နဂါးေခါင္းပုံ ေပၚေနတဲ့ အုန္းပင္ေၾကာင့္ ထိုင္းထီ ေပါက္ဖို႔ ဆုေတာင္းသူေတြ မ်ားျပားေန

Unicode

နဂါးခေါင်းပုံ ပေါ်နေတဲ့ အုန်းပင်ကြောင့် ထိုင်းထီ ပေါက်ဖို့ ဆုတောင်းသူတွေ များပြားနေ

နဂါးခေါင်းပုံ ပေါ်နေတဲ့ အုန်းပင်ကြောင့် ထိုင်းထီ ပေါက်ဖို့ ဆုတောင်းသူတွေ များပြာနေ၊ မြန်မာပြည်က ထမင်းပေါင်းအိုးမှာ ရွှေတိဂုံဘုရားပုံ ပေါ်တာ ဘာဟုတ်သေးလဲ၊ ထိုင်းမှာ နဂါးခေါင်းပါ ပေါ်နေပြီ..

ထိုင်းနိုင်ငံ၊ ပတ္တရား ကမ်းခြေအနီးမှာ အုန်းပင် တစ်ပင်က နဂါးခေါင်း သဏ္ဍာန် အုန်းဖူးတစ်ခိုင် ထူးထူးခြားခြား ထွက်ပေါ်နေလို့ ဒေသခံတွေ အများအပြား လာရောက် ကြည့်ရှုနေကြပါတယ်။

ဒီအုန်းပင်ဟာ ဆွမ်ဆက် နူကာဂျက်လို့ အမည်ရတဲ့ အသက် ၅၆ နှစ် အရွယ် အမျိုးသားရဲ့ ခြံဝန်းထဲမှာ ပေါက်နေတာလို့ သိရပါတယ်။

နဂါးဆိုတာ ထိုင်းလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အရာတစ်ခု ဖြစ်လို့ အဲဒီအုန်းပင်ကို အမွှေးနံ့သာတွေနဲ့ ပက်ဖြန်း ပူဇော်နေပါတယ်။

ဒါ့အပြင် ထိုင်းလူမျိုးတွေရဲ့ ထုံးစံအတိုင်း ထူးခြားတဲ့ အရာတစ်ခုခု တွေ့ရင် ထိုင်းထီဂဏန်း ရှာလေ့ ရှိတာကြောင့် ဒီအုန်းပင်မှာလည်း ထီဂဏန်းရှာသူ၊ ထီပေါက်ဖို့ ဆုတောင်းသူတွေနဲ့ စည်ကားနေပါတယ်။ (Siam Lottery)

Crd

Zawgyi

နဂါးေခါင္းပုံ ေပၚေနတဲ့ အုန္းပင္ေၾကာင့္ ထိုင္းထီ ေပါက္ဖို႔ ဆုေတာင္းသူေတြ မ်ားျပားေန

နဂါးေခါင္းပုံ ေပၚေနတဲ့ အုန္းပင္ေၾကာင့္ ထိုင္းထီ ေပါက္ဖို႔ ဆုေတာင္းသူေတြ မ်ားျပာေန၊ ျမန္မာျပည္က ထမင္းေပါင္းအိုးမွာ ေ႐ႊတိဂုံဘုရားပုံ ေပၚတာ ဘာဟုတ္ေသးလဲ၊ ထိုင္းမွာ နဂါးေခါင္းပါ ေပၚေနၿပီ..

ထိုင္းႏိုင္ငံ၊ ပတၱရား ကမ္းေျခအနီးမွာ အုန္းပင္ တစ္ပင္က နဂါးေခါင္း သ႑ာန္ အုန္းဖူးတစ္ခိုင္ ထူးထူးျခားျခား ထြက္ေပၚေနလို႔ ေဒသခံေတြ အမ်ားအျပား လာေရာက္ ၾကည့္ရႈေနၾကပါတယ္။

ဒီအုန္းပင္ဟာ ဆြမ္ဆက္ ႏူကာဂ်က္လို႔ အမည္ရတဲ့ အသက္ ၅၆ ႏွစ္ အ႐ြယ္ အမ်ိဳးသားရဲ႕ ၿခံဝန္းထဲမွာ ေပါက္ေနတာလို႔ သိရပါတယ္။

နဂါးဆိုတာ ထိုင္းလူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ အရာတစ္ခု ျဖစ္လို႔ အဲဒီအုန္းပင္ကို အေမႊးနံ႔သာေတြနဲ႔ ပက္ျဖန္း ပူေဇာ္ေနပါတယ္။

ဒါ့အျပင္ ထိုင္းလူမ်ိဳးေတြရဲ႕ ထုံးစံအတိုင္း ထူးျခားတဲ့ အရာတစ္ခုခု ေတြ႕ရင္ ထိုင္းထီဂဏန္း ရွာေလ့ ရွိတာေၾကာင့္ ဒီအုန္းပင္မွာလည္း ထီဂဏန္းရွာသူ၊ ထီေပါက္ဖို႔ ဆုေတာင္းသူေတြနဲ႔ စည္ကားေနပါတယ္။ (Siam Lottery)

Crd