ဘုရားေစတီမ္ားမြာ ဌာပနာ ထားရသၫ့္ေအၾကာင္းရင္း

Unicode

မိတ်ဆွေတို့ ဘဝမှာ အလှူဒါနတွေ အများကြီး ပြုလုပ်ခဲ့ဖူးကြမှာပါနည်းနည်းပဲ လှူနိုင်တာပဲ ဖြစ်ဖြစ် များများလှူနိုင်တာပဲ ဖြစ်ဖြစ် ဘယ်လိုပဲလှူလှူ စေတနာသဒ္ဓါတရားဖြူစင်ရင် ကြီးမားတဲ့ကုသိုလ်တွေ ရကြတာပါနော်

ခုဖော်ပြမဲ့ အကြောင်းအရာလေးကတော့ ပရိသတ်ကြီးတို့ သိထားသင့်တဲ့ ဘုရားစေတီ တည်တဲ့အခါ ဌာပနာ ထည့်သွင်းရခြင်းရဲ့ ရည်ရွယ်ချက်လေးပဲ ဖြစ်ပါတယ်

ဘာကြောင့် ဌာပနာတွေ ထည့်သွင်းပူဇော်ရတာလဲ တန်ဖိုးရှိရတနာတွေကို ဘုရားစေတီထဲမှာ ထည့်ရသလဲ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆရာတော် အရှင် ဒေါက်တာနန္ဒမာလာဘိဝံသက မိန့်ကြားတော်မူခဲ့ပါတယ် ဆရာတော်ဘုရားကြီးက မိန့်ရာမှာ “ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ထည့်ထားတာတုန်းတချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာနော်.ဘုရားထဲမှာ ဌာပနာတယ်

“ဌာပနာ”ဆိုတာ “ထည့်သွင်းခြင်း တည်ထားခြင်း”လို့ အဓိပ္ပါယ်ရတယ် အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း?”“နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး ပြောမှာပေါ့နော်..ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း.ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေ ထည့်တယ်

အခုခေတ်လည်း ထည့်တာပဲ…ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်… ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိတယ်..သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်” လို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူပါတယ်အဲဒီ ရည်ရွယ်ချက်အကြောင်းကို ဆရာတော်ဘုရားကြီးက မိန့်ရာမှာ

မြတ်စွာဘုရား ပရိနိဗ္ဗာန်‌စံတဲ့အခါ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကိုခွဲဝေပြီး ပေးလိုက်ပါတယ်တဲ့အဲဒီအခါမှာ ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားတယ် ဒီဓာတ်တော်တွေအတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီး ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်… ဓာတ်တော်တွေကို စုထည့်ထားတယ်

အဲဒီလို စုထည့်ထားပြီးမှ အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့် ထားပြီး စာရေးထားတယ် “နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး ပျက်စီးလို့ ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုလို့ရှိရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။”အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျရင် ပျက်စီးမှာပဲ maintenance လိုတယ်လေ၊maintenance အတွက် ထည့်ခဲ့တာ

ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့…maintenance အတွက် deposit လုပ်ထားခဲ့တာ…ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့..အဲဒီရည်ရွယ်ချက်ပဲနောက်ကျတော့ ဒီရည်ရွယ်ချက်က တစ်ဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲနော်… ဆိုပြီး ဆရာတော်ဘုရားကြီးက မိန့်တော်မူခဲ့ပါတယ်

ဒီလောက်ဆို ပရိသတ်ကြီးလည်း ဘာကြောင့် ဘုရားစေတီတည်တဲ့အခါ တန်ဖိုးရှိတဲ့ ဌာပနာ တွေ ထည့်သွင်းရသလဲ ဆိုတာကို နားလည်လောက်ပါပြီနော်မိတ်ဆွေတို့လည်း အလှူရေစက် လက်နဲ့ မကွာ လှူနိုင်တန်းနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Crd

Zawgyi

မိတ္ေဆြတို႔ ဘဝမွာ အလႉဒါနေတြ အမ်ားႀကီး ျပဳလုပ္ခဲ့ဖူးၾကမွာပါနည္းနည္းပဲ လႉနိုင္တာပဲ ျဖစ္ျဖစ္ မ်ားမ်ားလႉနိုင္တာပဲ ျဖစ္ျဖစ္ ဘယ္လိုပဲလႉလႉ ေစတနာသဒၶါတရားျဖဴစင္ရင္ ႀကီးမားတဲ့ကုသိုလ္ေတြ ရၾကတာပါေနာ္

ခုေဖာ္ျပမဲ့ အေၾကာင္းအရာေလးကေတာ့ ပရိသတ္ႀကီးတို႔ သိထားသင့္တဲ့ ဘုရားေစတီ တည္တဲ့အခါ ဌာပနာ ထည့္သြင္းရျခင္းရဲ႕ ရည္႐ြယ္ခ်က္ေလးပဲ ျဖစ္ပါတယ္

ဘာေၾကာင့္ ဌာပနာေတြ ထည့္သြင္းပူေဇာ္ရတာလဲ တန္ဖိုးရွိရတနာေတြကို ဘုရားေစတီထဲမွာ ထည့္ရသလဲ ဒီအေၾကာင္းနဲ႕ ပတ္သက္လို႔ ဆရာေတာ္ အရွင္ ေဒါက္တာနႏၵမာလာဘိဝံသက မိန႔္ၾကားေတာ္မူခဲ့ပါတယ္ ဆရာေတာ္ဘုရားႀကီးက မိန႔္ရာမွာ “ဘုရားထဲမွာ တန္ဖိုးရွိတာေတြ ဘာလို႔ထည့္ထားတာတုန္းတခ်ိဳ႕လည္းပဲ စဥ္းစားခ်င္မွ စဥ္းစားမွာေနာ္.ဘုရားထဲမွာ ဌာပနာတယ္

“ဌာပနာ”ဆိုတာ “ထည့္သြင္းျခင္း တည္ထားျခင္း”လို႔ အဓိပၸါယ္ရတယ္ အဲဒီေတာ့ ရတနာေတြ ဘာကိစၥ ဘုရားထဲမွာ ထည့္ၾကတာတုန္း?”“နိုင္ငံျခားသားေတြအျမင္နဲ႕ ၾကည့္ရင္ေတာ့ ဒါဟာ အက်ိဳးမရွိဘူး ေျပာမွာေပါ့ေနာ္..ဒါေတြ ထည့္လိုက္လို႔ ဘာအက်ိဳးရွိမွာတုန္း.ဘုရား႐ုပ္ပြားဆင္းတုေတာ္ထည့္တာေတာ့ ထားပါေတာ့ ရတနာေတြ ထည့္တယ္

အခုေခတ္လည္း ထည့္တာပဲ…ၾကည္ညိုတဲ့ ပုဂၢိဳလ္ေတြက ကိုယ့္သဒၶါတရားနဲ႕ ကိုယ္ ထည့္ၾကတယ္… ဘာအတြက္ထည့္တာလဲ ဆိုေတာ့ တစ္ခ်ိဳ႕က ၾကည္ညိုလို႔ လႉတာပဲ သိတယ္..သို႔ေသာ္ တကယ့္အစစ္အမွန္က ရည္႐ြယ္ခ်က္ရွိတယ္” လို႔ ဆရာေတာ္ဘုရားႀကီးက မိန႔္ေတာ္မူပါတယ္အဲဒီ ရည္႐ြယ္ခ်က္အေၾကာင္းကို ဆရာေတာ္ဘုရားႀကီးက မိန႔္ရာမွာ

ျမတ္စြာဘုရား ပရိနိဗၺာန္‌စံတဲ့အခါ ဘုရားရွင္ရဲ႕ ဓာတ္ေတာ္ေတြကို ရွစ္ျပည္ေထာင္မင္းေတြကိုခြဲေဝၿပီး ေပးလိုက္ပါတယ္တဲ့အဲဒီအခါမွာ ဓာတ္ေတာ္ေတြက ရွစ္ျပည္ေထာင္ ေရာက္သြားတယ္ ဒီဓာတ္ေတာ္ေတြအတြက္ အႏၲရာယ္ျဖစ္မွာစိုးလို႔ ရွင္မဟာကႆပတို႔က အဇာတသတ္မင္းနဲ႕တိုင္ပင္ၿပီး ဓာတ္ေတာ္တိုက္ႀကီးတစ္ခုလုပ္… ဓာတ္ေတာ္ေတြကို စုထည့္ထားတယ္

အဲဒီလို စုထည့္ထားၿပီးမွ အင္မတန္မွ တန္ဖိုးရွိတဲ့ ပတၱျမားတစ္လုံးကို အဲဒီထဲမွာထည့္ ထားၿပီး စာေရးထားတယ္ “ေနာင္တစ္ခ်ိန္က်ရင္ ဒီဓာတ္ေတာ္တိုက္ႀကီး ပ်က္စီးလို႔ ျပင္ဆင္ဖို႔အတြက္ ေငြေၾကးမတတ္နိုင္ဘူးဆိုလို႔ရွိရင္ ဒီပတၱျမားတုံးႀကီးကို ေရာင္းခ်ၿပီး ျပဳျပင္ပါတဲ့။”အဲဒီေတာ့ ရတနာေတြ ထည့္သြင္းထားခဲ့တယ္ဆိုတဲ့ အဓိပၸါယ္ဟာ သခၤါရသေဘာတရားအရ တစ္ေန႕က်ရင္ ပ်က္စီးမွာပဲ maintenance လိုတယ္ေလ၊maintenance အတြက္ ထည့္ခဲ့တာ

ဒီလိုဆိုလို႔ရွိရင္ေတာ့ ရည္႐ြယ္ခ်က္ေကာင္းတယ္ေပါ့…maintenance အတြက္ deposit လုပ္ထားခဲ့တာ…ဒါေတြကိုယူၿပီး ဘုရားျပင္ရမယ္ေပါ့..အဲဒီရည္႐ြယ္ခ်က္ပဲေနာက္က်ေတာ့ ဒီရည္႐ြယ္ခ်က္က တစ္ျဖည္းျဖည္း ေပ်ာက္လာတဲ့ သေဘာပဲေနာ္… ဆိုၿပီး ဆရာေတာ္ဘုရားႀကီးက မိန႔္ေတာ္မူခဲ့ပါတယ္

ဒီေလာက္ဆို ပရိသတ္ႀကီးလည္း ဘာေၾကာင့္ ဘုရားေစတီတည္တဲ့အခါ တန္ဖိုးရွိတဲ့ ဌာပနာ ေတြ ထည့္သြင္းရသလဲ ဆိုတာကို နားလည္ေလာက္ပါၿပီေနာ္မိတ္ေဆြတို႔လည္း အလႉေရစက္ လက္နဲ႕ မကြာ လႉနိုင္တန္းနိုင္ၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္

Crd