“အေမ လိပ္စာမွားပီးဝင္မိတာပါ သားရယ္ တဲ့”

Unicode

” အေမ ”

တစ်ချိန်တုန်းက မြို့လေးတစ်မြို့မှာ မျက်လုံးတစ်ဖက် ကွယ်နေသော မိခင်တစ်ဦးဟာ သားငယ်လေးတစ်ယောက်နဲ့ တူနေထိုင်လျှက် ရှိပါတယ်။

မိခင်ဟာ မျက်လုံးတစ်ဖက် ကွယ်နေသော်လည်း သားငယ်လေးရဲ့ရှေ့အရေးကို ပူပန်လျှက် ရသမျှ အလုပ်ကို လုပ်ပြီး၊ တစ်ခါတစ်ရံတောင်းရမ်းကာ ရရှိလာသောငွေဖြင့် သားငယ်လေးကို ပြုစုပျိုးထောင်ေ ပးရှာပါတယ်။

သားငယ်လေးသည် ပညာစုံလို့ အချိန်တန်အရွယ်ရောက်လာတဲ့အခါ . . . “တစ်ဖက်လှပ်ရဲ့သား၊ သူတောင်းစား မရဲ့သား”ဟု ပတ်ဝန်းကျင်က ပြောဆိုလှောင်ပြောင်တဲ့ အသံတွေကို ခံစားရသည့်အတွက် မိခင်အပေါ်ကို“သူ့ကြောင့် ငါ အခုလို အပြောအဆို ခံနေရတာ”ဆိုတဲ

အတွေးမျိုးဖြင့် မုန်းမာန်ဖွဲ့ကာ ငြူစူနေတာပေါ့။ဒါကြောင့် “ငါ အိမ်ထောင်ကျတဲ့အခါမှာ သူနဲ့ အတူ မနေဘူး”ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ချထားပါတယ်။

ကျေးဇူးတရား မသိတတ်သော ထိုသားမိုက်သည် အိမ်ထောင်ရက်သာ ကျတဲ့အခါ ကျေးဇူးရှင်မိခင်ကို ပစ်ပယ်လျှက် တစ်နယ်တကျေးသို ဇနီးသည်နှင့်အတူပြောင်ရွှေ့နေထိုင်ပါတော့သည်။

နှစ်ပေါင်း ၆ နှစ်လောက် ကြာသည့်အခါ … မိခင်အိုသည် သားဖြစ်သူကို သတိရလွမ်းစွပ်သောကြောင့် သူ့သားနေထိုင်ရာ အရပ်ဒေသို့ စုံစမ်း၍ လိုက်လာသောအခါ၊သားဖြစ်သူအိမ်သို့ အရောက်တွင် သားဖြစ်သူ ထွက်လာပြီး”ခင်ဗျာ ဘာကိစ္စနဲ့

ဒီကိုလိုက်လာတာလဲ၊ ကျုပ်တို့မိသားစုကို အရှက်ခွဲဖို့ လိုက်လာတာလား၊ ဒီအရပ်ဒေသမှာ ခင်ဗျားလိုလူကို ကျုပ်အမေပါလို့ ဘယ်လိုပြောထွက်မလဲ။ ခင်ဗျား မလာပါနဲ့။ အခုချက်ချင်း ထွက်သွား”ဟု တိရစ္ဆာန်တစ်ကောင်အလား မောင်းထုတ် ပါတော့ပါသည်။

ဒီအခါ မိခင်အိုဖြစ်သူမှာ . . . .“လိပ်စာမှားပြီး ဝင်လာမိတာပါ သားရယ်”ဟု မျက်ရည်စများဖြင့် ပြောဆိုလျှက် သား၏အိမ်ဝကို ကျောခိုင်းကာ ထွက်ခွာသွားပါတော့သည်။

မိမိ၏သားအိမ်းမှန်း သိပါသော်လည်း သားမိုက်က လက်မခံသည့်အတွက် ပြန်လည်ထွက်ခွာသွားရသော မိခင်၏ရင်ထဲမှာ အဘယ်မျှ ကြေကွဲခံစားနေရမည်နည်း ဆိုတာကို ကျွန်ုပ်တွေးတောမိပါသည်။

မိခင်အိုသည် သူနေသောမြို့ကလေးသို့ ပြန်ရောက်ပြီး “လ”အနည်းအငယ်ကြာသောအခါ . . . သားဖြစ်သူမှာ သူ၏သူငယ်ချင်များက ပျော်ပွဲစားတစ်ခုလုပ်ရန် ဖိတ်ခေါ် သောကြောင့် ဇာတိမွေးရပ်မြေသို့ ခေတ္တခဏအလည် ပြန်လာခဲ့ပါသည်။

သားမိုက်သည် . . မွေးရပ်ဌာနေပြန်ရောက်သော်လည်း မိခင်အိုအိမ်သို့မသွား သူ၏သူငယ်ချင်းများနဲ့သာ ပျော်ပါး၍ အချိန်ကုန်နေလေသည်။ သူပျော်ရွှင်နေသာအချိန်ဟာ မိခင်အိုအတွက်နောက်ဆုံးခရီး ဖြစ်နေသည်ဆိုတာကို ထိုသားမိုက် မသိရှာပေ။

ဟုတ်ပါသည် . . . မိခင်အိုမှာ သားကိုသတိရလွမ်းစွပ်သောစိတ်ဖြင့် မစားနိုင် မသောက်နိုင် ဖြစ်လျှက် ရောဂါဝေဒနာများ စွဲကပ်ကာ အိပ်ယာထဲ လဲနေရှာသည်။

သားမိုက်လည်း သူငယ်ချင်းများနှင့် ပျော်လို့ပါးလို့ဝသောအခါ သူ၏မိသားစုဆီကို ပြန်မည့်ဆဲဆဲတွင် သူငယ်ချင်းများက “သူငယ်ချင်း မင်းရောက်နေတာကြာပြီ၊ မင်းအမေဆီလည်း တစ်ခေါက်မှ မသွားပါလား။ မင်းအမေ ကျန်းမာရေးအခြေအနေ မကာင်းဘူးတဲ့။

မင်းအနေနဲ့ မင်းအမေဆီသွားသင့်တယ်။ မင်းမသွားရင် ပတ်ဝန်ကျင်အနေနဲ့ မင်းကို ပြောစရာဖြစ်လာလိမ့်မယ်”စသည်ဖြင့် ဝိုင်းဝန်းပြောဆိုသောကြောင့် မိခင်အိုအိမ်သို့ မလာချင်လည်း လာခဲရပါသည်။

သို့သော် . . . သူ၏လာခြင်းသည် အခါနှောင်းခဲ့ပါသည်။ မိခင်အိုဆုံးပါးသွားလို့ သြင်္ဂိုဟ်ပြီးသည်မှာ သုံးရက်ပင် ရှိသွားပါပြီ။ မိခင်အိုသည် . . . သူမဆုံးခင်မှာ သားအတွက် စာတစ်စောင်ကိုရေးသား၍ ပေးခိုင်းခဲ့ပါသောကြောင့် ထိုစာကို သားမိုက်ဖတ်ကြည့်ရာတွင် . . .

“သို့ . . အမေချစ်ရသော သားရေ။ အမေ့ကြောင့် ငါ့သားကို ပတ်ဝန်းကျင်က တစ်ဖက်လှပ်ရဲ့သား၊သူတောင်းစားမရဲ့သား ဟု ပြောဆိုသံတွေကို ကြားရတော့ ငါသားအနေနဲ့ ရှက်ပြီး ဂုဏ်ငယ်နေမယ်ဆိုတာအမေ သိပါတယ်သားရယ်။ နောက်နောင် ငါ့သားကို တစ်ဖက်လှပ်ရဲ့သား၊သူတောင်းစားမရဲ့သားလို့ အပြောမခံရတော့ပါဘူး သားရယ်။

ဘာကြောင့်လည်းဆိုရင် အမေဟာ မကြာခင်မှာ လူလောကကြီးထဲက ထွက်ခွာသွားတော့မှာပါ။ ဒါပေမယ့် . . . အမေဘာကြောင့်မျက်လုံးတစ်ဖက်လှပ်နဲ့ သူတောင်းစားမဘဝကို ရောက်ခဲ့သလဲဆိုတာကိုတော့ အမေမသေခင် ငါ့သားကိုပြောခဲ့ပါရစေ။

ငါ့သား ၅ နှစ်သားအရွယ်လောက်က ဆော့ကစားတဲ့အခါ ကလေးချင်း ရန်ခိုက်ဒေါသဖြစ်ပြီး တစ်ဖက်ကလေးက အချွန်နဲ့ထိုးလိုက်လို့ သားမျက်လုံး ပေါက်သွားတာကိုမှတ်မိဦးမယ်လို့ အမေထင်ပါတယ်။

အဲဒီလို မျက်လုံးပေါက်သွားတော့ ဆရာဝန်ကို ပြကြည့် တဲ့အခါ ခင်ဗျားသားရဲ့မျက်လုံးတစ်ဖက်က ကုသလို့ မရတော့ဘူး၊ လုံးလုံးကန်းသွားပြီ။ အကယ်၍ ပြန်ကောင်းချင်တယ်ဆိုရင်တော့ မျက်လုံးကို အစားထိုးကုသရင် ရပါတယ် လို့ ပြောတဲ့အခါ . . .

ငါသာ အကန်း ဘဝနဲ့နေမယ်၊ ငါ့သားသမီး အကန်းဘဝနဲ့ မနေစေရဘူး ဆိုတဲ့ မေတ္တာဖြင့် အမေ့မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပြီး ငါ့သားကို မျက်လုံးအစားထိုး၍ ကုသပေးခဲ့ပါတယ်။

အဲဒီလို မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပေးလိုက်ရတဲ့အတွက် အမေဟာ တစ်ဖက်လှပ် သူတောင်းစားမဘဝကို ရောက်ရှိခဲ့ရတာပါသားရယ်။

ဘာပဲဖြစ်ဖြစ် အမေပေးတဲ့ မျက်လုံးတစ်ဖက်နဲ့ ငါ့သားလေး လောကကြီးကို မြင်တွေ့နေရသည့် အတွက် အမေအရမ်းကျေနပ်ပါတယ်။ ငါ့သားတို့မိသားစုဘဝလေးသာယာဖြောင့်ဖြူးပါစေ”

ထိုစာ၏အဆုံးအတွင် သားမိုက်သည် အသက်ရှုဖို့ပင် မေ့လျော့နေသည်အလား ကျောက်တိုင်ကျောက်သားကဲ့သို့ အလှုပ်မယှက် ရပ်တံ့လျှက် မျက်ရည်ယိုစီးကာ ရင်ကွဲမတတ် ငိုကြွေးရှာပါသည်။

သားမိုက်သည် မိခင်အိုမရှိတော့သည့်နောက် မိခင်အိုခေါင်းချရာ သူ၏ဇာတိမွေးရပ်မြေသို့ပြန်လည်၍ အခြျေနေထိုင်ကာ၊ နောင်လာနောင်သားများ

မိဘကျေးဇူးကို အထူးသိတတ်စေရန်နှင့် သူလိုမဖြစ် စေရန်သူ့ဘဝ၏အကြောင်းအရာများကို ရေးသားဖော်ကျူးခဲ့ပါသည်။

အားလုံး မိဘကျေးဇူးကို အထူးသိတတ်ကြပါစေ . . . .

ဦးဇောတိက(ဓမ္မသုခ)

Credit

Zawgyi

” ေအမ ”

တစ္ခ်ိန္တုန္းက ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ မ်က္လုံးတစ္ဖက္ ကြယ္ေနေသာ မိခင္တစ္ဦးဟာ သားငယ္ေလးတစ္ေယာက္နဲ႔ တူေနထိုင္လွ်က္ ရွိပါတယ္။

မိခင္ဟာ မ်က္လုံးတစ္ဖက္ ကြယ္ေနေသာ္လည္း သားငယ္ေလးရဲ႕ေရွ႕အေရးကို ပူပန္လွ်က္ ရသမွ် အလုပ္ကို လုပ္ၿပီး၊ တစ္ခါတစ္ရံေတာင္းရမ္းကာ ရရွိလာေသာေငြျဖင့္ သားငယ္ေလးကို ျပဳစုပ်ိဳးေထာင္ေ ပးရွာပါတယ္။

သားငယ္ေလးသည္ ပညာစုံလို႔ အခ်ိန္တန္အ႐ြယ္ေရာက္လာတဲ့အခါ . . . “တစ္ဖက္လွပ္ရဲ႕သား၊ သူေတာင္းစား မရဲ႕သား”ဟု ပတ္ဝန္းက်င္က ေျပာဆိုေလွာင္ေျပာင္တဲ့ အသံေတြကို ခံစားရသည့္အတြက္ မိခင္အေပၚကို“သူ႔ေၾကာင့္ ငါ အခုလို အေျပာအဆို ခံေနရတာ”ဆိုတဲ

အေတြးမ်ိဳးျဖင့္ မုန္းမာန္ဖြဲ႕ကာ ျငဴစူေနတာေပါ့။ဒါေၾကာင့္ “ငါ အိမ္ေထာင္က်တဲ့အခါမွာ သူနဲ႔ အတူ မေနဘူး”ဆိုတဲ့ ဆုံးျဖတ္ခ်က္ကိုလည္း ခ်ထားပါတယ္။

ေက်းဇူးတရား မသိတတ္ေသာ ထိုသားမိုက္သည္ အိမ္ေထာင္ရက္သာ က်တဲ့အခါ ေက်းဇူးရွင္မိခင္ကို ပစ္ပယ္လွ်က္ တစ္နယ္တေက်းသို ဇနီးသည္ႏွင့္အတူေျပာင္ေ႐ႊ႕ေနထိုင္ပါေတာ့သည္။

ႏွစ္ေပါင္း ၆ ႏွစ္ေလာက္ ၾကာသည့္အခါ … မိခင္အိုသည္ သားျဖစ္သူကို သတိရလြမ္းစြပ္ေသာေၾကာင့္ သူ႔သားေနထိုင္ရာ အရပ္ေဒသို႔ စုံစမ္း၍ လိုက္လာေသာအခါ၊သားျဖစ္သူအိမ္သို႔ အေရာက္တြင္ သားျဖစ္သူ ထြက္လာၿပီး”ခင္ဗ်ာ ဘာကိစၥနဲ႔

ဒီကိုလိုက္လာတာလဲ၊ က်ဳပ္တို႔မိသားစုကို အရွက္ခြဲဖို႔ လိုက္လာတာလား၊ ဒီအရပ္ေဒသမွာ ခင္ဗ်ားလိုလူကို က်ဳပ္အေမပါလို႔ ဘယ္လိုေျပာထြက္မလဲ။ ခင္ဗ်ား မလာပါနဲ႔။ အခုခ်က္ခ်င္း ထြက္သြား”ဟု တိရစာၦန္တစ္ေကာင္အလား ေမာင္းထုတ္ ပါေတာ့ပါသည္။

ဒီအခါ မိခင္အိုျဖစ္သူမွာ . . . .“လိပ္စာမွားၿပီး ဝင္လာမိတာပါ သားရယ္”ဟု မ်က္ရည္စမ်ားျဖင့္ ေျပာဆိုလွ်က္ သား၏အိမ္ဝကို ေက်ာခိုင္းကာ ထြက္ခြာသြားပါေတာ့သည္။

မိမိ၏သားအိမ္းမွန္း သိပါေသာ္လည္း သားမိုက္က လက္မခံသည့္အတြက္ ျပန္လည္ထြက္ခြာသြားရေသာ မိခင္၏ရင္ထဲမွာ အဘယ္မွ် ေၾကကြဲခံစားေနရမည္နည္း ဆိုတာကို ကြၽႏ္ုပ္ေတြးေတာမိပါသည္။

မိခင္အိုသည္ သူေနေသာၿမိဳ႕ကေလးသို႔ ျပန္ေရာက္ၿပီး “လ”အနည္းအငယ္ၾကာေသာအခါ . . . သားျဖစ္သူမွာ သူ၏သူငယ္ခ်င္မ်ားက ေပ်ာ္ပြဲစားတစ္ခုလုပ္ရန္ ဖိတ္ေခၚ ေသာေၾကာင့္ ဇာတိေမြးရပ္ေျမသို႔ ေခတၱခဏအလည္ ျပန္လာခဲ့ပါသည္။

သားမိုက္သည္ . . ေမြးရပ္ဌာေနျပန္ေရာက္ေသာ္လည္း မိခင္အိုအိမ္သို႔မသြား သူ၏သူငယ္ခ်င္းမ်ားနဲ႔သာ ေပ်ာ္ပါး၍ အခ်ိန္ကုန္ေနေလသည္။ သူေပ်ာ္႐ႊင္ေနသာအခ်ိန္ဟာ မိခင္အိုအတြက္ေနာက္ဆုံးခရီး ျဖစ္ေနသည္ဆိုတာကို ထိုသားမိုက္ မသိရွာေပ။

ဟုတ္ပါသည္ . . . မိခင္အိုမွာ သားကိုသတိရလြမ္းစြပ္ေသာစိတ္ျဖင့္ မစားႏိုင္ မေသာက္ႏိုင္ ျဖစ္လွ်က္ ေရာဂါေဝဒနာမ်ား စြဲကပ္ကာ အိပ္ယာထဲ လဲေနရွာသည္။

သားမိုက္လည္း သူငယ္ခ်င္းမ်ားႏွင့္ ေပ်ာ္လို႔ပါးလို႔ဝေသာအခါ သူ၏မိသားစုဆီကို ျပန္မည့္ဆဲဆဲတြင္ သူငယ္ခ်င္းမ်ားက “သူငယ္ခ်င္း မင္းေရာက္ေနတာၾကာၿပီ၊ မင္းအေမဆီလည္း တစ္ေခါက္မွ မသြားပါလား။ မင္းအေမ က်န္းမာေရးအေျခအေန မကာင္းဘူးတဲ့။

မင္းအေနနဲ႔ မင္းအေမဆီသြားသင့္တယ္။ မင္းမသြားရင္ ပတ္ဝန္က်င္အေနနဲ႔ မင္းကို ေျပာစရာျဖစ္လာလိမ့္မယ္”စသည္ျဖင့္ ဝိုင္းဝန္းေျပာဆိုေသာေၾကာင့္ မိခင္အိုအိမ္သို႔ မလာခ်င္လည္း လာခဲရပါသည္။

သို႔ေသာ္ . . . သူ၏လာျခင္းသည္ အခါေႏွာင္းခဲ့ပါသည္။ မိခင္အိုဆုံးပါးသြားလို႔ ၾသဂႋုဟ္ၿပီးသည္မွာ သုံးရက္ပင္ ရွိသြားပါၿပီ။ မိခင္အိုသည္ . . . သူမဆုံးခင္မွာ သားအတြက္ စာတစ္ေစာင္ကိုေရးသား၍ ေပးခိုင္းခဲ့ပါေသာေၾကာင့္ ထိုစာကို သားမိုက္ဖတ္ၾကည့္ရာတြင္ . . .

“သို႔ . . အေမခ်စ္ရေသာ သားေရ။ အေမ့ေၾကာင့္ ငါ့သားကို ပတ္ဝန္းက်င္က တစ္ဖက္လွပ္ရဲ႕သား၊သူေတာင္းစားမရဲ႕သား ဟု ေျပာဆိုသံေတြကို ၾကားရေတာ့ ငါသားအေနနဲ႔ ရွက္ၿပီး ဂုဏ္ငယ္ေနမယ္ဆိုတာအေမ သိပါတယ္သားရယ္။ ေနာက္ေနာင္ ငါ့သားကို တစ္ဖက္လွပ္ရဲ႕သား၊သူေတာင္းစားမရဲ႕သားလို႔ အေျပာမခံရေတာ့ပါဘူး သားရယ္။

ဘာေၾကာင့္လည္းဆိုရင္ အေမဟာ မၾကာခင္မွာ လူေလာကႀကီးထဲက ထြက္ခြာသြားေတာ့မွာပါ။ ဒါေပမယ့္ . . . အေမဘာေၾကာင့္မ်က္လုံးတစ္ဖက္လွပ္နဲ႔ သူေတာင္းစားမဘဝကို ေရာက္ခဲ့သလဲဆိုတာကိုေတာ့ အေမမေသခင္ ငါ့သားကိုေျပာခဲ့ပါရေစ။

ငါ့သား ၅ ႏွစ္သားအ႐ြယ္ေလာက္က ေဆာ့ကစားတဲ့အခါ ကေလးခ်င္း ရန္ခိုက္ေဒါသျဖစ္ၿပီး တစ္ဖက္ကေလးက အခြၽန္နဲ႔ထိုးလိုက္လို႔ သားမ်က္လုံး ေပါက္သြားတာကိုမွတ္မိဦးမယ္လို႔ အေမထင္ပါတယ္။

အဲဒီလို မ်က္လုံးေပါက္သြားေတာ့ ဆရာဝန္ကို ျပၾကည့္ တဲ့အခါ ခင္ဗ်ားသားရဲ႕မ်က္လုံးတစ္ဖက္က ကုသလို႔ မရေတာ့ဘူး၊ လုံးလုံးကန္းသြားၿပီ။ အကယ္၍ ျပန္ေကာင္းခ်င္တယ္ဆိုရင္ေတာ့ မ်က္လုံးကို အစားထိုးကုသရင္ ရပါတယ္ လို႔ ေျပာတဲ့အခါ . . .

ငါသာ အကန္း ဘဝနဲ႔ေနမယ္၊ ငါ့သားသမီး အကန္းဘဝနဲ႔ မေနေစရဘူး ဆိုတဲ့ ေမတၱာျဖင့္ အေမ့မ်က္လုံးတစ္ဖက္ကို ေဖာက္ထုတ္ၿပီး ငါ့သားကို မ်က္လုံးအစားထိုး၍ ကုသေပးခဲ့ပါတယ္။

အဲဒီလို မ်က္လုံးတစ္ဖက္ကို ေဖာက္ထုတ္ေပးလိုက္ရတဲ့အတြက္ အေမဟာ တစ္ဖက္လွပ္ သူေတာင္းစားမဘဝကို ေရာက္ရွိခဲ့ရတာပါသားရယ္။

ဘာပဲျဖစ္ျဖစ္ အေမေပးတဲ့ မ်က္လုံးတစ္ဖက္နဲ႔ ငါ့သားေလး ေလာကႀကီးကို ျမင္ေတြ႕ေနရသည့္ အတြက္ အေမအရမ္းေက်နပ္ပါတယ္။ ငါ့သားတို႔မိသားစုဘဝေလးသာယာေျဖာင့္ျဖဴးပါေစ”

ထိုစာ၏အဆုံးအတြင္ သားမိုက္သည္ အသက္ရႈဖို႔ပင္ ေမ့ေလ်ာ့ေနသည္အလား ေက်ာက္တိုင္ေက်ာက္သားကဲ့သို႔ အလႈပ္မယွက္ ရပ္တံ့လွ်က္ မ်က္ရည္ယိုစီးကာ ရင္ကြဲမတတ္ ငိုေႂကြးရွာပါသည္။

သားမိုက္သည္ မိခင္အိုမရွိေတာ့သည့္ေနာက္ မိခင္အိုေခါင္းခ်ရာ သူ၏ဇာတိေမြးရပ္ေျမသို႔ျပန္လည္၍ အေျခ်ေနထိုင္ကာ၊ ေနာင္လာေနာင္သားမ်ား

မိဘေက်းဇူးကို အထူးသိတတ္ေစရန္ႏွင့္ သူလိုမျဖစ္ ေစရန္သူ႔ဘဝ၏အေၾကာင္းအရာမ်ားကို ေရးသားေဖာ္က်ဴးခဲ့ပါသည္။

အားလုံး မိဘေက်းဇူးကို အထူးသိတတ္ၾကပါေစ . . . .

ဦးေဇာတိက(ဓမၼသုခ)

Credit