ျမန္မာျပည္က ေရွး႐ိုးစြဲ အယူအဆေတြကို သိပၸံပညာျဖင့္ ေျဖရွင္းျခင္း

Unicode

အရင်က ရှေးရိုးစွဲအယူဆတွေကို သိပ္ပံပညာက ဖြေရှင်းပေးနိုင်တယ်။ အရင်တုန်းက နားမလည်လို့ ကြောက်လို့ မရှင်းပြနိုင်လို့ အစဉ်အဆက်စွဲခဲ့တဲ့အရာတွေအပေါ်

မဟုတ်ကြောင်း လက်တွေ့ပြနိုင်ရင် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်မှုက ပိုမြင့်လာတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အပြုအမူကို ပြုလုပ်နိုင်မယ်။

ဥပမာ နဂါးပွက်တောင်ဆိုတာ ရွှံမီးတောင်ပါလားဆိုတာကို သိသွားရင် ဒါနဂါးတွေလုပ်နေတာမဟုတ်ဘူး သဘာဝအတိုင်းရွှံ့တွေပေါက်ထွက်နေတာပါလားဆိုတာသိမယ်။

နဂါးစာကျွေးဖို့မလိုရင် နွားနို့တွေဟာ မိဘမဲ့ကလေးကျောင်းရောက်ရင်ရောက်မှာပေါ့။ စဉ်းစားမိတာလေးတွေရေးထားတယ်။ သိပြီးသားသူတွေအတွက်တော့ ဘာမှ အသစ်ဆန်းမပါပါဘူး။

ဆင်ဖြူ – လူတွေမှာ ခရုသင်းဆိုတဲ့ရောဂါရှိသလို တိရစ္ဆာန်တွေမှာလည်းရှိတယ်။ ခရုကနေစလို့ မျိုးနွယ်စိတ်တိုင်းမှာရှိတယ်။ မယ်လနင်လို့ခေါ်တဲ့ အမည်းရောင်ထုတ်တဲ့ဓာတ် မွေးရာပါ မပါလာတာ။

လုံးဝကို မပါလာတဲ့အမျိုးစားတွေဆိုရင် အကုန်လုံးဆွတ်ဆွတ် ဖြူတယ်။ တချို့ကလည်း ကွက်ကြားပါလာတာမျိုးရှိတယ်။ မယ်လနင်က နေရောင်ကိုကာကွယ်တယ်။ မပါလာတော့ အရေပြားကင်ဆာအဖြစ်များတယ်။

နဂါးပွက်တောင် – ရွှံ့မီးတောင် (Mud volcano) လို့ခေါ်တယ်။ ချော်ရည်ထွက်တဲ့မီးတောင်အစစ်လိုတော့မဟုတ်ဘူး။ အရမ်းနက်ရှိုင်းတဲ့နေရာကနေ လာတာလည်းမဟုတ်ဘူး။

အပေါ်ယံမျက်နှာလွှာနားမှာရှိတဲ့ရေတွေက လူတွေရေတွင်းတူးသုံးကြတယ်။ အဲဒီထက်နက်ရှိုင်းတဲ့အလွှာတွေမှာရှိတဲ့ရေက အပေါ်ကိုအပူရှိန်ကြောင့်တက်လာရင်း သဲ၊ ရွှံ၊ မြေသားတွေနဲ့တဖြည်းဖြည်း လုံးထွေးလာတာကနေ အပေါ်ကိုရောက်တော့ ပူလောင်နေတဲ့

ရွှံ့တွေကိုအန်ထုတ်တယ်။ ကမ္ဘာမြေအလွှာတွေရဲ့ ဖွဲ့စည်းပုံကိုသိရင် မြေအောက်ထဲက ဘာတွေထွက်လာနိုင်တယ်ဆိုတာလည်း သိနိုင်တယ်။

နေကြတ်၊ လကြတ် – ကမ္ဘာက နေကိုပတ်တယ်။ လက ကမ္ဘာကို နေနဲ့ကမ္ဘာကြားလမ်းကြောင်းတိုလေးကနေပတ်တယ်။ လဟာ ကမ္ဘာနဲ့ နေကြားကို တည့်တည့်ကြီးရောက်တဲ့အချိန်မှာ နေကြတ်တယ်။

နေ့ဘက်ဖြစ်နေပေမယ့် နေရဲ့အစိတ်အပိုင်းတစ်ခုကိုလက ဖုံးသွားတယ်။ လနဲ့နေကြား ကမ္ဘာက တည့်တည့်ကြီးရောက်ရင် လကြတ်တယ်။ နေကိုလကဖုံးရင် နေကြတ်ပြီးတော့ နေကို ကမ္ဘာက ဖုံးရင်တော့ လကြတ်တယ်။

နေထီးဆောင်း – သက်တန့်ရဲ့ သဘောသဘာဝကို သိပြီးဖြစ်လိမ့်မယ်။ နေမှာရောင်စဉ် ၇ခုပါတယ်။ မိုးရွာပြီးတဲ့အခါ ရေမှုန်တွေလေထဲမှာကျန်နေတယ်။ အဲဒီရေမှုန်တွေကိုနေရောင်ထိုးတော့ ရောင်စဉ် ၇ ခုနဲ့ သက်တန့်ဖြစ်တယ်။

နေထီးဆောင်းတာလည်း ဒီသဘောပဲ။ ကောင်းကင်အမြင့်ပေ ၂သောင်းလောက်မှာရှိတဲ့ တိမ်တိုက်မှာ သေးငယ်ပြီးကြည်လင်တဲ့ရေခဲမှုန်လေးတွေဖြစ်တယ်။ အဲဒါကိုဖြတ်ပြီးနေရောင်က အောက်ဆင်းလာတော့ အလင်းက ဘေးပတ်လည်ကိုဖျာထွက်သွားပြီး

ကွင်းလေးလိုဖြစ်နေတယ်။ နေထီးဆောင်းတာကျတော့ အဲဒီတိမ်တိုက်ပတ်ဝန်းကျင်လောက်ကပဲမြင်နိုင်တယ်။ တစ်နေရာတည်းကပဲ ကြည့်လို့ရတယ်။

လူရေပေါ် ပေါ်ခြင်း – တချို့ဟာတွေမှာ ရေပေါ်ပေါ်လို့ တန်ခိုးရှိတယ်ဆိုပြီး အထူးဆန်းဖြစ်နေကြတာတွေ့လိမ့်မယ်။ ရေမကူးတတ်ပေမယ့်လည်း လူရေပေါ်ပေါ်နေနိုင်ဖို့အတွက် ဆားထုပ်ကြီးကြီးပဲလိုတယ်။

ပင်လယ်သေ (Dead sea) ဆိုတဲ့နေရာရှိတယ်။ တကယ့်ပင်လယ်အစစ်မဟုတ်ဘူး။ ဆားရေအိုင်ဖြစ်နေတာ။ ပင်လယ်သေမှာရှိတဲ့ ဆားရေပျော်ဝင်မှုဟာ အရမ်းများတဲ့အတွက် တခြားပင်လယ်တွေထက်ပိုငန်တယ်။ ပက်လက်နေရင် လူရေပေါ်မှာပေါ်နေလို့ရတယ်။

ရိုးရိုးရေမှာတောင် ရေကူးတတ်တဲ့သူတစ်ဦးက ပက်လက်နေရင် လှုပ်ရှားစရာမလိုဘဲ ရေပေါ်ပေါ်နိုင်တယ်။ အဲဒီရေထဲကို ဆားများများထည့်ရင် ဆားပျော်ဝင်မှုများပြီး ရေက ပျစ်လာတာကြောင့် လူခန္ဓာကိုယ်ကို မမြုပ်အောင်ထိန်းထားနိုင်တယ်။

ရေပူစမ်း – နှစ်မျိုးရှိတယ်။ မီးတောင်အရှင်နားက ရေပူစမ်းတွေက ချော်ရည်နဲ့အနီးကပ်ထိတွေ့နိုင်လို့ အရမ်းပူတယ်။ ရေဆင်းချိုးရင် သေသွားနိုင်လောက်အောင်ပူတယ်။ နောက်တစ်မျိုးက မီးတောင်အနားမှာမဟုတ်ဘူး။

မြေလွှာအောက်က ကျောက်တုံးတွေက နက်ရှိုင်းလေ ဖိအားပိုများလေဆိုတော့ မီးဖုတ်ထားသလို ပူလောင်နေတယ်။ မြေအောက်ရေက အဲဒီနားထိရောက်နိုင်တယ်ဆိုရင် ကျောက်တုံးတွေနဲ့ထိတွေ့ပြီး ရေတွေက ပူလာတယ်။ ရေလမ်းကြောင်းအပေါ်ကိုရောက်တဲ့အခါ ရေပူစမ်းတွေဖြစ်လာတယ်။

ဒါက သဘာဝအလျောက်ဖြစ်နေတဲ့အရာတွေအကြောင်းပါ။ တခြားရော ဘာသိချင်သေးလဲ။ ဖြေရှင်းကြည့်ရအောင်။

ရေးသားသူ – ဒေါက်တာသူရိန်လှိုင်ဝင်း

crd,လေးစားစွာဖြင့်

Zawgyi

အရင္က ေရွး႐ိုးစြဲအယူဆေတြကို သိပၸံပညာက ေျဖရွင္းေပးႏိုင္တယ္။ အရင္တုန္းက နားမလည္လို႔ ေၾကာက္လို႔ မရွင္းျပႏိုင္လို႔ အစဥ္အဆက္စြဲခဲ့တဲ့အရာေတြအေပၚ

မဟုတ္ေၾကာင္း လက္ေတြ႕ျပႏိုင္ရင္ အေကာင္းအဆိုးကို ပိုင္းျခားသိျမင္ႏိုင္မႈက ပိုျမင့္လာတယ္။ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္နဲ႔ အျပဳအမူကို ျပဳလုပ္ႏိုင္မယ္။

ဥပမာ နဂါးပြက္ေတာင္ဆိုတာ ႐ႊံမီးေတာင္ပါလားဆိုတာကို သိသြားရင္ ဒါနဂါးေတြလုပ္ေနတာမဟုတ္ဘူး သဘာဝအတိုင္း႐ႊံ႕ေတြေပါက္ထြက္ေနတာပါလားဆိုတာသိမယ္။

နဂါးစာေကြၽးဖို႔မလိုရင္ ႏြားႏို႔ေတြဟာ မိဘမဲ့ကေလးေက်ာင္းေရာက္ရင္ေရာက္မွာေပါ့။ စဥ္းစားမိတာေလးေတြေရးထားတယ္။ သိၿပီးသားသူေတြအတြက္ေတာ့ ဘာမွ အသစ္ဆန္းမပါပါဘူး။

ဆင္ျဖဴ – လူေတြမွာ ခ႐ုသင္းဆိုတဲ့ေရာဂါရွိသလို တိရစာၦန္ေတြမွာလည္းရွိတယ္။ ခ႐ုကေနစလို႔ မ်ိဳးႏြယ္စိတ္တိုင္းမွာရွိတယ္။ မယ္လနင္လို႔ေခၚတဲ့ အမည္းေရာင္ထုတ္တဲ့ဓာတ္ ေမြးရာပါ မပါလာတာ။

လုံးဝကို မပါလာတဲ့အမ်ိဳးစားေတြဆိုရင္ အကုန္လုံးဆြတ္ဆြတ္ ျဖဴတယ္။ တခ်ိဳ႕ကလည္း ကြက္ၾကားပါလာတာမ်ိဳးရွိတယ္။ မယ္လနင္က ေနေရာင္ကိုကာကြယ္တယ္။ မပါလာေတာ့ အေရျပားကင္ဆာအျဖစ္မ်ားတယ္။

နဂါးပြက္ေတာင္ – ႐ႊံ႕မီးေတာင္ (Mud volcano) လို႔ေခၚတယ္။ ေခ်ာ္ရည္ထြက္တဲ့မီးေတာင္အစစ္လိုေတာ့မဟုတ္ဘူး။ အရမ္းနက္ရႈိင္းတဲ့ေနရာကေန လာတာလည္းမဟုတ္ဘူး။

အေပၚယံမ်က္ႏွာလႊာနားမွာရွိတဲ့ေရေတြက လူေတြေရတြင္းတူးသုံးၾကတယ္။ အဲဒီထက္နက္ရႈိင္းတဲ့အလႊာေတြမွာရွိတဲ့ေရက အေပၚကိုအပူရွိန္ေၾကာင့္တက္လာရင္း သဲ၊ ႐ႊံ၊ ေျမသားေတြနဲ႔တျဖည္းျဖည္း လုံးေထြးလာတာကေန အေပၚကိုေရာက္ေတာ့ ပူေလာင္ေနတဲ့

႐ႊံ႕ေတြကိုအန္ထုတ္တယ္။ ကမာၻေျမအလႊာေတြရဲ႕ ဖြဲ႕စည္းပုံကိုသိရင္ ေျမေအာက္ထဲက ဘာေတြထြက္လာႏိုင္တယ္ဆိုတာလည္း သိႏိုင္တယ္။

ေနၾကတ္၊ လၾကတ္ – ကမာၻက ေနကိုပတ္တယ္။ လက ကမာၻကို ေနနဲ႔ကမာၻၾကားလမ္းေၾကာင္းတိုေလးကေနပတ္တယ္။ လဟာ ကမာၻနဲ႔ ေနၾကားကို တည့္တည့္ႀကီးေရာက္တဲ့အခ်ိန္မွာ ေနၾကတ္တယ္။

ေန႔ဘက္ျဖစ္ေနေပမယ့္ ေနရဲ႕အစိတ္အပိုင္းတစ္ခုကိုလက ဖုံးသြားတယ္။ လနဲ႔ေနၾကား ကမာၻက တည့္တည့္ႀကီးေရာက္ရင္ လၾကတ္တယ္။ ေနကိုလကဖုံးရင္ ေနၾကတ္ၿပီးေတာ့ ေနကို ကမာၻက ဖုံးရင္ေတာ့ လၾကတ္တယ္။

ေနထီးေဆာင္း – သက္တန႔္ရဲ႕ သေဘာသဘာဝကို သိၿပီးျဖစ္လိမ့္မယ္။ ေနမွာေရာင္စဥ္ ၇ခုပါတယ္။ မိုး႐ြာၿပီးတဲ့အခါ ေရမႈန္ေတြေလထဲမွာက်န္ေနတယ္။ အဲဒီေရမႈန္ေတြကိုေနေရာင္ထိုးေတာ့ ေရာင္စဥ္ ၇ ခုနဲ႔ သက္တန႔္ျဖစ္တယ္။

ေနထီးေဆာင္းတာလည္း ဒီသေဘာပဲ။ ေကာင္းကင္အျမင့္ေပ ၂ေသာင္းေလာက္မွာရွိတဲ့ တိမ္တိုက္မွာ ေသးငယ္ၿပီးၾကည္လင္တဲ့ေရခဲမႈန္ေလးေတြျဖစ္တယ္။ အဲဒါကိုျဖတ္ၿပီးေနေရာင္က ေအာက္ဆင္းလာေတာ့ အလင္းက ေဘးပတ္လည္ကိုဖ်ာထြက္သြားၿပီး

ကြင္းေလးလိုျဖစ္ေနတယ္။ ေနထီးေဆာင္းတာက်ေတာ့ အဲဒီတိမ္တိုက္ပတ္ဝန္းက်င္ေလာက္ကပဲျမင္ႏိုင္တယ္။ တစ္ေနရာတည္းကပဲ ၾကည့္လို႔ရတယ္။

လူေရေပၚ ေပၚျခင္း – တခ်ိဳ႕ဟာေတြမွာ ေရေပၚေပၚလို႔ တန္ခိုးရွိတယ္ဆိုၿပီး အထူးဆန္းျဖစ္ေနၾကတာေတြ႕လိမ့္မယ္။ ေရမကူးတတ္ေပမယ့္လည္း လူေရေပၚေပၚေနႏိုင္ဖို႔အတြက္ ဆားထုပ္ႀကီးႀကီးပဲလိုတယ္။

ပင္လယ္ေသ (Dead sea) ဆိုတဲ့ေနရာရွိတယ္။ တကယ့္ပင္လယ္အစစ္မဟုတ္ဘူး။ ဆားေရအိုင္ျဖစ္ေနတာ။ ပင္လယ္ေသမွာရွိတဲ့ ဆားေရေပ်ာ္ဝင္မႈဟာ အရမ္းမ်ားတဲ့အတြက္ တျခားပင္လယ္ေတြထက္ပိုငန္တယ္။ ပက္လက္ေနရင္ လူေရေပၚမွာေပၚေနလို႔ရတယ္။

႐ိုး႐ိုးေရမွာေတာင္ ေရကူးတတ္တဲ့သူတစ္ဦးက ပက္လက္ေနရင္ လႈပ္ရွားစရာမလိုဘဲ ေရေပၚေပၚႏိုင္တယ္။ အဲဒီေရထဲကို ဆားမ်ားမ်ားထည့္ရင္ ဆားေပ်ာ္ဝင္မႈမ်ားၿပီး ေရက ပ်စ္လာတာေၾကာင့္ လူခႏၶာကိုယ္ကို မျမဳပ္ေအာင္ထိန္းထားႏိုင္တယ္။

ေရပူစမ္း – ႏွစ္မ်ိဳးရွိတယ္။ မီးေတာင္အရွင္နားက ေရပူစမ္းေတြက ေခ်ာ္ရည္နဲ႔အနီးကပ္ထိေတြ႕ႏိုင္လို႔ အရမ္းပူတယ္။ ေရဆင္းခ်ိဳးရင္ ေသသြားႏိုင္ေလာက္ေအာင္ပူတယ္။ ေနာက္တစ္မ်ိဳးက မီးေတာင္အနားမွာမဟုတ္ဘူး။

ေျမလႊာေအာက္က ေက်ာက္တုံးေတြက နက္ရႈိင္းေလ ဖိအားပိုမ်ားေလဆိုေတာ့ မီးဖုတ္ထားသလို ပူေလာင္ေနတယ္။ ေျမေအာက္ေရက အဲဒီနားထိေရာက္ႏိုင္တယ္ဆိုရင္ ေက်ာက္တုံးေတြနဲ႔ထိေတြ႕ၿပီး ေရေတြက ပူလာတယ္။ ေရလမ္းေၾကာင္းအေပၚကိုေရာက္တဲ့အခါ ေရပူစမ္းေတြျဖစ္လာတယ္။

ဒါက သဘာဝအေလ်ာက္ျဖစ္ေနတဲ့အရာေတြအေၾကာင္းပါ။ တျခားေရာ ဘာသိခ်င္ေသးလဲ။ ေျဖရွင္းၾကည့္ရေအာင္။

ေရးသားသူ – ေဒါက္တာသူရိန္လႈိင္ဝင္း

crd,ေလးစားစြာျဖင့္