ေက်ာင္းသားအားလုံးကို ဘယ္ညာလက္ႏွစ္ဖက္စလုံးျဖင့္ စာေရးတတ္ရန္ သင္ၾကားေပးေနတဲ့ ေက်ာင္းတစ္‌ေက်ာင္း (႐ုပ္သံ)

Unicode

ကျောင်းသားအားလုံးကို ဘယ်ညာလက်နှစ်ဖက်စလုံးဖြင့် စာရေးတတ်ရန် သင်ကြားပေးနေတဲ့ ကျောင်းတစ်‌ကျောင်း (ရုပ်သံ)

အိန္ဒိယနိုင်ငံက ကျေးလက်ဒေသရှိကျောင်းငယ်လေးတစ်ကျောင်းမှာ ကျောင်းသားပေါင်း ၃၀၀က လက် (ဘယ်၊ ညာ) နှစ်ဖက်စလုံးသန်ကြတာကို သတိပြုမိပါတယ်။ အချက် အလက်များအရ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ လက် နှစ်ဖက်စလုံးသန်ကြသော်လည်း

Madhya Pradesh ကျေးရွာက Veena Vandini ကျောင်းမှာဆိုရင် ရည်မှန်းချက်ကြီးမားတဲ့ တည်ထောင်သူတစ်ဦးဟာ ကျောင်းသားတွေကိုပထမအဆင့်မှစတင်ပြီးပြောင်းလဲရန်ရည်ရွယ်ခဲ့ပါတယ်။စစ်သားဟောင်းများ နဲ့ Veena Vandini ကျောင်းတည်ထောင်သူ VP Sharma

ဟာစာရေးရာမှာလက်နှစ်ဖက်စလုံးသန်တဲ့အိန္ဒိယနိုင်ငံက ပထမဆုံးသမ္မတ Rajendra Prasad ကို မြင်ပြီးနောက် သူ့ကို inspir ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။“အိန္ဒိယရဲ့ပထမဆုံးသမ္မတRajendra Prasad ဟာ လက်နှစ်ဖက်စလုံးဖြင့် ရေးသားခဲ့တဲ့ မဂ္ဂဇင်းတစ်စောင်ကို

ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ ဒါကကျွန်တော့်ကို စမ်းကြည့်ဖို့လှုံ့ဆော်စေပါတယ်။ နောက်တော့ ကျွန်တော် ဇာတိရွာမှာ ကျောင်းစတက်တဲ့ကျောင်းသားတွေကို လေ့ကျင့်ပေးခဲ့လိုက်ပါတယ်။ ” လို့ VP Sharma က ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့က ကျောင်းသားတွေကို standard I ကနေ စလေ့ကျင့်ပေးခဲ့ပြီး သူတို့ဟာ standard III ကို ရောက်တဲ့အချိန်မှာ လက်ဘယ်ညာနှစ်ဖက်စလုံး နဲ့ ရေးရတာအဆင်ပြေလာပါတယ်။ Standard VII ,VIII ကျောင်းသားတွေကတော့ မြန်မြန်ဆန်ဆန်နဲ့တိကျစွာရေးနိုင်ကြပါတယ်။

ဒါ့အပြင် scripts နှစ်ခုကိုတစ်ပြိုင်တည်း ရေးနိုင်ခဲ့ပါသေးတယ်။ ကျောင်းသားတွေဟာ Urdu ဘာသာစကားအပါအဝင် အခြားဘာသာစကားများစွာကိုလည်း သိရှိထားကြပါတယ်။ ” လို့ VP Sharma က ထပ်မံပြောကြားခဲ့ပါတယ်။

Veena Vandini ကျောင်းမှာ ၄၅ မိနစ်တိုင်း လက်ရေးလေ့ကျင့်မှုအတွက် ၁၅ မိနစ်ပါဝင်ပြီး ကျောင်းသားတိုင်းဟာလက်နှစ်ဖက်စလုံးနဲ့ ရေးသားနိုင်စွမ်း တိုးတက်လာစေခဲ့ပါတယ်။ VP Sharma ရဲ့ ရည်ရွယ်ချက်က ကျောင်းသားများကိုဘာသာစကားမျိုးစုံ သင်ယူနိုင်စေပြီး၊

တူညီတဲ့စကားလုံးများကို တစ်ချိန်တည်းမှာ မတူကွဲပြားတဲ့ ဘာသာစကားများဖြင့် ရေးသားခြင်းကိုလေ့ကျင့်စေချင်တယ် လို့ ယုံကြည်ခဲ့ပါတယ်။

၎င်းဟာ အာရုံစူးစိုက်မှုကို တိုးမြှင့်စေတယ် လို့ ကျယ်ပြန့်စွာ ယုံကြည်ထားပေမဲ့လည်းမကြာသေးမီကလေ့လာမှုများအရ၎င်းဟာမှားယွင်းကြောင်း နောက်ပြီး လက်တွေ ဘယ်ညာသန်အောင် လေ့လာခြင်းဟာ က‌လေးငယ်တွေရဲ့ သိမြင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြလာခဲ့ပါတယ်။

သိပ္ပံဆိုင်ရာအမေရိကန်လေ့လာမှု တစ်ခုအရ လက်ဘယ်ညာသန်တဲ့ ကလေးတွေဟာအထူးသဖြင့်သင်္ချာ၊ မှတ်ဉာဏ်နဲ့ ဆင်ခြင်တုံတရားဆိုင်ရာ ကျိုးကြောင်းဆင်ခြင်မှုတို့အတွက် ပြဿနာရှိနိုင်ကြောင်း နောက်ပြီး မြောက်ပိုင်းဖင်လန်နိုင်ငံရဲ့ လေ့လာမှုအရ လက်ဘယ်ညာသန်တဲ့

ကလေးများက ADHD အပါအဝင် ဘာသာစကားပြဿနာများ နဲ့ ပညာရေးဆိုင်ရာပြဿနာများအပါအဝင် စိတ်ကျန်းမာရေး ပြဿနာများဖြစ်ပေါ်ရန် ပိုမိုဖြစ်နိုင်ခြေရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

VP Sharma ဟာ ကျောင်းကို Singrauli ခရိုင် Madhya Pradesh ကျေးရွာ မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Mr. Sharma ရဲ့ ကျောင်းကို တောင်ကိုရီးယားသုတေသီများက လက်ဘယ်ညာသန်ခြင်းအကြောင်းပိုမိုသိရှိရန် လွန်ခဲ့တဲ့ ၂ နှစ်ကကျောင်းသားများ လာရောက်လေ့လာခဲ့ပါတယ်။

crd

Vedio

Zawgyi

ေက်ာင္းသားအားလုံးကို ဘယ္ညာလက္ႏွစ္ဖက္စလုံးျဖင့္ စာေရးတတ္ရန္ သင္ၾကားေပးေနတဲ့ ေက်ာင္းတစ္‌ေက်ာင္း (႐ုပ္သံ)

အိႏၵိယႏိုင္ငံက ေက်းလက္ေဒသရွိေက်ာင္းငယ္ေလးတစ္ေက်ာင္းမွာ ေက်ာင္းသားေပါင္း ၃၀၀က လက္ (ဘယ္၊ ညာ) ႏွစ္ဖက္စလုံးသန္ၾကတာကို သတိျပဳမိပါတယ္။ အခ်က္ အလက္မ်ားအရ ကမာၻ႔လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းသာ လက္ ႏွစ္ဖက္စလုံးသန္ၾကေသာ္လည္း

Madhya Pradesh ေက်း႐ြာက Veena Vandini ေက်ာင္းမွာဆိုရင္ ရည္မွန္းခ်က္ႀကီးမားတဲ့ တည္ေထာင္သူတစ္ဦးဟာ ေက်ာင္းသားေတြကိုပထမအဆင့္မွစတင္ၿပီးေျပာင္းလဲရန္ရည္႐ြယ္ခဲ့ပါတယ္။စစ္သားေဟာင္းမ်ား နဲ႔ Veena Vandini ေက်ာင္းတည္ေထာင္သူ VP Sharma

ဟာစာေရးရာမွာလက္ႏွစ္ဖက္စလုံးသန္တဲ့အိႏၵိယႏိုင္ငံက ပထမဆုံးသမၼတ Rajendra Prasad ကို ျမင္ၿပီးေနာက္ သူ႔ကို inspir ျဖစ္ေစခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။“အိႏၵိယရဲ႕ပထမဆုံးသမၼတRajendra Prasad ဟာ လက္ႏွစ္ဖက္စလုံးျဖင့္ ေရးသားခဲ့တဲ့ မဂၢဇင္းတစ္ေစာင္ကို

ကြၽန္ေတာ္ ဖတ္ခဲ့ဖူးပါတယ္။ ဒါကကြၽန္ေတာ့္ကို စမ္းၾကည့္ဖို႔လႈံ႕ေဆာ္ေစပါတယ္။ ေနာက္ေတာ့ ကြၽန္ေတာ္ ဇာတိ႐ြာမွာ ေက်ာင္းစတက္တဲ့ေက်ာင္းသားေတြကို ေလ့က်င့္ေပးခဲ့လိုက္ပါတယ္။ ” လို႔ VP Sharma က ေျပာၾကားခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔က ေက်ာင္းသားေတြကို standard I ကေန စေလ့က်င့္ေပးခဲ့ၿပီး သူတို႔ဟာ standard III ကို ေရာက္တဲ့အခ်ိန္မွာ လက္ဘယ္ညာႏွစ္ဖက္စလုံး နဲ႔ ေရးရတာအဆင္ေျပလာပါတယ္။ Standard VII ,VIII ေက်ာင္းသားေတြကေတာ့ ျမန္ျမန္ဆန္ဆန္နဲ႔တိက်စြာေရးႏိုင္ၾကပါတယ္။

ဒါ့အျပင္ scripts ႏွစ္ခုကိုတစ္ၿပိဳင္တည္း ေရးႏိုင္ခဲ့ပါေသးတယ္။ ေက်ာင္းသားေတြဟာ Urdu ဘာသာစကားအပါအဝင္ အျခားဘာသာစကားမ်ားစြာကိုလည္း သိရွိထားၾကပါတယ္။ ” လို႔ VP Sharma က ထပ္မံေျပာၾကားခဲ့ပါတယ္။

Veena Vandini ေက်ာင္းမွာ ၄၅ မိနစ္တိုင္း လက္ေရးေလ့က်င့္မႈအတြက္ ၁၅ မိနစ္ပါဝင္ၿပီး ေက်ာင္းသားတိုင္းဟာလက္ႏွစ္ဖက္စလုံးနဲ႔ ေရးသားႏိုင္စြမ္း တိုးတက္လာေစခဲ့ပါတယ္။ VP Sharma ရဲ႕ ရည္႐ြယ္ခ်က္က ေက်ာင္းသားမ်ားကိုဘာသာစကားမ်ိဳးစုံ သင္ယူႏိုင္ေစၿပီး၊

တူညီတဲ့စကားလုံးမ်ားကို တစ္ခ်ိန္တည္းမွာ မတူကြဲျပားတဲ့ ဘာသာစကားမ်ားျဖင့္ ေရးသားျခင္းကိုေလ့က်င့္ေစခ်င္တယ္ လို႔ ယုံၾကည္ခဲ့ပါတယ္။

၎ဟာ အာ႐ုံစူးစိုက္မႈကို တိုးျမႇင့္ေစတယ္ လို႔ က်ယ္ျပန႔္စြာ ယုံၾကည္ထားေပမဲ့လည္းမၾကာေသးမီကေလ့လာမႈမ်ားအရ၎ဟာမွားယြင္းေၾကာင္း ေနာက္ၿပီး လက္ေတြ ဘယ္ညာသန္ေအာင္ ေလ့လာျခင္းဟာ က‌ေလးငယ္ေတြရဲ႕ သိျမင္မႈဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈကို ထိခိုက္ေစႏိုင္ေၾကာင္း ေဖာ္ျပလာခဲ့ပါတယ္။

သိပၸံဆိုင္ရာအေမရိကန္ေလ့လာမႈ တစ္ခုအရ လက္ဘယ္ညာသန္တဲ့ ကေလးေတြဟာအထူးသျဖင့္သခ်ၤာ၊ မွတ္ဉာဏ္နဲ႔ ဆင္ျခင္တုံတရားဆိုင္ရာ က်ိဳးေၾကာင္းဆင္ျခင္မႈတို႔အတြက္ ျပႆနာရွိႏိုင္ေၾကာင္း ေနာက္ၿပီး ေျမာက္ပိုင္းဖင္လန္ႏိုင္ငံရဲ႕ ေလ့လာမႈအရ လက္ဘယ္ညာသန္တဲ့

ကေလးမ်ားက ADHD အပါအဝင္ ဘာသာစကားျပႆနာမ်ား နဲ႔ ပညာေရးဆိုင္ရာျပႆနာမ်ားအပါအဝင္ စိတ္က်န္းမာေရး ျပႆနာမ်ားျဖစ္ေပၚရန္ ပိုမိုျဖစ္ႏိုင္ေျခရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

VP Sharma ဟာ ေက်ာင္းကို Singrauli ခ႐ိုင္ Madhya Pradesh ေက်း႐ြာ မွာ စတင္တည္ေထာင္ခဲ့ပါတယ္။ Mr. Sharma ရဲ႕ ေက်ာင္းကို ေတာင္ကိုရီးယားသုေတသီမ်ားက လက္ဘယ္ညာသန္ျခင္းအေၾကာင္းပိုမိုသိရွိရန္ လြန္ခဲ့တဲ့ ၂ ႏွစ္ကေက်ာင္းသားမ်ား လာေရာက္ေလ့လာခဲ့ပါတယ္။

crd