ခ်စ္စရာေကာင္းလြန္းတဲ့ ဧရာမေခြးႀကီး ဂ်ဴဂ်ီရဲ႕ပံုေတြနဲ႔ တကမၻာလံုးကလူေတြကို အံ့ၾသၾကည္ႏူးေစခဲ့သူ

Unicode

ဧရာမခွေးအကြီးကြီးရဲ့ပုံတွေနဲ့ တစ်ကမ္ဘာလုံးကို ကြည်နူးစေခဲ့သူ။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) လူတွေသာ ခွေးလေးတွေလို ချစ်တတ်ရင် လောကကြီးက ပိုလှသွားမယ်လို့ ယုံကြည်ကြပါတယ်။

တကယ်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက ခွေးလေးတွေက လူတွေနဲ့အတူတူ နေထိုင်ပေးခဲ့ကြပြီး လူတဦးချင်းစီရဲ့ကမ္ဘာလောကကြီးကို အလှဆင်ပေးခဲ့ကြတာပါ။ ဒါဖြင့် ဒီလိုမျိုးအလှဆင်ပေးနေတဲ့ ခွေးလေးတွေ မဟုတ်တော့ဘဲ ခွေးအကြီးကြီးတွေ ဆိုရင်ကော

ဒီထက် ပိုမကောင်းသွားနိုင်ဘူးလား။ ချစ်စရာ ခွေးအကြီးကြီးတွေကို မြင်တွေ့နေရမယ့် ကမ္ဘာလောကြီးတစ်ခုပေါ့။ အပြင်မှာ တကယ် မဖြစ်နိုင်ပေမယ့် စိတ်ကူးယဉ်ကြည့်လို့ရအောင် ဓါတ်ပုံဆရာ ခရစ်ကလိုင်းက အခုလို ဖန်တီးပေးခဲ့ပါတယ်။

ဒီပုံလေးတွေကို ကြည့်ပြီး သူ့ကို မွေးရာပါ အနုပညာပါရမီရှင်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းကသာ မင်းတနေ့ ဓါတ်ပုံအနုပညာရှင်ဖြစ်မှာပဲလို့ သူ့ကို သွားပြောရင် လာနောက်နေတာလားဆိုပြီး ထထိုးပါလိမ့်မယ်။

အဲဒီအချိန်တုန်းက သူက ထရပ်ကားမောင်းသမား တဦးသာ ဖြစ်ခဲ့ပြီး ချစ်သူ ခရစ္စတင်းက ကင်မရာတလုံး လက်ဆောင်ပေးခဲ့လို့ ဟိုရိုက်ဒီရိုက် စလုပ်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ သူက ဓါတ်ပုံရိုက်တာကိုလည်း အဲဒီလောက်ကြီး ဝါသနာပါလှတာတော့ မဟုတ်ပြန်ပါဘူး။

အလုပ်အားချိန် များလွန်းနေလို့သာ ပျင်းပျင်းရှိတာနဲ့ ဟိုချိန်ဒီချိန် လုပ်ဖြစ်နေခဲ့တာပါ။ သူ့ဘဝကို ပြောင်းလဲသွားစေမယ့် နောက်ထပ် လက်ဆောင်တခုကို ခရစ္စတင်းက ပေးလာပြန်ပါတယ်။ အဲဒါကတော့ ခွေးလေးတစ်ကောင်ပါ။ ဒီလက်ဆောင်ကြောင့် သူမပျော်နိုင်ခဲ့သလို

စိတ်တောင် ညစ်သွားရပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တခုခုကို တာဝန်ယူနေရတာမျိုး သူမဖြစ်ချင်လို့ပါ။ ခွေးလေးတစ်ကောင်မွေးရင် အတော်လေး ကရိကထများပြီး အချိန်ကုန်မယ်ဆိုတာ သူကြိုသိနှင့်ထားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ သူထင်ခဲ့သလို

အဆိုးတွေ ချည်းပဲ မဟုတ်ခဲ့ပါဘူး။ ခွေးလေး ဂျူဂျီအပေါ် တခဏအတွင်းမှာပဲ သံယောဇဉ်တွေပိုလာခဲ့ပြီး သူ ရိုက်သမျှဓါတ်ပုံတွေက အရင်လို တွေ့ရာမြင်ရာမဟုတ်တော့ဘဲ ခွေးလေးဂျူဂျီရဲ့ပုံတွေ ဖြစ်လာခဲ့ပါတယ်။ ခွေးလေးဂျူဂျီအပေါ်ထားတဲ့ သူ့ရဲ့မေတ္တာတွေ ကြီးမားလာလေလေ

သူ့ရဲ့ဓါတ်ပုံလက်ရာတွေက ပိုပြီး ပြောင်မြောက်လာလေလေပါပဲ။ လူမှုကွန်ယက်တွေပေါ် ဓါတ်ပုံတွေ တင်လိုက်တိုင်း အားလုံးက တခဲနက်အားပေးကြပြီး ဆက်တင်ပေးဖို့ တောင်းဆိုလာကြပါတယ်။ ဒီလိုနဲ့ ခရစ်ကလိုင်းတစ်ယောက် ထရပ်ကားပေါ်ကနေ ဆင်းပြီး

ကင်မရာကို ပြောင်းကိုင်ရပါတော့တယ်။ သူ့ရဲ့ ခွေးလေး ဂျူဂျီကလည်း ကမ္ဘာကျော် ဖြစ်လာပါတော့တယ်။ မြင်သူတိုင်းကို ကြည်နူးသွားစေတဲ့ သူတို့ရဲ့ ပုံလေးတွေကို ခံစားကြည့်လိုက်ရအောင်နော်။

Crd

Zawgyi

ဧရာမေခြးအႀကီးႀကီးရဲ႕ပံုေတြနဲ႔ တစ္ကမၻာလံုးကို ၾကည္ႏူးေစခဲ့သူ။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) လူေတြသာ ေခြးေလးေတြလို ခ်စ္တတ္ရင္ ေလာကႀကီးက ပိုလွသြားမယ္လို႔ ယုံၾကည္ၾကပါတယ္။

တကယ္လည္း လြန္ခဲ့တဲ့ ႏွစ္ေပါင္းေသာင္းခ်ီကတည္းက ေခြးေလးေတြက လူေတြနဲ႔အတူတူ ေနထိုင္ေပးခဲ့ၾကၿပီး လူတဦးခ်င္းစီရဲ႕ကမာၻေလာကႀကီးကို အလွဆင္ေပးခဲ့ၾကတာပါ။ ဒါျဖင့္ ဒီလိုမ်ိဳးအလွဆင္ေပးေနတဲ့ ေခြးေလးေတြ မဟုတ္ေတာ့ဘဲ ေခြးအႀကီးႀကီးေတြ ဆိုရင္ေကာ

ဒီထက္ ပိုမေကာင္းသြားနိုင္ဘူးလား။ ခ်စ္စရာ ေခြးအႀကီးႀကီးေတြကို ျမင္ေတြ႕ေနရမယ့္ ကမာၻေလာႀကီးတစ္ခုေပါ့။ အျပင္မွာ တကယ္ မျဖစ္နိုင္ေပမယ့္ စိတ္ကူးယဥ္ၾကည့္လို႔ရေအာင္ ဓါတ္ပုံဆရာ ခရစ္ကလိုင္းက အခုလို ဖန္တီးေပးခဲ့ပါတယ္။

ဒီပုံေလးေတြကို ၾကည့္ၿပီး သူ႔ကို ေမြးရာပါ အႏုပညာပါရမီရွင္လို႔ ထင္ေနရင္ မွားသြားပါလိမ့္မယ္။ လြန္ခဲ့တဲ့ ေလးႏွစ္တုန္းကသာ မင္းတေန႔ ဓါတ္ပုံအႏုပညာရွင္ျဖစ္မွာပဲလို႔ သူ႔ကို သြားေျပာရင္ လာေနာက္ေနတာလားဆိုၿပီး ထထိုးပါလိမ့္မယ္။

အဲဒီအခ်ိန္တုန္းက သူက ထရပ္ကားေမာင္းသမား တဦးသာ ျဖစ္ခဲ့ၿပီး ခ်စ္သူ ခရစၥတင္းက ကင္မရာတလုံး လက္ေဆာင္ေပးခဲ့လို႔ ဟိုရိုက္ဒီရိုက္ စလုပ္ျဖစ္ခဲ့ပါတယ္။ တကယ္ေတာ့ သူက ဓါတ္ပုံရိုက္တာကိုလည္း အဲဒီေလာက္ႀကီး ဝါသနာပါလွတာေတာ့ မဟုတ္ျပန္ပါဘူး။

အလုပ္အားခ်ိန္ မ်ားလြန္းေနလို႔သာ ပ်င္းပ်င္းရွိတာနဲ႔ ဟိုခ်ိန္ဒီခ်ိန္ လုပ္ျဖစ္ေနခဲ့တာပါ။ သူ႔ဘဝကို ေျပာင္းလဲသြားေစမယ့္ ေနာက္ထပ္ လက္ေဆာင္တခုကို ခရစၥတင္းက ေပးလာျပန္ပါတယ္။ အဲဒါကေတာ့ ေခြးေလးတစ္ေကာင္ပါ။ ဒီလက္ေဆာင္ေၾကာင့္ သူမေပ်ာ္နိုင္ခဲ့သလို

စိတ္ေတာင္ ညစ္သြားရပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တခုခုကို တာဝန္ယူေနရတာမ်ိဳး သူမျဖစ္ခ်င္လို႔ပါ။ ေခြးေလးတစ္ေကာင္ေမြးရင္ အေတာ္ေလး ကရိကထမ်ားၿပီး အခ်ိန္ကုန္မယ္ဆိုတာ သူၾကိဳသိႏွင့္ထားခဲ့ပါတယ္။ ဒါေပမယ့္ တကယ္တမ္းေတာ့ သူထင္ခဲ့သလို

အဆိုးေတြ ခ်ည္းပဲ မဟုတ္ခဲ့ပါဘူး။ ေခြးေလး ဂ်ဴဂ်ီအေပၚ တခဏအတြင္းမွာပဲ သံေယာဇဥ္ေတြပိုလာခဲ့ၿပီး သူ ရိုက္သမွ်ဓါတ္ပုံေတြက အရင္လို ေတြ႕ရာျမင္ရာမဟုတ္ေတာ့ဘဲ ေခြးေလးဂ်ဴဂ်ီရဲ႕ပုံေတြ ျဖစ္လာခဲ့ပါတယ္။ ေခြးေလးဂ်ဴဂ်ီအေပၚထားတဲ့ သူ႕ရဲ႕ေမတၱာေတြ ႀကီးမားလာေလေလ

သူ႔ရဲ႕ဓါတ္ပုံလက္ရာေတြက ပိုၿပီး ေျပာင္ေျမာက္လာေလေလပါပဲ။ လူမႈကြန္ယက္ေတြေပၚ ဓါတ္ပုံေတြ တင္လိုက္တိုင္း အားလုံးက တခဲနက္အားေပးၾကၿပီး ဆက္တင္ေပးဖို႔ ေတာင္းဆိုလာၾကပါတယ္။ ဒီလိုနဲ႔ ခရစ္ကလိုင္းတစ္ေယာက္ ထရပ္ကားေပၚကေန ဆင္းၿပီး

ကင္မရာကို ေျပာင္းကိုင္ရပါေတာ့တယ္။ သူ႕ရဲ႕ ေခြးေလး ဂ်ဴဂ်ီကလည္း ကမာၻေက်ာ္ ျဖစ္လာပါေတာ့တယ္။ ျမင္သူတိုင္းကို ၾကည္ႏူးသြားေစတဲ့ သူတို႔ရဲ႕ ပုံေလးေတြကို ခံစားၾကည့္လိုက္ရေအာင္ေနာ္။

Crd