“ေႁမြေဟာက္တစ္ေကာင္ေၾကာင့္ မထင္မွတ္ဘဲ ခ်မ္းသာလာခဲ့တဲ့ အမ်ိဳးသား”

Unicode

မြွေဟောက်ဆိုတဲ့ သတ္တဝါဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးနဲ့ အန္တရာယ်အများဆုံး သတ္တဝါထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ အဆိပ်ဟာ အလွန် ပြင်းထန်လွန်းတာကြောင့် အကိုက်ခံရတဲ့ သတ္တဝါဟာ မိနစ်ပိုင်းအတွင်း သေဆုံးသွားနိုင်ပါတယ်။

ယခုအချိန်ထိလည်း မြွေဟောက်ရဲ့ အဆိပ်နဲ့ ပက်သက်ပြီး ထိရောက်တဲ့ ဖြေဆေးကို မထုတ်လုပ်နိုင်ကြသေးပါဘူး။ မြွေဟောက်တွေကို အာရှတိုက်ကနိုင်ငံတော်တော်များများမှာ တွေ့နိုင်ပြီး လူကို အန္တရာယ် ပေးတတ်တဲ့ အကောင်တွေပဲ ဖြစ်ပါတယ်။

လူတစ်ချို့ကဆိုလျှင် မြွေဟောက်အကိုက်ခံရတာကြောင့် ခြေ၊လက် ဖြတ်ပစ်လိုက်ရပြီး ဆုံးရှုံးသွားကြရပါတယ်။ ဒီလို လူတွေအတွက် အလွန် အန္တရာယ်ပေးတဲ့ မြွေဟောက်တွေကို ကစားစရာ အရုပ်သဖွယ် သဘောထားပြီး နိုငိနိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့ အမျိုးသား တစ်ယောက်ရှိပါတယ်။

ဒီအမျိုးသားရဲ့ နာမည်ကတော့ Elies Lentorio လို့ ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို ဖိလစ်ပိုင်နိုင်ငံမှာ မြွေဟောက်ဘုရင်လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။

သူ ဘယ်လိုဖြစ်ပြီး ဒီလိုနာမည် ရသွားလဲဆိုတာကို ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖွယ်ရာ ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြစ်ပုံကတော့ တစ်ရက်မှာ Elies Lentorio ဟာ မှတ်တမ်းရုံးတစ်ခုကို သွားဖို့အတွက် ဆိုင်ကယ်နှိုးရန် ပြင်ဆင်လိုက်ချိန်မှာ စက်နှိုး၍ မရတာကြောင့် ဆိုင်ကယ် Tool Box ကို ဖွင့်ပြီး ဆီရှိ ၊ ရှိ စစ်ဖို့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအချိန် ဆိုင်ကယ် Tool Box ကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ မြွေဟောက်တစ်ကောင်ဟာ ရုတ်တရက် မြွေဟောက်တစ်ကောင် ထွက်လာပြီး သူ့ကို လှမ်းကိုက်လိုက်ပါတယ်။ ရုတ်တရက် လှမ်းကိုက်တာကြောင့် Eliesဟာ ရှောင်ချိန် မရှိဘဲ လက်ကိုကိုက်မိသွားပါတယ်။

ဒီအချိန်မှာ Elies ဟာ ဒေါသထွက်သွားပြီး မြွေဟောက်ရဲ့ ခေါင်းကို ကိုင်ပြီး ခေါင်းပြတ်ထွက် သွားသည်အထိ ကိုက်ပလိုက်ကာ မြွေဟောက်ရဲ့ သွေးတွေကိုပါ မျိုချလိုက်ပါတယ်။

ပြီးတော့ Elies ဟာ အိမ်ကို ပြန်လာခဲ့ပြီး ဘာမှမဖြစ်သလို နေခဲ့ပါပေမယ့် အိပ်ပျော်သွားတဲ့အချိန်မှာတော့ အဖျားတွေ တက်လာခဲ့ပါတယ်။ သိပ်မကြာခင်မျာပဲ သူ့နှုတ်ခမ်းတွေဟာ ပြာနှမ်းလာပြီး လက်တွေမှာလည်း အရည်ကြည်ဖုတွေ ထွက်လာပါတယ်။

ဒီလိုနဲ့ သူ့မိသားစုဟာ စိုးရိမ်လာပြီး Eliesကို ဆေးရုံသို့ ပို့လိုက်ပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်က သူ့ကို အမျိုးမျိုး စမ်းသပ်ခဲ့ပေမယ့် ဘာမှမဖြစ်သလို သူ့ရဲ့ နှလုံးဟာလည်း ကောင်းမွန်စွာ အလုပ်လုပ်နေပါတယ်။

ဒီလိုနဲ့ နောက်တစ်ရက် ကြာတဲ့အခါမှာတော့ ဆေးရုံကနေ သူ့ကို ဆင်းခွင့် ပြုလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ Elies ဟာ ဘာမြွေကိုက်ကိုက် ဘယ်လိုမှ မဖြစ်တော့ဘဲ အဆိပ်တတ်တာမျိုးလည်း မရှိတော့ပါဘူး။

သူ့ကို လက်ရှိမှာတော့ မြွေဟောက်ဘုရင်လို့ ခေါ်နေကြပြီး အိမ်တွင်း မြွေရှာဖွေရေးအတွက် သူ့ကို လူတွေက ငှားခဲ့ကြတာကြောင့် အရင်ကထက်တောင် ချမ်းသာလာနေပါပြီ။

Crd

Zawgyi

ေႁမြေဟာက္ဆိုတဲ့ သတၱဝါဟာ ကမာၻေပၚမွာ အဆိပ္အျပင္းဆုံးနဲ႔ အႏၲရာယ္အမ်ားဆုံး သတၱဝါထဲမွာ ပါဝင္ပါတယ္။ သူ႔ရဲ႕ အဆိပ္ဟာ အလြန္ ျပင္းထန္လြန္းတာေၾကာင့္ အကိုက္ခံရတဲ့ သတၱဝါဟာ မိနစ္ပိုင္းအတြင္း ေသဆုံးသြားႏိုင္ပါတယ္။

ယခုအခ်ိန္ထိလည္း ေႁမြေဟာက္ရဲ႕ အဆိပ္နဲ႔ ပက္သက္ၿပီး ထိေရာက္တဲ့ ေျဖေဆးကို မထုတ္လုပ္ႏိုင္ၾကေသးပါဘူး။ ေႁမြေဟာက္ေတြကို အာရွတိုက္ကႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ႏိုင္ၿပီး လူကို အႏၲရာယ္ ေပးတတ္တဲ့ အေကာင္ေတြပဲ ျဖစ္ပါတယ္။

လူတစ္ခ်ိဳ႕ကဆိုလွ်င္ ေႁမြေဟာက္အကိုက္ခံရတာေၾကာင့္ ေျခ၊လက္ ျဖတ္ပစ္လိုက္ရၿပီး ဆုံးရႈံးသြားၾကရပါတယ္။ ဒီလို လူေတြအတြက္ အလြန္ အႏၲရာယ္ေပးတဲ့ ေႁမြေဟာက္ေတြကို ကစားစရာ အ႐ုပ္သဖြယ္ သေဘာထားၿပီး ႏိုငိႏိုင္နင္းနင္း ကိုင္တြယ္ႏိုင္တဲ့ အမ်ိဳးသား တစ္ေယာက္ရွိပါတယ္။

ဒီအမ်ိဳးသားရဲ႕ နာမည္ကေတာ့ Elies Lentorio လို႔ ေခၚၿပီး ဖိလစ္ပိုင္ႏိုင္ငံသား တစ္ေယာက္ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူ႔ကို ဖိလစ္ပိုင္ႏိုင္ငံမွာ ေႁမြေဟာက္ဘုရင္လို႔ တင္စား ေခၚေဝၚၾကပါတယ္။

သူ ဘယ္လိုျဖစ္ၿပီး ဒီလိုနာမည္ ရသြားလဲဆိုတာကို ပရိသတ္ႀကီးအတြက္ စိတ္ဝင္စားဖြယ္ရာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ျဖစ္ပုံကေတာ့ တစ္ရက္မွာ Elies Lentorio ဟာ မွတ္တမ္း႐ုံးတစ္ခုကို သြားဖို႔အတြက္ ဆိုင္ကယ္ႏႈိးရန္ ျပင္ဆင္လိုက္ခ်ိန္မွာ စက္ႏႈိး၍ မရတာေၾကာင့္ ဆိုင္ကယ္ Tool Box ကို ဖြင့္ၿပီး ဆီရွိ ၊ ရွိ စစ္ဖို႔ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီအခ်ိန္ ဆိုင္ကယ္ Tool Box ကို ဖြင့္လိုက္တဲ့ အခ်ိန္မွာေတာ့ ေႁမြေဟာက္တစ္ေကာင္ဟာ ႐ုတ္တရက္ ေႁမြေဟာက္တစ္ေကာင္ ထြက္လာၿပီး သူ႔ကို လွမ္းကိုက္လိုက္ပါတယ္။ ႐ုတ္တရက္ လွမ္းကိုက္တာေၾကာင့္ Eliesဟာ ေရွာင္ခ်ိန္ မရွိဘဲ လက္ကိုကိုက္မိသြားပါတယ္။

ဒီအခ်ိန္မွာ Elies ဟာ ေဒါသထြက္သြားၿပီး ေႁမြေဟာက္ရဲ႕ ေခါင္းကို ကိုင္ၿပီး ေခါင္းျပတ္ထြက္ သြားသည္အထိ ကိုက္ပလိုက္ကာ ေႁမြေဟာက္ရဲ႕ ေသြးေတြကိုပါ မ်ိဳခ်လိုက္ပါတယ္။

ၿပီးေတာ့ Elies ဟာ အိမ္ကို ျပန္လာခဲ့ၿပီး ဘာမွမျဖစ္သလို ေနခဲ့ပါေပမယ့္ အိပ္ေပ်ာ္သြားတဲ့အခ်ိန္မွာေတာ့ အဖ်ားေတြ တက္လာခဲ့ပါတယ္။ သိပ္မၾကာခင္မ်ာပဲ သူ႔ႏႈတ္ခမ္းေတြဟာ ျပာႏွမ္းလာၿပီး လက္ေတြမွာလည္း အရည္ၾကည္ဖုေတြ ထြက္လာပါတယ္။

ဒီလိုနဲ႔ သူ႔မိသားစုဟာ စိုးရိမ္လာၿပီး Eliesကို ေဆး႐ုံသို႔ ပို႔လိုက္ပါတယ္။ ေဆး႐ုံေရာက္ေတာ့ ဆရာဝန္က သူ႔ကို အမ်ိဳးမ်ိဳး စမ္းသပ္ခဲ့ေပမယ့္ ဘာမွမျဖစ္သလို သူ႔ရဲ႕ ႏွလုံးဟာလည္း ေကာင္းမြန္စြာ အလုပ္လုပ္ေနပါတယ္။

ဒီလိုနဲ႔ ေနာက္တစ္ရက္ ၾကာတဲ့အခါမွာေတာ့ ေဆး႐ုံကေန သူ႔ကို ဆင္းခြင့္ ျပဳလိုက္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Elies ဟာ ဘာေႁမြကိုက္ကိုက္ ဘယ္လိုမွ မျဖစ္ေတာ့ဘဲ အဆိပ္တတ္တာမ်ိဳးလည္း မရွိေတာ့ပါဘူး။

သူ႔ကို လက္ရွိမွာေတာ့ ေႁမြေဟာက္ဘုရင္လို႔ ေခၚေနၾကၿပီး အိမ္တြင္း ေႁမြရွာေဖြေရးအတြက္ သူ႔ကို လူေတြက ငွားခဲ့ၾကတာေၾကာင့္ အရင္ကထက္ေတာင္ ခ်မ္းသာလာေနပါၿပီ။

Crd