
Unicode

လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးပဲ အောင်မြင်သည့် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်လာခဲ့သော မိန်းကလေး(ရုပ်သံ)

အင်္ဂလန်နိုင်ငံ ဒါဘီမြို့တွင် နေထိုင်သော အသက်၁၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ခြေထောက်၊ လက်မပါပဲ မသန်စွမ်းဖြစ်နေသော်လည်း You Tube ချန်နယ်တွင် နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

မိန်းကလေးသည် အသက်၇နှစ်သမီးအရွယ်တွင် ဦးနှောက်အမြှေးပါးရောင်ရောဂါရှိခဲ့ပြီး ကိုယ်လက်အင်္ဂါနှင့်ပက်သက်ပြီး ချို့ယွင်းချက်တွေရှိနေခဲ့ရာ သူမရဲ့အသက်ကို ကယ်တင်ဖို့ရာအတွက် ခြေထောက်နှစ်ဖက်လုံးနှင့် လက်နှစ်ဖက်လုံးကို ဖြတ်တောက်ပစ်လိုက်ရသည်။

မိန်းကလေးသည် သူမရဲ့ ဘဝဖြစ်တည်မှုမှာ မယုံနိုင်လောက်အောင် နေ့ချင်းညချင်းပြောင်းလဲသွားတာကြောင့် အလွန်အမင်း စိတ်ဓာတ်ကျခဲ့ရသော်လည်း အနားမှာအားပေးစကားအမြဲပြောခဲ့သည့် မိဘနှစ်ပါးရှိနေ၍ အရှုံးမပေးပဲ လေ့ကျင့်ယူခဲ့သည်။

မိန်းကလေးသည် အသက်၁၄နှစ်အရွယ်မှာပဲ You Tubeတွင် အစားစားပြခြင်း၊ ဖုန်းသုံးပြခြင်းနှင့် အလှပြင်ခြင်းတို့ကို မျှဝေခဲ့ရာ တဖြည်းဖြည်း လူသိများလာခဲ့ပြီး သူမကိုယ်တိုင်ကလည်း အလှအပရေးရာနှင့် ပက်သက်ပြီးတော့ ကျွမ်းကျင်စွာ လေ့လာသင်ယူခဲ့ပြီး လက်ရှိတွင် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

crd

Vedio

Zawgyi






crd