
Unicode

သူတစ်ပါးက ပေးကမ်းသည်ကို အများကြီးမယူဘဲ အခြားသူများယူနိုင်ရန်လည်း ချန်ထားပေးဖို့ သားငယ်ကို သင်ကြားပေးနေသည့် ဒုက္ခိတဖြစ်နေသော်လည်း စိတ်ထားမြင့်မြတ်သည့် အိမ်ခြေမဲ့ဖခင်

လူသားတို့၏ဘဝတိုးတက်ရေးအတွက် အတတ်ပညာများသည်မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါတယ်။အတတ်ပညာထက် အသိပညာသည် လူ့လောကထဲတွင် ပိုမိုလိုအပ်ပြီး အသိစိတ်မရှိသောသူများသည် လောကတွက် အမှိုက်သဖွယ်သာရှိနေပေသည်။

ယခုတွင်လည်း ဒုက္ခိတဖြစ်နေသာဖခင်တစ်ဦးသည် ဝှီးချဲလ်လေးဖြင့် သားနှင့်အတူ အပြင်သွားနေစဉ်တွင် လမ်းသွားကားတစ်စီးမှ မုန်ု့များကို လှူဒါန်းနေခဲ့ပါတယ်။ထိုအခါ သားငယ်က ကလေးပီပီ သူများလှူဒါန်းသော မုန့်တွေအကုန်လုံးကို လိုချင်နေခဲ့တာဖြစ်ပါတယ်။

ဖခင်က သားဖြစ်သူကို လှူသမျှအကုန်မယူဖို့နှင့် အခြားမရှိသူများကိုလည်း လှူဒါန်းမှုပြုလုပ်နိုင်အောင် ဆင်ခြင်တတ်ဖို့ ပြောဆိုသင်ပြပေးခဲ့တာဖြစ်ပါတယ်။ထိုအမျိုးသားတို့ဟာ အိမ်ခြေယာမဲ့ ဘဝဖြင့် ဖြတ်သန်းနေရသော်လည်း အသိစိတ်၏ မြင့်မြတ်မှုကား အတော်လေး လေးစားဖွယ်ကောင်းလှပါတယ်။

crd

Zawgyi





crd