Unicode
ဆပ်ပြာနဲ့ ရေနေ့တိုင်းချိုးပြီး ပုခက်ထဲတွင်သာ အိပ်စက်လေ့ရှိကာ အိမ်ထဲကို သူစိမ်းဝင်လာရင် အချက်ပေးတတ်တဲ့ ချစ်စဖွယ် ကြက်ဖလေး (ရုပ်သံ)
ဗီယက်နမ်နိုင်ငံမှ အသက်၃၃နှစ်အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦးသည် ဝါးကြက်လေးတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဝယ်ယူမွေးခဲ့ရာတွင်
သခင်ဖြစ်သူရဲ့စကားကို နာခံမှုရှိပြီး အလိုက်တသိ ပြုမူနေထိုင်တတ်ခြင်းတို့ကြောင့် တစ်မိသားစုလုံးက ကြက်လေးအား သွေးသားရင်းပမာ ဝိုင်းချစ်နေကြသည်။
ကြက်ဖလေးသည် အိမ်သို့ဝယ်ယူပြန်ခဲ့စဉ်က အလေးချိန် ၁ကီလိုဂရမ်သာရှိသော်လည်း ၂နှစ်ကြာပြုစုကျွေးမွေးခဲ့ပြီးနောက်
၂ကီလိုဂရမ်ကျော်ရှိလာခဲ့ပြီး အဖြူရောင် အမွှေးအတောင်များနှင့်အတူ နီရဲနေသော အမောက်လေးနှင့် အရမ်းလှပကာ ချစ်စရာကောင်းနေသည်။
ကြက်ဖလေး၏ထူးခြားချက်မှာ ကလေးငယ်တွေလို သခင်ဖြစ်သူဆီမှာ အရမ်းချွဲတတ်ပြီး
ကိုယ်ပေါ်မှာ ပွေ့ချီကာ ပွတ်သပ်နေခြင်းကို သဘောကျပြီး ပုခက်လေးထဲတွင်သာ ကောင်းမွန်စွာ အိပ်စက်လေ့ရှိသည်။
ထို့အပြင် ကြက်ဖလေးသည် နေ့တိုင်း ဆပ်ပြာမွှေးလေးနဲ့အတူ ရေချိုးရခြင်းကို နှစ်သက်ပြီး အိမ်သို့ အခြားသော သူစိမ်းဧည့်သည်များ
သခင်ဖြစ်သူမသိပဲ ဝင်ရောက်သည့်အခါ အချက်ပေးသံများပြုလုပ်တတ်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ပေးလေ့ရှိကာ တစ်ရွာလုံးမှ မွေးစားချင်နေကြသည်။
crd
Zawgyi
ဆပ္ျပာနဲ႔ ေရေန႔တိုင္းခ်ိဳးၿပီး ပုခက္ထဲတြင္သာ အိပ္စက္ေလ့ရွိကာ အိမ္ထဲကို သူစိမ္းဝင္လာရင္ အခ်က္ေပးတတ္တဲ့ ခ်စ္စဖြယ္ ၾကက္ဖေလး (႐ုပ္သံ)
ဗီယက္နမ္ႏိုင္ငံမွ အသက္၃၃ႏွစ္အ႐ြယ္ အိမ္ေထာင္သည္ အမ်ိဳးသားတစ္ဦးသည္ ဝါးၾကက္ေလးတစ္ေကာင္ကို အိမ္ေမြးတိရစာၦန္အျဖစ္ ဝယ္ယူေမြးခဲ့ရာတြင္
သခင္ျဖစ္သူရဲ႕စကားကို နာခံမႈရွိၿပီး အလိုက္တသိ ျပဳမူေနထိုင္တတ္ျခင္းတို႔ေၾကာင့္ တစ္မိသားစုလုံးက ၾကက္ေလးအား ေသြးသားရင္းပမာ ဝိုင္းခ်စ္ေနၾကသည္။
ၾကက္ဖေလးသည္ အိမ္သို႔ဝယ္ယူျပန္ခဲ့စဥ္က အေလးခ်ိန္ ၁ကီလိုဂရမ္သာရွိေသာ္လည္း ၂ႏွစ္ၾကာျပဳစုေကြၽးေမြးခဲ့ၿပီးေနာက္
၂ကီလိုဂရမ္ေက်ာ္ရွိလာခဲ့ၿပီး အျဖဴေရာင္ အေမႊးအေတာင္မ်ားႏွင့္အတူ နီရဲေနေသာ အေမာက္ေလးႏွင့္ အရမ္းလွပကာ ခ်စ္စရာေကာင္းေနသည္။
ၾကက္ဖေလး၏ထူးျခားခ်က္မွာ ကေလးငယ္ေတြလို သခင္ျဖစ္သူဆီမွာ အရမ္းခြၽဲတတ္ၿပီး
ကိုယ္ေပၚမွာ ေပြ႕ခ်ီကာ ပြတ္သပ္ေနျခင္းကို သေဘာက်ၿပီး ပုခက္ေလးထဲတြင္သာ ေကာင္းမြန္စြာ အိပ္စက္ေလ့ရွိသည္။
ထို႔အျပင္ ၾကက္ဖေလးသည္ ေန႔တိုင္း ဆပ္ျပာေမႊးေလးနဲ႔အတူ ေရခ်ိဳးရျခင္းကို ႏွစ္သက္ၿပီး အိမ္သို႔ အျခားေသာ သူစိမ္းဧည့္သည္မ်ား
သခင္ျဖစ္သူမသိပဲ ဝင္ေရာက္သည့္အခါ အခ်က္ေပးသံမ်ားျပဳလုပ္တတ္ျခင္းျဖင့္ ကာကြယ္ေစာင့္ေရွာက္ေပးေလ့ရွိကာ တစ္႐ြာလုံးမွ ေမြးစားခ်င္ေနၾကသည္။
crd