Unicode
ားဖြစ်သူ မွေးထားတဲ့ သိန်းကျော်တန် ငါးကို ကြော်စား ပစ်တဲ့ ဖခင်။ ကိုယ်တန်ဖိုးထားပြီး အချိန်အတော်ကြာ မွေးထားရတဲ့ ငါးကို မိသားစုဝင်တစ်ယောက်က
ကြော်စားပစ်လိုက်တယ် ဆိုတဲ့ခံစားချက်ကို ငါးမွေးသူတွေပဲ နားလည်တတ်မှာပါ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်တဲ့ Bayu အမည်ရှိတဲ့အမျိုး သားဟာ သူ့ရဲ့အဖြစ်အပျက်ကို
ပြန်လည်ဝေမျှခဲ့ပါတယ် အဖြစ်အပျက်ကတော့ Bayuဟာ အသက် ၄နှစ်အရွယ် Arowana အမျိုးအစားငါးကို 800,000 ရူပီးယား (မြန်မာငွေ ၈ သောင်းကျော်) တန်ဖိုးရှိတဲ့ ငါးတစ်ကောင်ကို
ဝယ်ယူပြီးနောက် သူနဲ့အတူ ၂ နှစ်ခန့် မွေးထားခဲ့ပါတယ်။ သို့ပေမဲ့လည်း တစ်ရက်မှာတော့ Bayu ဟာ သူ၏ငါးကန်ဟာ အတော်လေးသေးနေလို့ဆိုပြီး ငါးကို သူ၏မိဘအိမ်ဆီသို့ယူဆောင်ပြီး
ငါးကန်အကျယ်လေးမှာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ Bayu ရဲ့ဖခင်ဖြစ်သူမှာတော့ ငါးကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး။ Arowana ငါးဟာ ပုံမှန်ဆိုရင် ပုရစ်ကောင်နှင့် ကင်းခြေများတို့ကို စားလေ့ရှိပေမဲ့လည်း
Bayu ရဲ့ဖခင်ဟာ ငါးကို အိမ်မြောင်တွေသာ အမြဲကျွေးခဲ့ပါတယ်။ ထို့ကြောင့် ငါးရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးဝါးလာခဲ့ပြီးနောက်ပိုင်း ငါးလေးရဲ့မျက်လုံးဟာ မမြင်ရတော့ပါဘူး။ ငါးရဲ့မျက်လုံး
ပြန်မြင်အောင် Bayu ဟာ ငါးကိုဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ Bayu ရဲ့ညီငယ်တစ်ယောက်ဟာ ဖခင်ဖြစ်သူက အဆိုပါ ငါးလေးကိုကြော်စားနေတဲ့ ဓာတ်ပုံကို
ပို့လာခဲ့ပါတယ် အဆိုပါဓာတ်ပုံကို မြင်လိုက်ချိန်မှာ Bayu ဟာ အတော်စိတ်ဆိုး ဒေါသထွက်ခဲ့ပေမဲ့လည်း ငါးလေး သေသွားပြီဆိုတာကိုလက်ခံခဲ့ရပါတော့တယ် အဆိုပါ ငါးကြော်ကိုတော့ သူ၏ ဖခင်
တစ်ဦးတည်းကသာ စားခဲ့ပါတယ်။ ယခုချိန်မှာတော့ အဆိုပါငါး၏ပေါက်ဈေးမှာ မြန်မာငွေ ၂ သိန်းကျော်ခန့် ရှိနေပြီဖြစ်ပြီး Bayu ကတော့ ပြန်ရောင်းဖို့မွေးမြူခဲ့တာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
Crd
Zawgyi
ားျဖစ္သူ ေမြးထားတဲ့ သိန္းေက်ာ္တန္ ငါးကို ေၾကာ္စား ပစ္တဲ့ ဖခင္။ ကိုယ္တန္ဖိုးထားၿပီး အခ်ိန္အေတာ္ၾကာ ေမြးထားရတဲ့ ငါးကို မိသားစုဝင္တစ္ေယာက္က
ေၾကာ္စားပစ္လိုက္တယ္ ဆိုတဲ့ခံစားခ်က္ကို ငါးေမြးသူေတြပဲ နားလည္တတ္မွာပါ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီးရွားနိုင္ငံမွာ ေနထိုင္တဲ့ Bayu အမည္ရွိတဲ့အမ်ိဳး သားဟာ သူ႕ရဲ႕အျဖစ္အပ်က္ကို
ျပန္လည္ေဝမွ်ခဲ့ပါတယ္ အျဖစ္အပ်က္ကေတာ့ Bayuဟာ အသက္ ၄ႏွစ္အ႐ြယ္ Arowana အမ်ိဳးအစားငါးကို 800,000 ႐ူပီးယား (ျမန္မာေငြ ၈ ေသာင္းေက်ာ္) တန္ဖိုးရွိတဲ့ ငါးတစ္ေကာင္ကို
ဝယ္ယူၿပီးေနာက္ သူနဲ႔အတူ ၂ ႏွစ္ခန႔္ ေမြးထားခဲ့ပါတယ္။ သို႔ေပမဲ့လည္း တစ္ရက္မွာေတာ့ Bayu ဟာ သူ၏ငါးကန္ဟာ အေတာ္ေလးေသးေနလို႔ဆိုၿပီး ငါးကို သူ၏မိဘအိမ္ဆီသို႔ယူေဆာင္ၿပီး
ငါးကန္အက်ယ္ေလးမွာ ေျပာင္းေ႐ႊ႕ေပးခဲ့ပါတယ္။ Bayu ရဲ႕ဖခင္ျဖစ္သူမွာေတာ့ ငါးကိုလုံးဝဂ႐ုမစိုက္ခဲ့ပါဘူး။ Arowana ငါးဟာ ပုံမွန္ဆိုရင္ ပုရစ္ေကာင္ႏွင့္ ကင္းေျခမ်ားတို႔ကို စားေလ့ရွိေပမဲ့လည္း
Bayu ရဲ႕ဖခင္ဟာ ငါးကို အိမ္ေျမာင္ေတြသာ အၿမဲေကြၽးခဲ့ပါတယ္။ ထို႔ေၾကာင့္ ငါးရဲ႕ က်န္းမာေရးအေျခအေနဟာ ဆိုးဝါးလာခဲ့ၿပီးေနာက္ပိုင္း ငါးေလးရဲ႕မ်က္လုံးဟာ မျမင္ရေတာ့ပါဘူး။ ငါးရဲ႕မ်က္လုံး
ျပန္ျမင္ေအာင္ Bayu ဟာ ငါးကိုေဆးခန္းသို႔ ေခၚေဆာင္သြားခဲ့ပါေသးတယ္။ တစ္ရက္မွာေတာ့ Bayu ရဲ႕ညီငယ္တစ္ေယာက္ဟာ ဖခင္ျဖစ္သူက အဆိုပါ ငါးေလးကိုေၾကာ္စားေနတဲ့ ဓာတ္ပုံကို
ပို႔လာခဲ့ပါတယ္ အဆိုပါဓာတ္ပုံကို ျမင္လိုက္ခ်ိန္မွာ Bayu ဟာ အေတာ္စိတ္ဆိုး ေဒါသထြက္ခဲ့ေပမဲ့လည္း ငါးေလး ေသသြားၿပီဆိုတာကိုလက္ခံခဲ့ရပါေတာ့တယ္ အဆိုပါ ငါးေၾကာ္ကိုေတာ့ သူ၏ ဖခင္
တစ္ဦးတည္းကသာ စားခဲ့ပါတယ္။ ယခုခ်ိန္မွာေတာ့ အဆိုပါငါး၏ေပါက္ေဈးမွာ ျမန္မာေငြ ၂ သိန္းေက်ာ္ခန႔္ ရွိေနၿပီျဖစ္ၿပီး Bayu ကေတာ့ ျပန္ေရာင္းဖို႔ေမြးျမဴခဲ့တာ မဟုတ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။
Crd