Unicode
ပျောက်ဆုံးသွားခဲ့တဲ့ကလေးကို ရှာဖွေရန်အတွက် အိမ်မွေးခွေးများနှင့်အတူ ကီလိုမီတာ ၃၀၀ ကျော်ခရီးကို ခြေလျင်လျှောက်ခဲ့တဲ့ အဘွားတစ်ဦး
ခရီးတိုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ Negros Occidental ပြည်နယ်ရှိ Bacolod မြို့မှကိုယ်ပိုင်ကားမောင်းသူတစ်ဦးဟာ ကီလိုမီတာ ၂၁၀ ကွာတဲ့ Negros Oriental ပြည်နယ်ရှိ Dumaguete မြို့သို့ရောက်ရန် အချိန် ၆ နာရီခန့်ကြာပါတယ်။သို့ပေမဲ့သင့်ရဲ့ပစ္စည်းတွေကိုသယ်ပြီး
သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်တွေကိုပါတစ်ပြိုင်နက်တည်း ဂရုစိုက်ရင်း ဒီအကွာအဝေးလောက်ရှိတဲ့ခရီးကိုလမ်းလျှောက်နိုင်မယ်လို့ သင့်စိတ်ကူးကြည့်နိုင်ပါသလား
သို့ပေမဲ့ ဒီအရာကို ပျောက်နေတဲ့ကလေးကိုရှာဖို့ စိတ်ဝေဝါးနေခဲ့တဲ့အမေတစ်ယောက်က လုပ်ခဲ့ပါတယ်။ ဒေသခံအချို့က လမ်းဘေးတစ်နေရာမှာ သူမရဲ့ခွေးလေးများအား ချစ်စရာကောင်းတဲ့အဝတ်များဝတ်ထားပေးတဲ့အဘွားအိုတစ်ဦးကို သ တိထားမိခဲ့ကြပြီး
ပူအိုက်တဲ့ရာသီဥတုကြီးမှာ အင်္ကျီအထပ်ထပ်နှင့် အပြင်ဖက်မှာ ပါးလွှာတဲ့ကုတ်အင်္ကျီနှင့်အတူ ဝမ်းနည်းဖွယ်အသွင်အပြင်နှင့် သူမရဲ့ပိုင်ဆိုင်မှုပစ္စည်းများကြောင့် ဒေသခံများက သူမကို အရူးလိုထင်ခဲ့ကြပြီး ဂရုမပြုဘဲ နေခဲ့ကြပါတယ်။
Netizen တစ်ဦးဖြစ်တဲ့ Sheena Cordova Buquiran က သူမအား highway လမ်းမကြီးမှာတွေ့လိုက်တဲ့အခါ ၎င်းအရာဟာပြောင်းလဲသွားခဲ့ပါတယ်။
အစပိုင်းမှာ ဒေသခံအများစုလိုပဲ Sheena က အဘွားကိုအရူးလို့ထင်ခဲ့ပြီး Dumaguete မြို့မှ ၁၇ ကီလိုမီတာခန့်အကွာဝေးရှိတဲ့ San Jose ခရိုင်မှာ သူမရဲ့ခွေးလေးများနှင့်လမ်းလျှောက်နေတဲ့ အဆိုပါအဘွားတစ်ဦးကိုတွေ့ခဲ့ရပါတယ်။
နောက်တစ်နေ့တွင် Sheen ဟာ သူမပထမဆုံးတွေ့ခဲ့သည့်နေရာမှ ၁၀ ကီလိုမီတာအကွာတွင် အဆိုပါအဘွားအားပြန်တွေ့လိုက်ရတာကြောင့် အံ့သဩသွားခဲ့ရပါတယ်။ ဒီတခါတော့ အဆိုပါအဘွားနဲ့သူမရဲ့ခွေးတွေဟာ Amlan ခရိုင်သို့ ရောက်ရှိနေခဲ့ပါတယ်။
အနည်းငယ်စပ်စုလိုစိတ်ရှိနေခဲ့တဲ့ Sheena က သူမရဲ့အဖေ Nelson Buquiran အား အဆိုပါအဘွားရဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။
Sheena ဟာ အဆိုပါအဘွားအား Tanjay မှာရှိတဲ့သူမတို့နေအိမ်မှာ စောင့်နေမယ်လို့တောင် ဟာသလုပ်ပြောခဲ့ပါတယ်။ ရက်အတော်ကြာပြီးနောက်မှာတော့ Sheena ဟာ Tanjay တစ်နေရာ၌ အဆိုပါအဘွားကို တွေ့ခဲ့ရပါတယ်။ ထို့နောက် အဆိုပါအဘွားဟာအရူးမဟုတ်နေခဲ့တာကို Sheena တို့မိသားစုက သိသွားခဲ့ရပါတယ်။
အဘွားဟာ ပျောက်ဆုံးသွားခဲ့တဲ့ကလေးကို ရှာဖွေဖို့ Dumaguete မြို့သို့သွားခဲ့ပေမဲ့ ရက်သတ္တပတ်အကြာအစာရေစာပြတ်လပ်မှုကြောင့် သူမဟာ Bacolod မြို့သို့သွားရာလမ်းပေါ်မှာ ရှိနေခဲ့ပါတယ်။ Sheena ရဲ့ post ဟာ ပျံ့နှံ့သွားခဲ့ပြီး လူအများက၎င်းတို့ကအဘွား
ကိုမြင်ခဲ့ပေမဲ့သူမကိုအရူးဟုထင်ခဲ့ကြကြောင်းဆိုခဲ့ကြပါတယ်။ထို့နောက် ၎င်းတို့က သူမအား တွေ့ခဲ့သည့်နေရာများကို ဖော်ပြခဲ့ကြပြီး အဆိုပါအဘွားဟာ Dumaguete မြို့ရဲ့တောင်ဘက်မြို့များအပါအဝင်
နေရာပေါင်းများစွာသို့ ခရီးနှင်ခဲ့ပုံရပါတယ်။ ကြည့်ပုံအရ အဘွားဟာ ပျောက်ဆုံးသွားခဲ့တဲ့ သမီး၊ သားကို ရှာရန် ကီလိုမီတာ ၃၀၀ ကျော်အထိခြေလျင်လျှောက်ခဲ့တယ်လို့ ဆိုလိုနိုင်ပါတယ်။
ဝမ်းနည်းစရာက ဒေသခံ netizens များဟာ သူမရဲ့နာမည်၊ ပျောက်ဆုံးနေတဲ့သူမကလေးရဲ့နာမည်နှင့် ၎င်းတို့က ဘယ်ကလာခဲ့လဲဆိုတာကို မေးဖို့မေ့နေခဲ့ကြပါတယ်။ သို့ပေမဲ့ ဒီ post ပျံ့နှံ့သွားတဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်းနှင့်ပြင်းထန်တဲ့ရာသီဥတုဒဏ်တို့ကို သူမမထိတွေ့ခင်
မကြာခင်လေးအတွင်းမှာ သူမအကူအညီများရပြီး သူမရဲ့ပျောက်သွားတဲ့ကလေးကိုလည်း အမြန်ဆုံးပြန်ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
crd
Zawgyi
ေပ်ာက္ဆုံးသြားခဲ့တဲ့ကေလးကို ရွာေဖြရန္အတြက္ အိမ္ေမြးေခြးမ်ားႏွင့္အတူ ကီလိုမီတာ ၃၀၀ ေက်ာ္ခရီးကို ေျခလ်င္ေလွ်ာက္ခဲ့တဲ့ အဘြားတစ္ဦး
ခရီးတိုအေနျဖင့္ ဖိလစ္ပိုင္ႏိုင္ငံ Negros Occidental ျပည္နယ္ရွိ Bacolod ၿမိဳ႕မွကိုယ္ပိုင္ကားေမာင္းသူတစ္ဦးဟာ ကီလိုမီတာ ၂၁၀ ကြာတဲ့ Negros Oriental ျပည္နယ္ရွိ Dumaguete ၿမိဳ႕သို႔ေရာက္ရန္ အခ်ိန္ ၆ နာရီခန႔္ၾကာပါတယ္။သို႔ေပမဲ့သင့္ရဲ႕ပစၥည္းေတြကိုသယ္ၿပီး
သင့္ရဲ႕အိမ္ေမြးတိရိစာၦန္ေတြကိုပါတစ္ၿပိဳင္နက္တည္း ဂ႐ုစိုက္ရင္း ဒီအကြာအေဝးေလာက္ရွိတဲ့ခရီးကိုလမ္းေလွ်ာက္ႏိုင္မယ္လို႔ သင့္စိတ္ကူးၾကည့္ႏိုင္ပါသလား
သို႔ေပမဲ့ ဒီအရာကို ေပ်ာက္ေနတဲ့ကေလးကိုရွာဖို႔ စိတ္ေဝဝါးေနခဲ့တဲ့အေမတစ္ေယာက္က လုပ္ခဲ့ပါတယ္။ ေဒသခံအခ်ိဳ႕က လမ္းေဘးတစ္ေနရာမွာ သူမရဲ႕ေခြးေလးမ်ားအား ခ်စ္စရာေကာင္းတဲ့အဝတ္မ်ားဝတ္ထားေပးတဲ့အဘြားအိုတစ္ဦးကို သတိထားမိခဲ့ၾကၿပီး
ပူအိုက္တဲ့ရာသီဥတုႀကီးမွာ အက်ႌအထပ္ထပ္ႏွင့္ အျပင္ဖက္မွာ ပါးလႊာတဲ့ကုတ္အက်ႌႏွင့္အတူ ဝမ္းနည္းဖြယ္အသြင္အျပင္ႏွင့္ သူမရဲ႕ပိုင္ဆိုင္မႈပစၥည္းမ်ားေၾကာင့္ ေဒသခံမ်ားက သူမကို အ႐ူးလိုထင္ခဲ့ၾကၿပီး ဂ႐ုမျပဳဘဲ ေနခဲ့ၾကပါတယ္။
Netizen တစ္ဦးျဖစ္တဲ့ Sheena Cordova Buquiran က သူမအား highway လမ္းမႀကီးမွာေတြ႕လိုက္တဲ့အခါ ၎အရာဟာေျပာင္းလဲသြားခဲ့ပါတယ္။
အစပိုင္းမွာ ေဒသခံအမ်ားစုလိုပဲ Sheena က အဘြားကိုအ႐ူးလို႔ထင္ခဲ့ၿပီး Dumaguete ၿမိဳ႕မွ ၁၇ ကီလိုမီတာခန႔္အကြာေဝးရွိတဲ့ San Jose ခ႐ိုင္မွာ သူမရဲ႕ေခြးေလးမ်ားႏွင့္လမ္းေလွ်ာက္ေနတဲ့ အဆိုပါအဘြားတစ္ဦးကိုေတြ႕ခဲ့ရပါတယ္။
ေနာက္တစ္ေန႔တြင္ Sheen ဟာ သူမပထမဆုံးေတြ႕ခဲ့သည့္ေနရာမွ ၁၀ ကီလိုမီတာအကြာတြင္ အဆိုပါအဘြားအားျပန္ေတြ႕လိုက္ရတာေၾကာင့္ အံ့သဩသြားခဲ့ရပါတယ္။ ဒီတခါေတာ့ အဆိုပါအဘြားနဲ႔သူမရဲ႕ေခြးေတြဟာ Amlan ခ႐ိုင္သို႔ ေရာက္ရွိေနခဲ့ပါတယ္။
အနည္းငယ္စပ္စုလိုစိတ္ရွိေနခဲ့တဲ့ Sheena က သူမရဲ႕အေဖ Nelson Buquiran အား အဆိုပါအဘြားရဲ႕အေၾကာင္းကို ေျပာျပခဲ့ပါတယ္။
Sheena ဟာ အဆိုပါအဘြားအား Tanjay မွာရွိတဲ့သူမတို႔ေနအိမ္မွာ ေစာင့္ေနမယ္လို႔ေတာင္ ဟာသလုပ္ေျပာခဲ့ပါတယ္။ ရက္အေတာ္ၾကာၿပီးေနာက္မွာေတာ့ Sheena ဟာ Tanjay တစ္ေနရာ၌ အဆိုပါအဘြားကို ေတြ႕ခဲ့ရပါတယ္။ ထို႔ေနာက္ အဆိုပါအဘြားဟာအ႐ူးမဟုတ္ေနခဲ့တာကို Sheena တို႔မိသားစုက သိသြားခဲ့ရပါတယ္။
အဘြားဟာ ေပ်ာက္ဆုံးသြားခဲ့တဲ့ကေလးကို ရွာေဖြဖို႔ Dumaguete ၿမိဳ႕သို႔သြားခဲ့ေပမဲ့ ရက္သတၱပတ္အၾကာအစာေရစာျပတ္လပ္မႈေၾကာင့္ သူမဟာ Bacolod ၿမိဳ႕သို႔သြားရာလမ္းေပၚမွာ ရွိေနခဲ့ပါတယ္။ Sheena ရဲ႕ post ဟာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူအမ်ားက၎တို႔ကအဘြား
ကိုျမင္ခဲ့ေပမဲ့သူမကိုအ႐ူးဟုထင္ခဲ့ၾကေၾကာင္းဆိုခဲ့ၾကပါတယ္။ထို႔ေနာက္ ၎တို႔က သူမအား ေတြ႕ခဲ့သည့္ေနရာမ်ားကို ေဖာ္ျပခဲ့ၾကၿပီး အဆိုပါအဘြားဟာ Dumaguete ၿမိဳ႕ရဲ႕ေတာင္ဘက္ၿမိဳ႕မ်ားအပါအဝင္
ေနရာေပါင္းမ်ားစြာသို႔ ခရီးႏွင္ခဲ့ပုံရပါတယ္။ ၾကည့္ပုံအရ အဘြားဟာ ေပ်ာက္ဆုံးသြားခဲ့တဲ့ သမီး၊ သားကို ရွာရန္ ကီလိုမီတာ ၃၀၀ ေက်ာ္အထိေျခလ်င္ေလွ်ာက္ခဲ့တယ္လို႔ ဆိုလိုႏိုင္ပါတယ္။
ဝမ္းနည္းစရာက ေဒသခံ netizens မ်ားဟာ သူမရဲ႕နာမည္၊ ေပ်ာက္ဆုံးေနတဲ့သူမကေလးရဲ႕နာမည္ႏွင့္ ၎တို႔က ဘယ္ကလာခဲ့လဲဆိုတာကို ေမးဖို႔ေမ့ေနခဲ့ၾကပါတယ္။ သို႔ေပမဲ့ ဒီ post ပ်ံ႕ႏွံ႔သြားတဲ့အခါ ပင္ပန္းႏြမ္းနယ္ျခင္းႏွင့္ျပင္းထန္တဲ့ရာသီဥတုဒဏ္တို႔ကို သူမမထိေတြ႕ခင္
မၾကာခင္ေလးအတြင္းမွာ သူမအကူအညီမ်ားရၿပီး သူမရဲ႕ေပ်ာက္သြားတဲ့ကေလးကိုလည္း အျမန္ဆုံးျပန္ရွာေတြ႕ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမိပါတယ္။
crd