ဖခင္ထံမွ မ်ိဳး႐ိုးဗီဇဆက္ခံႏိုင္တဲ့ လကၡဏာရပ္ ၆ ခု

Unicode

ကျွန်တော်တို့ရဲ့ DNA ရဲ့ ၅၀ ရာခိုင်နှုန်းကို မိခင်ဆီကရော ၅၀ ရာခိုင်နှုန်းက ဖခင်ဆီကပါ အမွေဆက်ခံနိုင်တဘ်လို့ ဇီဝဗေဒမှာ လေ့လာသိရှိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဇီဝဗေဒဆိုင်ရာအချက်က မိဘတစ်ဉီးစီက သူတို့ရဲ့ကလေးထံ ရုပ်ပိုင်းဆိုင်ရာဝိသေသလက္ခဏာတွေနဲ့

မျိုးရိုးဗီဇလက္ခဏာတွေကို ပမာဏတူညီစွာ လွှဲပြောင်းပေးတယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ သဘာဝတရားကြီးက အဲဒီဗီဇတွေကို ဖော်ပြဖို့ လိုလားတာကြောင့် ကလေးတွေက သူတို့ရဲ့ဖခင်တွေဆီကနေ မျိုးရိုးဗီဇလက္ခဏာတွေ ဆက်ခံဖို့ ၆၀ ရာခိုင်နှုန်းပိုများပါတယ်။ အခု ဒီဆောင်းပါးမှာ ဖခင်ဆီကနေ မျိုးရိုးလိုက်နိုင်တဲ့ လက္ခဏာရပ် ၆ ခုကို ဖော်ပြပေးချင်ပါတယ်။

အရပ်အမြင့်

“သူက သူ့အဖေလိုပဲ အရပ်ရှည်တယ်နော်” ဆိုတဲ့ စကားကိုတော့ ရင်းနှီးကြမှာပါ။ ဒီအချက်ကို သိပ္ပံပညာရပ်နဲ့ ထောက်ပြကြပါတယ်။ လူတစ်ဦးရဲ့ အရပ်အမြင့်ကို မိဘနှစ်ပါးစလုံးမှ အမွေဆက်ခံတဲ့ မျိုးရိုးဗီဇ အနည်းဆုံး ၇၀၀ နဲ့ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ မိဘတစ်ဉီးချင်းစီရဲ့

အရပ်အမြင့်မျိုးဗီဇက အနည်းငယ်ကွဲပြားတဲ့ပုံစံနဲ့ အလုပ်လုပ်ပုံပေါ်ပါတယ်။ ဖခင်ရဲ့မျိုးရိုးဗီဇက ကြီးထွားမှုကို နှိုးဆွပေးပြီး အရပ်အမြင့်အတွက် အရေးကြီးပါတယ်။

အရပ်အမြင့်နဲ့ပတ်သက်ပြီး ကလေးတော်တော်များများက ဖခင်ရဲ့မျိုးရိုးဗီဇကို ဆက်ခံကြပါတယ်။ ဖခင်က အရပ်ရှည်ရင် သားသမီးက အရပ်ရှည်ပါလိမ့်မယ်။ ဖခင်က အရပ်ပုရင်တော့ သားသမီးက အရပ်ပုပါလိမ့်မယ်။

မညီညာတဲ့သွား

ဖခင်က သွားကျန်းမာရေး ညံ့ဖျင်းတဲ့ အခြေအနေမျိုးမှာ မိခင်က သွားကျန်းမာရေးကောင်းရင်တောင် ကလေးက မကြာခဏ သွားဆေးခန်းသွားပြဖို့ ပိုများပါတယ်။ သွားပေါက်တာကစပြီး သွားပိုးစားတဲ့အထိ အရာအားလုံး၊ ကြားက သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတွေအားလုံးက ဖခင်ဆီက မျိုးရိုးဗီဇဆက်ခံတာကြောင့်ဖြစ်နိုင်ပါတယ်။

လိင်အမျိုးအစား

အဖေတွေက သူတို့ရဲ့မွေးကင်းစကလေးတွေရဲ့လိင်အမျိုးအစားအတွက် ၁၀၀ ရာခိုင်နှုန်းတာဝန်ရှိပါတယ်။ လိင်ခရိုမိုဆုန်းလို့ သိကြတဲ့ X နဲ့ Y ခရိုမိုဆုန်းတွေက ကလေးရဲ့လိင်အမျိုးအစားကို သတ်မှတ်ပါတယ်။ မိန်းကလေးတွေက သူတို့ရဲ့ဖခင်ဆီက

X ခရိုမိုဆုန်းကို ဆက်ခံပြီး XX မျိုးရိုးဗီဇဖြစ်ပြီး ယောက်ျားလေးတွေက သူတို့ရဲ့ဖခင်ဆီက Y ခရိုမိုဆုန်းကို ဆက်ခံပြီး XY မျိုးရိုးဗီဇဖြစ်ပါတယ်။ မိခင်တွေက X ခရိုမိုဆုန်းတွေကိုသာ ဖြတ်တဲ့အတွက် ဖခင်တွေက လိင်အမျိုးအစားအားလုံးကို ထိန်းချုပ်ပါတယ်။

ပါးချိုင့်

ယဉ်ကျေးမှုများစွာမှာ ပါးချိုင့်တွေကို အလှတရားရဲ့ ဆွဲဆောင်မှုအမှတ်အသားတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ပါးချိုင့်တွေဟာ မျက်နှာကြွက်သားတွေ တိုတောင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ ချို့ယွင်းချက်တစ်ခုလို ဖော်ပြပါတယ်။ ပါးချိုင့်တွေကို ဖခင်ထံမှ အမွေဆက်ခံလေ့ရှိတဲ့ မျိုးရိုးဗီဇ လက္ခဏာတစ်ခုအဖြစ် ယူဆကြပါတယ်။

လက်ဗွေရာ

လက်ဗွေရာ ၂ ခုလုံးက အတိအကျတူညီတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ကလေးရဲ့ လက်ဗွေရာတွေက သူတို့ရဲ့ဖခင်ရဲ့ လက်ဗွေရာနဲ့ တူနိုင်ပါတယ်။ လက်ဗွေရာပုံစံကလည်း သူတို့ရဲ့ဖခင်ဆီက အမွေဆက်ခံတဲ့ မျိုးရိုးဗီဇလက္ခဏာဖြစ်ပါတယ်။

နှာချေခြင်း

နေရောင် (သို့) အလင်းရောင်စူစူတွေကို စိုက်ကြည့်တဲ့အခါ အထိန်းအကွပ်မရှိ နှာချေတဲ့လူမျိုး၊ တစ်ခြားသူတွေနဲ့မတူဘဲ တစ်ခုခုကြောင့် နှာချေတဲ့လူမျိုးကို မြင်ဖူးရင်မြင်ဖူးကြမှာပါ။ အဲဒီလိုနှာချေတာက ဖခင်မှာ တာဝန်ရှိတဲ့ နောက်ထပ်မျိုးရိုးဗီဇလက္ခဏာတစ်ခုပါ။ ဒီအခြေအနေကို Achoo Syndrome လို့ခေါပြီး ဖခင်ဆီက မျိုးရိုးလိုက်တာများပါတယ်။

Ref: Brightside “6 Traits That You Can Only Inherit From Your Father”

Crd

Zawgyi

ကြၽန္ေတာ္တို႔ရဲ႕ DNA ရဲ႕ ၅၀ ရာခိုင္ႏႈန္းကို မိခင္ဆီကေရာ ၅၀ ရာခိုင္ႏႈန္းက ဖခင္ဆီကပါ အေမြဆက္ခံႏိုင္တဘ္လို႔ ဇီဝေဗဒမွာ ေလ့လာသိရွိခဲ့ရပါတယ္။ ဒါေပမဲ့ ဒီဇီဝေဗဒဆိုင္ရာအခ်က္က မိဘတစ္ဉီးစီက သူတို႔ရဲ႕ကေလးထံ ႐ုပ္ပိုင္းဆိုင္ရာဝိေသသလကၡဏာေတြနဲ႔

မ်ိဳး႐ိုးဗီဇလကၡဏာေတြကို ပမာဏတူညီစြာ လႊဲေျပာင္းေပးတယ္လို႔ မဆိုလိုပါဘူး။ တကယ္ေတာ့ သဘာဝတရားႀကီးက အဲဒီဗီဇေတြကို ေဖာ္ျပဖို႔ လိုလားတာေၾကာင့္ ကေလးေတြက သူတို႔ရဲ႕ဖခင္ေတြဆီကေန မ်ိဳး႐ိုးဗီဇလကၡဏာေတြ ဆက္ခံဖို႔ ၆၀ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ အခု ဒီေဆာင္းပါးမွာ ဖခင္ဆီကေန မ်ိဳး႐ိုးလိုက္ႏိုင္တဲ့ လကၡဏာရပ္ ၆ ခုကို ေဖာ္ျပေပးခ်င္ပါတယ္။

အရပ္အျမင့္

“သူက သူ႔အေဖလိုပဲ အရပ္ရွည္တယ္ေနာ္” ဆိုတဲ့ စကားကိုေတာ့ ရင္းႏွီးၾကမွာပါ။ ဒီအခ်က္ကို သိပၸံပညာရပ္နဲ႔ ေထာက္ျပၾကပါတယ္။ လူတစ္ဦးရဲ႕ အရပ္အျမင့္ကို မိဘႏွစ္ပါးစလုံးမွ အေမြဆက္ခံတဲ့ မ်ိဳး႐ိုးဗီဇ အနည္းဆုံး ၇၀၀ နဲ႔ ဆုံးျဖတ္ပါတယ္။ ဒါေပမဲ့ မိဘတစ္ဉီးခ်င္းစီရဲ႕

အရပ္အျမင့္မ်ိဳးဗီဇက အနည္းငယ္ကြဲျပားတဲ့ပုံစံနဲ႔ အလုပ္လုပ္ပုံေပၚပါတယ္။ ဖခင္ရဲ႕မ်ိဳး႐ိုးဗီဇက ႀကီးထြားမႈကို ႏႈိးဆြေပးၿပီး အရပ္အျမင့္အတြက္ အေရးႀကီးပါတယ္။

အရပ္အျမင့္နဲ႔ပတ္သက္ၿပီး ကေလးေတာ္ေတာ္မ်ားမ်ားက ဖခင္ရဲ႕မ်ိဳး႐ိုးဗီဇကို ဆက္ခံၾကပါတယ္။ ဖခင္က အရပ္ရွည္ရင္ သားသမီးက အရပ္ရွည္ပါလိမ့္မယ္။ ဖခင္က အရပ္ပုရင္ေတာ့ သားသမီးက အရပ္ပုပါလိမ့္မယ္။

မညီညာတဲ့သြား

ဖခင္က သြားက်န္းမာေရး ညံ့ဖ်င္းတဲ့ အေျခအေနမ်ိဳးမွာ မိခင္က သြားက်န္းမာေရးေကာင္းရင္ေတာင္ ကေလးက မၾကာခဏ သြားေဆးခန္းသြားျပဖို႔ ပိုမ်ားပါတယ္။ သြားေပါက္တာကစၿပီး သြားပိုးစားတဲ့အထိ အရာအားလုံး၊ ၾကားက သြားႏွင့္ခံတြင္းဆိုင္ရာ ျပႆနာေတြအားလုံးက ဖခင္ဆီက မ်ိဳး႐ိုးဗီဇဆက္ခံတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။

လိင္အမ်ိဳးအစား

အေဖေတြက သူတို႔ရဲ႕ေမြးကင္းစကေလးေတြရဲ႕လိင္အမ်ိဳးအစားအတြက္ ၁၀၀ ရာခိုင္ႏႈန္းတာဝန္ရွိပါတယ္။ လိင္ခ႐ိုမိုဆုန္းလို႔ သိၾကတဲ့ X နဲ႔ Y ခ႐ိုမိုဆုန္းေတြက ကေလးရဲ႕လိင္အမ်ိဳးအစားကို သတ္မွတ္ပါတယ္။ မိန္းကေလးေတြက သူတို႔ရဲ႕ဖခင္ဆီက

X ခ႐ိုမိုဆုန္းကို ဆက္ခံၿပီး XX မ်ိဳး႐ိုးဗီဇျဖစ္ၿပီး ေယာက္်ားေလးေတြက သူတို႔ရဲ႕ဖခင္ဆီက Y ခ႐ိုမိုဆုန္းကို ဆက္ခံၿပီး XY မ်ိဳး႐ိုးဗီဇျဖစ္ပါတယ္။ မိခင္ေတြက X ခ႐ိုမိုဆုန္းေတြကိုသာ ျဖတ္တဲ့အတြက္ ဖခင္ေတြက လိင္အမ်ိဳးအစားအားလုံးကို ထိန္းခ်ဳပ္ပါတယ္။

ပါးခ်ိဳင့္

ယဥ္ေက်းမႈမ်ားစြာမွာ ပါးခ်ိဳင့္ေတြကို အလွတရားရဲ႕ ဆြဲေဆာင္မႈအမွတ္အသားတစ္ခုအျဖစ္ ရႈျမင္ၾကပါတယ္။ ဒါေပမဲ့ သိပၸံပညာရွင္ေတြက ပါးခ်ိဳင့္ေတြဟာ မ်က္ႏွာႂကြက္သားေတြ တိုေတာင္းတာေၾကာင့္ ျဖစ္ေပၚလာတဲ့ ခ်ိဳ႕ယြင္းခ်က္တစ္ခုလို ေဖာ္ျပပါတယ္။ ပါးခ်ိဳင့္ေတြကို ဖခင္ထံမွ အေမြဆက္ခံေလ့ရွိတဲ့ မ်ိဳး႐ိုးဗီဇ လကၡဏာတစ္ခုအျဖစ္ ယူဆၾကပါတယ္။

လက္ေဗြရာ

လက္ေဗြရာ ၂ ခုလုံးက အတိအက်တူညီတာမ်ိဳးမရွိပါဘူး။ ဒါေပမဲ့ ကေလးရဲ႕ လက္ေဗြရာေတြက သူတို႔ရဲ႕ဖခင္ရဲ႕ လက္ေဗြရာနဲ႔ တူႏိုင္ပါတယ္။ လက္ေဗြရာပုံစံကလည္း သူတို႔ရဲ႕ဖခင္ဆီက အေမြဆက္ခံတဲ့ မ်ိဳး႐ိုးဗီဇလကၡဏာျဖစ္ပါတယ္။

ႏွာေခ်ျခင္း

ေနေရာင္ (သို႔) အလင္းေရာင္စူစူေတြကို စိုက္ၾကည့္တဲ့အခါ အထိန္းအကြပ္မရွိ ႏွာေခ်တဲ့လူမ်ိဳး၊ တစ္ျခားသူေတြနဲ႔မတူဘဲ တစ္ခုခုေၾကာင့္ ႏွာေခ်တဲ့လူမ်ိဳးကို ျမင္ဖူးရင္ျမင္ဖူးၾကမွာပါ။ အဲဒီလိုႏွာေခ်တာက ဖခင္မွာ တာဝန္ရွိတဲ့ ေနာက္ထပ္မ်ိဳး႐ိုးဗီဇလကၡဏာတစ္ခုပါ။ ဒီအေျခအေနကို Achoo Syndrome လို႔ေခါၿပီး ဖခင္ဆီက မ်ိဳး႐ိုးလိုက္တာမ်ားပါတယ္။

Ref: Brightside “6 Traits That You Can Only Inherit From Your Father”

Crd