Unicode
ဈေးကြီးပေးဝယ်စားရသည့် ကြက်ဥပေါင်းပြုလုပ်နည်းလေး
ကြက်ဥပေါင်းပြုလုပ်နည်းလေး
သားသားမီးမီးတွေအတွက်က ကြက်ဥကို အခုလိုပေါင်းကျွေးရင် ကြိုက်နှစ်သက်ကြပါတယ်။လွယ်ကူမြန်ဆန်စွာ လုပ်ရလွယ် လွန်း တာမို့ ကြိုးစားကြည့်ကြပါနော်။
ဈေးကြီးပေးဝယ်စားနေရတဲ့ ကြက်ဥပေါင်း
ပါဝင်ပစ္စည်းများ
၁။ ကြက်ဥ \ ၁ဝလုံး(အဆင်ပြေသလို ၄လုံးလောက်လဲရတယ်)
၂။ ဆား လက်ဖက်ရည်တဇွန်း
၃။ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်းတဝက်
၄။ ခရုဆီ လက်ဘက်ရည်ဇွန်းတဇွန်း
၅။ ဆေးထိုးအပ် 20cc or 50 cc တချောင်း(မရှိရင် ကန်တော့နဲ့ ထည့်လို့ရ)
၆။ tissue စက္ကူ အနည်းငယ်(မရှိ လဲရ
ပြုလုပ်ပုံ
ကြက်ဥကို ချွန်နေသော ထိပ်ဘက်မှနေ၍ ဓားဖြင့် ဆေးထိုးအပ် ထိပ်ဝထက် အနည်းငယ်ပိုကျယ်သော အနေအထားဖြင့် ဖောက်ယူပါ။ အထဲမှရှိသော အစာများကို စုပ်ထုတ်ပါ။ ဇလုံတလုံးအတွင်းထည့်ပါ။
ဆား၊ ငရုတ်ကောင်း၊ခရုဆီ တို့ကို ရောထည့်၍ နာနာခေါက်ပါ။ ဆေးထိုးအပ်ဖြင့် စုပ်ယူပြီကြက်ဥခွံ့ လေးပုံ သုံးပုံပြည့်အောင်ပြန်ဖြည့်ပါ။ ပေါင်းမည့်အိုးကို ရေထည့်ပါ။
ပေါင်းခံမည့် ဇကာထဲတွင်တစ်ရှူးတစကိုအောက်မှခံပြီး ဖြည့်ထားသော ကြက်ဥကိုထည့်ပါ။ ကြက်ဥမလဲ၊မစောင်းစေရ။ ပေါင်းမည့်အိုး အဖုံးသည် မှန်အကြည်ဖြစ်လျှင် ပိုကောင်းပါသည်။ လျှပ်စစ် မီးဖို တွင် အပူချိန် ၈၀၀C ဖြင့် အိုးအဖုံးတွင် ရေငွေ့ သီးလာသည်အထိထားပါ။ အဖုံးကိုပြန်ပိတ်ပါ ။
နည်းနည်းရေငွေ့ သီးလာလျှင် ပြန်ဖွင့်ပါ။ စုစုပေါင်း ရေဆူသည်မှ ၁ဝမိနစ်ခန့် တည်ပေးပါ။တည်နေစဉ် အိုးဖုံးကို ရေငွေ့သီးလာသည်နှင့် ပိတ်လိုက်ဖွင့်လိုက် လုပ်ပေးရန် လိုပါသည်။ ကြက်ဥထိပ်မှနေ၍ သွားကြားထိုးတံဖြင့် ထိုးကြည့်ပါ။ အထဲသား ကျက်လျှင်မီးပိတ်၍ အိုးအပူရှိန်ဖြင့် ၁ဝမိနစ်ခန့်ထားပြီးမှ အအေးခံပါ။ နှစ်သက်ရာ အချဉ်နှင့်တွဲစားနိုင်ပါသည်။
ကြက်ဥနှင့်တွဲစားရန်
၁။ ပဲပုတ် ၂ချပ်ကို မီးအေးအေးနှင့်ကင် မှုန့်နေအောင် ထောင်း ပါ။ ငရုတ်သီး အလှော်ထောင်း(အကြက်မှုန့်)ထည့် ၊ဆား အနည်းငယ် ထည့် အရသာမှုန့်အနည်းငယ်ထည့် ပြီး တို့စားနိုင်ပါသည်။ မက်ခါသီးမှုန့် နှစ်သက်လျှင် အနည်းငယ် ထည့်ပေးလိုက်ပါ။
၂။ မန်ကျည်းသီးကို ပစ်ပစ်ဖျော် ၊ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းထောင်းထည့် သကြားအနည်းငယ်၊ဆား အနည်းငယ်၊ ဟင်းခပ်မှုန့်အနည်းငယ်ထည့်၍ လည်းတို့စားနိုင်ပါသည်။
ကြက်ဥကို ပေါင်းနေစဉ် အဖုံးကို မကြာမကြာဖွင့် ပေးရန်လိုပါသည်။အပူချိန်များလွန်းလျှင် ကြက်ဥများ ကွဲထွက်တတ်ပါသည်။ပေါင်းပြီးသား ကြက်ဥကို အခွံပြန်ခွာ ၄စိတ်ရအောင် လွှာယူပြီး အကင်တုတ်တွင်ထိုးသီကာ မီးအေးအေးနှင့် ကင်ပြီး ကြက်ဥကင် လုပ်စားနိုင်ပါသည်။
ကြက်ဥနှင့်တွဲစားရန်အတွက် နံပါတ်၁ နည်းမှာ ရှမ်းပြည်ဘက်မှသူများ နှစ်သက်သောနည်းဖြစ်ပြီး နံပါတ်၂ နည်းမှာအောက်မြန်မာပြည် ကရင်၊မွန် ဒေသဘက်မှနည်းဖြစ်သောကြောင့် နှစ်သက်ရာ ပြုလုပ်စားသုံးနိုင်ကြပါသည်။
ကြက်ဥမွှေစာတွင် ငရုတ်ကောင်းမှုန့်အစား တရုတ်မဆလာ (ရှောက်ကော ပတ်ကော )အမှုန့်ကို ပြောင်းလည်းထည့် ကြည့်ပါက အနံ့မွှေးစွာ တမျိုးလေး စားကောင်းပါသည်။
ကြက်ဥများထောင်ထည့်စဉ် ကြက်ဥတလုံးချင်း စီအောက်တွင် မီးဖိုချောင်းသုံး တစ်ရှူး များ အနည်းငယ်ခံပေးခြင်းက ကြက်ဥများ ပြိုလဲခြင်းမရှိအောင် ထိန်းပေးပါသည်။
Crd
Zawgyi
ေဈးႀကီးေပးဝယ္စားရသည့္ ၾကက္ဥေပါင္းျပဳလုပ္နည္းေလး
ၾကက္ဥေပါင္းျပဳလုပ္နည္းေလး
သားသားမီးမီးေတြအတြက္က ၾကက္ဥကို အခုလိုေပါင္းေကြၽးရင္ ႀကိဳက္ႏွစ္သက္ၾကပါတယ္။လြယ္ကူျမန္ဆန္စြာ လုပ္ရလြယ္ လြန္း တာမို႔ ႀကိဳးစားၾကည့္ၾကပါေနာ္။
ေစ်းႀကီးေပးဝယ္စားေနရတဲ့ ၾကက္ဥေပါင္း
ပါဝင္ပစၥည္းမ်ား
၁။ ၾကက္ဥ \ ၁ဝလုံး(အဆင္ေျပသလို ၄လုံးေလာက္လဲရတယ္)
၂။ ဆား လက္ဖက္ရည္တဇြန္း
၃။ င႐ုတ္ေကာင္း လက္ဖက္ရည္ဇြန္းတဝက္
၄။ ခ႐ုဆီ လက္ဘက္ရည္ဇြန္းတဇြန္း
၅။ ေဆးထိုးအပ္ 20cc or 50 cc တေခ်ာင္း(မရွိရင္ ကန္ေတာ့နဲ႔ ထည့္လို႔ရ)
၆။ tissue စကၠဴ အနည္းငယ္(မရွိ လဲရ
ျပဳလုပ္ပုံ
ၾကက္ဥကို ခြၽန္ေနေသာ ထိပ္ဘက္မွေန၍ ဓားျဖင့္ ေဆးထိုးအပ္ ထိပ္ဝထက္ အနည္းငယ္ပိုက်ယ္ေသာ အေနအထားျဖင့္ ေဖာက္ယူပါ။ အထဲမွရွိေသာ အစာမ်ားကို စုပ္ထုတ္ပါ။ ဇလုံတလုံးအတြင္းထည့္ပါ။
ဆား၊ င႐ုတ္ေကာင္း၊ခ႐ုဆီ တို႔ကို ေရာထည့္၍ နာနာေခါက္ပါ။ ေဆးထိုးအပ္ျဖင့္ စုပ္ယူၿပီၾကက္ဥခြံ႕ ေလးပုံ သုံးပုံျပည့္ေအာင္ျပန္ျဖည့္ပါ။ ေပါင္းမည့္အိုးကို ေရထည့္ပါ။
ေပါင္းခံမည့္ ဇကာထဲတြင္တစ္ရႉးတစကိုေအာက္မွခံၿပီး ျဖည့္ထားေသာ ၾကက္ဥကိုထည့္ပါ။ ၾကက္ဥမလဲ၊မေစာင္းေစရ။ ေပါင္းမည့္အိုး အဖုံးသည္ မွန္အၾကည္ျဖစ္လွ်င္ ပိုေကာင္းပါသည္။ လွ်ပ္စစ္ မီးဖို တြင္ အပူခ်ိန္ ၈၀၀C ျဖင့္ အိုးအဖုံးတြင္ ေရေငြ႕ သီးလာသည္အထိထားပါ။ အဖုံးကိုျပန္ပိတ္ပါ ။
နည္းနည္းေရေငြ႕ သီးလာလွ်င္ ျပန္ဖြင့္ပါ။ စုစုေပါင္း ေရဆူသည္မွ ၁ဝမိနစ္ခန႔္ တည္ေပးပါ။တည္ေနစဥ္ အိုးဖုံးကို ေရေငြ႕သီးလာသည္ႏွင့္ ပိတ္လိုက္ဖြင့္လိုက္ လုပ္ေပးရန္ လိုပါသည္။ ၾကက္ဥထိပ္မွေန၍ သြားၾကားထိုးတံျဖင့္ ထိုးၾကည့္ပါ။ အထဲသား က်က္လွ်င္မီးပိတ္၍ အိုးအပူရွိန္ျဖင့္ ၁ဝမိနစ္ခန႔္ထားၿပီးမွ အေအးခံပါ။ ႏွစ္သက္ရာ အခ်ဥ္ႏွင့္တြဲစားႏိုင္ပါသည္။
ၾကက္ဥႏွင့္တြဲစားရန္
၁။ ပဲပုတ္ ၂ခ်ပ္ကို မီးေအးေအးႏွင့္ကင္ မႈန႔္ေနေအာင္ ေထာင္း ပါ။ င႐ုတ္သီး အေလွာ္ေထာင္း(အၾကက္မႈန႔္)ထည့္ ၊ဆား အနည္းငယ္ ထည့္ အရသာမႈန႔္အနည္းငယ္ထည့္ ၿပီး တို႔စားႏိုင္ပါသည္။ မက္ခါသီးမႈန႔္ ႏွစ္သက္လွ်င္ အနည္းငယ္ ထည့္ေပးလိုက္ပါ။
၂။ မန္က်ည္းသီးကို ပစ္ပစ္ေဖ်ာ္ ၊ၾကက္သြန္ျဖဴ ၊င႐ုတ္သီးစိမ္းေထာင္းထည့္ သၾကားအနည္းငယ္၊ဆား အနည္းငယ္၊ ဟင္းခပ္မႈန႔္အနည္းငယ္ထည့္၍ လည္းတို႔စားႏိုင္ပါသည္။
ၾကက္ဥကို ေပါင္းေနစဥ္ အဖုံးကို မၾကာမၾကာဖြင့္ ေပးရန္လိုပါသည္။အပူခ်ိန္မ်ားလြန္းလွ်င္ ၾကက္ဥမ်ား ကြဲထြက္တတ္ပါသည္။ေပါင္းၿပီးသား ၾကက္ဥကို အခြံျပန္ခြာ ၄စိတ္ရေအာင္ လႊာယူၿပီး အကင္တုတ္တြင္ထိုးသီကာ မီးေအးေအးႏွင့္ ကင္ၿပီး ၾကက္ဥကင္ လုပ္စားႏိုင္ပါသည္။
ၾကက္ဥႏွင့္တြဲစားရန္အတြက္ နံပါတ္၁ နည္းမွာ ရွမ္းျပည္ဘက္မွသူမ်ား ႏွစ္သက္ေသာနည္းျဖစ္ၿပီး နံပါတ္၂ နည္းမွာေအာက္ျမန္မာျပည္ ကရင္၊မြန္ ေဒသဘက္မွနည္းျဖစ္ေသာေၾကာင့္ ႏွစ္သက္ရာ ျပဳလုပ္စားသုံးႏိုင္ၾကပါသည္။
ၾကက္ဥေမႊစာတြင္ င႐ုတ္ေကာင္းမႈန႔္အစား တ႐ုတ္မဆလာ (ေရွာက္ေကာ ပတ္ေကာ )အမႈန႔္ကို ေျပာင္းလည္းထည့္ ၾကည့္ပါက အနံ႔ေမႊးစြာ တမ်ိဳးေလး စားေကာင္းပါသည္။
ၾကက္ဥမ်ားေထာင္ထည့္စဥ္ ၾကက္ဥတလုံးခ်င္း စီေအာက္တြင္ မီးဖိုေခ်ာင္းသုံး တစ္ရႉး မ်ား အနည္းငယ္ခံေပးျခင္းက ၾကက္ဥမ်ား ၿပိဳလဲျခင္းမရွိေအာင္ ထိန္းေပးပါသည္။
Crd