။အဲဒီဆေးရုံမှာ နှစ်ရက်ကြာ အသိလွတ်နေခဲ့ရာ၊ ဒုတိယဆေးရုံတစ်ခုကို ပြောင်းခဲ့ကြပြန်ပါတယ်။ ဒုတိယဆေးရုံမှာတော့ ဆေးဝါးနဲ့ ပစ္စည်းကိရိယာ ပိုစုံလင်ပါတယ်။ ဒါပေမယ့် ဒေါက်တာတွေက

အသက်ရှင်မယ်လို့ အာမခံခြင်းမရှိဘဲ ကုသစရာရှိတဲ့ကိစ္စတွေကို ဆက်ပြီး On ထားခဲ့တာပါ။ (၁၂)ရက်အကြာမှာ သူ အံ့အားသင့်ဖွယ်ရာ ကိုမာကနေ ပြန်နိုးလာခဲ့ပါတယ်။

သူဟာ မကြာမီမှာ လူကောင်းပကတိ ဖြစ်သွားခဲ့ပြီး၊ ချစ်ရတဲ့ချစ်သူ Lisa Wells နဲ့ အမြန်လက်ထပ်လိုက်ပါတယ်။ သူ့အနေနဲ့ ချစ်သူနဲ့ အချိန်မရွေး ကွဲကွာသွားနိုင်တယ်လို့ ခံယူခဲ့ပုံပါဘဲ။ လက်ထပ်ပွဲ ပြီးနောက် မကြာမီမှာပဲ ထီထိုးခဲ့ရာ သူဟာ ထိုခေတ်ထိုအခါက သြော်စတေးလျဒေါ်လာ

(၁၇၀၀၀)တန်ကြေးရှိ ကားတစ်စီး ကံထူးခဲ့ပါတယ်။ဒီလောက်တင်ပဲ သူ့ကံကြမ္မာက ရပ်တန့်မနေပါဘူး။ သူရဲ့ကံကောင်းမှုအကြောင်းကို မဲလ်ဘုန်းသတင်းဌာနက

အများသိအောင် တင်ဆက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ရိုက်ကူးရေးမှာ ကားကံစမ်းမဲ့ပေါက်ခဲ့တဲ့ ပြကွက်အတွက် စတိုးဆိုင်ကိုသွားပြီး Bill က ထီးတစ်စောင် ဝယ်လိုက်ပါတယ်။

ခဲခြစ်ထီဖြစ်လို့ ချက်ချင်း ခြစ်ခဲ့ရာ၊ ကံကောင်းစွာပဲ ဒေါ်လာ(၂)သိန်းခွဲတန် ထီဆုကြီး ဆွတ်ခူးခဲ့တာပါ။ဒါဟာ အတော်လေး တိုက်ဆိုင်မှုဖြစ်ပါတယ်။ Bill က ကံစမ်းလက်မှတ်ကို ခြစ်နေရင်းနဲ့ “ဟာ ဒေါ်လာ (၂)သိန်းခွဲ ပေါက်ပြန်ပြီဗျာ .. ကျွန်တော် နောက်နေတာ မဟုတ်ဘူး … ”လို့ မိမိကိုယ်ကိုလည်း

မယုံနိုင်စွာ အော်ပြောခဲ့ပါတယ်။ သူဟာ ခေါင်းကို တဖွဖွကုပ်နေခဲ့ပါတယ်။ သူဟာ ကားဆုကြီးဆွတ်ခူးလို့ နှစ်ပတ်အကြာမှာ ထီဆုကြီး ထပ်မံရရှိခဲ့ပါတယ်။ ထိုခေတ်က သြစတေးလျဒေါ်လာ(၁၀၀)ဟာ လက်ရှိခေတ်မှာ (၁၇၁.၅၅)ဒေါ်လာနဲ့ ညီမျှပါတယ်။

Credit

Zawgyi

အမ်ိဳဳးသားတစ္ေယာက္ဟာ ေဆးခန္းက ေသၿပီလုိ႔ သတ္မွတ္ခဲ့ေပမယ့္၊ ကုိမာဝင္ေနရာကေန ျပန္လည္ႏုိးထလာႏုိင္ခဲ့ပါတယ္။ ကံေကာင္ေထာက္မစြာ ဒုတိယအႀကိမ္ အသက္ရွင္သန္ခြင့္ရခဲ့တဲ့ သူဟာ၊ ကံေကာင္းမႈေတြက ရပ္တန္႔မေနခဲ့ပါဘူး။ ထီဆုႀကီးႏွစ္ဆုပါ ထပ္ၿပီးေပါက္ခဲ့ေၾကာင္း သိရပါတယ္။

သူ႕အမည္ကေတာ့ Bill Morgan ျဖစ္ပါတယ္။Bill Morgan နဲ႔ပတ္သက္တဲ့ ဗြီဒီယိုဖုိင္ေလးဟာ တြစ္တာေပၚမွာ ျပန္လည္ေပၚထြက္လာခဲ့ၿပီး၊ ဝင္ေရာက္ၾကည့္႐ႈသူ (၁.၆)သန္းအထိ ေက်ာ္သြားခဲ့ေၾကာင္း သိရပါတယ္။ Bill ဟာ ကိုမာကေန ျပန္လည္ႏုိးထလာၿပီး သိပ္မၾကာမီမွာ ၾသစေတးလ်ေဒၚလာ

(၂)သိန္းခြဲ ထီဆုႀကီး ကံထူးခဲ့ပါတယ္။ ေပါင္အားျဖင့္ (၁၃၅,၀၀၀) ျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ Bill ဟာ အသက္ (၅၉)ႏွစ္ စြန္းေနပါၿပီ။ ထုိစဥ္တုန္းက Bill ဟာ အသက္(၃၇)ႏွစ္သာ ရွိပါေသးတယ္။ ကုန္ကားေမာင္းတဲ့ Bill ဟာ (၁၉၉၅)ခုႏွစ္မွာ ယာဥ္မေတာ္တဆမႈ

အႀကီးအက်ယ္ကို ျမင္ေတြ႕ၿပီး ႏွလုံးထိခုိက္ခဲ့ပါတယ္။ Bill ကုိ နီးစပ္ရာေဆးခန္းကေတာ့ ေသၿပီလုိ႔ ဆုံးျဖတ္ခဲ့တာပါ။

သူ႕ကို သက္ဆုိင္ရာမိသားစုဝင္ေတြက အစုိးရေဆး႐ုံဆီ အျမန္လႊဲေျပာင္းခဲ့ပါတယ္။ ကံဆုိးတာက မျဖစ္မေန အသုံးျပဳရမယ့္ ေဆးတစ္မ်ိဳးနဲ႔ ဓာတ္မတည့္မႈျဖစ္တာေၾကာင့္ သူရဲ႕ႏွလုံးဟာ (၁၄)မိနစ္ၾကာ ရပ္ဆုိင္းသြားၿပီး၊ ဦးေနာက္အတြင္း ေသြးစီးဆင္းမႈ မရွိသေလာက္ျဖစ္ကာ

ကိုမာဝင္သြားပါေတာ့တယ္။အဲဒီေဆး႐ုံမွာ ႏွစ္ရက္ၾကာ အသိလြတ္ေနခဲ့ရာ၊ ဒုတိယေဆး႐ုံတစ္ခုကို ေျပာင္းခဲ့ၾကျပန္ပါတယ္။ ဒုတိယေဆး႐ုံမွာေတာ့ ေဆးဝါးနဲ႔ ပစၥည္းကိရိယာ ပုိစုံလင္ပါတယ္။ ဒါေပမယ့္ ေဒါက္တာေတြက

အသက္ရွင္မယ္လုိ႔ အာမခံျခင္းမရွိဘဲ ကုသစရာရွိတဲ့ကိစၥေတြကုိ ဆက္ၿပီး On ထားခဲ့တာပါ။ (၁၂)ရက္အၾကာမွာ သူ အံ့အားသင့္ဖြယ္ရာ ကိုမာကေန ျပန္ႏုိးလာခဲ့ပါတယ္။

သူဟာ မၾကာမီမွာ လူေကာင္းပကတိ ျဖစ္သြားခဲ့ၿပီး၊ ခ်စ္ရတဲ့ခ်စ္သူ Lisa Wells နဲ႔ အျမန္လက္ထပ္လုိက္ပါတယ္။ သူ႕အေနနဲ႔ ခ်စ္သူနဲ႔ အခ်ိန္မေရြး ကြဲကြာသြားႏုိင္တယ္လုိ႔ ခံယူခဲ့ပုံပါဘဲ။ လက္ထပ္ပြဲ ၿပီးေနာက္ မၾကာမီမွာပဲ ထီထုိးခဲ့ရာ သူဟာ ထုိေခတ္ထုိအခါက ေၾသာ္စေတးလ်ေဒၚလာ

(၁၇၀၀၀)တန္ေၾကးရွိ ကားတစ္စီး ကံထူးခဲ့ပါတယ္။ဒီေလာက္တင္ပဲ သူ႕ကံၾကမၼာက ရပ္တန္႔မေနပါဘူး။ သူရဲ႕ကံေကာင္းမႈအေၾကာင္းကို မဲလ္ဘုန္းသတင္းဌာနက

အမ်ားသိေအာင္ တင္ဆက္ဖုိ႔ ကမ္းလွမ္းခဲ့ပါတယ္။ ႐ုိက္ကူးေရးမွာ ကားကံစမ္းမဲ့ေပါက္ခဲ့တဲ့ ျပကြက္အတြက္ စတုိးဆုိင္ကိုသြားၿပီး Bill က ထီးတစ္ေစာင္ ဝယ္လုိက္ပါတယ္။

ခဲျခစ္ထီျဖစ္လုိ႔ ခ်က္ခ်င္း ျခစ္ခဲ့ရာ၊ ကံေကာင္းစြာပဲ ေဒၚလာ(၂)သိန္းခြဲတန္ ထီဆုႀကီး ဆြတ္ခူးခဲ့တာပါ။ဒါဟာ အေတာ္ေလး တုိက္ဆုိင္မႈျဖစ္ပါတယ္။ Bill က ကံစမ္းလက္မွတ္ကုိ ျခစ္ေနရင္းနဲ႔ “ဟာ ေဒၚလာ (၂)သိန္းခြဲ ေပါက္ျပန္ၿပီဗ်ာ .. ကၽြန္ေတာ္ ေနာက္ေနတာ မဟုတ္ဘူး … ”လုိ႔ မိမိကိုယ္ကုိလည္း

မယုံႏုိင္စြာ ေအာ္ေျပာခဲ့ပါတယ္။ သူဟာ ေခါင္းကို တဖြဖြကုပ္ေနခဲ့ပါတယ္။ သူဟာ ကားဆုႀကီးဆြတ္ခူးလုိ႔ ႏွစ္ပတ္အၾကာမွာ ထီဆုႀကီး ထပ္မံရရွိခဲ့ပါတယ္။ ထုိေခတ္က ၾသစေတးလ်ေဒၚလာ(၁၀၀)ဟာ လက္ရွိေခတ္မွာ (၁၇၁.၅၅)ေဒၚလာနဲ႔ ညီမွ်ပါတယ္။

Credit