Unicode
စတိုးဆိုင်ကဲ့သို့ အနည်းငယ်ကြီးသော ဈေးဆိုင်တိုင်းတွင် အကြွေမရှိတဲ့ ပြသနာဟာ ကမ္ဘာတစ်ခုလုံးတွင်ဖြစ်ပေါ်နေခဲ့ပါတယ်။ အကြွေမရှိသည့်အချိန်မျိုးတွင် ဆိုင်ရှင်တို့ဟာ ချိုချဉ်များကိုပြန်အမ်းငွေအနေဖြင့် ပေးလေ့ရှိခဲ့တာဖြစ်ပါတယ်။
ယခုတွင်လည်း အဖွားအိုတစ်ဦးဟာ သူမဈေးဝယ်သည့်အခါတိုင်း အကြွေးအမ်းတာကို ပြန်မရဘဲ ချိုချဉ်ဘဲအမြဲရနေခဲ့ပုံပေါ်ပါတယ်။ထို့ကြောင့်လည်း ဈေးဝယ်သည့်အချိန်တွင် လိုချင်သည့်ပစ္စည်းအနည်းငယ်ကို ယူဆောင်ခဲ့ပါတယ်။
ငွေရှင်းကောင်တာတွင် ငွေရှင်းသောအခါ ပိုက်ဆံမထုတ်ဘဲ ပလပ်စတစ်အိတ်ကလေးဖြင့်ထည့်လာသော ချိုချဉ်တွေကိုသာ ပေးဆောင်နေခဲ့တာဖြစ်ပါတယ်။
အဖွား၏ ဈေးဝယ်ရာတွင် ပိုက်ဆံရှင်းလိုက်သည့်ပုံကြောင့် အခြားဈေးဝယ်သူများဟာလည်းအတော်လေးသဘောကျနေခဲ့ပါတယ်။ဆိုင်ရှင်များအနေဖြင့်လည်း ချိုချဉ်အမ်းခဲ့ပြီး ချိုချဉ်ဖြင့်ဝယ်ယူတာကို လက်ခံပေးမှ တအားမျှတမည်ဟု ထင်မြင်မိပေသည်။
Crd
Zawgyi