မအိုမနာေစတဲ့ေဆးတကယ္ရွိလား

Unicode

မအိုမနာစေတဲ့ဆေးတကယ်ရှိလား

1-10-2022

ဗဟုသုတဆေးဝါး အရွယ်ရလာရင် မျက်စိဘေး နထင်နေရာမှာ ကျီးခြေလို့ခေါ်တဲ့ အရေးကြောင်းထင်လာတတ်တယ် ၊ အဲဒါအိုမင်းမှုဇရာရဲ့အစဘဲ ၊လူ့ခန္ဓာကိုယ်ကအလိုအလျောက်တုန့်ပြန်တာ ၊ အစားအသောက်ဟာရမပြည့်ရင်ပိုဆိုးစေတယ် ၊ နေပူမိုးရွာမရှောင်အလုပ်တွေပင်ပမ်းစွာ လုပ်ရရင်ပိုဆိုးတယ်

၊အရေပြားပြဿနာ ရှိ ရင်လဲ လျင်မြန်စွာအိုမင်းစေတယ် ၊ အရေးပြားလှပနုပျိုစေဖို့ လိုတာ Vitamin C လိုတယ် ၊ သူကအရေပြားကိုတင်းစေတယ် ၊ အရေပြားတစ်သျှူးတွေအသစ်မွေးဖွားပေးတယ် ၊Cosmetic Brand တွေကို အလှပြင်ရုံဘဲသုံးကြပါ မဒီတို့ရေ ၊ရုပ်ပျိုဆေးအဖြစ်သုံးလို့မရပါ ၊တခါကအသိမိတ်ဆွေတဦး

မွန်ပြည်နယ်ရောက်ခိုက်သံဃာတော်တွေကိုဆွမ်းလောင်းတယ် ၊ဆရာတော်တပါးက အသားအရေနုဖတ်ပြီးအကြောစိမ်းလေးတွေတောင်မြင်ရတယ် ၊ရုပ်ကလဲခန့်မှန်းမရဘူး ၊လေးဆယ်လားငါးဆယ်လားဝေခွဲမရဘူး ၊ဒါနဲ့ ဆရာတော်ဘုရားကြည့်ရတာကြည်ညိုစရာပါဘုရား သက်တော်မိန့်လို့ရရင် မိန့်ပါဘုရားလို့လျှောက်တယ် ၊

ဆရာတော်က ရီပြီး သက်တာ် ၇၀ ပါဒကာမလေးလို့မိန့်တယ် ၊မိတ်ဆွေဒကာမလဲ အိုး…. Amazing… !!!လို့မြည်တမ်းမိတယ် ၊ သူထင်တာက၄၀/၅၀ လေ ၊တအားကွာနေတယ် ၊မှင်သက်နေတဲ့ သူမကို ဆရာတော်ကကြည့်ပြီး ရုပ်ပျိုဆေးပေးမယ် ယူမှာလားမေးတယ် ၊သူမလဲ ယူပါမယ်ဘုရားလို့လျှောက်တယ်လိုခြင်တာပေါ့ ၊

မိန်းမကိုး ၊ဆရာတော်ကမနက်စာ/ညစာ ထမင်းစားရင် ပဲပင်ပေါက်အတို့အမြုပ်ထည့်စား တကိုယ်စာပေါ့ လှခြင်ဇောနဲ့ အတိုင်းအဆထက်ပိုမစားနဲ့လေပွရင်ပြည့်ဖြစ်တတ်တယ် ..တဲ့ ၊ပုံမှန်နေ့စဉ် အချိန်အဆနဲ့စားပါတဲ့ခြောက်လအတွင်းသိသာမယ်တဲ့ ၊မိတ်ဆွေအမျိုးသမီးလဲ ဆရာတော်မှာတဲ့အတိုင်းတိတိကျကျ လိုက်နာ ပြီး ပဲပင်ပေါက်ကို

နေ့စဉ်စားလာတယ်တဲ့ ၊တနှစ်လောက်မဆုံရတော့အချိန်မှာပြန်တွေ့တော့ အသက်ငါးဆယ် အားကြီးမ ကအသက် ၃၀ အရွယ်ပြန်ဖြစ်နေပါရောလားအံ့သြပါ့ကွယ်၊ဆေးဝါးဆိုတာ သဘာဝထဲမှာရှိနေတာလေ ၊ ပိုက်ဆံဈေးကြီးပေးရတိုင်းကောင်းတာမှမဟုတ်တာ ၊ဇွဲထက်သန်ရင်တော့ မအိုသေးတဲ့သူ အပျိုလေးနဲ့တူဘဲ ၊

ပဲပင်ပေါက်ဘာကြောင့်စွမ်းလဲသိရအောင်အောက်မှာဖတ်ကြနော် ၊သိပ္ပံနည်းကျကျ ဖော်ထုတ်ထားတာ ၊Research…. !!!ပဲပင်ပေါက်သွေးအားနည်းရောဂါကိုသက်သာစေခြင်းပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင်

ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ် စုပ်ယူမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ်ကြောင့်ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။နှလုံးသွေးကြောများကို ကျန်းမာစေခြင်းအသား၊

နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီက မှီဝဲမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောLD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို

ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ဝမ်းမှန်မှန်သွားစေခြင်းပဲပင်ပေါက်မှာအမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။ဆံပင်နှင့် လက်သည်းကို

ကျန်းမာစေခြင်းအာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့်ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့

အတွက် ဆံပင်သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ်နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။အသည်းကိုကျန်းမာစေခြင်းပဲပင်ပေါက်မှာလက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင်

ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်း ထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။#သွေးဆုံးချိန်ဝေဒနာများကို သက်သာစေခြင်းပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့

ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့်လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။အရေပြား

အိုမင်းမှု တားပေးသော အစွမ်းရှိခြင်းပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ အရေပြား တည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ် အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့်

ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်းပဲပင်ပေါက်မှာ စွမ်းအင်နဲ့တခြား အာဟာရဓါတ်တွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာ တွေကို သက်သာလျော့ပါး စေပါတယ်။

#crd #SandarHealth&Beauty ကိုင်းမဒီပျိုကညာတို့ဘုရားဟော ရုပ်ပျိုဆေးပါဖြည့်ပေးလိုက်မယ် ၊အတိတ် ကိုလဲဖက်တွယ်မထားနှင့်အနာဂတ်ကိုလဲကြိုမပူနှင့် ၊ပစ္စုပ္ပန်မှာ စိတ်ကိုထားနိုင်ရင်အရွယ်တင်နုပျိုစေတယ်တဲ့ ၊စိတ်ကိုအပူမတိုက်တာ နုပျိုခြင်းအစဘဲDepression မဝင်စေနဲ့ ၊ အဓိကကDepression ဘဲ ၊

အနို့ စာရေးသူရော ဆိုရင်ဖြေလိုက်မယ် ၊၃၀ ကျော် တွေက ကိုကြီးတဲ့ဆယ်ကျော်သက်တွေက ဦးတဲ့ ၊လမ်းသွားရင် ကောင်မလေးတွေကစူးစူရဲရဲကြည့်ကြတုန်းလေ ။🇲🇲 ကိုကြီးစွန်းလေးလေးမော့ဆက်

Crd

Zawgyi

မအိုမနာေစတဲ့ေဆးတကယ္ရွိလား

1-10-2022

ဗဟုသုတေဆးဝါး အ႐ြယ္ရလာရင္ မ်က္စိေဘး နထင္ေနရာမွာ က်ီးေျခလို႔ေခၚတဲ့ အေရးေၾကာင္းထင္လာတတ္တယ္ ၊ အဲဒါအိုမင္းမႈဇရာရဲ႕အစဘဲ ၊လူ႔ခႏၶာကိုယ္ကအလိုအေလ်ာက္တုန္႔ျပန္တာ ၊ အစားအေသာက္ဟာရမျပည့္ရင္ပိုဆိုးေစတယ္ ၊ ေနပူမိုး႐ြာမေရွာင္အလုပ္ေတြပင္ပမ္းစြာ လုပ္ရရင္ပိုဆိုးတယ္

၊အေရျပားျပႆနာ ရွိ ရင္လဲ လ်င္ျမန္စြာအိုမင္းေစတယ္ ၊ အေရးျပားလွပႏုပ်ိဳေစဖို႔ လိုတာ Vitamin C လိုတယ္ ၊ သူကအေရျပားကိုတင္းေစတယ္ ၊ အေရျပားတစ္သွ်ဴးေတြအသစ္ေမြးဖြားေပးတယ္ ၊Cosmetic Brand ေတြကို အလွျပင္႐ုံဘဲသုံးၾကပါ မဒီတို႔ေရ ၊႐ုပ္ပ်ိဳေဆးအျဖစ္သုံးလို႔မရပါ ၊တခါကအသိမိတ္ေဆြတဦး

မြန္ျပည္နယ္ေရာက္ခိုက္သံဃာေတာ္ေတြကိုဆြမ္းေလာင္းတယ္ ၊ဆရာေတာ္တပါးက အသားအေရႏုဖတ္ၿပီးအေၾကာစိမ္းေလးေတြေတာင္ျမင္ရတယ္ ၊႐ုပ္ကလဲခန္႔မွန္းမရဘူး ၊ေလးဆယ္လားငါးဆယ္လားေဝခြဲမရဘူး ၊ဒါနဲ႔ ဆရာေတာ္ဘုရားၾကည့္ရတာၾကည္ညိဳစရာပါဘုရား သက္ေတာ္မိန္႔လို႔ရရင္ မိန္႔ပါဘုရားလို႔ေလွ်ာက္တယ္ ၊

ဆရာေတာ္က ရီၿပီး သက္တာ္ ၇၀ ပါဒကာမေလးလို႔မိန္႔တယ္ ၊မိတ္ေဆြဒကာမလဲ အိုး…. Amazing… !!!လို႔ျမည္တမ္းမိတယ္ ၊ သူထင္တာက၄၀/၅၀ ေလ ၊တအားကြာေနတယ္ ၊မွင္သက္ေနတဲ့ သူမကို ဆရာေတာ္ကၾကည့္ၿပီး ႐ုပ္ပ်ိဳေဆးေပးမယ္ ယူမွာလားေမးတယ္ ၊သူမလဲ ယူပါမယ္ဘုရားလို႔ေလွ်ာက္တယ္လိုျခင္တာေပါ့ ၊

မိန္းမကိုး ၊ဆရာေတာ္ကမနက္စာ/ညစာ ထမင္းစားရင္ ပဲပင္ေပါက္အတို႔အျမဳပ္ထည့္စား တကိုယ္စာေပါ့ လွျခင္ေဇာနဲ႔ အတိုင္းအဆထက္ပိုမစားနဲ႔ေလပြရင္ျပည့္ျဖစ္တတ္တယ္ ..တဲ့ ၊ပုံမွန္ေန႔စဥ္ အခ်ိန္အဆနဲ႔စားပါတဲ့ေျခာက္လအတြင္းသိသာမယ္တဲ့ ၊မိတ္ေဆြအမ်ိဳးသမီးလဲ ဆရာေတာ္မွာတဲ့အတိုင္းတိတိက်က် လိုက္နာ ၿပီး ပဲပင္ေပါက္ကို

ေန႔စဥ္စားလာတယ္တဲ့ ၊တႏွစ္ေလာက္မဆုံရေတာ့အခ်ိန္မွာျပန္ေတြ႕ေတာ့ အသက္ငါးဆယ္ အားႀကီးမ ကအသက္ ၃၀ အ႐ြယ္ျပန္ျဖစ္ေနပါေရာလားအံ့ၾသပါ့ကြယ္၊ေဆးဝါးဆိုတာ သဘာဝထဲမွာရွိေနတာေလ ၊ ပိုက္ဆံေစ်းႀကီးေပးရတိုင္းေကာင္းတာမွမဟုတ္တာ ၊ဇြဲထက္သန္ရင္ေတာ့ မအိုေသးတဲ့သူ အပ်ိဳေလးနဲ႔တူဘဲ ၊

ပဲပင္ေပါက္ဘာေၾကာင့္စြမ္းလဲသိရေအာင္ေအာက္မွာဖတ္ၾကေနာ္ ၊သိပၸံနည္းက်က် ေဖာ္ထုတ္ထားတာ ၊Research…. !!!ပဲပင္ေပါက္ေသြးအားနည္းေရာဂါကိုသက္သာေစျခင္းပဲပင္ေပါက္မွာ သံဓာတ္မ်ားစြာပါင္ဝင္တာေၾကာင့္ ေသြးနီဆဲလ္မွာေတြ႕ရတဲ့ ေဟမိုဂလိုဘင္ တည္ေဖာက္မႈမွာ အေရးပါ ပါတယ္။ ဒါ့အျပင္

ပဲပင္ေပါက္မွာ ဗီတာမင္စီ မျမင့္မားတဲ့ ပမာဏ ပါဝင္မႈရွိတာေၾကာင့္ အူကေန သံဓာတ္ စုပ္ယူမႈကို ေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ သံဓာတ္ေၾကာင့္ျဖစ္တဲ့ ေသြးအားနည္း ေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္သလို ေရာဂါျဖစ္ေနရင္လည္း ကုသႏိုင္ပါတယ္။ႏွလုံးေသြးေၾကာမ်ားကို က်န္းမာေစျခင္းအသား၊

ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းစတာေတြမွာ ေတြ႕ရမ်ားတဲ့ ျပည့္ဝဆီက မွီဝဲမႈ ေလ်ာ့ခ်ရင္း ပဲပင္ေပါက္ကို ပုံမွန္စားသုံးေပးရင္ ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာLD ကိုေလ်ာ့က်ေစပါတယ္။ အေၾကာင္းကေတာ့ ပဲပင္ေပါက္မွာ အမွ်င္ဓာတ္နဲ႔ လက္စီသင္ ပါဝင္လို႔ျဖစ္တယ္။ ပဲပင္ေပါက္ဟာ ႏွလုံးနဲ႔ ေသြးေၾကာေတြကို

က်န္းမာေစတာေၾကာင့္ ႏွလုံးေရာဂါ မွာ အျဖစ္မ်ားဆုံး ေရာဂါျဖစ္တဲ့ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ဝမ္းမွန္မွန္သြားေစျခင္းပဲပင္ေပါက္မွာအမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ အူလႈပ္ရွားမႈကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္တဲ့ လကၡဏာကို သက္သာေစပါတယ္။ဆံပင္ႏွင့္ လက္သည္းကို

က်န္းမာေစျခင္းအာဟာရတခ်ိဳ႕ ခ်ိဳ႕တဲ့မႈေၾကာင့္ ဆံပင္ေတြ က်ိဳးျပတ္တာ၊ လက္သည္း၊ ေျခသည္းေတြ ႂကြပ္ဆတ္တာတို႔ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ပ႐ိုတင္းဓာတ္ ၊ ဗီတာမင္နဲ႔ ဇင့္(သြပ္) ဓာတ္တို႔ ခ်ိဳ႕တဲ့တာ ေၾကာင့္ျဖစ္တတ္ပါတယ္။ ပဲပင္ေပါက္မွာ ဒီအာဟာရဓာတ္ေတြ အမ်ားအျပား ပါဝင္တဲ့

အတြက္ ဆံပင္သားနဲ႔ လက္သည္း၊ ေျခသည္းျပႆနာတို႔ မျဖစ္ေအာင္ ကာကြယ္ႏိုင္သလို ျဖစ္ေနရင္လည္း ကုသေပးႏိုင္ပါတယ္။အသည္းကိုက်န္းမာေစျခင္းပဲပင္ေပါက္မွာ

လက္ဆီသင္ ပမာဏ မ်ားစြာပါဝင္တဲ့ အျပင္ ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာကို ေလ်ာ့က်ေစကာအသည္းမွာ အဆီကပ္ၿငိမႈ မျဖစ္ေအာင္

ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ အျဖစ္မ်ားတဲ့ အသည္း ထိခိုက္မႈ အျခအေနတစ္ရပ္ျဖစ္တဲ့ အသည္းအဆီဖုံးမႈ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။#ေသြးဆုံးခ်ိန္

ေဝဒနာမ်ားကို သက္သာေစျခင္းပဲပင္ေပါက္မွာ အီစထ႐ိုဂ်င္လို အာနိသင္ေပးႏိုင္တဲ့ ဖိုင္တိုအီစထ႐ိုဂ်င္မ်ား စြာပါဝင္ပါတယ္။ ဒါေၾကာင့္ ေသြးဆုံးခ်ိန္နဲ႔

ဆက္စပ္ေနတဲ့ ရင္တုန္တာ၊ ညဘက္ပူေလာင္ၿပီး ေခြၽးထြက္တာစတဲ့ ေဝဒနာေတြ သက္သာေစပါတယ္။ ေသြးဆုံး ေဝဒနာအမ်ားစုက အီစထ႐ိုဂ်င္အဆင့္

ေလ်ာ့နည္းလို႔ျဖစ္တာတာပါ။ ပဲပင္ေပါက္မွာေတြ႕ရတဲ့ ဖိုင္တိုအီစထ႐ိုဂ်င္ ေတြဟာ ေသြးဆုံးခ်ိန္မွာ အျဖစ္မ်ားတဲ့ အ႐ိုးပါးေရာဂါမျဖစ္ေအာင္ လည္း ကာကြယ္ေပးပါတယ္။အေရျပား

အိုမင္းမႈ တားေပးေသာ အစြမ္းရွိျခင္းပဲပင္ေပါက္မွာ အေတြ႕မ်ားတဲ့ ဖိုင္တိုအီစထ႐ိုဂ်င္ဟာ အေရျပား တည္ေဆာက္မႈမွာအေရးပါတဲ့ ေကာ္လာဂ်င္၊

အီလက္စတင္နဲ႔ ဟိုင္ရာလူ႐ိုးနစ္ အက္စစ္ တို႔ တည္ေဆာက္မႈကို ေကာင္းမြန္ေစပါတယ္။ ပဲပင္ေပါက္ဟာ အေရျပားတင္းရင္းမႈနဲ႔ အစိုဓာတ္ေလ်ာ့က်မႈေၾကာင့္

ျဖစ္တဲ့ အေရျပားအိုမင္းတဲ့ ျဖစ္စဥ္ကို မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။စိတ္ဖိစီးမႈႏွင့္ ေမာပန္းမႈကို ေလ်ာ့က်ေစျခင္းပဲပင္ေပါက္မွာ စြမ္းအင္နဲ႔

တျခား အာဟာရဓါတ္ေတြ အမ်ားအျပား ပါဝင္တာေၾကာင့္ စိတ္ဖိစီးမႈနဲ႔ ေမာပန္းမႈတို႔ေၾကာင့္ ျဖစ္လာတဲ့ ေဝဒနာ ေတြကို သက္သာေလ်ာ့ပါး ေစပါတယ္။

#crd #SandarHealth&Beauty ကိုင္းမဒီပ်ိဳကညာတို႔ဘုရားေဟာ ႐ုပ္ပ်ိဳေဆးပါျဖည့္ေပးလိုက္မယ္ ၊အတိတ္ ကိုလဲဖက္တြယ္မထားႏွင့္အနာဂတ္ကိုလဲႀကိဳမပူႏွင့္ ၊

ပစၥဳပၸန္မွာ စိတ္ကိုထားႏိုင္ရင္အ႐ြယ္တင္ႏုပ်ိဳေစတယ္တဲ့ ၊စိတ္ကိုအပူမတိုက္တာ ႏုပ်ိဳျခင္းအစဘဲDepression မဝင္ေစနဲ႔ ၊ အဓိကကDepression ဘဲ ၊

အႏို႔ စာေရးသူေရာ ဆိုရင္ေျဖလိုက္မယ္ ၊၃၀ ေက်ာ္ ေတြက ကိုႀကီးတဲ့ဆယ္ေက်ာ္သက္ေတြက ဦးတဲ့ ၊လမ္းသြားရင္ ေကာင္မေလးေတြကစူးစူရဲရဲၾကည့္ၾကတုန္းေလ ။🇲🇲 ကိုႀကီးစြန္းေလးေလးေမာ့ဆက္

Crd