စြယ္စုံရ ဂႏၴဝင္ ႐ုပ္ရွင္မင္းသားႀကီး ဝင္းဦးရဲ႕ လူသိပ္မသိေသးတဲ့ ျပဇာတ္မင္းသားဘဝအေၾကာင္း

Unicode

မြန်မာ့ရုပ်ရှင်လောကရဲ့ ဂန္ထဝင် ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး ဝင်းဦးရဲ့ ပြဇာတ်မင်းသား ဘဝအကြောင်း ဘဘဘိုကလေးတင့်အောင် ရေးသားထားတဲ့ ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်-

“ပြဇာတ်ဧည့်ခံပွဲနှင့်ဝင်းဦး” ဝင်းဦးနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီး ခဲ့ရသည်မှာ ၁၉၅၁-၅၂ ဝင်းဝင်းပြဇာတ်ခေတ်ကတည်းက ဖြစ်ပါသည်။ ပြုံးစစမျက်နှာလေးနှင့် ပြဇာတ်ရုံ ဇာတ်ခုံနောက်ဘက်သို့ ရောက်လာတတ်ပြီး ပြဇာတ် မင်းသား မင်းသမီးကြီးများနှင့် တရောတနှော

ပြောဆိုနေထိုင်လေ့ ရှိသော လူငယ်တစ်ယောက်ကို သတိ ထားမိသောကြောင့် မိတ်ကပ်လိမ်းခြယ်နေသည့် မချစ်စိန်(မေချစ်)အား သူ ဘယ်သူလဲဟု မေးမိရာ တိုးတိုးတိတ်တိတ် မေးသမျှ ပြောသမျှ သံကုန်ဖွင့်၍ ဖော်ရန် ဝါသနာကြီးလှသူ မချစ်စိန်က ထိုလူငယ်ရှိရာ သို့ လှမ်းအော်တော့၏။

‘ဟဲ့ မောင်လှမြင့် ၊ နင့်ကို ဘယ်သူလဲလို့ အစ်ကိုလေးက

မေးနေတယ် ပြောလိုက်’ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေမြင့် အနီးသို့ကပ်၍ ရယ်မောပြောဆိုနေသူ လူငယ်မှာ နုနယ်ချောမောလှ သည့် သူ့မျက်နှာလေးကို ပိုမိုပြုံးရွှင်ကြည်လင်စွာဖြင့် ကျွန်တော်တို့အပါးသို့ ရောက်လာ၏

။ ‘ကျွန်တော်က ဒက်ဒီ ဦးဘညွန့်ရဲ့သား မောင်လှမြင့်ပါ အစ်ကိုလေး’ ‘ချစ်ဒုက္ခဟဲ့ ၊ ချစ်ဒုက္ခဦးဘညွန့်လို့ ပြောမှပေါ့’ ဟု ဒေါ်မေချစ်က ဖြည့်စွက်ပေးပါသည်။ ဤသို့ဖြင့် မောင်လှမြင့်(ခ) ကိုဦး ၊ ဗိုလ်ကိုဦး (ခ) ဝင်းဦး ကို ပြဇာတ်ရုံထဲ၌ စတင်ခင်မင် သိကျွမ်းခဲ့ရပါ၏။

၁၉၆၃-ခုနှစ်က လေဟာပြင် ဇာတ်ရုံတွင် ‘ဗမာ့သွေးခဲ’ ပြဇာတ်ကို တင်ဆက်ရန် စီစဉ်စိုင်းပြင်ကြ ပါသည်။ ဂျပန်ခေတ်က ကန်တော်ကြီးစောင်းတွင် တည်ရှိသည့် ‘ မြိုင်’ ပြဇာတ်ရုံ၌ ဒါရိုက်တာ ဆရာခန့် စီစဉ် ညွှန်ကြားခဲ့သော ‘ ဗမာ့ သွေးခဲ’ ပြဇာတ်ကို

နှစ်ပေါင်း၂၀ ကျော်ကြာမှ အသစ်တဖန် ပြန်လည် တင် ဆက်ရမည်ဖြစ်ရာ ထိုစဉ်က ပါဝင်ကပြခဲ့သော မင်းသား ကိုကျော်ဝင်းအစား ‘ ဝင်းဦး’ ၊ မင်းသမီးမေချစ် အစား ‘ သင်းသင်းလဲ့’ တို့ကို အစားထိုး၍ တေးဂီတ ဇာတ်ခုံ အဆင်အပြင်နှင့်

ဇာတ်ကွက်ဇာတ်လမ်း အချို့ ကို ခေတ်နှင့် လျော်ညီအောင် ဖြည့်စွက်ကပြရန် သက်ဆိုင်ရာ လူကြီးများအားခွင့်ပန်၍ ပြင်ဆင်ရေးသားကာ ဇာတ်တိုက်ကြရပါသည်။ထိုစဉ်က ဝင်းဦးမှာ စာရေးဆရာအဖြစ်နှင့်လည်းကောင်း ၊ ရုပ်ရှင်မင်းသား အဖြစ် နှင့် လည်းကောင်း

အလွန်ထင်ရှားကာ ပျိုပျိုမေတို့ အသည်းစွဲ သူ၏မော်တော်ကားထဲသို့

ပန်းကြဲသည်အထိ ‘စွံ’ နေသည် ဖြစ်ရာ သူပထမဦးဆုံး ပြဇာတ်မင်းသားအဖြစ် ကပြမည့် ‘ ဗမာ့သွေးခဲ’ ပြဇာတ်ကို ပရိတ်သတ် အများက စိတ်ဝင်စားကြသည်။ ကြိတ်ကြိတ်တိုးမျှ အားပေးခဲ့ကြပါသည်။ သို့သော် ဇာတ်တိုက်ကြစဉ်ကမူ သူချွေးပြန်နေ၏။

‘ကျွန်တော် ရုပ်ရှင်သာရိုက်ဖူးတာ ပြဇာတ်ရုံ နောက်ဘက်သာရောက်ဖူးတာ ပြဇာတ်စင်မြင့်ပေါ် တစ်ခါမျှ မတက်ဖူးဘူး’ ဟု နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မည့် ‘ ပရိတ်သတ် အရှိန်’ ကို တွေးတောကာ ရင်ပူ နေဟန်တူ၏။ တကယ်တမ်း ကပြကြသည့် အချိန်ရောက်သောအခါ

တကယ့်ဝါရင့်ပြဇာတ် ပညာရှင်ကြီးကဲ့ သို့ သရုပ်ဆောင်သွားနိုင်သဖြင့် မူလ ‘

ဗမာ့သွေးခဲ’ ပြဇာတ်တွင် ပါဝင်ခဲ့ကြသော မင်းသား ဦးကျော်ဝင်း ( ဒေါ်တင်တင်မူ၏ခင်ပွန်း ) ဦးဖိုးပါကြီး ၊ ဒေါ်မေချစ် တို့ကပါ ဝိုင်းဝန်းချီးကျူး ကြရပါသည်။

၁၉၆၇-ခုနှစ် ရခိုင်လေဘေး ရန်ပုံငွေအဖြစ် ‘ ငယ်ကျွမ်းဆွေ’ ပြဇာတ်ကို ကပြကြရန် စီစဉ်ကြပြန် သည်။ မင်းသား ‘ ဝင်းဦး’ ၊ မင်းသမီး ‘ ခင်သန်းနု’ တို့ ပါဝင်ကြ၏ ။ ‘ ဗမာ့သွေးခဲ’ နှင့် ပွဲတိုးကာ အောင်မြင် ခဲ့သော ဝင်းဦးမှာ ‘ ငယ်ကျွမ်းဆွေ’ ကပြရမည့်အတွက် သွက်လက်ရွှင်မြူးနေ၏။

‘ကျွန်တော် ဟိုအကွက်လေး ဖြည့်ချင်တယ် အစ်ကိုလေး’ ဟုပြောသဖြင့် ‘ဆိုပါဦးဟ ၊ ဘယ်အကွက်ကလေးတုံး’ ဟု ပြန်မေးရ၏။‘ဟိုဟာလေ ၊ ဒါရိုက်တာနဲ့ မင်းသားပြန်ပြောတဲ့ အခန်း ၊ အဲဒီအခန်းက ဇာတ်အဆုံးသတ်ခါနီးမှ ပါလာတာ မဟုတ်လား

ဒီတော့ အဲဒီတွေ့ဆုံပြောဆိုတဲ့ အခန်းအစကို ဇာတ်ရဲ့ ထိပ်ဆုံးက ဥပမာ

ကျွန်တော်က အိမ်ထောင်ရေး မပြေလည်လို့ စိတ်ညစ်ပြီးအရက်တွေမူး တွေ့ကရာ လျှောက်သွားမိတ်ဆွေတစ်ဦးနဲ့တွေ့၊ အဲဒီလူက မူးမူးရူးရူးနဲ့ ဟိုဟိုဒီဒီ လျှောက်သွားမနေနဲ့ ၊

ငါနဲ့လိုက်ခဲ့ တို့ပြဇာတ်ရုံမှာ ဆက်တင်တွေပြင်ဆင်နေတယ်ကွ၊ ဘာညာနဲ့ပြော ၊ ကျွန်တော်ကလိုက်လာ၊ အဲဒီပြဇာတ်ရုံမှာ ဒါရိုက်တာနဲ့တွေ့ပြီးတော့ ကျွန်တော် အချစ်ဇာတ်လမ်းလေး ပြောစမ်းပါရစေလို့ ဒါရိုက်တာကိုပြောရာကအစ ဇာတ်ဖွင့်

လက်စသတ်တော့ သည်ငနဲ အနုပညာလောဘကြီးနေပြီကိုး ။ ဟိုတုန်းက ‘ဗမာ့သွေးခဲ’ ကရမည့် အရေး တွေးတော ရင်ထိတ်နေခဲ့တယ်။ ခုတော့ ဇာတ်အစက စပြီးထွက်ချင် ကချင်နေပါပေါ့လား။‘အေးလေ ကောင်းသားပဲ ၊ မင်းကိုကြည့်ချင်ကြ မြင်ချင်ကြတဲ့

ကျား-မ ပရိတ်သတ်အများစုကြီးလဲ ကျေနပ်သွားကြမယ် ။ ပြဇာတ် ‘ပိုး’

ဝင်ပြီး ဖိုးကချင် ဖြစ်နေတဲ့ မင်းလဲစိတ်ချမ်းသာမယ့် ကိစ္စ လုပ်ဟ’ ဟု ခွင့်ပြု စီစဉ်ပေးလိုက်ရလေရာ ကရမည့်အခန်းကဏ္ဍမရှိ၍ ‘ငယ်ကျွမ်းဆွေ’ ဇာတ်လမ်းတွင် မပါဝင်ရတော့ ပါဟု

စိတ်တုံးတုံး ချလိုက်ပြီးဖြစ်သော မင်းသားကြီး ‘ ဦးကျော်ဖေ’ မှာ သူ့အားပြဇာတ်ရုံသို့ ခေါ်ဆောင်လာ သူအဖြစ် ဝမ်းမြောက်ပျော်ရွှင်စွာ ပါဝင်ခဲ့ရတော့၏။ငယ်ကျွမ်းဆွေ ပြဇာတ်ကို မော်လမြိုင်တွင် အေးအေးသင်း နှင့် လည်းကောင်း ၊ သုဝဏ္ဏ ဇာတ်ရုံတွင် ဒေစီကျော်ဝင်း နှင့်

လည်းကောင်း ၊ မန္တလေးတွင်လည်းကောင်း မင်းသမီးအမျိုးမျိုးပြောင်း၍ ကပြခဲ့ပါသည်။ သူကား အပြင်လောကတွင် တစ်ယောက်တည်းထီးတည်း အိမ်တွင်းပုန်း၍ လူတွေ့ခံရန် အလွန်ပင် ဝန်လေးသူတစ်ဦးဟု သိရှိ နားလည်ခဲ့ရသလောက်၊

ထောင်သောင်းချီ၍ ကြိတ်ကြိတ်တိုးကြည့်ကြသည့် ပရိတ်သတ်အား

ပြဇာတ်စင်မြင့်ပေါ်မှနေ၍ ဖြေဖျော် ဧည့်ခံရမည့် ကိစ္စကိုမူကား အထူးပင်စိတ်ပါဝင်စားလျက် အားတက်ရွှင်လန်းနေသူ ဖြစ်ပါပေသည်။၁၉၈၈ နှစ်ဦးပိုင်းလောက်က ဦးကျော်ဖေ၊ ဒေါ်ခင်လေးဆွေတို့၏

အိမ်တွင် ကျွန်တော်တို့ မိသားစု နှင့် ‘ကိုဝင်းဦး’ တို့ဆုံမိကြ၏ ။ သူနှင့်ကျွန်တော်တို့မှာ အကြောင်းကြောင်းများကြောင့် မတွေ့ဖြစ်ကြဘဲ ကွဲကွာနေသည်မှာ ကြာလေပြီ။ ပြန်လည် ဆုံတွေ့ကြသောအခါ ပြောမကုန် ဆိုမဆုံး အောင်ဖြစ်နေကြတော့သည်။

ကိုယ်ရေးကိုယ် တာ အကြောင်းများထက် တင်ဆက်ကပြမှု အနုပညာအရေးကိုဆွေးနွေးပြောဆိုကြရာမှ ဖလင်အခက်အခဲ ကြောင့် ရုပ်ရှင်လုပ်သားထုအတွင်း စီးပွားရေးကျပ်တည်းမှု ၊ အလုပ်အကိုင်ရှားပါးမှုများ ပြေလည်လာစေ ရန် မန္တလေး ၊ မုံရွာ ၊ မော်လမြိုင် ၊ မြိတ် ၊

ပုသိမ် စသော မြို့ကြီးများသို့ လှည့်လည်၍ ပြဇာတ်ကကြမည်။ လေဟာပြင်

ဇာတ်ရုံကို မြေနီကုန်းတွင် ဆောက်လုပ်ထားသဖြင့် အခြေအနေပေးလျှင် ထိုနေရာ၌လည်း ကပြကြမည်ဟု တိုင်ပင်ကာ ဝမ်းသာနေကြ၏။မကြာမီ ဝင်းဦးဆေးရုံတက်ရသည်။ နိုင်ငံခြားသွား၍

ဆေးကုရမည်ဟုကြားရသဖြင့် သတင်းသွား မေးရာ လန်းလန်းဆန်းဆန်းပင် တွေ့နေရ၏ ( ရုပ်ရှင်မင်းသားဖြစ်သောကြောင့် ဟန်လုပ်၍နေသလား မသိပါ)။ လန်ဒန်တွင် ခွဲစိတ်ကုသမည်ဆို၍ ခရီးထွက်မည့်နေ့က သူ့အားနှုတ်ဆက်စကားပြောရင်း ‘ခွဲစိတ်ပြီးလို့

နားနားနေနေရှိတဲ့အခါ လန်ဒန်မှာ ကနေတဲ့ပြဇာတ်တွေကြည့်ခဲ့ပါကွာ ၊ ငါတို့ဆီမှ

ာ ပြဇာတ်ကကြတဲ့အခါ အသုံးဝင်မယ့် ဖြစ်နိုင်မယ့် ကပြပုံ နည်းစနစ်ကလေးတွေလဲ တေးခဲ့ မှတ်ခဲ့ပါ’ ဟု မှာလိုက်ရသည်။သူကလည်း ‘စိတ်ချ နည်းနည်းလေးထူနိုင် ထနိုင်တာနဲ့ ပြဇာတ်ရုံတွေ

လျှောက်လည်ကြည့်မှာပဲ’ ဟု ပြောပါသည်။ (သူကွယ်လွန်ပြီ သတင်းကြား၍စန္ဒာတိုက်သို့သွားကြသောအခါ သူ၏အမ ဒေါ်တင်တင်ဦးက ‘ဝင်းဦး’ နေကောင်းပြီဟု ဆေးရုံကဆင်းပြီးသည်နှင့် လန်ဒန်တွင်ညဉ့်နက်သန်းခေါင်အထိ ပြဇာတ်ရုံတွေ

လျှောက်လည်ကြည့်နေသောကြောင့် ဆူပူကြိမ်းမောင်းရသေးသည်ဟု

မျက်ရည်လေးစစနှင့်ပြောပါသည်။)သူရန်ကုန်သို့ ပြန်ရောက်ပြီဟု ဖုန်းဆက်၍သွားကြရာ လန်ဒန်ပြဇာတ်တွေအကြောင်း အားပါးတရ ပြော၏။ တေးဂီတနှင့်တွဲဖက်တင်ဆက်ပုံများ

၊ နောက်ခံအဆင်အပြင်ဆက်တင် အခမ်းအနား တွေ့ခဲ့ရပုံများ၊ သရုပ်ဆောင်တို့၏ လှုပ်ရှားမှုဇာတ်ကွက် ၊ သရုပ်ဖော်ပုံ ထူးခြားချက်များကို မမောနိုင်မပန်းနိုင် ပြောနေသည်။‘မင်းဝေဒနာကော သက်သာရဲ့လား’ ဟု မေးရာ ‘ပျောက်သွားပြီ အစ်ကိုလေးရ၊ ကျွန်တော်

အားလုံးကောင်းသွားပြီ ဒီဇင်ဘာလလောက်ကျရင် ဆေးစစ်ခံရဖို့ပဲရှိတယ်

၊ အခုတော့ လူကောင်းပကတိဖြစ်နေပြီ’ ဟု ရွှင်လန်းကြည်လင်သော မျက်နှာနှင့်အား ပါးတရ ပြောပါသည်။ ‘ငါတို့မိတ်ဆွေရဲ့ သမီးလေး မင်္ဂလာဆောင်ရှိတယ်ကွာ ၊ ဇူလိုင်လ ၁၄ ရက်နေ့ မန္တလေးသွားရဦးမယ်’ ဟု သူ့ကိုပြောပြရာ မခေါ်ခင်ကတည်းက လိုက်ချင်နေပြီ။ ‘ကျွန်တော်လိုက်ခဲ့ရမလား’ဟု ပြန်ပြော၏။

ကျွန်တော်တို့ မင်္ဂလာအဖွဲ့သားများနှင့် အတူ မန္တလေးသို့ ဇူလိုင်လ ၁၄ ရက် ညနေ ၅ နာရီ ရထားနှင့် သူလိုက်ပါလာခဲ့ပါသည်။ ရထားပေါ်တွင် ရယ်မောပြောဆို စားသောက်ရင်း ပျော်ရွှင်နေ၏။ ‘ဒီလိုမနေရတာကြာပြီ’ ဟုလည်း တွေးတွေးဆဆကလေးပြောပါသည်။

တစ်ညလုံးလိုလို(နံနက် ၃ နာရီခန့်အထိ ) မအိပ်ဘဲ စကားပြောကြသည်။

ပါလာသော အစားအသောက်များစားသည်၊ သောက်သည်။မင်းရောဂါနဲ့ တည့်ရဲ့လားကွာ၊ ကြည့်လဲလုပ်ပါဦး’ ဟု စိုးရိမ်စိတ်နှင့် မေးမိရာ ‘ပျောက်ပါပြီ အစ်ကိုလေးရ ၊ ကျွန်တော်လူကောင်းအတိုင်း ဖြစ်နေပါပြီ’

ဆိုပြီး အစားအသောက်မပျက် ရယ်မော ရွှင်ပျမှု မပျက် လိုက်ပါလာခဲ့၏ ။ ပြဇာတ်ကိစ္စ ပြဇာတ်အကြောင်းတွေ တစ်ဝကြီးပြောဆိုတိုင်ပင်ကြသည်။ ရန်ကုန်တွင် ကပြကြလျှင် ပထမဦးဆုံး ပြဇာတ်ကို ‘ ဝင်းဦး’ က ဒါရိုက်တာမင်းသားအဖြစ် သူကြိုက် သည့် ဇာတ်လမ်းကိုရွေးချယ် ကပြရန် သဘောတူကြ၏။

မန္တလေး၌ ကျင်းပသော မင်္ဂလာဆောင်တွင် သူပါလာသည်ဆို၍ ဝမ်းသာနေကြ၏။ ဧည့်ခံပွဲ၌ မြို့မ တူရိယာအဖွဲ့နှင့် တွဲဖက်ကာ ‘ဘုံဓမ္မတာ’ သီချင်း ၊ ရုပ်ရှင်မင်းသမီး ‘ တင့်တင့်ထွန်း’ ၏ အကနှင့် တွဲဖက် ကာ ‘မှုံရွှေရီ’ သီချင်း ၊ ရုပ်ရှင်မင်းသမီး ချိုပြုံးနှင့် တွဲဖက်ကာ

‘သက်ဝေ’ သီချင်းတို့ကို သီဆိုဖျော်ဖြေခဲ့၏ သူ့ကိုကြည့်ရသည်မှာ

ဟန်ဆောင်လှုပ်ရှားနေသော်လည်း ပင်ပန်းနေပုံရ၏ ယခင့် ယခင်က သီချင်း ၇ ပုဒ် ၈ ပုဒ် ဆက်တိုက် ဆိုသော်လည်း လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ရှိနေခဲ့သူမှာ ယခုအခါတွင် အနည်း ငယ် မောနေဟန်တူသည် ။

ထို့ကြောင့် သီချင်း ၃ ပုဒ်ဆိုအပြီးတွင် ရပ်နားခိုင်းလိုက်ရပါသည်။ဇူလိုင်လ ၁၈ ရက်နေ့ည ရထားနှင့် ရန်ကုန်သို့ ပြန်လာကြပါသည်။ စက်တင်ဘာလအတွင်း သူ့ထံသို့ အခေါက်ခေါက်အခါခါ ရောက်ပါသည်။ ညနေဘက်ကျလျှင် အဖျားအနည်းငယ် ရှိသည်ဟုဆိုပြီး

အိပ်ရာထဲတွင် လဲလျောင်းနေ၏ ။ နိုဝင်ဘာလ နောက်ဆုံးပတ်လောက်က

စန္ဒာတိုက်သို့ သွားကြသောအခါ အောက်ထပ်သို့ ပြောင်းရွှေ့ ရောက်ရှိနေပြီး အလွန်အားလျော့ ဖျော့တော့နေလေပြီ။ ထိုအချိန်တွင် ဝဇီရာရုံ၌ ပြဇာတ်များ ကကြရန် စတင်စိုင်းပြင်နေပြီ ဖြစ်၏။

ဦးကျော်ဖေ ၊ ဒေါ်ခင်လေးဆွေ ၊ မောင်ကိုကိုနှင့် ကျွန်တော်တို့မှာ သူ့ကိုကြည့်၍ စိတ်မချမ်းမသာကြ သော်လည်း ဟန်ဆောင်ပြုံးရယ် ပြောဆိုနေရ၏။ သူက ထိုအခါတွင် ဟန်မဆောင်နိုင်တော့ဘဲ ‘ကျွန်တော်နေရာမှာ လူစားရှာပါတော့ အစ်ကိုလေး ၊ ပထမဆုံး

ကပြမယ့်ပြဇာတ်မှာ ကျွန်တော် က နိုင်မှာ မဟုတ်တော့ဘူး’ ဟု နွမ်းနယ်အားလျော့သော လေသံကလေးဖြင့် ပြောရာ ကျွန်တော်တို့ အားလုံး ဟန်ဆောင်မှုတွေ လွင့်စဉ်ကုန်၏။ မျက်နှာများ ညှိုးငယ်သွားကြတော့ပြီ။

ဒီဇင်ဘာလ ဒုတိယပတ်တွင် သူကွယ်လွန်သွားပါတော့သည်။ ၁၉၈၉ ခု ဖေဖော်ဝါရီ ဒုတိယပတ် တွင် ဝဇီရာ ပြဇာတ်အဖွဲ့မှ ဂုဏ်တုဂုဏ်ပြိုင် စတင် ကပြရ၏ သူကား မရှိတော့ပြီ။ တစ်ကိုယ်တည်း တစ်ယောက်တည်း အခန်းကျဉ်းကလေး တစ်ခုအတွင်း၌ နေလေ့ရှိသူမှာ

ပရိတ်သတ် အများစုကြီး၏ ရှေ့မှောက်တွင် ရုပ်ရှင် ၊ ပြဇာတ် ၊ တေးဂီတ ဖြေဖျော်ပွဲများဖြင့်

တွေ့ဆုံကာ အနုပညာ စွမ်းအားကိုပြသပွင့်ဖူး ရွှင်မြူးခဲ့ပါသည်။ယခုတော့သူ့ကိုချစ်ခင်ကြင်နာကြသောပရိတ်သတ်ပြည်သူအများ၏ မျက်ကွယ်ရာသို့ တစ်ယောက်ထီးတည်းပင် လျှောက်သွားကွယ်ပျောက်ခဲ့လေပြီ။

သူရေးသည့် ဝတ္ထုများတွင် ပါသကဲ့သို့ အရာရာတွင် နွဲ့ဆိုးဟန်မူရှိခဲ့သူ တစ်ယောက်မှာ

အနုပညာပေါ် ၌မူကား ပြတ်သားရဲဝံ့၏။ သူ၏ လုပ်ဆောင်မှု အနုပညာကို လေ့လာပါက မည်သူ့ကိုမျှ မထောက်မညှာဘဲ အကောင်းဆုံး အညွန့်ဆုံး အလှပဆုံးဖြစ်စေရန်

တစ်ခုကိုသာ ရည်ရွယ်မှန်းထားလျက် ကြိုးစားခဲ့သည်ကို တွေ့ရလိမ့်မည် ဖြစ်ပါ၏။ ပြဇာတ် ၊ ဧည့်ခံပွဲစသည်တို့၌ တစ်ပူးတွဲတွဲ လုပ်ကိုင်ခဲ့ရသော ညီမောင် ‘ဝင်းဦး’ ကို မမေ့နိုင်သော ဘိုကလေးတင့်အောင် (စန္ဒာပုံနှိပ်တိုက် ၁၉၈၉ ဧပြီလထုတ် ဦးဝင်းဦးအမှတ်တရ စာစောင်မှ ကူးယူဖော်ပြသည်။
စာရိုက်ကူညီ – ကိုခမ်းလေး) Kyaw Lion

Crd

Zawgyi

ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ ဂႏၴဝင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသားႀကီး ဝင္းဦးရဲ႕ ျပဇာတ္မင္းသား ဘဝအေၾကာင္း ဘဘဘိုကေလးတင့္ေအာင္ ေရးသားထားတဲ့ ေဆာင္းပါးကို ေဖာ္ျပလိုက္ပါတယ္-

“ျပဇာတ္ဧည့္ခံပြဲႏွင့္ဝင္းဦး” ဝင္းဦးႏွင့္ ကြၽန္ေတာ္တို႔ ခင္မင္ရင္းႏွီး ခဲ့ရသည္မွာ ၁၉၅၁-၅၂ ဝင္းဝင္းျပဇာတ္ေခတ္ကတည္းက ျဖစ္ပါသည္။ ၿပဳံးစစမ်က္ႏွာေလးႏွင့္ ျပဇာတ္႐ုံ ဇာတ္ခုံေနာက္ဘက္သို႔ ေရာက္လာတတ္ၿပီး ျပဇာတ္ မင္းသား မင္းသမီးႀကီးမ်ားႏွင့္ တေရာတေႏွာ

ေျပာဆိုေနထိုင္ေလ့ ရွိေသာ လူငယ္တစ္ေယာက္ကို သတိ ထားမိေသာေၾကာင့္ မိတ္ကပ္လိမ္းျခယ္ေနသည့္ မခ်စ္စိန္(ေမခ်စ္)အား သူ ဘယ္သူလဲဟု ေမးမိရာ တိုးတိုးတိတ္တိတ္ ေမးသမွ် ေျပာသမွ် သံကုန္ဖြင့္၍ ေဖာ္ရန္ ဝါသနာႀကီးလွသူ မခ်စ္စိန္က ထိုလူငယ္ရွိရာ သို႔ လွမ္းေအာ္ေတာ့၏။

‘ဟဲ့ ေမာင္လွျမင့္ ၊ နင့္ကို ဘယ္သူလဲလို႔ အစ္ကိုေလးက ေမးေနတယ္ ေျပာလိုက္’

႐ုပ္ရွင္မင္းသမီးႀကီး ေဒၚေမျမင့္ အနီးသို႔ကပ္၍ ရယ္ေမာေျပာဆိုေနသူ လူငယ္မွာ ႏုနယ္ေခ်ာေမာလွ သည့္ သူ႔မ်က္ႏွာေလးကို ပိုမိုၿပဳံး႐ႊင္ၾကည္လင္စြာျဖင့္ ကြၽန္ေတာ္တို႔အပါးသို႔ ေရာက္လာ၏

။ ‘ကြၽန္ေတာ္က ဒက္ဒီ ဦးဘၫြန္႔ရဲ႕သား ေမာင္လွျမင့္ပါ အစ္ကိုေလး’ ‘ခ်စ္ဒုကၡဟဲ့ ၊ ခ်စ္ဒုကၡဦးဘၫြန္႔လို႔ ေျပာမွေပါ့’ ဟု ေဒၚေမခ်စ္က ျဖည့္စြက္ေပးပါသည္။ ဤသို႔ျဖင့္ ေမာင္လွျမင့္(ခ) ကိုဦး ၊ ဗိုလ္ကိုဦး (ခ) ဝင္းဦး ကို ျပဇာတ္႐ုံထဲ၌ စတင္ခင္မင္ သိကြၽမ္းခဲ့ရပါ၏။

၁၉၆၃-ခုႏွစ္က ေလဟာျပင္ ဇာတ္႐ုံတြင္ ‘ဗမာ့ေသြးခဲ’ ျပဇာတ္ကို တင္ဆက္ရန္

စီစဥ္စိုင္းျပင္ၾက ပါသည္။ ဂ်ပန္ေခတ္က ကန္ေတာ္ႀကီးေစာင္းတြင္ တည္ရွိသည့္ ‘ ၿမိဳင္’ ျပဇာတ္႐ုံ၌ ဒါ႐ိုက္တာ ဆရာခန္႔ စီစဥ္ ၫႊန္ၾကားခဲ့ေသာ ‘ ဗမာ့ ေသြးခဲ’ ျပဇာတ္ကို

ႏွစ္ေပါင္း၂၀ ေက်ာ္ၾကာမွ အသစ္တဖန္ ျပန္လည္ တင္ ဆက္ရမည္ျဖစ္ရာ ထိုစဥ္က ပါဝင္ကျပခဲ့ေသာ မင္းသား ကိုေက်ာ္ဝင္းအစား ‘ ဝင္းဦး’ ၊ မင္းသမီးေမခ်စ္ အစား ‘ သင္းသင္းလဲ့’ တို႔ကို အစားထိုး၍ ေတးဂီတ ဇာတ္ခုံ အဆင္အျပင္ႏွင့္

ဇာတ္ကြက္ဇာတ္လမ္း အခ်ိဳ႕ ကို ေခတ္ႏွင့္ ေလ်ာ္ညီေအာင္ ျဖည့္စြက္ကျပရန္ သက္ဆိုင္ရာ လူႀကီးမ်ားအားခြင့္ပန္၍ ျပင္ဆင္ေရးသားကာ ဇာတ္တိုက္ၾကရပါသည္။ထိုစဥ္က ဝင္းဦးမွာ စာေရးဆရာအျဖစ္ႏွင့္လည္းေကာင္း ၊ ႐ုပ္ရွင္မင္းသား အျဖစ္ ႏွင့္ လည္းေကာင္း

အလြန္ထင္ရွားကာ ပ်ိဳပ်ိဳေမတို႔ အသည္းစြဲ သူ၏ေမာ္ေတာ္ကားထဲသို႔ ပန္းႀကဲသည္

အထိ ‘စြံ’ ေနသည္ ျဖစ္ရာ သူပထမဦးဆုံး ျပဇာတ္မင္းသားအျဖစ္ ကျပမည့္ ‘ ဗမာ့ေသြးခဲ’ ျပဇာတ္ကို ပရိတ္သတ္ အမ်ားက စိတ္ဝင္စားၾကသည္။ ႀကိတ္ႀကိတ္တိုးမွ် အားေပးခဲ့ၾကပါသည္။ သို႔ေသာ္ ဇာတ္တိုက္ၾကစဥ္ကမူ သူေခြၽးျပန္ေန၏။

‘ကြၽန္ေတာ္ ႐ုပ္ရွင္သာ႐ိုက္ဖူးတာ ျပဇာတ္႐ုံ ေနာက္ဘက္သာေရာက္ဖူးတာ ျပဇာတ္စင္ျမင့္ေပၚ တစ္ခါမွ် မတက္ဖူးဘူး’ ဟု နဖူးေတြ႕ ဒူးေတြ႕ ႀကဳံရေတာ့မည့္ ‘ ပရိတ္သတ္ အရွိန္’ ကို ေတြးေတာကာ ရင္ပူ ေနဟန္တူ၏။ တကယ္တမ္း ကျပၾကသည့္ အခ်ိန္ေရာက္ေသာအခါ

တကယ့္ဝါရင့္ျပဇာတ္ ပညာရွင္ႀကီးကဲ့ သို႔ သ႐ုပ္ေဆာင္သြားႏိုင္သျဖင့္ မူလ

‘ဗမာ့ေသြးခဲ’ ျပဇာတ္တြင္ ပါဝင္ခဲ့ၾကေသာ မင္းသား ဦးေက်ာ္ဝင္း ( ေဒၚတင္တင္မူ၏ခင္ပြန္း ) ဦးဖိုးပါႀကီး ၊ ေဒၚေမခ်စ္ တို႔ကပါ ဝိုင္းဝန္းခ်ီးက်ဴး ၾကရပါသည္။

၁၉၆၇-ခုႏွစ္ ရခိုင္ေလေဘး ရန္ပုံေငြအျဖစ္ ‘ ငယ္ကြၽမ္းေဆြ’ ျပဇာတ္ကို ကျပၾကရန္ စီစဥ္ၾကျပန္ သည္။ မင္းသား ‘ ဝင္းဦး’ ၊ မင္းသမီး ‘ ခင္သန္းႏု’ တို႔ ပါဝင္ၾက၏ ။ ‘ ဗမာ့ေသြးခဲ’ ႏွင့္ ပြဲတိုးကာ ေအာင္ျမင္ ခဲ့ေသာ ဝင္းဦးမွာ ‘ ငယ္ကြၽမ္းေဆြ’ ကျပရမည့္အတြက္ သြက္လက္႐ႊင္ျမဴးေန၏။

‘ကြၽန္ေတာ္ ဟိုအကြက္ေလး ျဖည့္ခ်င္တယ္ အစ္ကိုေလး’ ဟုေျပာသျဖင့္ ‘ဆိုပါဦးဟ ၊ ဘယ္အကြက္ကေလးတုံး’ ဟု ျပန္ေမးရ၏။‘ဟိုဟာေလ ၊ ဒါ႐ိုက္တာနဲ႔ မင္းသားျပန္ေျပာတဲ့ အခန္း ၊ အဲဒီအခန္းက ဇာတ္အဆုံးသတ္ခါနီးမွ ပါလာတာ မဟုတ္လား

ဒီေတာ့ အဲဒီေတြ႕ဆုံေျပာဆိုတဲ့ အခန္းအစကို ဇာတ္ရဲ႕ ထိပ္ဆုံးက

ဥပမာ ကြၽန္ေတာ္က အိမ္ေထာင္ေရး မေျပလည္လို႔ စိတ္ညစ္ၿပီးအရက္ေတြမူး ေတြ႕ကရာ ေလွ်ာက္သြားမိတ္ေဆြတစ္ဦးနဲ႔ေတြ႕၊ အဲဒီလူက မူးမူး႐ူး႐ူးနဲ႔ ဟိုဟိုဒီဒီ ေလွ်ာက္သြားမေနနဲ႔ ၊

ငါနဲ႔လိုက္ခဲ့ တို႔ျပဇာတ္႐ုံမွာ ဆက္တင္ေတြျပင္ဆင္ေနတယ္ကြ၊ ဘာညာနဲ႔ေျပာ ၊ ကြၽန္ေတာ္ကလိုက္လာ၊ အဲဒီျပဇာတ္႐ုံမွာ ဒါ႐ိုက္တာနဲ႔ေတြ႕ၿပီးေတာ့ ကြၽန္ေတာ္ အခ်စ္ဇာတ္လမ္းေလး ေျပာစမ္းပါရေစလို႔ ဒါ႐ိုက္တာကိုေျပာရာကအစ ဇာတ္ဖြင့္

လက္စသတ္ေတာ့ သည္ငနဲ အႏုပညာေလာဘႀကီးေနၿပီကိုး ။

ဟိုတုန္းက ‘ဗမာ့ေသြးခဲ’ ကရမည့္ အေရး ေတြးေတာ ရင္ထိတ္ေနခဲ့တယ္။ ခုေတာ့ ဇာတ္အစက စၿပီးထြက္ခ်င္ ကခ်င္ေနပါေပါ့လား။‘ေအးေလ ေကာင္းသားပဲ ၊ မင္းကိုၾကည့္ခ်င္ၾက ျမင္ခ်င္ၾကတဲ့

က်ား-မ ပရိတ္သတ္အမ်ားစုႀကီးလဲ ေက်နပ္သြားၾကမယ္ ။ ျပဇာတ္ ‘ပိုး’ ဝင္ၿပီး ဖိုးကခ်င္ ျဖစ္ေနတဲ့ မင္းလဲစိတ္ခ်မ္းသာမယ့္ ကိစၥ လုပ္ဟ’ ဟု ခြင့္ျပဳ စီစဥ္ေပးလိုက္ရေလရာ ကရမည့္အခန္းက႑မရွိ၍ ‘ငယ္ကြၽမ္းေဆြ’ ဇာတ္လမ္းတြင္ မပါဝင္ရေတာ့ ပါဟု

စိတ္တုံးတုံး ခ်လိုက္ၿပီးျဖစ္ေသာ မင္းသားႀကီး ‘ ဦးေက်ာ္ေဖ’ မွာ သူ႔အားျပဇာတ္႐ုံသို႔ ေခၚေဆာင္လာ

သူအျဖစ္ ဝမ္းေျမာက္ေပ်ာ္႐ႊင္စြာ ပါဝင္ခဲ့ရေတာ့၏။ငယ္ကြၽမ္းေဆြ ျပဇာတ္ကို ေမာ္လၿမိဳင္တြင္ ေအးေအးသင္း ႏွင့္ လည္းေကာင္း ၊ သုဝဏၰ ဇာတ္႐ုံတြင္ ေဒစီေက်ာ္ဝင္း ႏွင့္

လည္းေကာင္း ၊ မႏၲေလးတြင္လည္းေကာင္း မင္းသမီးအမ်ိဳးမ်ိဳးေျပာင္း၍ ကျပခဲ့ပါသည္။ သူကား အျပင္ေလာကတြင္ တစ္ေယာက္တည္းထီးတည္း အိမ္တြင္းပုန္း၍ လူေတြ႕ခံရန္ အလြန္ပင္ ဝန္ေလးသူတစ္ဦးဟု သိရွိ နားလည္ခဲ့ရသေလာက္၊

ေထာင္ေသာင္းခ်ီ၍ ႀကိတ္ႀကိတ္တိုးၾကည့္ၾကသည့္ ပရိတ္သတ္အား ျပဇာတ္စင္ျမင့္ေပၚမွေန၍ ေျဖေဖ်ာ္ ဧည့္ခံရမည့္ ကိစၥကိုမူကား အထူးပင္စိတ္ပါဝင္စားလ်က္ အားတက္႐ႊင္လန္းေနသူ ျဖစ္ပါေပသည္။၁၉၈၈ ႏွစ္ဦးပိုင္းေလာက္က ဦးေက်ာ္ေဖ၊ ေဒၚခင္ေလးေဆြတို႔၏

အိမ္တြင္ ကြၽန္ေတာ္တို႔ မိသားစု ႏွင့္ ‘ကိုဝင္းဦး’ တို႔ဆုံမိၾက၏ ။ သူႏွင့္ကြၽန္ေတာ္တို႔မွ

ာ အေၾကာင္းေၾကာင္းမ်ားေၾကာင့္ မေတြ႕ျဖစ္ၾကဘဲ ကြဲကြာေနသည္မွာ ၾကာေလၿပီ။ ျပန္လည္ ဆုံေတြ႕ၾကေသာအခါ ေျပာမကုန္ ဆိုမဆုံး ေအာင္ျဖစ္ေနၾကေတာ့သည္။

ကိုယ္ေရးကိုယ္ တာ အေၾကာင္းမ်ားထက္ တင္ဆက္ကျပမႈ အႏုပညာအေရးကိုေဆြးေႏြးေျပာဆိုၾကရာမွ ဖလင္အခက္အခဲ ေၾကာင့္ ႐ုပ္ရွင္လုပ္သားထုအတြင္း စီးပြားေရးက်ပ္တည္းမႈ ၊ အလုပ္အကိုင္ရွားပါးမႈမ်ား ေျပလည္လာေစ ရန္ မႏၲေလး ၊ မုံ႐ြာ ၊ ေမာ္လၿမိဳင္ ၊ ၿမိတ္ ၊

ပုသိမ္ စေသာ ၿမိဳ႕ႀကီးမ်ားသို႔ လွည့္လည္၍ ျပဇာတ္ကၾကမည္။ ေလဟာျပင္ ဇာတ္႐ုံကို ေျမနီကုန္းတြင္ ေဆာက္လုပ္ထားသျဖင့္ အေျခအေနေပးလွ်င္ ထိုေနရာ၌လည္း ကျပၾကမည္ဟု တိုင္ပင္ကာ ဝမ္းသာေနၾက၏။မၾကာမီ ဝင္းဦးေဆး႐ုံတက္ရသည္။ ႏိုင္ငံျခားသြား၍

ေဆးကုရမည္ဟုၾကားရသျဖင့္ သတင္းသြား ေမးရာ လန္းလန္းဆန္းဆန္းပင္ ေတြ႕ေနရ၏ ( ႐ုပ္ရွင္မင္းသားျဖစ္ေသာေၾကာင့္ ဟန္လုပ္၍ေနသလား မသိပါ)။ လန္ဒန္တြင္ ခြဲစိတ္ကုသမည္ဆို၍ ခရီးထြက္မည့္ေန႔က သူ႔အားႏႈတ္ဆက္စကားေျပာရင္း ‘ခြဲစိတ္ၿပီးလို႔

နားနားေနေနရွိတဲ့အခါ လန္ဒန္မွာ ကေနတဲ့ျပဇာတ္ေတြၾကည့္ခဲ့ပါကြာ ၊ ငါတို႔ဆီမွ

ာ ျပဇာတ္ကၾကတဲ့အခါ အသုံးဝင္မယ့္ ျဖစ္ႏိုင္မယ့္ ကျပပုံ နည္းစနစ္ကေလးေတြလဲ ေတးခဲ့ မွတ္ခဲ့ပါ’ ဟု မွာလိုက္ရသည္။သူကလည္း ‘စိတ္ခ် နည္းနည္းေလးထူႏိုင္ ထႏိုင္တာနဲ႔ ျပဇာတ္႐ုံေတြ

ေလွ်ာက္လည္ၾကည့္မွာပဲ’ ဟု ေျပာပါသည္။ (သူကြယ္လြန္ၿပီ သတင္းၾကား၍စႏၵာတိုက္သို႔သြားၾကေသာအခါ သူ၏အမ ေဒၚတင္တင္ဦးက ‘ဝင္းဦး’ ေနေကာင္းၿပီဟု ေဆး႐ုံကဆင္းၿပီးသည္ႏွင့္ လန္ဒန္တြင္ညဥ့္နက္သန္းေခါင္အထိ ျပဇာတ္႐ုံေတြ

ေလွ်ာက္လည္ၾကည့္ေနေသာေၾကာင့္ ဆူပူႀကိမ္းေမာင္းရေသးသည္ဟု မ်က္ရည္ေလးစစႏွင့္ေျပာပါသည္။)သူရန္ကုန္သို႔ ျပန္ေရာက္ၿပီဟု ဖုန္းဆက္၍သြားၾကရာ လန္ဒန္ျပဇာတ္ေတြအေၾကာင္း အားပါးတရ ေျပာ၏။ ေတးဂီတႏွင့္တြဲဖက္တင္ဆက္ပုံမ်ား

၊ ေနာက္ခံအဆင္အျပင္ဆက္တင္ အခမ္းအနား ေတြ႕ခဲ့ရပုံမ်ား၊ သ႐ုပ္ေဆာင္တို႔၏

လႈပ္ရွားမႈဇာတ္ကြက္ ၊ သ႐ုပ္ေဖာ္ပုံ ထူးျခားခ်က္မ်ားကို မေမာႏိုင္မပန္းႏိုင္ ေျပာေနသည္။‘မင္းေဝဒနာေကာ သက္သာရဲ႕လား’ ဟု ေမးရာ ‘ေပ်ာက္သြားၿပီ အစ္ကိုေလးရ၊ ကြၽန္ေတာ္

အားလုံးေကာင္းသြားၿပီ ဒီဇင္ဘာလေလာက္က်ရင္ ေဆးစစ္ခံရဖို႔ပဲရွိတယ္၊ အခုေတာ့ လူေကာင္းပကတိျဖစ္ေနၿပီ’ ဟု ႐ႊင္လန္းၾကည္လင္ေသာ မ်က္ႏွာႏွင့္အား ပါးတရ ေျပာပါသည္။ ‘ငါတို႔မိတ္ေဆြရဲ႕ သမီးေလး မဂၤလာေဆာင္ရွိတယ္ကြာ ၊ ဇူလိုင္လ ၁၄ ရက္ေန႔ မႏၲေလးသြားရဦးမယ္’ ဟု သူ႔ကိုေျပာျပရာ မေခၚခင္ကတည္းက လိုက္ခ်င္ေနၿပီ။ ‘ကြၽန္ေတာ္လိုက္ခဲ့ရမလား’ဟု ျပန္ေျပာ၏။

ကြၽန္ေတာ္တို႔ မဂၤလာအဖြဲ႕သားမ်ားႏွင့္ အတူ မႏၲေလးသို႔ ဇူလိုင္လ ၁၄ ရက္ ညေန

၅ နာရီ ရထားႏွင့္ သူလိုက္ပါလာခဲ့ပါသည္။ ရထားေပၚတြင္ ရယ္ေမာေျပာဆို စားေသာက္ရင္း ေပ်ာ္႐ႊင္ေန၏။ ‘ဒီလိုမေနရတာၾကာၿပီ’ ဟုလည္း ေတြးေတြးဆဆကေလးေျပာပါသည္။

တစ္ညလုံးလိုလို(နံနက္ ၃ နာရီခန္႔အထိ ) မအိပ္ဘဲ စကားေျပာၾကသည္။ ပါလာေသာ အစားအေသာက္မ်ားစားသည္၊ ေသာက္သည္။မင္းေရာဂါနဲ႔ တည့္ရဲ႕လားကြာ၊ ၾကည့္လဲလုပ္ပါဦး’ ဟု စိုးရိမ္စိတ္ႏွင့္ ေမးမိရာ ‘ေပ်ာက္ပါၿပီ အစ္ကိုေလးရ ၊ ကြၽန္ေတာ္လူေကာင္းအတိုင္း ျဖစ္ေနပါၿပီ’

ဆိုၿပီး အစားအေသာက္မပ်က္ ရယ္ေမာ ႐ႊင္ပ်မႈ မပ်က္ လိုက္ပါလာခဲ့၏ ။

ျပဇာတ္ကိစၥ ျပဇာတ္အေၾကာင္းေတြ တစ္ဝႀကီးေျပာဆိုတိုင္ပင္ၾကသည္။ ရန္ကုန္တြင္ ကျပၾကလွ်င္ ပထမဦးဆုံး ျပဇာတ္ကို ‘ ဝင္းဦး’ က ဒါ႐ိုက္တာမင္းသားအျဖစ္ သူႀကိဳက္ သည့္ ဇာတ္လမ္းကိုေ႐ြးခ်ယ္ ကျပရန္ သေဘာတူၾက၏။

မႏၲေလး၌ က်င္းပေသာ မဂၤလာေဆာင္တြင္ သူပါလာသည္ဆို၍ ဝမ္းသာေနၾက၏။ ဧည့္ခံပြဲ၌ ၿမိဳ႕မ တူရိယာအဖြဲ႕ႏွင့္ တြဲဖက္ကာ ‘ဘုံဓမၼတာ’ သီခ်င္း ၊ ႐ုပ္ရွင္မင္းသမီး ‘ တင့္တင့္ထြန္း’ ၏ အကႏွင့္ တြဲဖက္ ကာ ‘မႈံေ႐ႊရီ’ သီခ်င္း ၊ ႐ုပ္ရွင္မင္းသမီး ခ်ိဳၿပဳံးႏွင့္ တြဲဖက္ကာ

‘သက္ေဝ’ သီခ်င္းတို႔ကို သီဆိုေဖ်ာ္ေျဖခဲ့၏ သူ႔ကိုၾကည့္ရသည္မွာ ဟန္ေဆာင္

လႈပ္ရွားေနေသာ္လည္း ပင္ပန္းေနပုံရ၏ ယခင့္ ယခင္က သီခ်င္း ၇ ပုဒ္ ၈ ပုဒ္ က္တိုက္ ဆိုေသာ္လည္း လန္းလန္းဆန္းဆန္း တက္တက္ႂကြႂကြ ရွိေနခဲ့သူမွာ ယခုအခါတြင္ အနည္း ငယ္ ေမာေနဟန္တူသည္ ။

ထို႔ေၾကာင့္ သီခ်င္း ၃ ပုဒ္ဆိုအၿပီးတြင္ ရပ္နားခိုင္းလိုက္ရပါသည္။ဇူလိုင္လ ၁၈ ရက္ေန႔ည ရထားႏွင့္ ရန္ကုန္သို႔ ျပန္လာၾကပါသည္။ စက္တင္ဘာလအတြင္း သူ႔ထံသို႔ အေခါက္ေခါက္အခါခါ ေရာက္ပါသည္။ ညေနဘက္က်လွ်င္ အဖ်ားအနည္းငယ္ ရွိသည္ဟုဆိုၿပီး

အိပ္ရာထဲတြင္ လဲေလ်ာင္းေန၏ ။ ႏိုဝင္ဘာလ ေနာက္ဆုံးပတ္ေလာက္က

စႏၵာတိုက္သို႔ သြားၾကေသာအခါ ေအာက္ထပ္သို႔ ေျပာင္းေ႐ႊ႕ ေရာက္ရွိေနၿပီး အလြန္အားေလ်ာ့ ေဖ်ာ့ေတာ့ေနေလၿပီ။ ထိုအခ်ိန္တြင္ ဝဇီရာ႐ုံ၌ ျပဇာတ္မ်ား ကၾကရန္ စတင္စိုင္းျပင္ေနၿပီ ျဖစ္၏။

ဦးေက်ာ္ေဖ ၊ ေဒၚခင္ေလးေဆြ ၊ ေမာင္ကိုကိုႏွင့္ ကြၽန္ေတာ္တို႔မွာ သူ႔ကိုၾကည့္၍ စိတ္မခ်မ္းမသာၾက ေသာ္လည္း ဟန္ေဆာင္ၿပဳံးရယ္ ေျပာဆိုေနရ၏။ သူက ထိုအခါတြင္ ဟန္မေဆာင္ႏိုင္ေတာ့ဘဲ ‘ကြၽန္ေတာ္ေနရာမွာ လူစားရွာပါေတာ့ အစ္ကိုေလး ၊ ပထမဆုံး

ကျပမယ့္ျပဇာတ္မွာ ကြၽန္ေတာ္ က ႏိုင္မွာ မဟုတ္ေတာ့ဘူး’ ဟု ႏြမ္းနယ္အားေလ်ာ့ေသာ

ေလသံကေလးျဖင့္ ေျပာရာ ကြၽန္ေတာ္တို႔ အားလုံး ဟန္ေဆာင္မႈေတြ လြင့္စဥ္ကုန္၏။ မ်က္ႏွာမ်ား ညႇိဳးငယ္သြားၾကေတာ့ၿပီ။

ဒီဇင္ဘာလ ဒုတိယပတ္တြင္ သူကြယ္လြန္သြားပါေတာ့သည္။ ၁၉၈၉ ခု ေဖေဖာ္ဝါရီ ဒုတိယပတ္ တြင္ ဝဇီရာ ျပဇာတ္အဖြဲ႕မွ ဂုဏ္တုဂုဏ္ၿပိဳင္ စတင္ ကျပရ၏ သူကား မရွိေတာ့ၿပီ။ တစ္ကိုယ္တည္း တစ္ေယာက္တည္း အခန္းက်ဥ္းကေလး တစ္ခုအတြင္း၌ ေနေလ့ရွိသူမွာ

ပရိတ္သတ္ အမ်ားစုႀကီး၏ ေရွ႕ေမွာက္တြင္ ႐ုပ္ရွင္ ၊ ျပဇာတ္ ၊ ေတးဂီတ ေျဖေဖ်ာ္ပြဲမ်ားျဖင့္ ေတြ႕ဆုံကာ အႏုပညာ စြမ္းအားကိုျပသပြင့္ဖူး ႐ႊင္ျမဴးခဲ့ပါသည္။ယခုေတာ့သူ႔ကိုခ်စ္ခင္ၾကင္နာၾကေသာပရိတ္သတ္ျပည္သူအမ်ား၏ မ်က္ကြယ္ရာသို႔ တစ္ေယာက္ထီးတည္းပင္ ေလွ်ာက္သြားကြယ္ေပ်ာက္ခဲ့ေလၿပီ။

သူေရးသည့္ ဝတၳဳမ်ားတြင္ ပါသကဲ့သို႔ အရာရာတြင္ ႏြဲ႕ဆိုးဟန္မူရွိခဲ့သူ တစ္ေယာက္မွာ

အႏုပညာေပၚ ၌မူကား ျပတ္သားရဲဝံ့၏။ သူ၏ လုပ္ေဆာင္မႈ အႏုပညာကို ေလ့လာပါက မည္သူ႔ကိုမွ် မေထာက္မညႇာဘဲ အေကာင္းဆုံး အၫြန္႔ဆုံး အလွပဆုံးျဖစ္ေစရန္

တစ္ခုကိုသာ ရည္႐ြယ္မွန္းထားလ်က္ ႀကိဳးစားခဲ့သည္ကို ေတြ႕ရလိမ့္မည္ ျဖစ္ပါ၏။ ျပဇာတ္ ၊ ဧည့္ခံပြဲစသည္တို႔၌ တစ္ပူးတြဲတြဲ လုပ္ကိုင္ခဲ့ရေသာ ညီေမာင္ ‘ဝင္းဦး’ ကို မေမ့ႏိုင္ေသာ ဘိုကေလးတင့္ေအာင္ (စႏၵာပုံႏွိပ္တိုက္ ၁၉၈၉ ဧၿပီလထုတ္ ဦးဝင္းဦးအမွတ္တရ စာေစာင္မွ ကူးယူေဖာ္ျပသည္။
စာ႐ိုက္ကူညီ – ကိုခမ္းေလး) Kyaw Lion

Crd