
Unicode

ခြေထောက်လေးချောင်းလုံး ဆုံးရှုံးသွားပြီးတဲ့နောက် ခြေထောက်အတုနဲ့သာ အသုံးပြု‌နေရတဲ့ ကြောင်လေး

Ryzhik အမည်ရှိ ကြောင်ငယ်လေးက နှင်းကိုက်နာ‌ရောဂါ ကြောင့် ခြေထောက်လေးချောင်းစလုံး ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲ့ဒီလိုနဲ့ သခင်ဖြစ်သူက

ခြေ ထောက်အတုနဲ့ တပ်ဆင်ပေးလိုက်တာကြောင့် ကြောင်ငယ်လေး ဘဝအသစ်တစ်ခု ပြောင်းလဲရရှိခဲ့ပါတယ်။

ဆေးခန်းဆရာဝန်တွေက လုံးဝအံ့သြသွားစေမဲ့ ခြေထောက်အတုကို စပ္ပါယ်ရှာယ် ပြုလုပ်ပေးခဲ့တာပါ။ သူတို့တွေက ကြောင်အတွက်

ပြီးပြည့်စုံတဲ့ ဖိနပ်တစ် စုံပုံစံဖြစ်ဖို့ကို 3D ပုံစံငယ်ပြုလုပ်နည်းနဲ့ Computer tomography တို့ကိုအသုံးပြုထားပါတယ်။

ခြေထောက်အသစ်က အခြားသောကြောင်လေးတွေအတွက် သေးငယ်ပုံရပေမဲ့ Ryzhik ကြောင်လေးအတွက်တော့ လုံးဝကိုအံ့ကိုက်ညီအောင် ပြင်ဆင်ပေးခဲ့တာပါ။

crd

Zawgyi







crd