အရဟံပုတီးစိပ္နည္းေၾကာင့္ ဆင္းရဲသား (ေက်ာမြဲစစ္စစ္) ဘဝက ဆန္စက္ပိုင္ရွင္ သူေဌးႀကီးျဖစ္သြားတဲ့ “အရဟံ ဦးဆင္”

Unicode

အရဟံပုတီးစိပ်နည်းကြောင့် ဆင်းရဲသား (ကျောမွဲစစ်စစ်) ဘဝက ဆန်စက်ပိုင်ရှင် သူဌေးကြီးဖြစ်သွားတဲ့ “အရဟံ ဦးဆင်”

“ငဆင် နင့်ခန္ဓာကိုယ်ထဲမှာ ခုမှ အရဟံ ဂုဏ်တော် ကိန်းတယ် ဟ။နင် ထူးခြားတော့မယ်။ဆက်ကြိုးစားကြားလား ”(အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး) စစ်ကြီး ပြီးခါစလောက်က မန္တလေးမြောက်ဘက်မတ္တရာနယ်က ပိုင်ရွာ တစ်ဝိုက်မှာတော့“အရဟံ ဦးဆင်”ဆိုတာ မသိသူမရှိသလောက်လို့ ဆိုရလောက်အောင် လူသိများခဲ့ပါတယ်။

သူ့ကို လူတွေ အသိများတာဟာဆန်စက်ပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်လို့ဆိုတာထက်အင်္ကျီဗလာ၊ လုံချည်ဖာတစ်ရာနဲ့ နွားကျောင်းသားဘဝက ဗြုန်းစားကြီး ဆန်စက်ပိုင်ရှင် အဖြစ် ပြောင်းလဲသွားတာရယ်၊

သေသည် အထိ ပုတီးတစ်ကုံးနဲ့ ပုတီးမပြတ် စိပ်နေလေ့ရှိတာရယ်၊ သူ့အိမ်ဝမှာ “အရဟံ” ဆိုတဲ့စာလုံးဆိုင်းဘုတ်အကြီးကြီးရေးထားတာရယ်တို့ကြောင့်ပါပဲ။ဒီ “အရဟံ”ဆိုတဲ့စာလုံးဆိုင်းဘုတ်ကြီးကြောင့်ပဲ သူ့ကို “အရဟံ ဦးဆင်” လို့ လူတွေက သိကြခေါ်ကြတာပါ။

ဦးဆင်၏ ငယ်ဘဝ ဦးဆင်ဆိုတာ ငယ်ငယ်က သာမဏေဘဝနဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ (နောင် အဘိဓဇမဟာရဋ္ဌဂုရု) ထံမှာ နေသွားခဲ့ဖူးတယ်။ရဟန်းမဖြစ်ခင်မှာဘဲ သူ့ဒကာကြီး ဆုံးပါးသွားလို့ မိခင်နဲ့ လူမမယ် (မည်) ညီ၊ ညီမငယ်တွေကို လုပ်ကိုင်ကျွေးဖို့ လူထွက်လိုက်ရတယ်။

လယ်ယာမြေပိုင် မရှိတဲ့အတွက် သူများအိမ်မှာထွန်ယက်နွားကျောင်းသူရင်း ငှားဘဝနဲ့လုပ်ကိုင်စားရတဲ့ဘဝမှာ မိသားစုကစားအိုးကြီးတဲ့အတွက် အသက်ထိန်းရုံ အရှက်လုံရုံ အနိုင်နိုင်ဘဝပါ။ လုံချည်ခါးနွမ်း ကျောနေလှမ်းဘဝမှာ အိမ်က ခနော် ခနဲ့ခေတ်သစ် ကာကဝလိယလို့တောင် ဆိုနိုင်လောက်ပါ သတဲ့။

ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကို အမြဲ ဦးထိပ်ထားတတ်တဲ့ မောင်ဆင်ဟာ

မစိုးရိမ်ဆရာတော်ဘုရားကြီး မွေးနေ့ နီးပြီဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက်ကို အမြဲရောက်အောင် လာတယ်။ လှူဖွယ်ဝတ္ထုရယ်လို့ မပါပေမယ့် ဆရာသမားကို ဝတ်ကြီးဝတ်ငယ် ပြုပေးရင်း ထင်းခွဲ၊ ရေခပ်၊ တံမြက်လှည်း စတဲ့ အလုပ်ကြမ်း မှန်သမျှ အားလုံး ဒိုင်ခံပြီး လုပ်လေ့ရှိပါသတဲ့။

မွေးနေ့ပြီးလို့ အပြန်မှာတော့ အင်္ကျီဗလာနဲ့ တပည့်ကို မကြည့်ရက်တဲ့အတွက် ဆရာတော်ကြီးက “ငါ့တပည့်လို သံဃာ့ဝေယျာဝစ်္စလုပ်သူအတွက် ပေးကောင်းတယ် ကွဲ့။အပ်စပ်ပါတယ်။ အင်္ကျီချုပ်ဝတ်” လို့ ပြောပြီး အဲဒီခေတ်က နာရေးကန်တော့ ပွဲတွေမှာ ပါလာလေ့ရှိတဲ့ ပိတ်စကလေးတွေကို ချီးမြှင့်တတ်ပါတယ်။

ဆရာတော်ကြီးက မိမိအတွက် အင်္ကျီချုပ်ဖို့ဆိုပြီး ပေးစွန့်ပေမယ့်အိမ်မှာအရွယ်ရောက်စ ပြုနေပြီဖြစ်တဲ့နှမတွေညီငယ်တွေအတွက်ပဲသင့်သလိုချုပ်ပေးပြီး မောင်ဆင်ကတော့ ထုံးစံအတိုင်း ယက်ချည်ထက် ချုပ်ချည်ကတောင် ပိုများ နေပြီလား ထင်ရတဲ့ လုံချည်ဖာတစ်ရာ ကျောဗလာပဲ နေရတာပါ။

မွေးနေ့နီးတိုင်း နှစ်စဉ် မှန်မှန်ရောက်လာပြီး ကျောပြောင်ကြီး ပိုပြီး မွဲခြောက် လာတာက လွဲလို့ ဘာမှ တိုးတက် ပြောင်းလဲမလာတဲ့ တပည့်ကို ကြည့်ပြီး ဆရာ တော်ကြီးက- “ငဆင် နင် မချမ်းသာချင်ဘူးလား” လို့ မေးတော့- “ဘယ့်နှယ် မိန့်လိုက်ပါလိမ့်ဘုရား။

တပည့်တော်သူများတွေလို သူဌေးဖြစ်အောင် မချမ်းသာချင်နေပါစေ။ အစားအဝတ် ပြည့်ပြည့်စုံစုံနဲ့ မိုးလုံလေလုံလောက် နေရရင်ကို ကျေနပ်လှပါပြီ။ ဆရာတော်မစနိုင်ရင် မစပေးတော်မူပါဘုရား” လို့ လျှောက်ထားပါသတဲ့။ဆရာတော်ကြီးက “ဟဲ့… ငဆင်ရဲ့၊ ကံ ကံ၏အကျိုးဆိုတာ နင်လည်း သိသားပဲဟာ။

နင့်ကို ငါက မစလို့ ဘယ်ရမလဲဟဲ့။

နင်ကိုယ်တိုင် ရုန်းပြီး ရပ်မှ မတ်လာမှာပေါ့” ဆိုတော့ “မှန်ပါတတ်နိုင်သမျှတော့ကြိုးစားတာပါပဲဘုရား။မိသားစုကလည်း များ၊ ညီတွေညီမတွေကလည်း လက်လုပ်လက်ကိုင်လေးမှ အကူအညီက မရသေး။ဒီကြားထဲ လောကအလျောက် အိမ်ထောင်ကလည်းကျပြီး ဆိုတော့ အလုပ်နဲ့ဝင်ငွေက မတိုးဘဲ ပါးစပ်ပေါက်တွေသာ တိုးနေတဲ့အတွက် ဒီလိုပဲ လုံးချာလိုက်နေတာပဲ ဘုရား” လို့ ပြန်လျှောက်ပါတယ်။

ဆရာတော်ကြီးက “အေး နင့်ကို ငါက မ,ထူပေးလို့တော့ မရဘူး။နင့်ကိုယ်နင် ရုန်းထနိုင်အောင်အထောက်အကူတော့ ပေးလိုက်မယ်။ ရော့ ဟောဒီပုတီးကို ယူသွား။ဘာမှ နည်းတွေများမနေနဲ့ “အရဟံ” တစ်လုံးကိုအဓိပ္ပာယ်ပါအာရုံပြုပြီး မပြတ်ပွားပေရော့” ဆိုပြီး အနားမှာရှိတဲ့ ပရိက္ခရာပုံထဲက ပုတီးတစ်ကုံး ကို ပေးလိုက်ပါတယ်။

ဆရာတော်ကြီးက မတာ မဟုတ်ဘူးဆိုပေမယ့် မောင်ဆင်ကတော့ ဒါဟာ ဆရာတော်ကြီးက သူ့ကို မစလိုက်တာပဲ ဆိုပြီး ဆရာတော် မိန့်ကြားတဲ့အတိုင်း မပြတ်ပွားပြီး စိပ်တော့တာပဲ။

ခါတိုင်း ကိုယ်အထက်ပိုင်းမှာ ဗလာကျင်းနေတဲ့ မောင်ဆင်မှာခုတော့အလုပ်လုပ်နေချိန်ဆိုရင်လည်း လည်ပင်းမှာ ပုတီးတစ်ကုံး ဆွဲထားတာ တွေ့ရပြီး အလုပ်နားတာနဲ့ ပုတီးနဲ့ လက်မပြတ်အောင် စိပ်တော့တာပဲ။နွားကျောင်းရင်လည်း ပုတီးစိပ်က မပြတ်တော့ ဒုစရိုက်ရယ်လို့ ကျူးလွန်ချိန်ကို မရှိတော့ဘူး။

နောက်တစ်နှစ် ဆရာတော်ကြီးမွေးနေ့မှာ
မောင်ဆင် ရောက်လာတော့လည်း ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးဘူး။ ဆရာတော်ကြီးထံပါးမှာ ဝတ်ချတော့ “ငဆင် ဘာတွေများ ထူးခြားလာသလဲဟဲ့” “ဘာမှ မထူးသေးပါဘုရား” “အေး လာစမ်း ဒီနား” ဆိုပြီး “ဖြန်း” ခနဲ ရိုက်လိုက်တော့ “အမလေးဘုရား” လို့ လန့်အော်တယ်။

ဆရာတော်ကြီးက “နင် လိုသေးတယ်၊ ဆက်ကြိုးစားဦး” လို့ မိန့်ပါတယ်။နောက်နှစ်နှစ် သုံးနှစ် ဒီအတိုင်းပဲ၊ မထူးဘူး။ အဲ… လေးနှစ်မြောက်အရောက်မှာတော့ ဆရာတော်ကြီး “ငဆင် လာစမ်း ဒီနား” “ဖြန်း” ဆိုတော့ “အရဟံ… အရဟံ… အရဟံ…” လို့ အော်လိုက်ပါသတဲ့။

အေး နင့်ခန္ဓာကိုယ်ထဲခုမှ “အရဟံ” ဂုဏ်တော်ကိန်းတယ်ဟ။ သုံးလေး နှစ်အတွင်း ခန္ဓာကိုယ်ထဲ အရဟံဘုရား အမြဲကိန်းအောင် တည်နိုင်တာ နင် မဆိုးဘူး၊ နင် ထူးတော့မယ်။ ဆက်ကြိုးစား ကြားလား” “မှန်ပါဘုရား”

အချိန်က ဂျပန်တွေ မြန်မာပြည်ဝင်လာခါစ၊

မြန်မာပြည်ကို စစ်ငွေ့စစ်ရိပ် များ သန်းလာပြီ။ မတ္တရာနယ်က ပိုင်ရွာမှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယအမျိုးသား မိသားစုတို့က စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း သူတို့ဆွေမျိုးများရှိရာ

အိန္ဒိယကို ပြန်လိုတဲ့အတွက် သူတို့မရှိတုန်းမှာ သူတို့ပိုင်တဲ့ ဆန်စက်ကို အစောင့်အရှောက်အဖြစ် လွှဲအပ်ခဲ့ဖို့ နယ်မှာရှိတဲ့ အကြီးအကဲများ၊ မိတ်ဆွေသင်္ဂဟများနဲ့ တိုင်ပင်တဲ့အခါ

အဲဒီနယ်သူကြီးက-“သူရင်းငှားလုပ်နေတဲ့ မောင်ဆင်ဟာ ဆင်းရဲပေမယ့် ရိုးသားပြီး သစ္စာရှိ တယ်။ မစိုးရိမ်ဆရာတော်ကြီးရဲ့တပည့်ဖြစ်လို့ ဆရာကောင်းတပည့်ပီပီ ရိုးသား တည်ကြည်တယ်၊ သူများပစ္စည်းကို အလွဲသုံးစားလုပ်မယ့်သူငယ် မဟုတ်ဘူး။

ဆရာသမားများရဲ့ အရှိန်အဝါကြောင့်လည်း ဆရာကောင်းတပည့် မပီသတဲ့ အလုပ်မျိုးလုပ်မှာ မဟုတ်တာ သေချာတယ်။ သူ့ကိုပဲ လွှဲအပ်ပြီး စောင့်ရှောက်ခိုင်းတာ အကောင်းဆုံးပဲ” လို့ အကြံပေးကြတယ်။

ဆန်စက်ပိုင်ရှင်များကလည်းဟိန္ဒူအမျိုးသားများ ဖြစ်တဲ့အတိုင်း “မစိုးရိမ်တိုက်” ဆိုတာကို ကြားဖူးပြီး အထင်ကြီး လေးစားကြတဲ့အတွက် သဘောကျပြီး မောင်ဆင်နဲ့သွားတွေ့ အကျိုးအကြောင်း ပြောဆိုညှိနှိုင်းကြပြီး နှစ်ဦးနှစ်ဖက် သဘော တူကြလို့ မောင်ဆင်လက်ထဲ ဆန်စက်ကို လွှဲအပ်ပြီး အိန္ဒိယပြန်သွားကြတယ်။

မောင်ဆင်လည်းမမျှော်လင့်ဘဲဆန်စက်နဲ့လုပ်ကိုင်စားသောက်ခွင့် ရရှိသွားလို့ ဆန်စက်ပိုင် မဟုတ်ပေမယ့် ဆန်စက်ကိုင် သူဌေးလေးဘ၀ ရောက်သွားတော့တယ်။အဲဒီနှစ် မစိုးရိမ်ဆရာတော်ကြီးရဲ့ မွေးနေ့ကို သွားတဲ့အခါမှာတော့ မောင်ဆင်ဟာ နှစ်တိုင်းနဲ့ မတူတော့ဘူး။ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ လှူစရာ ဆန်အိတ်တွေ ဘာတွေ သယ်လာပြီး မိသားစုနဲ့အတူ ရောက်လာကြတယ်။

ဆရာတော်ကြီးက-“ငဆင် ဒီနှစ် ထူးလာပြီလား ဟ” ဆိုတော့ “မှန်ပါ၊ ထူးဆို တပည့်တော်စိတ်ကူးနဲ့တောင် မမှန်းဆရဲခဲ့ဖူးတဲ့အထိကို ထူးတာဘုရာ့။အခု တပည့်တော်ဆန်စက်တစ်လုံးကိုစောင့်ရှောက်ရင်း လုပ်ကိုင် စားသောက်ခွင့်ရလို့ တပည့်တော် တောင့်တခဲ့တဲ့ စားဝတ်နေရေး ပြည့်စုံပြီး မိုးလုံ လေလုံနေနိုင်ဖို့ဆိုတဲ့ အဆင့်ထက်တောင် လွန်နေပြီ ဘုရာ့။

ဒါတွေဟာ ဆရာတော် မ,လိုက်တဲ့ ဆရာတော့် ကျေးဇူးတွေပါပဲ ဘုရား”ဆိုပြီးဝမ်းသာမျက်ရည်နဲ့ လျှောက်ထားရှာတယ်။ “ဟဲ့—ငဆင်ရဲ့၊ နင့်ကို ငါမလို့ မရဘူး။ နင့်ကိုယ်နင် ရုန်းကန်ထရမှာလို့ အစကတည်းက ပြောထားသားနဲ့၊ ဘယ်ကလာ ငါက မရမှာလဲ၊ အဲဒါ ငါမတာ လည်း မဟုတ်ဘူး၊

နံဘေးမှာရှိတဲ့ ဘုရားတွေက မတာလည်း မဟုတ်ဘူးဟဲ့။

နင့်ခန္ဓာကိုယ်ထဲမှာ နင်ကိုယ်တိုင်မပြတ်ပွားထုံပြီး တည်ထားတဲ့ “အရဟံ ဘုရား” က မတာ။ မတယ်ဆိုလို့ ဘုရားတန်ခိုးသက်သက်နဲ့

ချမ်းသာလာတယ် မထင်လိုက်နဲ့၊ ကံမျိုးစေ့ အောင်မြင်လာတော့ “အနုတ္တရံ ပုညခေတ္တံ လောကဿ” ဆိုတဲ့ သာသနာခေတ်ကြီးမှာ ဉာဏ်နဲ့ လုံ့လစိုက်ထုတ်နိုင်သလောက် အကျိုးဖြစ်ထွန်းတာပေါ့။

“သမ္မသကတ သမ္မာဒိဋ္ဌိ” အမြင်မှန် လက်မလွတ်စေနဲ့၊ မမေ့မလျော့ ဆက်ကြိုးစား ကြားလား” လို့ မိန့်ကြားပါတယ်။ မောင်ဆင်ရဲ့ဘဝဘယ်လိုပြောင်းလဲသွားပေမယ့်

မစိုးရိမ်ဆရာတော်ကြီး မွေးနေ့ရောက်တဲ့ အခါမှာတော့ အရင်က လုပ်နေကျအတိုင်း ထင်းခွဲ၊ အမှိုက်ရှင်း၊ ရေခပ် စတဲ့ အလုပ်ကြမ်းမှန်သမျှ မိသားစုပါ ဝိုင်းဝန်းပြီး ဆောင်ရွက်မြဲ ဆောင်ရွက် ပါတယ်။

စစ်ကြီးပြီးစလောက်မှာတော့ အိန္ဒိယ ပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်များက “သူတို့မိသားစု ဟိုမှာလည်းအလုပ်အကိုင်အဆင်ပြေနေတဲ့အတွက် ဟိုမှာပဲ အခြေချတော့မယ်။ဆန်စက်များကိုလည်း ရိုးသားပြီး သစ္စာရှိတဲ့ မောင်ဆင်ကိုပဲ အပြီးအပိုင်ပေးပါတယ်” လို့ စာနဲ့ လွှဲအပ်ပါတယ်။

စစ်ပြီးစလောက်တုန်းကမတ္တရာနယ်တစ်ဝိုက်မှာတော့ ဆင်းရဲသား (ကျောမွဲစစ်စစ်) ဘဝက ဆန်စက်ပိုင်ရှင် သူဌေးကြီးဖြစ်သွားတဲ့ “အရဟံ ဦးဆင်” အကြောင်း လူတိုင်းလိုလိုက တအံ့ တသြ ပြောမဆုံးအောင် တစ်နယ်လုံးကို ဟိုးဝေးတကျော် ဖြစ်ရပ်ပါပဲတဲ့။

ဒီနေရာမှာ အထူး သတိထားရမှာကတော့

“ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ နှုတ်ကပါဌ်တွေမှာ ဘယ်ဂုဏ်က ဘယ်ဂုဏ်ထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုသာတယ်၊

ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုပြီး အစွမ်းထက် တယ်လို့ ကွဲပြားခြားနားမှု မရှိပါဘူး။ ရတနာသုံးပါးနဲ့ ပတ်သက်ရင် နည်းကောင်း နည်းညံ့ ခွဲဖို့ မလိုဘူး။ နည်းမြဲဖို့ပဲ လိုတယ်” ဆိုတဲ့ အချက်ပါပဲ။ပဋ္ဌာန်းဒေသနာတော် အလိုအရတော့ အာသေဝနပစ်္စည်းတပ်တယ်လို့ ခေါ်ပါတယ်။

ကံအနေနဲ့ ပြောရရင်တော့ “မပြတ်လေ့ကျက်နေတဲ့ အာစိဏ္ဏကံ” ပါပဲ။အာစိဏ္ဏကံ ထက်သန်မြဲမြံလာရင် ပစ္စုပ္ပန်မှာ မျက်မြင်ဒိဋ္ဌ ခံစားရတဲ့ “ဒိဌဓမ္မ ဝေဒနိယ” အကျိုးကော နောင်အဆက်ဆက် “သမ္ပရာယိက” အကျိုးကိုပါ ထင်ထင်ရှားရှား ကြီးကြီးမားမား ပေးတတ်စမြဲ ဖြစ်ပါတယ်။

ပြီးတော့ အခုဘဝမှာ အသစ်ပြုလုပ်တဲ့ ကံတွေဟာ ကိုယ်တိုင်အကျိုးပေးနိုင်တဲ့ “ဇနကသတ္တိ” ဆိုတာ ရှိသလို ကံဟောင်းတွေကို အားကောင်းပြို အကျိုးပေးခွင့်ရလာအောင် ထောက်ပံ့ ကူညီပေးတတ်တဲ့ “ဥပထမ္ဘကသတ္တိ” ဆိုတာလဲ ရှိပါတယ်။

ဒါကြောင့် ကုသိုလ် တိုင်းဟာ

ပြုဆဲဘဝမှာပဲ ကောင်းကျိုးတွေပေးတတ်,တိုးစေတတ်တယ်ဆိုတာ အရဟံ ဦးဆင်လို ဖြစ်ရပ်များအရ သိသာထင်ရှားပါတယ်။မစိုးရိမ်ဆရာတော်ကြီးထံမှကြားနာမှတ်သားခဲ့ရသည့်အတိုင်းအမရပူရမြို့တူမောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓိယ (အဂ္ဂမဟာပဏ္ဍိတ)ထပ်ဆင့်မိန့်ကြားဆုံးမချက်ကို မျှေဝတင်ပြလိုက်ပါတယ်။

Credit:ဓမ္မဘေရီအရှင်ဝီရိယ-တောင်စွန်း

Zawgyi

အရဟံပုတီးစိပ္နည္းေၾကာင့္ ဆင္းရဲသား (ေက်ာမြဲစစ္စစ္) ဘဝက ဆန္စက္ပိုင္ရွင္ သူေဌးႀကီးျဖစ္သြားတဲ့ “အရဟံ ဦးဆင္”

“ငဆင္ နင့္ခႏၶာကိုယ္ထဲမွာ ခုမွ အရဟံ ဂုဏ္ေတာ္ ကိန္းတယ္ ဟ။နင္ ထူးျခားေတာ့မယ္။ဆက္ႀကိဳးစားၾကားလား ”(အဘိဓဇမဟာရ႒ဂု႐ု မစိုးရိမ္ဆရာေတာ္ႀကီး) စစ္ႀကီး ၿပီးခါစေလာက္က မႏၲေလးေျမာက္ဘက္မတၱရာနယ္က ပိုင္႐ြာ တစ္ဝိုက္မွာေတာ့“အရဟံ ဦးဆင္”ဆိုတာ မသိသူမရွိသေလာက္လို႔ ဆိုရေလာက္ေအာင္ လူသိမ်ားခဲ့ပါတယ္။

သူ႔ကို လူေတြ အသိမ်ားတာဟာဆန္စက္ပိုင္ရွင္ သူေဌးႀကီးတစ္ဦးျဖစ္လို႔ဆိုတာထက္အက်ႌဗလာ၊ လုံခ်ည္ဖာတစ္ရာနဲ႔ ႏြားေက်ာင္းသားဘဝက ျဗဳန္းစားႀကီး ဆန္စက္ပိုင္ရွင္ အျဖစ္ ေျပာင္းလဲသြားတာရယ္၊

ေသသည္ အထိ ပုတီးတစ္ကုံးနဲ႔ ပုတီးမျပတ္ စိပ္ေနေလ့ရွိတာရယ္၊ သူ႔အိမ္ဝမွာ “အရဟံ” ဆိုတဲ့စာလုံးဆိုင္းဘုတ္အႀကီးႀကီးေရးထားတာရယ္တို႔ေၾကာင့္ပါပဲ။ဒီ “အရဟံ”ဆိုတဲ့စာလုံးဆိုင္းဘုတ္ႀကီးေၾကာင့္ပဲ သူ႔ကို “အရဟံ ဦးဆင္” လို႔ လူေတြက သိၾကေခၚၾကတာပါ။

ဦးဆင္၏ ငယ္ဘဝ ဦးဆင္ဆိုတာ ငယ္ငယ္က သာမေဏဘဝနဲ႔ မႏၲေလးၿမိဳ႕ မစိုးရိမ္ေက်ာင္း တိုက္ ဆရာေတာ္ႀကီး ဘဒၵႏၲသူရိယာဘိဝံသ (ေနာင္ အဘိဓဇမဟာရ႒ဂု႐ု) ထံမွာ ေနသြားခဲ့ဖူးတယ္။ရဟန္းမျဖစ္ခင္မွာဘဲ သူ႔ဒကာႀကီး ဆုံးပါးသြားလို႔ မိခင္နဲ႔ လူမမယ္ (မည္) ညီ၊ ညီမငယ္ေတြကို လုပ္ကိုင္ေကြၽးဖို႔ လူထြက္လိုက္ရတယ္။

လယ္ယာေျမပိုင္ မရွိတဲ့အတြက္ သူမ်ားအိမ္မွာထြန္ယက္ႏြားေက်ာင္းသူရင္း ငွားဘဝနဲ႔လုပ္ကိုင္စားရတဲ့ဘဝမွာ မိသားစုကစားအိုးႀကီးတဲ့အတြက္ အသက္ထိန္း႐ုံ အရွက္လုံ႐ုံ အႏိုင္ႏိုင္ဘဝပါ။ လုံခ်ည္ခါးႏြမ္း ေက်ာေနလွမ္းဘဝမွာ အိမ္က ခေနာ္ ခနဲ႔ေခတ္သစ္ ကာကဝလိယလို႔ေတာင္ ဆိုႏိုင္ေလာက္ပါ သတဲ့။

ဆရာသမားရဲ႕ ဂုဏ္ေက်းဇူးကို အၿမဲ ဦးထိပ္ထားတတ္တဲ့ ေမာင္ဆင္ဟာ

မစိုးရိမ္ဆရာေတာ္ဘုရားႀကီး ေမြးေန႔ နီးၿပီဆိုရင္ေတာ့ မစိုးရိမ္ေက်ာင္းတိုက္ကို အၿမဲေရာက္ေအာင္ လာတယ္။ လႉဖြယ္ဝတၳဳရယ္လို႔ မပါေပမယ့္ ဆရာသမားကို ဝတ္ႀကီးဝတ္ငယ္ ျပဳေပးရင္း ထင္းခြဲ၊ ေရခပ္၊ တံျမက္လွည္း စတဲ့ အလုပ္ၾကမ္း မွန္သမွ် အားလုံး ဒိုင္ခံၿပီး လုပ္ေလ့ရွိပါသတဲ့။

ေမြးေန႔ၿပီးလို႔ အျပန္မွာေတာ့ အက်ႌဗလာနဲ႔ တပည့္ကို မၾကည့္ရက္တဲ့အတြက္ ဆရာေတာ္ႀကီးက “ငါ့တပည့္လို သံဃာ့ေဝယ်ာဝစ္ၥလုပ္သူအတြက္ ေပးေကာင္းတယ္ ကြဲ႕။အပ္စပ္ပါတယ္။ အက်ႌခ်ဳပ္ဝတ္” လို႔ ေျပာၿပီး အဲဒီေခတ္က နာေရးကန္ေတာ့ ပြဲေတြမွာ ပါလာေလ့ရွိတဲ့ ပိတ္စကေလးေတြကို ခ်ီးျမႇင့္တတ္ပါတယ္။

ဆရာေတာ္ႀကီးက မိမိအတြက္ အက်ႌခ်ဳပ္ဖို႔ဆိုၿပီး ေပးစြန႔္ေပမယ့္အိမ္မွာအ႐ြယ္ေရာက္စ ျပဳေနၿပီျဖစ္တဲ့ႏွမေတြညီငယ္ေတြအတြက္ပဲသင့္သလိုခ်ဳပ္ေပးၿပီး ေမာင္ဆင္ကေတာ့ ထုံးစံအတိုင္း ယက္ခ်ည္ထက္ ခ်ဳပ္ခ်ည္ကေတာင္ ပိုမ်ား ေနၿပီလား ထင္ရတဲ့ လုံခ်ည္ဖာတစ္ရာ ေက်ာဗလာပဲ ေနရတာပါ။

ေမြးေန႔နီးတိုင္း ႏွစ္စဥ္ မွန္မွန္ေရာက္လာၿပီး ေက်ာေျပာင္ႀကီး ပိုၿပီး မြဲေျခာက္ လာတာက လြဲလို႔ ဘာမွ တိုးတက္ ေျပာင္းလဲမလာတဲ့ တပည့္ကို ၾကည့္ၿပီး ဆရာ ေတာ္ႀကီးက- “ငဆင္ နင္ မခ်မ္းသာခ်င္ဘူးလား” လို႔ ေမးေတာ့- “ဘယ့္ႏွယ္ မိန႔္လိုက္ပါလိမ့္ဘုရား။

တပည့္ေတာ္သူမ်ားေတြလို သူေဌးျဖစ္ေအာင္ မခ်မ္းသာခ်င္ေနပါေစ။ အစားအဝတ္ ျပည့္ျပည့္စုံစုံနဲ႔ မိုးလုံေလလုံေလာက္ ေနရရင္ကို ေက်နပ္လွပါၿပီ။ ဆရာေတာ္မစႏိုင္ရင္ မစေပးေတာ္မူပါဘုရား” လို႔ ေလွ်ာက္ထားပါသတဲ့။ဆရာေတာ္ႀကီးက “ဟဲ့… ငဆင္ရဲ႕၊ ကံ ကံ၏အက်ိဳးဆိုတာ နင္လည္း သိသားပဲဟာ။

နင့္ကို ငါက မစလို႔ ဘယ္ရမလဲဟဲ့။

နင္ကိုယ္တိုင္ ႐ုန္းၿပီး ရပ္မွ မတ္လာမွာေပါ့” ဆိုေတာ့ “မွန္ပါတတ္ႏိုင္သမွ်ေတာ့ႀကိဳးစားတာပါပဲဘုရား။မိသားစုကလည္း မ်ား၊ ညီေတြညီမေတြကလည္း လက္လုပ္လက္ကိုင္ေလးမွ အကူအညီက မရေသး။ဒီၾကားထဲ ေလာကအေလ်ာက္ အိမ္ေထာင္ကလည္းက်ၿပီး ဆိုေတာ့ အလုပ္နဲ႔ဝင္ေငြက မတိုးဘဲ ပါးစပ္ေပါက္ေတြသာ တိုးေနတဲ့အတြက္ ဒီလိုပဲ လုံးခ်ာလိုက္ေနတာပဲ ဘုရား” လို႔ ျပန္ေလွ်ာက္ပါတယ္။

ဆရာေတာ္ႀကီးက “ေအး နင့္ကို ငါက မ,ထူေပးလို႔ေတာ့ မရဘူး။နင့္ကိုယ္နင္ ႐ုန္းထႏိုင္ေအာင္အေထာက္အကူေတာ့ ေပးလိုက္မယ္။ ေရာ့ ေဟာဒီပုတီးကို ယူသြား။ဘာမွ နည္းေတြမ်ားမေနနဲ႔ “အရဟံ” တစ္လုံးကိုအဓိပၸာယ္ပါအာ႐ုံျပဳၿပီး မျပတ္ပြားေပေရာ့” ဆိုၿပီး အနားမွာရွိတဲ့ ပရိကၡရာပုံထဲက ပုတီးတစ္ကုံး ကို ေပးလိုက္ပါတယ္။

ဆရာေတာ္ႀကီးက မတာ မဟုတ္ဘူးဆိုေပမယ့္ ေမာင္ဆင္ကေတာ့ ဒါဟာ ဆရာေတာ္ႀကီးက သူ႔ကို မစလိုက္တာပဲ ဆိုၿပီး ဆရာေတာ္ မိန႔္ၾကားတဲ့အတိုင္း မျပတ္ပြားၿပီး စိပ္ေတာ့တာပဲ။

ခါတိုင္း ကိုယ္အထက္ပိုင္းမွာ ဗလာက်င္းေနတဲ့ ေမာင္ဆင္မွာခုေတာ့အလုပ္လုပ္ေနခ်ိန္ဆိုရင္လည္း လည္ပင္းမွာ ပုတီးတစ္ကုံး ဆြဲထားတာ ေတြ႕ရၿပီး အလုပ္နားတာနဲ႔ ပုတီးနဲ႔ လက္မျပတ္ေအာင္ စိပ္ေတာ့တာပဲ။ႏြားေက်ာင္းရင္လည္း ပုတီးစိပ္က မျပတ္ေတာ့ ဒုစ႐ိုက္ရယ္လို႔ က်ဴးလြန္ခ်ိန္ကို မရွိေတာ့ဘူး။

ေနာက္တစ္ႏွစ္ ဆရာေတာ္ႀကီးေမြးေန႔မွာ

ေမာင္ဆင္ ေရာက္လာေတာ့လည္း ဘာမွ ထူးျခားေျပာင္းလဲမႈ မရွိေသးဘူး။ ဆရာေတာ္ႀကီးထံပါးမွာ ဝတ္ခ်ေတာ့ “ငဆင္ ဘာေတြမ်ား ထူးျခားလာသလဲဟဲ့” “ဘာမွ မထူးေသးပါဘုရား” “ေအး လာစမ္း ဒီနား” ဆိုၿပီး “ျဖန္း” ခနဲ ႐ိုက္လိုက္ေတာ့ “အမေလးဘုရား” လို႔ လန႔္ေအာ္တယ္။

ဆရာေတာ္ႀကီးက “နင္ လိုေသးတယ္၊ ဆက္ႀကိဳးစားဦး” လို႔ မိန႔္ပါတယ္။ေနာက္ႏွစ္ႏွစ္ သုံးႏွစ္ ဒီအတိုင္းပဲ၊ မထူးဘူး။ အဲ… ေလးႏွစ္ေျမာက္အေရာက္မွာေတာ့ ဆရာေတာ္ႀကီး “ငဆင္ လာစမ္း ဒီနား” “ျဖန္း” ဆိုေတာ့ “အရဟံ… အရဟံ… အရဟံ…” လို႔ ေအာ္လိုက္ပါသတဲ့။

ေအး နင့္ခႏၶာကိုယ္ထဲခုမွ “အရဟံ” ဂုဏ္ေတာ္ကိန္းတယ္ဟ။ သုံးေလး ႏွစ္အတြင္း ခႏၶာကိုယ္ထဲ အရဟံဘုရား အၿမဲကိန္းေအာင္ တည္ႏိုင္တာ နင္ မဆိုးဘူး၊ နင္ ထူးေတာ့မယ္။ ဆက္ႀကိဳးစား ၾကားလား” “မွန္ပါဘုရား”

အခ်ိန္က ဂ်ပန္ေတြ ျမန္မာျပည္ဝင္လာခါစ၊

ျမန္မာျပည္ကို စစ္ေငြ႕စစ္ရိပ္ မ်ား သန္းလာၿပီ။ မတၱရာနယ္က ပိုင္႐ြာမွာရွိတဲ့ ဆန္စက္ပိုင္ရွင္ အိႏၵိယအမ်ိဳးသား မိသားစုတို႔က စစ္ေဘးဒဏ္ကို တိမ္းေရွာင္ရင္း သူတို႔ေဆြမ်ိဳးမ်ားရွိရာ

အိႏၵိယကို ျပန္လိုတဲ့အတြက္ သူတို႔မရွိတုန္းမွာ သူတို႔ပိုင္တဲ့ ဆန္စက္ကို အေစာင့္အေရွာက္အျဖစ္ လႊဲအပ္ခဲ့ဖို႔ နယ္မွာရွိတဲ့ အႀကီးအကဲမ်ား၊ မိတ္ေဆြသဂၤဟမ်ားနဲ႔ တိုင္ပင္တဲ့အခါ

အဲဒီနယ္သူႀကီးက-“သူရင္းငွားလုပ္ေနတဲ့ ေမာင္ဆင္ဟာ ဆင္းရဲေပမယ့္ ႐ိုးသားၿပီး သစၥာရွိ တယ္။ မစိုးရိမ္ဆရာေတာ္ႀကီးရဲ႕တပည့္ျဖစ္လို႔ ဆရာေကာင္းတပည့္ပီပီ ႐ိုးသား တည္ၾကည္တယ္၊ သူမ်ားပစၥည္းကို အလြဲသုံးစားလုပ္မယ့္သူငယ္ မဟုတ္ဘူး။

ဆရာသမားမ်ားရဲ႕ အရွိန္အဝါေၾကာင့္လည္း ဆရာေကာင္းတပည့္ မပီသတဲ့ အလုပ္မ်ိဳးလုပ္မွာ မဟုတ္တာ ေသခ်ာတယ္။ သူ႔ကိုပဲ လႊဲအပ္ၿပီး ေစာင့္ေရွာက္ခိုင္းတာ အေကာင္းဆုံးပဲ” လို႔ အႀကံေပးၾကတယ္။

ဆန္စက္ပိုင္ရွင္မ်ားကလည္းဟိႏၵဴအမ်ိဳးသားမ်ား ျဖစ္တဲ့အတိုင္း “မစိုးရိမ္တိုက္” ဆိုတာကို ၾကားဖူးၿပီး အထင္ႀကီး ေလးစားၾကတဲ့အတြက္ သေဘာက်ၿပီး ေမာင္ဆင္နဲ႔သြားေတြ႕ အက်ိဳးအေၾကာင္း ေျပာဆိုညႇိႏႈိင္းၾကၿပီး ႏွစ္ဦးႏွစ္ဖက္ သေဘာ တူၾကလို႔ ေမာင္ဆင္လက္ထဲ ဆန္စက္ကို လႊဲအပ္ၿပီး အိႏၵိယျပန္သြားၾကတယ္။

ေမာင္ဆင္လည္းမေမွ်ာ္လင့္ဘဲဆန္စက္နဲ႔လုပ္ကိုင္စားေသာက္ခြင့္ ရရွိသြားလို႔ ဆန္စက္ပိုင္ မဟုတ္ေပမယ့္ ဆန္စက္ကိုင္ သူေဌးေလးဘ၀ ေရာက္သြားေတာ့တယ္။အဲဒီႏွစ္ မစိုးရိမ္ဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ကို သြားတဲ့အခါမွာေတာ့ ေမာင္ဆင္ဟာ ႏွစ္တိုင္းနဲ႔ မတူေတာ့ဘူး။ အဝတ္အစား သပ္သပ္ရပ္ရပ္နဲ႔ လႉစရာ ဆန္အိတ္ေတြ ဘာေတြ သယ္လာၿပီး မိသားစုနဲ႔အတူ ေရာက္လာၾကတယ္။

ဆရာေတာ္ႀကီးက-“ငဆင္ ဒီႏွစ္ ထူးလာၿပီလား ဟ” ဆိုေတာ့ “မွန္ပါ၊ ထူးဆို တပည့္ေတာ္စိတ္ကူးနဲ႔ေတာင္ မမွန္းဆရဲခဲ့ဖူးတဲ့အထိကို ထူးတာဘုရာ့။အခု တပည့္ေတာ္ဆန္စက္တစ္လုံးကိုေစာင့္ေရွာက္ရင္း လုပ္ကိုင္ စားေသာက္ခြင့္ရလို႔ တပည့္ေတာ္ ေတာင့္တခဲ့တဲ့ စားဝတ္ေနေရး ျပည့္စုံၿပီး မိုးလုံ ေလလုံေနႏိုင္ဖို႔ဆိုတဲ့ အဆင့္ထက္ေတာင္ လြန္ေနၿပီ ဘုရာ့။

ဒါေတြဟာ ဆရာေတာ္ မ,လိုက္တဲ့ ဆရာေတာ့္ ေက်းဇူးေတြပါပဲ ဘုရား”ဆိုၿပီးဝမ္းသာမ်က္ရည္နဲ႔ ေလွ်ာက္ထားရွာတယ္။ “ဟဲ့—ငဆင္ရဲ႕၊ နင့္ကို ငါမလို႔ မရဘူး။ နင့္ကိုယ္နင္ ႐ုန္းကန္ထရမွာလို႔ အစကတည္းက ေျပာထားသားနဲ႔၊ ဘယ္ကလာ ငါက မရမွာလဲ၊ အဲဒါ ငါမတာ လည္း မဟုတ္ဘူး၊

နံေဘးမွာရွိတဲ့ ဘုရားေတြက မတာလည္း မဟုတ္ဘူးဟဲ့။

နင့္ခႏၶာကိုယ္ထဲမွာ နင္ကိုယ္တိုင္မျပတ္ပြားထုံၿပီး တည္ထားတဲ့ “အရဟံ ဘုရား” က မတာ။ မတယ္ဆိုလို႔ ဘုရားတန္ခိုးသက္သက္နဲ႔

ခ်မ္းသာလာတယ္ မထင္လိုက္နဲ႔၊ ကံမ်ိဳးေစ့ ေအာင္ျမင္လာေတာ့ “အႏုတၱရံ ပုညေခတၱံ ေလာကႆ” ဆိုတဲ့ သာသနာေခတ္ႀကီးမွာ ဉာဏ္နဲ႔ လုံ႔လစိုက္ထုတ္ႏိုင္သေလာက္ အက်ိဳးျဖစ္ထြန္းတာေပါ့။

“သမၼသကတ သမၼာဒိ႒ိ” အျမင္မွန္ လက္မလြတ္ေစနဲ႔၊ မေမ့မေလ်ာ့ ဆက္ႀကိဳးစား ၾကားလား” လို႔ မိန႔္ၾကားပါတယ္။ ေမာင္ဆင္ရဲ႕ဘဝဘယ္လိုေျပာင္းလဲသြားေပမယ့္

မစိုးရိမ္ဆရာေတာ္ႀကီး ေမြးေန႔ေရာက္တဲ့ အခါမွာေတာ့ အရင္က လုပ္ေနက်အတိုင္း ထင္းခြဲ၊ အမႈိက္ရွင္း၊ ေရခပ္ စတဲ့ အလုပ္ၾကမ္းမွန္သမွ် မိသားစုပါ ဝိုင္းဝန္းၿပီး ေဆာင္႐ြက္ၿမဲ ေဆာင္႐ြက္ ပါတယ္။

စစ္ႀကီးၿပီးစေလာက္မွာေတာ့ အိႏၵိယ ျပန္သြားတဲ့ ဆန္စက္ပိုင္ရွင္မ်ားက “သူတို႔မိသားစု ဟိုမွာလည္းအလုပ္အကိုင္အဆင္ေျပေနတဲ့အတြက္ ဟိုမွာပဲ အေျခခ်ေတာ့မယ္။ဆန္စက္မ်ားကိုလည္း ႐ိုးသားၿပီး သစၥာရွိတဲ့ ေမာင္ဆင္ကိုပဲ အၿပီးအပိုင္ေပးပါတယ္” လို႔ စာနဲ႔ လႊဲအပ္ပါတယ္။

စစ္ၿပီးစေလာက္တုန္းကမတၱရာနယ္တစ္ဝိုက္မွာေတာ့ ဆင္းရဲသား (ေက်ာမြဲစစ္စစ္) ဘဝက ဆန္စက္ပိုင္ရွင္ သူေဌးႀကီးျဖစ္သြားတဲ့ “အရဟံ ဦးဆင္” အေၾကာင္း လူတိုင္းလိုလိုက တအံ့ တၾသ ေျပာမဆုံးေအာင္ တစ္နယ္လုံးကို ဟိုးေဝးတေက်ာ္ ျဖစ္ရပ္ပါပဲတဲ့။

ဒီေနရာမွာ အထူး သတိထားရမွာကေတာ့

“ဘုရားရွင္ရဲ႕ ဂုဏ္ေတာ္ေတြ၊ ႏႈတ္ကပါဌ္ေတြမွာ ဘယ္ဂုဏ္က ဘယ္ဂုဏ္ထက္ ပိုသာတယ္၊ ဘယ္ဂါထာက ဘယ္ဂါထာထက္ ပိုသာတယ္၊

ဘယ္ဂါထာက ဘယ္ဂါထာထက္ ပိုၿပီး အစြမ္းထက္ တယ္လို႔ ကြဲျပားျခားနားမႈ မရွိပါဘူး။ ရတနာသုံးပါးနဲ႔ ပတ္သက္ရင္ နည္းေကာင္း နည္းညံ့ ခြဲဖို႔ မလိုဘူး။ နည္းၿမဲဖို႔ပဲ လိုတယ္” ဆိုတဲ့ အခ်က္ပါပဲ။ပ႒ာန္းေဒသနာေတာ္ အလိုအရေတာ့ အာေသဝနပစ္ၥည္းတပ္တယ္လို႔ ေခၚပါတယ္။

ကံအေနနဲ႔ ေျပာရရင္ေတာ့ “မျပတ္ေလ့က်က္ေနတဲ့ အာစိဏၰကံ” ပါပဲ။အာစိဏၰကံ ထက္သန္ၿမဲၿမံလာရင္ ပစၥဳပၸန္မွာ မ်က္ျမင္ဒိ႒ ခံစားရတဲ့ “ဒိဌဓမၼ ေဝဒနိယ” အက်ိဳးေကာ ေနာင္အဆက္ဆက္ “သမၸရာယိက” အက်ိဳးကိုပါ ထင္ထင္ရွားရွား ႀကီးႀကီးမားမား ေပးတတ္စၿမဲ ျဖစ္ပါတယ္။

ၿပီးေတာ့ အခုဘဝမွာ အသစ္ျပဳလုပ္တဲ့ ကံေတြဟာ ကိုယ္တိုင္အက်ိဳးေပးႏိုင္တဲ့ “ဇနကသတၱိ” ဆိုတာ ရွိသလို ကံေဟာင္းေတြကို အားေကာင္းၿပိဳ အက်ိဳးေပးခြင့္ရလာေအာင္ ေထာက္ပံ့ ကူညီေပးတတ္တဲ့ “ဥပထမၻကသတၱိ” ဆိုတာလဲ ရွိပါတယ္။

ဒါေၾကာင့္ ကုသိုလ္ တိုင္းဟာ

ျပဳဆဲဘဝမွာပဲ ေကာင္းက်ိဳးေတြေပးတတ္,တိုးေစတတ္တယ္ဆိုတာ အရဟံ ဦးဆင္လို ျဖစ္ရပ္မ်ားအရ သိသာထင္ရွားပါတယ္။မစိုးရိမ္ဆရာေတာ္ႀကီးထံမွၾကားနာမွတ္သားခဲ့ရသည့္အတိုင္းအမရပူရၿမိဳ႕တူေမာင္းတိုက္ပဓာနနာယက ဆရာေတာ္ ဘဒၵႏၲေမဓိယ (အဂၢမဟာပ႑ိတ)ထပ္ဆင့္မိန႔္ၾကားဆုံးမခ်က္ကို ေမွ်ဝတင္ျပလိုက္ပါတယ္။

Credit:ဓမၼေဘရီအရွင္ဝီရိယ-ေတာင္စြန္း