ရန္ကုန္ၿမိဳ႕တြင္ မီးမမွန္သျဖင့္ရန္ကုန္ၿမိဳ႕အတြင္း အခေၾကးေငြယူကာ မီးစက္ျဖင့္ေရလိုက္တင္သည့္ဝန္ေဆာင္မႈေပၚေပါက္

Unicode

ရန်ကုန်မြို့တွင် မီးမမှန်သဖြင့်ရန်ကုန်မြို့အတွင်း အခကြေးငွေယူကာ မီးစက်ဖြင့်ရေလိုက်တင်သည့်ဝန်ဆောင်မှုပေါ်ပေါက်လာနေတယ်လို့သိရပါတယ်။

ကျောက်မြောင်း၊တာမွေစသည့်မြို့နယ်များတွင်တစ်နာရီလျှင် ၇၀၀၀ ကျပ်နူန်းဖြင့်မီးစက်ဖြင့်ရေလိုက်တင်ပေးမည်ဖြစ်ကြောင်းကြော်ငြာထားတာတွေ့ရတယ်လို့ဆိုပါတယ်။

အဆိုပါဝန်ဆောင်မှုကိုယခုရက်ပိုင်းတွင်မှကြေညာထားခြင်းဖြစ်ပြီးယင်းနှင့်ပတ်သက်၍တမနက်အတွင်း ဖုန်းဆက်စုံစမ်းသူ ၁၀ဦးခန့်ရှိကြောင်း သိရှိရပါတယ်။

အထပ်မြင့်တိုက်များတွင်ရေမတက်သည့်ပြသနာရှိပြီ မီးစက်ဖြင့်ရေလိုက်တင်ပေးသည့်ဝန်ဆောင်မှုကို တာမွေဘက်တွင်အများဆုံးတွေ့ရကြောင်းသိရှိရပါတယ်။

ရပ်ကွက်နေသူတစ်ဦးက အခုမီးပျက်တော့တချို့တွေကျတော့ဒုက္ခရောက်တယ်လေ။ အဲ့ဒါကြောင့်အောက်ကဘုံဘိုင်ခေါင်းကနေပြီးတော့ ကျနော်တို့မီးစက်လေးနဲ့ ခွဲတင်ပေးတာ။ ကိုယ့်ပိုက်ကိုယ့်မော်တာနဲ့ပဲဟု ၎င်းကပြောသည်။

လက်ရှိတွင်လည်း မီးမမှန်သဖြင့် ရေပြတ်သည့်ပြသနာကိုမကြာခဏရင်ဆိုင်နေရပြီး ပြည်သူများ အခက်အခဲများကြုံတွေ့နေရသလို

ယခုကဲ့သို့အခကြေးငွေပေးကာရေတင်ရသည့်မလိုလားအပ်သည့်ကုန်ကျစရိတ်များလည် ရှိလာကြောင်း ‌မြောက်ဒဂုံတွင်နေထိုင်သည့်အမျိုးသားတစ်ဦးကပြောဆိုထားပါတယ်။

လက်ရှိတွင်မီးမမှန်သဖြင့်ရေအငှားလိုက်တင်သည့်ဝန်ဆောင်မှုများရှိလာသလို မီးစက်နှင့်အင်ဗာတာဝယ်ယူသူလည်းများနေကြောင်း ရန်ကုန်မြို့ခံများထံမှသိရသည်။

Crd..

Zawgyi

ရန္ကုန္ၿမိဳ႕တြင္ မီးမမွန္သျဖင့္ရန္ကုန္ၿမိဳ႕အတြင္း အခေၾကးေငြယူကာ မီးစက္ျဖင့္ေရလိုက္တင္သည့္ဝန္ေဆာင္မႈေပၚေပါက္လာေနတယ္လို႔သိရပါတယ္။

ေက်ာက္ေျမာင္း၊တာေမြစသည့္ၿမိဳ႕နယ္မ်ားတြင္တစ္နာရီလွ်င္ ၇၀၀၀ က်ပ္ႏူန္းျဖင့္မီးစက္ျဖင့္ေရလိုက္တင္ေပးမည္ျဖစ္ေၾကာင္းေၾကာ္ျငာထားတာေတြ႕ရတယ္လို႔ဆိုပါတယ္။

အဆိုပါဝန္ေဆာင္မႈကိုယခုရက္ပိုင္းတြင္မွေၾကညာထားျခင္းျဖစ္ၿပီးယင္းႏွင့္ပတ္သက္၍တမနက္အတြင္း ဖုန္းဆက္စုံစမ္းသူ ၁၀ဦးခန႔္ရွိေၾကာင္း သိရွိရပါတယ္။

အထပ္ျမင့္တိုက္မ်ားတြင္ေရမတက္သည့္ျပသနာရွိၿပီ မီးစက္ျဖင့္ေရလိုက္တင္ေပးသည့္ဝန္ေဆာင္မႈကို တာေမြဘက္တြင္အမ်ားဆုံးေတြ႕ရေၾကာင္းသိရွိရပါတယ္။

ရပ္ကြက္ေနသူတစ္ဦးက အခုမီးပ်က္ေတာ့တခ်ိဳ႕ေတြက်ေတာ့ဒုကၡေရာက္တယ္ေလ။ အဲ့ဒါေၾကာင့္ေအာက္ကဘုံဘိုင္ေခါင္းကေနၿပီးေတာ့ က်ေနာ္တို႔မီးစက္ေလးနဲ႔ ခြဲတင္ေပးတာ။ ကိုယ့္ပိုက္ကိုယ့္ေမာ္တာနဲ႔ပဲဟု ၎ကေျပာသည္။

လက္ရွိတြင္လည္း မီးမမွန္သျဖင့္ ေရျပတ္သည့္ျပသနာကိုမၾကာခဏရင္ဆိုင္ေနရၿပီး ျပည္သူမ်ား အခက္အခဲမ်ားႀကဳံေတြ႕ေနရသလို

ယခုကဲ့သို႔အခေၾကးေငြေပးကာေရတင္ရသည့္မလိုလားအပ္သည့္ကုန္က်စရိတ္မ်ားလည္ ရွိလာေၾကာင္း ‌ေျမာက္ဒဂုံတြင္ေနထိုင္သည့္အမ်ိဳးသားတစ္ဦးကေျပာဆိုထားပါတယ္။

လက္ရွိတြင္မီးမမွန္သျဖင့္ေရအငွားလိုက္တင္သည့္ဝန္ေဆာင္မႈမ်ားရွိလာသလို မီးစက္ႏွင့္အင္ဗာတာဝယ္ယူသူလည္းမ်ားေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံမွသိရသည္။

Crd..