
Unicode

ပုဂံခေတ် ဒညင်းသီးရဲ့ ရာဇဝင်…

ဒညင်းသီးရဲ့ ဖြစ်ပုံကတော့ ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်မှာဘုရင်ကတိုင်းခန်းလှည့်လည်ရင်း ကောင်မလေးတစ်ယောက်ကို တော်ကောက်လာရာမှအစပြုခဲ့ပါတယ်။

နန်းတော်ရောက်လို့ညဖက်ဆောင်တော်ကူးတော့ကောင်မလေးကသူ့ရည်းစားကလွဲရင် Noပါ၊ ဘုရင်လည်း မပေးနိုင်ဘူးဆိုပီးဇွတ်ငြင်းလေတော့ဘုရင်ကြီးခမျာ ဒေါ‌သတွေထွက်၊အရှက်တွေကွဲပြီးလက်မရွံ့တွေကို ချက်ချင်းခေါ်သူ့ကို ငြင်းတဲ့ နေရာကိုဓားနဲ့ကွက်လှီးပီး သ.တ်စေအမိန့်ပေးတော့တာဘဲ။

လက်မရွံ့တွေကအလောင်းကို မြို့ပြင်မှာ မြှုပ်နှံပြီး ပြန်ခဲ့တော့မှသူတို့ဓားနဲ့ကွက်လှီးထားတဲ့ပစ္စည်းကနန်းတော်ထဲမှာမေ့ကျန်ရစ်ခဲ့တာကိုပီးမှသိလိုက်ကြတယ်။ဒါနဲ့မထူးပါဘူးကွာဆိုပြီး နန်းတွင်းထဲက ဒေါင့်တနေရာမှာ မြှုပ်နှံလိုက် ကြပါတော့တယ်။

လအတန်ကြာတဲ့အခါအဲဒီနေရာကအပင်တစ်ပင် ပေါက်လာပါတယ်။အပင်ကြီးလာလို့ အသီးသီးလာတော့စားလို့ ကောင်းမကောင်းသိရအောင် မြည်းကြည့်ကြတယ်။ပြုတ်စားလည်းGood ၊မီးဖုတ်ပြီးစားလည်း Good ၊ ဆားရေစိမ်ပီးစားလည်း Good ၊သူ့အနံ့ကတစ်မျိုးလည်းထူးတယ်။

ဒါ ဘာသီးလည်းလို့ သိချင်လို့ ဘုရင်က မေးမြန်း စုံစမ်းကြည့်တော့ အကြောင်းစုံ ပေါ်လာတာပေါ့။ ဒါကြောင့်…ဘုရင်က အဲဒီ ကိစ္စကို အခုထိ အစာမကြေသေးလေတော့” ဒီအပင်ကို ငါကိုယ်တော် နာမည်ပေးမယ်၊

ဒင်းက ငါ့ကိုငြင်းလို့ ဖြစ်လာတဲ့ အပင်မို့ အဲဒီအပင်ကို ( ဒင်းငြင်းပင် ၊ အသီးကိုလည်း ဒင်းငြင်းခဲ့လို့ ဒင်းငြင်းသီး) လို့ ခေါ်တွင်စေရမယ် ဆိုပြီး အမိန့်တော် ချမှတ်လိုက်ရာမွ အစပြုပီးေ နာင်ကာလ အတန်ကြာသော် ( ဒညင်းပင် ၊ ဒညင်းသီး ) ဆိုပြီး ဖြစ်ပေါ်လာရပါကြောင်း နွောင်းလူအေပါင်းတို့ မွတ်သားကြပါကုန်

crd

Zawgyi








crd