သူမခံစားနေရသော စိတ်ဒဏ်ရာကိုကုသရန်အတွက် သစ်ပင်ပေါင်း ၈၀၀၀ကျော်ကို တယုတယ စိုက်ပျိုးခဲ့သော အဖွား

Unicode

လူတိုင်းတွင် အဆင်မပြေ ခက်ခဲမှုဆိုတာ ကိုယ်စီရှိကြပြီး အရှုံးမပေးပဲ အဆင်ပြေနိုင်မည့်နည်းလမ်းကိုရှာဖွေတတ်ပါက စိတ်ချမ်းသာရာရနိုင်သည်။

ယခုတွင်လည်း အိန္ဒိယနိုင်ငံ Karnatakaပြည်နယ်တွင် နေထိုင်သော အသက်၁၀၀နှစ်အရွယ် အဖွားအိုတစ်ဦးသည် ဆင်းရဲနွမ်းပါးသော မိသားစုမှ မွေးဖွားလာရ၍ ငယ်စဉ်လေးတည်းက ကျောင်းလည်းမတက်ခဲ့ရကာ စာမတတ်တာကြောင့် ရပ်ကွက်ထဲတွင် အနှိမ်ခံဖြစ်ခဲ့ရသည်။

အဖွားအိုသည် ဆင်းရဲနွမ်းပါးသောဘဝကနေ အိမ်ထောင်အစောပြုခဲ့ပြီး ကလေးယူဖို့ကြိုးစားခဲ့ကြပေမယ့် ရောဂါအခံကြောင့် အသက်သာကြီးသွားသော်လည်း ကိုယ်ဝန်မဆောင်နိုင်ခြင်းဖြင့် အများက အထင်သေးအကြည့်တွေကြည့်တာမျိုးခံခဲ့ရပြန်သည်။

အဖွားအိုသည် ကလေးမရနိုင်လို့ လူအများကဲ့ရဲ့ရှုံ့ချမှုတွေနဲ့ စိတ်ဒဏ်ရာရရှိခဲ့ပြီး ကိုယ့်ကိုယ်ကိုပင် လောကကြီးထဲကထွက်သွားဖို့ထိ စဉ်းစားခဲ့ပြီးမှ သူမအားစိတ်ပျော်ရွှင်စေမည့်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

အဖွားအိုသည် ရွာလမ်းလေးတစ်လျှောက် ညှောင်ပင်နဲ့ ထင်းရှူးပင်အချို့ စိုက်ပျိုးခဲ့ပြီး ထိုသစ်ပင်လေးတွေကိုလည်း သူမရဲ့ကလေးလေးတွေအဖြစ်သဘောထားကာ ဂရုစိုက်ပျိုးထောင်ပေးခဲ့သည်။

ထိုအချိန်ကစပြီး အဖွားအိုသည် စိတ်ပုံမှန်ပြန်ဖြစ်လာပြီး သစ်ပင်ပေါင်း၈၀၀၀ကျော်လောက်စိုက်ပျိုးနိုင်ခဲ့ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုံ့ဆော်မှုတစ်ခုအနေနဲ့ နိုင်ငံတော်ကပင် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။

Crd

Zawgyi







Crd