အထင္ေသးစြာဆက္ဆံေနတဲ့ ဆိုင္ဝန္ထမ္းေရွ႕မွာတင္ LV အိတ္ကို ရစရာမရွိေအာင္ ကတ္ေၾကးနဲ႔ညႇပ္ျပခဲ့တဲ့အမ်ိဳးသား

Unicode

လူတော်တော်များများက အပေါ်ယံအဖြစ် ဝတ်စားပုံကိုကြည့်ပြီး လူတစ်ယောက်ရဲ့အခြေအနေ ၊အဆင့်အတန်းတွေကိုခန့်မှန်းတတ်ကြပါတယ်။၎င်းက အရမ်းကို

မှားယွင်းလွန်းတဲ့အကျင့်တစ်ခုပါဘဲ။အထင်ကြီးစရာကောင်းတဲ့အဝတ်အစားတွေဝတ်ထားရင် auto ကို ဒီလူက အခြားကိုဆွဲဆောင်နိုင်တဲ့သူဌေးဘဲလို့ ထင်သွားတတ်တဲ့လူတွေလည်း ရှိနေမှာပါ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အမျိုးသားတစ်ဦးဟာ ၎င်းဆွဲဆောင်မှုရှိတဲ့သူဌေးတွေထဲက တစ်ယောက်မဟုတ်သလို သာမန်လူတစ်ယောက်လိုဝတ်စားထားတဲ့သူ့ကို နာမည်ကြီးတံဆိပ် Louis Vuittonဆိုင်ရဲ့ဝန်ထမ်းတွေကသူ့စတိုင်ကိုကြည့်ပြီးအလွန်စိတ်ဝင်စားမှုမရှိနေပုံရပါတယ်။

Ismail Ariffin အမည်ရှိအမျိုးသားဟာ Kuala Lumpur City Center ရှိဇိမ်ခံစတိုးဆိုင်မှာဖြစ်ပျက်သွားတဲ့ သူ့သူငယ်ချင်းဖြစ်သူ Zainal Abidin ရဲ့အဖြစ်ကို Facebook မှာ မျှဝေပေးခဲ့ပါတယ်။

၎င်း City Center က အဆင့်မြင့်ဖက်ရှင်ကုန်တိုက် ၊ နာမည်ကြီးတံဆိပ်ပစ္စည်းနဲ့ပြည့်နေတဲ့စင်တာတစ်ခုလို့ လူသိများပါတယ်။ Ismail က ၎င်းဆိုင်က သူတို့ရဲ့ဝတ်စားပုံကြောင့် သူတို့ကို ခွေးတွေလို ဆက်ဆံခဲ့ကြသလို Zainal က LV အိတ်တစ်လုံးကို ဝယ်ယူခဲ့ပြီး အဆိုပါအိတ်မှာ သူ့နာမည်ကို ဖောင်းကြွနဲ့ထည့်ချင်လို့ ၎င်းဆိုင်ကို ပြန်သွားခဲ့ကြပါတယ်။

သို့ပေမဲ့ ဆိုင်ဝန်ထမ်းတွေက LV အိတ်က တန်ဖိုးကြီးပြီး ပျက်စီးသွားမှာကို ကြောက်တာကြောင့် Zainalရဲ့တောင်းဆိုမှုကိုလက်မခံခဲ့ကြပါဘူး။၎င်းက မျှတမှုရှိပုံရပေမဲ့လည်း

အဖြစ်အပျက်တစ်ခုလုံးကို စိတ်ပျက်သွားစေတဲ့အနေနဲ့ ဝန်ထမ်းတွေက Zainal ကို ဆင်းရဲသားလို့ စွပ်စွဲပြီး သူ့အား ဒေါသထွက်သွားစေခဲ့ကာ “မင်းတို့ ငါနဲ့ငါ့သူငယ်ချင်းကို မျောက်လို မဆက်ဆံစေရဘူး” လို့ဆိုခဲ့ပါတယ်။

ထို့နောက် အလွန်ဒေါသထွက်သွားတဲ့ Zainal က ဝန်ထမ်းတွေကို ကတ်ကြေးတောင်းပြီး ၎င်းတို့ရှေ့မှာဘဲ LVအိတ်ကို ညှပ်ပြီး ဖျက်ဆီးပြခဲ့ကာ “

သူတို့က သူတို့ရဲ့LV အိတ်တွေက ငါတို့ရဲ့ဂုဏ်သိက္ခာထပ် တန်ဖိုးကြီးတယ်လို့ထင်နေကြတယ်” လို့ဆိုရင်း LV အိတ်ကိုသုံးမရတော့အောင်ညှပ်ပစ်ပြခဲ့ပါတယ်။

တစ်ကယ်တော့ Zainal က ဆင်းရဲတဲ့လူတစ်ယောက်ဖြစ်ဖို့ ဝေးလာဝေးပါဘဲ။သူအဲ့ဒီအချိန်က ယူဆောင်လာခဲ့တဲ့ Louis Vuitton x Takashi Murakami Monogramoflauge Duffle Bag အိတ်က ဒေါ်လာ ၇၀၀၀ ကျော်တန်ဖိုးရှိပါတယ်။

၎င်းဗီဒီယိုဟာ ချက်ချင်းပင် အာရုံစိုက်မှုများစွာရရှိခဲ့ပြီး netizen တွေက ၎င်းတို့ရဲ့စိတ်ပျက်စရာကောင်းတဲ့အတွေ့အကြုံအချို့ကိုလည်း

မျှဝေခဲ့ကြသလို လူတစ်ယောက်က “ တချို့ဆိုင်ဝန်ထမ်းတွေက ဆိုင်ရှင်ပုံစံဖမ်းတတ်ကြတယ် ၊ တကယ်တော့ သူတို့က လစာနည်းနည်းရကြတာ” လို့မှတ်ချက်ပေးခဲ့ပါတယ်။

သို့ပေမဲ့ သတင်းအရင်းအမြစ်ကိုသိတဲ့လူတစ်ယောက်က Zainal ရဲ့အိတ်က နာမည်ဖောင်းကြွထည့်လို့မရတဲ့အိတ်မျိုးဖြစ်နေလို့ ဆိုင်ဝန်ထမ်းက

လုပ်လို့မရကြောင်းကို ရှင်းပြဖို့ကြိုးစားခဲ့သေးကြောင်း ဆိုခဲ့ပြန်ပါတယ်။ Zainal နဲ့ ဆိုင်ဝန်ထမ်းတို့အကြားက ပြဿနာအသေးစိတ်ကိုတော့ သေချာမသိခဲ့ရပါဘူး။သို့ပေမဲ့ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးတော့ မဆုံးဖြတ်သင့်တာက အမှန်ပါ။

crd

Zawgyi

လူေတာ္ေတာ္မ်ားမ်ားက အေပၚယံအျဖစ္ ဝတ္စားပုံကိုၾကည့္ၿပီး လူတစ္ေယာက္ရဲ႕အေျခအေန ၊အဆင့္အတန္းေတြကိုခန႔္မွန္းတတ္ၾကပါတယ္။၎က အရမ္းကို

မွားယြင္းလြန္းတဲ့အက်င့္တစ္ခုပါဘဲ။အထင္ႀကီးစရာေကာင္းတဲ့အဝတ္အစားေတြဝတ္ထားရင္ auto ကို ဒီလူက အျခားကိုဆြဲေဆာင္ႏိုင္တဲ့သူေဌးဘဲလို႔ ထင္သြားတတ္တဲ့လူေတြလည္း ရွိေနမွာပါ။

မေလးရွားႏိုင္ငံ ကြာလာလမ္ပူရွိ အမ်ိဳးသားတစ္ဦးဟာ ၎ဆြဲေဆာင္မႈရွိတဲ့သူေဌးေတြထဲက တစ္ေယာက္မဟုတ္သလို သာမန္လူတစ္ေယာက္လိုဝတ္စားထားတဲ့သူ႔ကို နာမည္ႀကီးတံဆိပ္ Louis Vuittonဆိုင္ရဲ႕ဝန္ထမ္းေတြကသူ႔စတိုင္ကိုၾကည့္ၿပီးအလြန္စိတ္ဝင္စားမႈမရွိေနပုံရပါတယ္။

Ismail Ariffin အမည္ရွိအမ်ိဳးသားဟာ Kuala Lumpur City Center ရွိဇိမ္ခံစတိုးဆိုင္မွာျဖစ္ပ်က္သြားတဲ့ သူ႔သူငယ္ခ်င္းျဖစ္သူ Zainal Abidin ရဲ႕အျဖစ္ကို Facebook မွာ မွ်ေဝေပးခဲ့ပါတယ္။

၎ City Center က အဆင့္ျမင့္ဖက္ရွင္ကုန္တိုက္ ၊ နာမည္ႀကီးတံဆိပ္ပစၥည္းနဲ႔ျပည့္ေနတဲ့စင္တာတစ္ခုလို႔ လူသိမ်ားပါတယ္။ Ismail က ၎ဆိုင္က သူတို႔ရဲ႕ဝတ္စားပုံေၾကာင့္ သူတို႔ကို ေခြးေတြလို ဆက္ဆံခဲ့ၾကသလို Zainal က LV အိတ္တစ္လုံးကို ဝယ္ယူခဲ့ၿပီး အဆိုပါအိတ္မွာ သူ႔နာမည္ကို ေဖာင္းႂကြနဲ႔ထည့္ခ်င္လို႔ ၎ဆိုင္ကို ျပန္သြားခဲ့ၾကပါတယ္။

သို႔ေပမဲ့ ဆိုင္ဝန္ထမ္းေတြက LV အိတ္က တန္ဖိုးႀကီးၿပီး ပ်က္စီးသြားမွာကို ေၾကာက္တာေၾကာင့္ Zainalရဲ႕ေတာင္းဆိုမႈကိုလက္မခံခဲ့ၾကပါဘူး။၎က မွ်တမႈရွိပုံရေပမဲ့လည္း

အျဖစ္အပ်က္တစ္ခုလုံးကို စိတ္ပ်က္သြားေစတဲ့အေနနဲ႔ ဝန္ထမ္းေတြက Zainal ကို ဆင္းရဲသားလို႔ စြပ္စြဲၿပီး သူ႔အား ေဒါသထြက္သြားေစခဲ့ကာ “မင္းတို႔ ငါနဲ႔ငါ့သူငယ္ခ်င္းကို ေမ်ာက္လို မဆက္ဆံေစရဘူး” လို႔ဆိုခဲ့ပါတယ္။

ထို႔ေနာက္ အလြန္ေဒါသထြက္သြားတဲ့ Zainal က ဝန္ထမ္းေတြကို ကတ္ေၾကးေတာင္းၿပီး ၎တို႔ေရွ႕မွာဘဲ LVအိတ္ကို ညႇပ္ၿပီး ဖ်က္ဆီးျပခဲ့ကာ “

သူတို႔က သူတို႔ရဲ႕LV အိတ္ေတြက ငါတို႔ရဲ႕ဂုဏ္သိကၡာထပ္ တန္ဖိုးႀကီးတယ္လို႔ထင္ေနၾကတယ္” လို႔ဆိုရင္း LV အိတ္ကိုသုံးမရေတာ့ေအာင္ညႇပ္ပစ္ျပခဲ့ပါတယ္။

တစ္ကယ္ေတာ့ Zainal က ဆင္းရဲတဲ့လူတစ္ေယာက္ျဖစ္ဖို႔ ေဝးလာေဝးပါဘဲ။သူအဲ့ဒီအခ်ိန္က ယူေဆာင္လာခဲ့တဲ့ Louis Vuitton x Takashi Murakami Monogramoflauge Duffle Bag အိတ္က ေဒၚလာ ၇၀၀၀ ေက်ာ္တန္ဖိုးရွိပါတယ္။

၎ဗီဒီယိုဟာ ခ်က္ခ်င္းပင္ အာ႐ုံစိုက္မႈမ်ားစြာရရွိခဲ့ၿပီး netizen ေတြက ၎တို႔ရဲ႕စိတ္ပ်က္စရာေကာင္းတဲ့အေတြ႕အႀကဳံအခ်ိဳ႕ကိုလည္း

မွ်ေဝခဲ့ၾကသလို လူတစ္ေယာက္က “ တခ်ိဳ႕ဆိုင္ဝန္ထမ္းေတြက ဆိုင္ရွင္ပုံစံဖမ္းတတ္ၾကတယ္ ၊ တကယ္ေတာ့ သူတို႔က လစာနည္းနည္းရၾကတာ” လို႔မွတ္ခ်က္ေပးခဲ့ပါတယ္။

သို႔ေပမဲ့ သတင္းအရင္းအျမစ္ကိုသိတဲ့လူတစ္ေယာက္က Zainal ရဲ႕အိတ္က နာမည္ေဖာင္းႂကြထည့္လို႔မရတဲ့အိတ္မ်ိဳးျဖစ္ေနလို႔ ဆိုင္ဝန္ထမ္းက

လုပ္လို႔မရေၾကာင္းကို ရွင္းျပဖို႔ႀကိဳးစားခဲ့ေသးေၾကာင္း ဆိုခဲ့ျပန္ပါတယ္။ Zainal နဲ႔ ဆိုင္ဝန္ထမ္းတို႔အၾကားက ျပႆနာအေသးစိတ္ကိုေတာ့ ေသခ်ာမသိခဲ့ရပါဘူး။သို႔ေပမဲ့ လူတစ္ေယာက္ကို အေပၚယံၾကည့္ၿပီးေတာ့ မဆုံးျဖတ္သင့္တာက အမွန္ပါ။

crd