ခ်စ္ဇနီး(၂၇)ဦးနဲ႔အတူ ေပါင္းသင္းေနထုိင္ၿပီး၊ သားသမီး (၁၅၀)ဦးအထိ ရယူထားတဲ့အဖုိးအုိ

Unicode

ကမ္ဘာ့မယားအများဆုံးခင်ပွန်းတစ်ဦး သို့မဟုတ် ကမ္ဘာ့ကလေးအများဆုံးမိသားစုတစ်ခုရဲ့ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ Winston Blackmore အကြောင်းကို စာဖတ်သူကြီး တီးမိခေါက်မိရှိမယ်ထင်ပါတယ်။

သူဟာ ကနေဒါနိုင်ငံ၊ Blackmore , British Columbia မှာနေထိုင်တဲ့ သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး၊ တရားဝင်မယား (၂၇)ယောက်အထိရှိကာ သားသမီး (၁၅၀)အထိ ရှိပါတယ်။ အိမ်ထောင်ဘက်ဇနီး မြောက်များစွာရှိသူကို Polygamist လို့ ခေါ်ပါတယ်။

အခုဆို Winston ဟာ သူတို့မျိုးရိုးစဉ်ဆက်က တည်ထောင်ခဲ့တဲ့ဂိုဏ်းမှာ Bishop (ဂိုဏ်းအုပ်)ရာထူးတောင် ရယူထားပါပြီ။ သူဟာ အသက်(၆၄)နှစ်တောင် ရှိပြီဖြစ်ပြီး၊ မယား(၂၇)ယောက်ထဲမှာ အသက်မပြည့်သူတွေလည်း ပါဝင်ခဲ့တာကြောင့် အမှုတွေ ရင်ဆိုင်နေရဆဲပါ။

မယားအမြောက်အများယူတဲ့သူတွေဖွဲ့စည်းထားတဲ့ Latter Day Saint မှာလည်း သူက ဥက္ကဋ္ဌဖြစ်ပါတယ်။ သူ့ကို ကနေဒါရဲ့လူသိအများဆုံး မယားပေါသူကြီးလို့တောင် သတင်းတွေက တင်စားကြပါတယ်။

သူဟာ မယားများတဲ့နေရာမှာ ဖခင်နဲ့ ဦးလေးအမွေကို ဆက်ခံခဲ့တယ်လို့ ဆိုရမှာပါ။ ဘလက်မိုးက မယားများသူအသိုင်းအဝိုင်းကို- Winston ရဲ့ဖခင်ဖြစ်တဲ့ Ray Blackmore နဲ့ ဘကြီးဖြစ်သူ Harold Blackmore တို့က စတင်တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းတော့ Ray က Harold ကို အသင်းကနေ ထုတ်ပယ်ဖို့

အချိန်အတန်ကြာ ကြိုးစားခဲ့ရပြီး၊ နောက်ဆုံး ဒီအသိုင်းအဝိုင်းကြီးကို ခြယ်လှယ်အုပ်စိုးနိုင်တဲ့ အကြီးဆုံးရာထူးကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ သားဖြစ်သူ Winston ကလည်း ရေကန်အသင့် ကြာအသင့် ဖခင်ရဲ့အရိုက်အရာကို ဆက်ခံခဲ့တာပါ။

ဖခင် Ray ကလည်း မယားပေါင်း (၃၀)ကျော်ရှိခဲ့ပြီး၊ သားသမီးကတော့ Winston လောက် မထွန်းကားခဲ့ပါဘူး။ Winston ကိုတော့ Anna Mae Blackmore အမည်ရ မယားနဲ့ မွေးခဲ့တာဖြစ်ပါတယ်။ သားသမီး(၁၃)ယောက်ယောက်အနက် Winston က နဝမမြောက်ဖြစ်ပါတယ်။ သားတွေအားလုံးထဲမှာ Winston က အချစ်ခံရဆုံးဖြစ်ခဲ့လို့-

အခုလို ထိပ်ပိုင်းကို ရောက်လာခဲ့တာပါ။ သူရဲ့ လက်ရှိအသက်အငယ်ဆုံးဇနီးနှစ်ဦးရှိပြီး အခုမှ အသက်(၁၉)နှစ်ပဲ ရှိပါသေးတယ်။ သူတို့နှစ်ယောက်ဟာ (၂၀၁၇)ခုနှစ်ကတည်းက မယားဘဝ ရောက်ခဲ့ပြီး၊ ထိုစဉ်က အသက်(၁၅)နှစ်သာ ရှိပါသေးတယ်။

အဲဒီတုန်းကတည်းက သက်ဆိုင်ရာက Winston ကို အမှုတွဲတင်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့အသင်းအဖွဲ့ဟာ သက်ဆိုင်ရာအစိုးရဆီကနေ တရားဝင်အသင်းအဖွဲ့လက်မှတ် ရထားလို့ လုပ်ရကိုင်ရ ခက်နေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်(၂)စုကျော်က ဒီလူမှုရေးအဝန်းအဝိုင်းကြီးမှာ ထိပ်သီးပိုင်းနေရာကိုရောက်ချင်လို့ နေရာလုချင်တဲ့ ဆွေမျိုးသားချင်းတွေ ရှိခဲ့ပါသေးတယ်။ ထိုစဉ်တုန်းက ဒီအဝန်းအဝိုင်းကနေ ခွဲထွက်ဖို့ကြိုးစားသူတွေ ရှိခဲ့သော်လည်း အခုတော့ အားလုံး စည်းစည်းလုံးလုံး ဖြစ်နေဆဲပါ။

Crd

Zawgyi

ကမာၻ႔မယားအမ်ားဆုံးခင္ပြန္းတစ္ဦး သို႔မဟုတ္ ကမာၻ႔ကေလးအမ်ားဆုံးမိသားစုတစ္ခုရဲ႕ အိမ္ေထာင္ဦးစီးတစ္ဦးျဖစ္တဲ့ Winston Blackmore အေၾကာင္းကို စာဖတ္သူႀကီး တီးမိေခါက္မိရွိမယ္ထင္ပါတယ္။

သူဟာ ကေနဒါႏိုင္ငံ၊ Blackmore , British Columbia မွာေနထိုင္တဲ့ သင္းအုပ္ဆရာတစ္ဦးျဖစ္ၿပီး၊ တရားဝင္မယား (၂၇)ေယာက္အထိရွိကာ သားသမီး (၁၅၀)အထိ ရွိပါတယ္။ အိမ္ေထာင္ဘက္ဇနီး ေျမာက္မ်ားစြာရွိသူကို Polygamist လို႔ ေခၚပါတယ္။

အခုဆို Winston ဟာ သူတို႔မ်ိဳး႐ိုးစဥ္ဆက္က တည္ေထာင္ခဲ့တဲ့ဂိုဏ္းမွာ Bishop (ဂိုဏ္းအုပ္)ရာထူးေတာင္ ရယူထားပါၿပီ။ သူဟာ အသက္(၆၄)ႏွစ္ေတာင္ ရွိၿပီျဖစ္ၿပီး၊ မယား(၂၇)ေယာက္ထဲမွာ အသက္မျပည့္သူေတြလည္း ပါဝင္ခဲ့တာေၾကာင့္ အမႈေတြ ရင္ဆိုင္ေနရဆဲပါ။

မယားအေျမာက္အမ်ားယူတဲ့သူေတြဖြဲ႕စည္းထားတဲ့ Latter Day Saint မွာလည္း သူက ဥကၠ႒ျဖစ္ပါတယ္။ သူ႔ကို ကေနဒါရဲ႕လူသိအမ်ားဆုံး မယားေပါသူႀကီးလို႔ေတာင္ သတင္းေတြက တင္စားၾကပါတယ္။

သူဟာ မယားမ်ားတဲ့ေနရာမွာ ဖခင္နဲ႔ ဦးေလးအေမြကို ဆက္ခံခဲ့တယ္လို႔ ဆိုရမွာပါ။ ဘလက္မိုးက မယားမ်ားသူအသိုင္းအဝိုင္းကို- Winston ရဲ႕ဖခင္ျဖစ္တဲ့ Ray Blackmore နဲ႔ ဘႀကီးျဖစ္သူ Harold Blackmore တို႔က စတင္တည္ေထာင္ခဲ့တာပါ။ ေနာက္ပိုင္းေတာ့ Ray က Harold ကို အသင္းကေန ထုတ္ပယ္ဖို႔

အခ်ိန္အတန္ၾကာ ႀကိဳးစားခဲ့ရၿပီး၊ ေနာက္ဆုံး ဒီအသိုင္းအဝိုင္းႀကီးကို ျခယ္လွယ္အုပ္စိုးႏိုင္တဲ့ အႀကီးဆုံးရာထူးကို ရယူႏိုင္ခဲ့ပါတယ္။ အဲဒီလိုနဲ႔ သားျဖစ္သူ Winston ကလည္း ေရကန္အသင့္ ၾကာအသင့္ ဖခင္ရဲ႕အ႐ိုက္အရာကို ဆက္ခံခဲ့တာပါ။

ဖခင္ Ray ကလည္း မယားေပါင္း (၃၀)ေက်ာ္ရွိခဲ့ၿပီး၊ သားသမီးကေတာ့ Winston ေလာက္ မထြန္းကားခဲ့ပါဘူး။ Winston ကိုေတာ့ Anna Mae Blackmore အမည္ရ မယားနဲ႔ ေမြးခဲ့တာျဖစ္ပါတယ္။ သားသမီး(၁၃)ေယာက္ေယာက္အနက္ Winston က နဝမေျမာက္ျဖစ္ပါတယ္။ သားေတြအားလုံးထဲမွာ Winston က အခ်စ္ခံရဆုံးျဖစ္ခဲ့လို႔-

အခုလို ထိပ္ပိုင္းကို ေရာက္လာခဲ့တာပါ။ သူရဲ႕ လက္ရွိအသက္အငယ္ဆုံးဇနီးႏွစ္ဦးရွိၿပီး အခုမွ အသက္(၁၉)ႏွစ္ပဲ ရွိပါေသးတယ္။ သူတို႔ႏွစ္ေယာက္ဟာ (၂၀၁၇)ခုႏွစ္ကတည္းက မယားဘဝ ေရာက္ခဲ့ၿပီး၊ ထိုစဥ္က အသက္(၁၅)ႏွစ္သာ ရွိပါေသးတယ္။

အဲဒီတုန္းကတည္းက သက္ဆိုင္ရာက Winston ကို အမႈတြဲတင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူတို႔အသင္းအဖြဲ႕ဟာ သက္ဆိုင္ရာအစိုးရဆီကေန တရားဝင္အသင္းအဖြဲ႕လက္မွတ္ ရထားလို႔ လုပ္ရကိုင္ရ ခက္ေနတယ္လို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ဆယ္စုႏွစ္(၂)စုေက်ာ္က ဒီလူမႈေရးအဝန္းအဝိုင္းႀကီးမွာ ထိပ္သီးပိုင္းေနရာကိုေရာက္ခ်င္လို႔ ေနရာလုခ်င္တဲ့ ေဆြမ်ိဳးသားခ်င္းေတြ ရွိခဲ့ပါေသးတယ္။ ထိုစဥ္တုန္းက ဒီအဝန္းအဝိုင္းကေန ခြဲထြက္ဖို႔ႀကိဳးစားသူေတြ ရွိခဲ့ေသာ္လည္း အခုေတာ့ အားလုံး စည္းစည္းလုံးလုံး ျဖစ္ေနဆဲပါ။

Crd