သံလိုက္စြမ္းအား႐ွင္ျဖစ္ခ်င္လိုက္ သံလိုက္အလံုးေပါင္း 54 ခုမ်ိဳခ်ခဲ့တဲ့ ေကာင္ေလး

Unicode

အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ အသက် 12နှစ်အရွယ် Rhiley Morrison အမည်ရှိတဲ့ကောင်လေးဟာ သံလိုက်အလုံးပေါင်း 54 ခုကိုမျိုချခဲ့တဲ့အတွက် အရေပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ Rhiley ဟာ မိခင်ဖြစ်သူကိူ မတော်တဆ သံလိုက် 2 လုံးမျိုချမိလိုက်ကြောင်း ပြောပြခဲ့ပါတယ် ။ မိခင်ကလည်း ဆေးရုံသို့ခေါ်ဆောင်သွားပြီး X-rays ရိုက်ကြည့်ခဲ့ချိန်မှာတော့ သံလိုက်အတော်များများကို မျိုချထားမှန်းတွေ့လိုက်ရပါတော့တယ် ။

ဆရာဝန်တွေက သံလိုက်အလုံပေါင်း 25 -30 ခုအထိ မျိုချထားတာလို့ ခန့်မှန်းထားပေမဲ့လည်း 6 နာရီကြာခွဲစိတ်ကုသမှု ခံယူအပြီးမှာတော့ သံလိုက်အလုံးပေါင်း 54 ခု မျိုချထားမှန်း သိခဲ့ရပါတယ် ။

မိခင်ရဲ့ပြောပြချက်အရ Rhiley ဟာ စိတ်ဝေဒနာရှင်လေးဖြစ်ပြီး ၊ အထီးကျန်စိတ်ဝေဒနာ ခံစားနေရသူပါ ။ သို့ပေမဲ့လည်း သိပ္ပံဘာသာရပ်ကို အတော်လေးစိတ်ဝင်စားပြီး ပြီးခဲ့တဲ့ ခရစ်စမတ်က

သံလိုက်နဲ့ပြုလုပ်ထားတဲ့အရုပ်မျိုး ဝယ်ပေးဖို့ မိခင်ကို ပူဆာခဲ့ဖူးပါတယ် ။ သို့ပေမဲ့လည်း သူ့ရဲ့မုန့်ဖိုးနဲ့နောက်ဆုံး အခုလို သံလိုက်အလုံးလေးတွေ ဝယ်ယူလာခဲ့တာပါ ။ ကလေးသဘာဝအရ စူးစမ်းလိုစိတ်တွေကြောင့် ယခုလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း မိခင်ကပြောပြခဲ့ပါတယ် ။

Crd

Zawgyi

အဂၤလန္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 12ႏွစ္အ႐ြယ္ Rhiley Morrison အမည္ရွိတဲ့ေကာင္ေလးဟာ သံလိုက္အလုံးေပါင္း 54 ခုကိုမ်ိဳခ်ခဲ့တဲ့အတြက္ အေရေပၚခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္ ။

ျဖစ္စဥ္ကေတာ့ Rhiley ဟာ မိခင္ျဖစ္သူကိူ မေတာ္တဆ သံလိုက္ 2 လုံးမ်ိဳခ်မိလိုက္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ မိခင္ကလည္း ေဆး႐ုံသို႔ေခၚေဆာင္သြားၿပီး X-rays ႐ိုက္ၾကည့္ခဲ့ခ်ိန္မွာေတာ့ သံလိုက္အေတာ္မ်ားမ်ားကို မ်ိဳခ်ထားမွန္းေတြ႕လိုက္ရပါေတာ့တယ္ ။

ဆရာဝန္ေတြက သံလိုက္အလုံေပါင္း 25 -30 ခုအထိ မ်ိဳခ်ထားတာလို႔ ခန႔္မွန္းထားေပမဲ့လည္း 6 နာရီၾကာခြဲစိတ္ကုသမႈ ခံယူအၿပီးမွာေတာ့ သံလိုက္အလုံးေပါင္း 54 ခု မ်ိဳခ်ထားမွန္း သိခဲ့ရပါတယ္ ။

မိခင္ရဲ႕ေျပာျပခ်က္အရ Rhiley ဟာ စိတ္ေဝဒနာရွင္ေလးျဖစ္ၿပီး ၊ အထီးက်န္စိတ္ေဝဒနာ ခံစားေနရသူပါ ။ သို႔ေပမဲ့လည္း သိပၸံဘာသာရပ္ကို အေတာ္ေလးစိတ္ဝင္စားၿပီး ၿပီးခဲ့တဲ့ ခရစ္စမတ္က

သံလိုက္နဲ႔ျပဳလုပ္ထားတဲ့အ႐ုပ္မ်ိဳး ဝယ္ေပးဖို႔ မိခင္ကို ပူဆာခဲ့ဖူးပါတယ္ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕မုန႔္ဖိုးနဲ႔ေနာက္ဆုံး အခုလို သံလိုက္အလုံးေလးေတြ ဝယ္ယူလာခဲ့တာပါ ။ ကေလးသဘာဝအရ စူးစမ္းလိုစိတ္ေတြေၾကာင့္ ယခုလိုအျဖစ္မ်ိဳးႀကဳံေတြ႕ခဲ့ရတာျဖစ္ေၾကာင္း မိခင္ကေျပာျပခဲ့ပါတယ္ ။

Crd