Unicode
Sakhalin ကျွန်းဟာ ရုရှား Far East မှာ တည်ရှိပြီး ၅ မီတာအမြင့်အထိ ကြီးထွားနိုင်တဲ့ buckwheat, burdock နဲ့ butterbur စတဲ့ အပင်အမျိုးမျိုးရဲ့ ဧရာမမျိုးစိတ်များနေထိုင်ရာ နေရာဘဲဖြစ်ပါတယ်။ Sakhalin ဟာ ရုရှားဖက်မှာ အကြီးဆုံးကျွန်းဖြစ်တဲ့ အပြင် ရာစုနှစ်များတစ်လျှောက်
ဂျပန်နဲ့ ရုရှားအကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပါတယ်။သို့သော် ဆယ်စုနှစ်တစ်ခုကျော်အကြာ မှေးမှိန်သွားတဲ့ အစီရင်ခံစာများအရဂျပန်ကျွန်းစုရဲ့မြောက်ဘက်စွန်းကျွန်း အနီးရှိ Kurilကျွန်းတွေဟာ အမှန်တကယ်ကြီးမားတဲ့ အချိုးအစားနဲ့ သာယာလှပတဲ့ အပင်မျိုးကွဲများနေထိုင်ရာ နေရာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် သာမန်အရွယ်ရောက်သူတစ်ဦးလောက်ရှိတဲ့ ဧရာမအပင်မျိုးတွေဖြစ်ပါတယ်။ရုရှားသတင်းစာ Izvestia မှ ဖော်ပြချက်အရ ရုရှားသိပ္ပံပညာရှင်များက Sakhalin ကျွန်းရဲ့အချို့ဒေသတွေမှာဧရာမအပင်တွေဟာ ကြာမြင့်စွာရှည်သန်နိုင်ပါတယ် ။ ၃ မီတာအမြင့်ရှိ Buckwheat
အပင်များနဲ့ burdock အရွက်များဟာ ၅ မီတာအထိရောက်ရှိလာခဲ့ပါတယ်။ သိပ္ပံပညာရှင်များနဲ့ ရုရှားသိပ္ပံသု တေသီများရဲ့ အဆိုအရ Sakhalin နဲ့ Kunashir ကျွန်းများရဲ့ တောင်ဘက်ရှိ ဒေသ ၁၂ ခုမှာ ထူးခြားစွာတဲ့ ဧရာမအပင်များနဲ့ ပတ်သက်ပြီး လေ့လာမှုများပြုလုပ်ခဲ့ပါတယ်။
ထင်ရှားတဲ့မြက်ပင်ရဲ့ အရွယ်အစားဟာ အပင်များက ပတ် ၀ န်းကျင်နဲ့ အနည်းငယ်သာ သက်ဆိုင်ပါတယ်။ပတ်ဝန်းကျင်မှ ထုတ်ယူပြီး အခြားနေရာများကို စိုက်ပျိုးတဲ့အခါ ၎င်းတို့ဟာသာမန်အရွယ်အစားသာကြီးထွားလာပါတယ်။ဧရာမအပင်များက ကမ္ဘာ့အပေါ်ယံလွှာမှာ တည်ရှိတဲ့
gley နဲ့ ရေစိုတဲ့မြေဆီလွှာပေါ်မှာ ကြီးထွားလာတာကြောင့်ဖြစ်ပါတယ်။ ၎င်းမှတစ်ဆင့် အပင်များရဲာ အမြစ်ကိုလည်း အပူ နဲ့ ရေနံဟိုက်ဒရိုကာဘွန်များ ထောက်ပံ့ပေးထားတာပါ။ ပိုမိုမြင့်မားတဲ့ ကြေးနီ နဲ့ ခရိုမီယမ်ဒြပ်ပေါင်းတို့ကလည်း ထူးခြားတဲ့ ကြီးထွားမှုရဲ့ အလားအလာရှိတဲ့အချက်တစ်ခုအဖြစ်ကြောင်းကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။
Crd
Zawgyi
Crd