အသက်၁၀၅နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ရိုးရာမပျက် ဖောက်သည်များအား ဆေးမှင်ကြောင်ထိုးပေးနေသေးသည့် အဖွားအို

Unicode

ယနေ့ခေတ်လူမျိုးများသည် ဘိုးဘွားစဉ်ဆက်က ထုံးတမ်းအစဉ်အလာများကို လိုက်နာကျင့်သုံးနေဆဲဖြစ်သည့် လူမျိုးနွယ်စုတွေရှိသလို လူငယ်များကြား အစဉ်အလာတွေပျောက်ကွယ်သွားတာမျိုးလည်းရှိလာသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရဲ့ မြောက်ဖက် ၁၅နာရီအကြာ ခရီးနှင်ပြီးရောက်သွားသည့် Buscalanဟုအမည်တွင်သော

ရွာငယ်လေးတွင် လူဦးရေ ၂၀၀၀ခန့်နဲ့ ကလင်ဂါလူမျိုးနွယ်များနေထိုင်လေ့ရှိသည်။ထိုလူမျိုးနွယ်ထဲမှာမှ အသက်၁၀၅နှစ်အရွယ် အဖွားအိုတစ်ဦးသည်

ဘိုးဘွားစဉ်ဆက်အမွေဖြစ်သော ဆေးမှင်ကြောင်ထိုးခြင်းအတတ်ပညာနဲ့ ခရီးသွားများကြား အလွန်ရေပန်းစားလာခဲ့သည်။သူတို့မျိုးနွယ်စုရဲ့

ဓလေ့ထုံးစံအရ အမျိုးသားများအနေနဲ့ ဆေးမှင်ကြောင်ထိုးထားခြင်းသည် ရဲရင့်မှုကိုဖော်ပြပြီး အမျိုးသမီးတွေအတွက်တော့ ခွန်အားဆိုပြီး အဓိပ္ပါယ်ရသည်။

ထို့ကြောင့် အဖွားအိုသည် ဖခင်ဖြစ်သူမကွယ်လွန်ခင်က လက်ဆင့်ကမ်းပေးခဲ့သော ဆေးမှင်ကြောင်ထိုးခြင်းအတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီ

း ဆေးမှင်ကြောင်ထိုးရာတွင်လည်းကျွဲကောပင်ရဲ့ အဆူးကို အပ်အဖြစ်အသုံးပြုထား၍ ဆေးမှင်အနေနဲ့ မီးသွေးခဲနဲ့ အိုးမဲတ်ု့ကို သုံးထားသည်။

အဖွားအိုသည် ယနေ့ခတ်အထိ ရိုးရာဆေးမှင်ကြောင်ထိုးခြင်းကို အစဉ်အလာမပြတ်ထိန်းသိမ်းလာခဲ့သလို သူမမရှိတော့တဲ့နောက်ပိုင်းမှာလည်း

သူမရဲ့ပညာအမွေအား သားသမီးမရှိတဲ့အတွက် တူမလေးနှစ်ယောက်ကို သင်ကြားပေးလျက်ရှိသည်။

Crd

Zawgyi










Crd