ဆြမ္းေတာ္ခ်က္စဥ္ အေပါ့-အငံ-အခ်ိဳ ျမည္းေကာင္းပါသလား “‘

Unicode

မေး>>>ဘုရားနှင့် သံဃာတော်တွေကို ဆွမ်းကပ်ဖို့ ဆွမ်းတော် ချက်နေရင်း တပည့်တော်ဘယ်တော့မှ အပေါ့ အငန်မမြည်းရဲဘူး

ဗိမ္မိသာရမင်းကြီးရဲ့ ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ဘုရား တပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန်

မြည်းကောင်းပါသလားဘုရား”

ဖြေ>>> ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် လူဘဝတုန်းက ဘုရားရှင်နှင့် သံဃာတို့မဘုဉ်းပေး ရသေခင် စားဦးစားဖျားတို့အား

“တခဏတနပ်စာ ဗိုက်ဝဖို့အတွက် ဆိုးယုတ်သောဆန္ဒကို မတားဆီးပဲ စိတ်အလိုကိုလိုက်မိပြီး စားသောက်ခဲ့ကြသည့်အတွက်

အလွန်ရှည်ကြာသော ကာလများတိုင်အောင် ငရဲဆင်းရဲ၊ ပြိတ္တာဆင်းရဲကို ကျရောက်ခံစားကြရခြင်းပင်ဖြစ်ပါတယ် ”

ယခုခေတ်သံဃ ဒါနဆွမ်းလောင်းအသင်းများနှင့် အလှုအတန်းများတွင် ဆွမ်းချက်ကြသည့် ဒကာ,ဒကာမတို့အတွက် ထိုပြိတ္တာတို့၏

အဖြစ်အပျက်မှာ သတိထားစရာပင်ဖြစ်ပါတယ်။ ဗိမ္မိသာရမင်းကြီး၏အတိတ်ဘဝကဆွေမျိုးများငရဲကျ၊ပြိတ္တာဖြစ်ရခြင်းမှာ ဆွမ်းဟင်း

ချက်နေစဉ်

“အပေါ့၊အငန်” မြည်းသောကြောင့် လုံးဝမဟုတ်ပဲ ဘုရားရှင်နှင့် သံဃာတော်တို့

မဘုဉ်းပေးရသေးခင် စိတ်စေတနာဆိုးဖြင့်စားသောက်ကြသောကြောင့်သာဖြစ်ပါတယ်။ထို့ကြောင့် ဆွမ်းဟင်းချက်စဉ် သံဃာတော်တို့

အရသာရှိစွာ ဘုဉ်းပေးနိုင်ကြရန်

“အစပ်အဟတ်တည့်မတည့်၊ အပေါ့အငန်”မြည်းခြင်းမှာ မည်သည့်အကုသိုလ်မှမဖြစ်ပါပေ။ အကုသိုလ်မဖြစ်သည့်အပြင် သံဃာတော်

အရှင်မြတ်များ အရသာရှိရှိဘုဉ်းပေးရစေဖို့ဆိုသာ ကောင်းမြတ်မွန်မြတ်သော စေတနာ

ဇောအဟုန်ကြောင့် ကုသိုလ်တရားပင်ဖြစ်ထွန်းစေပါသည်။

Crd

Zawgyi

ေမး>>>ဘုရားႏွင့္ သံဃာေတာ္ေတြကို ဆြမ္းကပ္ဖို႔ ဆြမ္းေတာ္ ခ်က္ေနရင္း တပည့္ေတာ္ဘယ္ေတာ့မွ အေပါ့ အငန္မျမည္းရဲဘူး

ဗိမၼိသာရမင္းႀကီးရဲ႕ ေဆြမ်ိဳးၿပိတၱာေတြလိုျဖစ္မွာစိုးလို႔ဘုရား တပည့္ေတာ္တို႔ ဆြမ္းေတာ္ခ်က္ေနတုန္း အေပါ့အငန္

ျမည္းေကာင္းပါသလားဘုရား”

ေျဖ>>> ဗိမၼိသာရမင္းႀကီး၏ ေဆြမ်ိဳးၿပိတၱာတို႔သည္ လူဘ၀တုန္းက ဘုရားရွင္ႏွင့္ သံဃာတို႔မဘုဥ္းေပး ရေသခင္ စားဦးစားဖ်ားတို႔အား

“တခဏတနပ္စာ ဗိုက္၀ဖို႔အတြက္ ဆိုးယုတ္ေသာဆႏၵကို မတားဆီးပဲ စိတ္အလိုကိုလိုက္မိၿပီး စားေသာက္ခဲ့ၾကသည့္အတြက္

အလြန္ရွည္ၾကာေသာ ကာလမ်ားတိုင္ေအာင္ ငရဲဆင္းရဲ၊ ၿပိတၱာဆင္းရဲကို က်ေရာက္ခံစားၾကရျခင္းပင္ျဖစ္ပါတယ္ ”

ယခုေခတ္သံဃ ဒါနဆြမ္းေလာင္းအသင္းမ်ားႏွင့္ အလႈအတန္းမ်ားတြင္ ဆြမ္းခ်က္ၾကသည့္ ဒကာ,ဒကာမတို႔အတြက္ ထိုၿပိတၱာတို႔၏

အျဖစ္အပ်က္မွာ သတိထားစရာပင္ျဖစ္ပါတယ္။ ဗိမၼိသာရမင္းႀကီး၏အတိတ္ဘ၀ကေဆြမ်ိဳးမ်ားငရဲက်၊ၿပိတၱာျဖစ္ရျခင္းမွာ ဆြမ္းဟင္း

ခ်က္ေနစဥ္

“အေပါ့၊အငန္” ျမည္းေသာေၾကာင့္ လုံး၀မဟုတ္ပဲ ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔

မဘုဥ္းေပးရေသးခင္ စိတ္ေစတနာဆိုးျဖင့္စားေသာက္ၾကေသာေၾကာင့္သာျဖစ္ပါတယ္။ထို႔ေၾကာင့္ ဆြမ္းဟင္းခ်က္စဥ္ သံဃာေတာ္တို႔

အရသာရွိစြာ ဘုဥ္းေပးႏိုင္ၾကရန္

“အစပ္အဟတ္တည့္မတည့္၊ အေပါ့အငန္”ျမည္းျခင္းမွာ မည္သည့္အကုသိုလ္မွမျဖစ္ပါေပ။ အကုသိုလ္မျဖစ္သည့္အျပင္ သံဃာေတာ္

အရွင္ျမတ္မ်ား အရသာရွိရွိဘုဥ္းေပးရေစဖို႔ဆိုသာ ေကာင္းျမတ္မြန္ျမတ္ေသာ ေစတနာ

ေဇာအဟုန္ေၾကာင့္ ကုသိုလ္တရားပင္ျဖစ္ထြန္းေစပါသည္။

Crd