နေရောင်ခြည်စွမ်းအင်နဲ့ ရွေ့လျားနိုင်သော ကားတစ်စီးကို တီထွင်ဖန်တီးခဲ့သည့် လူငယ်လေး

Unicode

အချို့သောလူငယ်များရဲ့ တီထွင်ဖန်တီးယူဆချက်များသည် လိုက်လို့မမှီအောင် ဆန်းကြယ်လွန်းပြီး မဖြစ်နိုင်ပူးဟုထင်ထားရသော အရာများကို အောင်မြင်စွာ လုပ်ကိုင်နိုင်ခြင်းက ချီးကျူးစရာကောင်းသည်။

ယခုတွင်လည်း အာဖရိကရှိ အသက်၂၅နှစ်အရွယ် လူငယ်တစ်ဦးသည် တက္ကသိုလ်တစ်ခုကနေ ဘူမိဗေဒဘွဲ့ကိုရရှိခဲ့ပြီး သူ့ရဲ့ဝါသနာအရ လမ်းဘေးမှာစွန့်ပစ်ထားသည့် ပစ္စည်းဟောင်းများကို လိုက်စုကာ သွားရေးလာရေးအဆင်ပြေနိုင်သော ကားတစ်စီးအဖြစ် ပြောင်းလဲပြုလုပ်ခဲ့သည်။

လူငယ်လေးသည် နေရောင်ခြည်စွမ်းအင်နဲ့သာ အသုံးပြုပြီးတော့ တစ်နာရီကို ၁၅ကီလိုမီတာနှုန်းနဲ့ ရွေ့လျားသွားလာနိုင်သော ကားတစ်စီးကို ၃နှစ်အကြာ တီထွင်ဖန်တီးခဲ့သည်။

လူငယ်လေးသည် မဖွံ့ဖြိုးသေးသော သူ့ရဲ့ရပ်ရွာမှာ အသုံးပြုများသော ဆိုလာပြားနဲ့ ကိုယ်တိုင်ဖန်တီးထားသော စက်အင်ဂျင်နဲ့ ကိုယ်လိုရာခရီးသို့ အေးချမ်းစွာ သွားရောက်နိုင်အောင် တီထွင်ခဲ့ခြင်းဖြင့် လေးစားချီးကျူးဖွယ်ကောင်းလှသည်။

Crd

Zawgyi





Crd