Unicode
လက်ထဲ ကိုင်မိရင် ဘာမှ မသိတော့ဘဲ ဖြစ်သွားတဲ့ ထူးဆန်းတဲ့ တို့ဆေး တမျိုးအကြောင်း
ကုန်ဈေးနှုန်းတွေကတက်/ အလုပ်အကိုင်တွေက ရှားပါးလာချိန်မှာ လူတွေရဲ့ အပြုအမူနဲ့ ခံယူချက်တွေက ပြောင်းလဲလာကြပြီ။ မိမိဘဝ အသက်ရှင်နေထိုင်ရေးအတွက် ဘာမဆို လုပ်ရဲလာကြလို့ အသက်ကို ဉာဏ်စောင့်ပါတယ်။ အသိ သတိ ထားကြပါ။
တို့ဆေးလို လူကို ထုံထိုင်းပြီး ကြောင်ငေးသွားစေတဲ့ ဆေးပါ။ ပုံက ဆားထုပ်လေးလိုမို့ မသိဘဲ အလွယ်တကူ ကိုင်မိတတ်လို့ပါနော် (ပုံအရောင်က အလင်းနဲ့
အမှောင်ထဲမို့ပါ အပြင်မှာက အဖြူဆားမှုန့်လိုထဲ လိမ္မော်ရောင်အမှုန့်လေးတေ ရောထားတာပါ) အဲ့အမှုန့်ကြောင့် ဟုတ်လားမဟုတ်လား မသိရပေမယ့် သူပြန်ပါလာတာ အဲ့တာပဲ ရှိလို့ပါ။
ကျမ အမ ခုလေးတင် အိမ်ပြန်ရောက်လာတာ လက်ထဲ အဲ့အထုပ်လေး တထုပ်ပဲ ပြန်ပါလာပါတယ်။ သူပြောပြတာက သူစံပြဈေးမှာ လမ်းလျှောက်နေတုန်း အမျိုးသမီးတယောက်က ဖုန်းလေးပါရင် ပေးဆက်ဖို့ အရေးကြီးလို့ လို့ပြောပါတယ်တဲ့။
လက်ထဲလည်း ဈေးဝယ်ထားသလို ပစ္စည်းထုတ်တွေ အပြည့်နဲ့မို့ ဈေးဝယ်ရင်း မလောက်လို့ အိမ်ကို ဖုန်းဆက်ချင်တယ်လို့ ထင်ပြီး ပါတယ်
တခြားကဒ်တော့မရဘူး အက်တမ် ပေါ့ အာ့အချင်းချင်းပဲ ရမယ်ပြောတော့ ရတယ် သူ့အိမ်ကလည်း အဲ့နံပါတ် ကိုင်တယ်လို့ ပြောပါတယ်တဲ့။
အာ့နဲ့ ဖုန်းဆက်ဖို့ ဖုန်းပေးမလို့လုပ်တုန်း အထုပ်တေ မနိုင်လို့ လက်ဆွဲအိတ်တခုကို သူ့ကို ခဏလေး ကိုင်ထားပေးပါဆိုပြီး ပေးလို့ သူက အားနာပြီး ကိုင်ပေးလိုက်တယ်တဲ့ အဲ့အထုပ်လည်း ကိုင်ပြီးရော ခု ပြထားတဲ့ အမှုန့်ထုပ်လေးကိုပါ အမ ဒါလေးလည်း ခဏ ကိုင်ထားပေးနော်ဆိုပြီးထဲက ဘာမှ မမှတ်မိတော့တာတဲ့။
ခု နောက်ဆုံး ပြန်သတိရချိန်က စံပြဈေး ကားဂိတ်နား ဆူးလေကို ဘာကားရောက်လည်းဆိုပြီး မေးနေတာကို ဘာမှ မဖြေဘဲ ဒီတိုင်းကြီး ကြောင်ရပ်နေလို့ဆိုပြီး လက်မောင်းကို ပုတ်ပြီး မေးလိုက်တဲ့ ကောင်မလေးကြောင့် သတိပြန်ရပြိး အိမ်ပြန်ရောက်လာတာပါ တကယ်လို့သာ
ခုချိန်ထိ ဘယ်သူမှ သူ့ကို မထိ မပုတ် စကားမပြောဘဲသာ နေနေအုံးမယ်ဆို ဘယ်ချိန်ထိ အဲ့လိုပဲ ကြောင်တောင်ရပ်နေမလဲ မသိရပါဘူးနော်။
ကျမ အမကတော့ သတိရရချင်း နေရာတင် ကားဂိတ်လည်း မရှက်နိုင် ငိုချခဲ့ပါတယ်တဲ့ ဘယ်ချိန်ထဲက ရပ်နေမိမှန်းတောင် သူ့ဖာသာ မသိဘူး လက်ထဲလဲ အဲ့အမျိုးသမီးပေးခဲ့တဲ့ အမှုန့်ထုပ်နဲ့ ဘယ်က အစုတ်တေ ထည့်ထားမှန်း မသိတဲ့
ဝယ်ချင်ယောင်ဆောင်လာတဲ့ အဝတ်စုပ်အိတ်တခုကလွဲပြီး သူ့ကိုယ်ပိုင်ပစ္စည်း ဘာတခုမှ ပြန်ပါမလာပါဘူး လူမြင်ကွင်းတင် လုပ်နေတာမို့ ပိုပြီး သတိထားကြပါနော် ဖြစ်နိုင်ရင် အဖော်လေးနဲ့ သွားလာကြပါနော်။
ကိုယ်က လိုအပ်နေတယ် ထင်လို့ ကူညီဖို့ လုပ်မိတာကနေတောင် ခုလို အန္တရာယ်တေ ဖြစ်နေတဲ့ ခေတ် ဖြစ်နေပါပြီနော် အားလုံးပဲ သတိထားပြီး သွားလာကြပါနော်
ပုံလေးကတော့ ကိုယ်လည်း မြင်ဖူးတုန်း သိထားလို့ရအောင် ပြပေးတာပါ အဝတ်စုတ်တေကတော့ အိမ်က လက်နှီးစုတ်ထပ်တောင် စုတ်ပျက်နေလို့ မရိုက်ပြတော့ပါဘူးနော်။ (Aung Delivery)
Crd
Zawgyi
လက္ထဲ ကိုင္မိရင္ ဘာမွ မသိေတာ့ဘဲ ျဖစ္သြားတဲ့ ထူးဆန္းတဲ့ တို႔ေဆး တမ်ိဳးအေၾကာင္း
ကုန္ေစ်းႏႈန္းေတြကတက္/ အလုပ္အကိုင္ေတြက ရွားပါးလာခ်ိန္မွာ လူေတြရဲ႕ အျပဳအမူနဲ႔ ခံယူခ်က္ေတြက ေျပာင္းလဲလာၾကၿပီ။ မိမိဘဝ အသက္ရွင္ေနထိုင္ေရးအတြက္ ဘာမဆို လုပ္ရဲလာၾကလို႔ အသက္ကို ဉာဏ္ေစာင့္ပါတယ္။ အသိ သတိ ထားၾကပါ။
တို႔ေဆးလို လူကို ထုံထိုင္းၿပီး ေၾကာင္ေငးသြားေစတဲ့ ေဆးပါ။ ပုံက ဆားထုပ္ေလးလိုမို႔ မသိဘဲ အလြယ္တကူ ကိုင္မိတတ္လို႔ပါေနာ္ (ပုံအေရာင္က အလင္းနဲ႔
အေမွာင္ထဲမို႔ပါ အျပင္မွာက အျဖဴဆားမႈန႔္လိုထဲ လိေမၼာ္ေရာင္အမႈန႔္ေလးေတ ေရာထားတာပါ) အဲ့အမႈန႔္ေၾကာင့္ ဟုတ္လားမဟုတ္လား မသိရေပမယ့္ သူျပန္ပါလာတာ အဲ့တာပဲ ရွိလို႔ပါ။
က်မ အမ ခုေလးတင္ အိမ္ျပန္ေရာက္လာတာ လက္ထဲ အဲ့အထုပ္ေလး တထုပ္ပဲ ျပန္ပါလာပါတယ္။ သူေျပာျပတာက သူစံျပေဈးမွာ လမ္းေလွ်ာက္ေနတုန္း အမ်ိဳးသမီးတေယာက္က ဖုန္းေလးပါရင္ ေပးဆက္ဖို႔ အေရးႀကီးလို႔ လို႔ေျပာပါတယ္တဲ့။
လက္ထဲလည္း ေဈးဝယ္ထားသလို ပစၥည္းထုတ္ေတြ အျပည့္နဲ႔မို႔ ေဈးဝယ္ရင္း မေလာက္လို႔ အိမ္ကို ဖုန္းဆက္ခ်င္တယ္လို႔ ထင္ၿပီး ပါတယ္
တျခားကဒ္ေတာ့မရဘူး အက္တမ္ ေပါ့ အာ့အခ်င္းခ်င္းပဲ ရမယ္ေျပာေတာ့ ရတယ္ သူ႔အိမ္ကလည္း အဲ့နံပါတ္ ကိုင္တယ္လို႔ ေျပာပါတယ္တဲ့။
အာ့နဲ႔ ဖုန္းဆက္ဖို႔ ဖုန္းေပးမလို႔လုပ္တုန္း အထုပ္ေတ မႏိုင္လို႔ လက္ဆြဲအိတ္တခုကို သူ႔ကို ခဏေလး ကိုင္ထားေပးပါဆိုၿပီး ေပးလို႔ သူက အားနာၿပီး ကိုင္ေပးလိုက္တယ္တဲ့ အဲ့အထုပ္လည္း ကိုင္ၿပီးေရာ ခု ျပထားတဲ့ အမႈန႔္ထုပ္ေလးကိုပါ အမ ဒါေလးလည္း ခဏ ကိုင္ထားေပးေနာ္ဆိုၿပီးထဲက ဘာမွ မမွတ္မိေတာ့တာတဲ့။
ခု ေနာက္ဆုံး ျပန္သတိရခ်ိန္က စံျပေဈး ကားဂိတ္နား ဆူးေလကို ဘာကားေရာက္လည္းဆိုၿပီး ေမးေနတာကို ဘာမွ မေျဖဘဲ ဒီတိုင္းႀကီး ေၾကာင္ရပ္ေနလို႔ဆိုၿပီး လက္ေမာင္းကို ပုတ္ၿပီး ေမးလိုက္တဲ့ ေကာင္မေလးေၾကာင့္ သတိျပန္ရၿပိး အိမ္ျပန္ေရာက္လာတာပါ တကယ္လို႔သာ
ခုခ်ိန္ထိ ဘယ္သူမွ သူ႔ကို မထိ မပုတ္ စကားမေျပာဘဲသာ ေနေနအုံးမယ္ဆို ဘယ္ခ်ိန္ထိ အဲ့လိုပဲ ေၾကာင္ေတာင္ရပ္ေနမလဲ မသိရပါဘူးေနာ္။
က်မ အမကေတာ့ သတိရရခ်င္း ေနရာတင္ ကားဂိတ္လည္း မရွက္ႏိုင္ ငိုခ်ခဲ့ပါတယ္တဲ့ ဘယ္ခ်ိန္ထဲက ရပ္ေနမိမွန္းေတာင္ သူ႔ဖာသာ မသိဘူး လက္ထဲလဲ အဲ့အမ်ိဳးသမီးေပးခဲ့တဲ့ အမႈန႔္ထုပ္နဲ႔ ဘယ္က အစုတ္ေတ ထည့္ထားမွန္း မသိတဲ့
ဝယ္ခ်င္ေယာင္ေဆာင္လာတဲ့ အဝတ္စုပ္အိတ္တခုကလြဲၿပီး သူ႔ကိုယ္ပိုင္ပစၥည္း ဘာတခုမွ ျပန္ပါမလာပါဘူး လူျမင္ကြင္းတင္ လုပ္ေနတာမို႔ ပိုၿပီး သတိထားၾကပါေနာ္ ျဖစ္ႏိုင္ရင္ အေဖာ္ေလးနဲ႔ သြားလာၾကပါေနာ္။
ကိုယ္က လိုအပ္ေနတယ္ ထင္လို႔ ကူညီဖို႔ လုပ္မိတာကေနေတာင္ ခုလို အႏၲရာယ္ေတ ျဖစ္ေနတဲ့ ေခတ္ ျဖစ္ေနပါၿပီေနာ္ အားလုံးပဲ သတိထားၿပီး သြားလာၾကပါေနာ္
ပုံေလးကေတာ့ ကိုယ္လည္း ျမင္ဖူးတုန္း သိထားလို႔ရေအာင္ ျပေပးတာပါ အဝတ္စုတ္ေတကေတာ့ အိမ္က လက္ႏွီးစုတ္ထပ္ေတာင္ စုတ္ပ်က္ေနလို႔ မ႐ိုက္ျပေတာ့ပါဘူးေနာ္။ (Aung Delivery)
Crd