Unicode
စိန်လက်စွပ်တစ်ကွင်းကို မြန်မာငွေ ၁၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီးတဲ့နောက်မှ ၎င်းက သိန်း ၁သောင်းကျော်တန်ဖိုးရှိနေမှန်းသိခဲ့ရတဲ့ အမျိုးသမီးတစ်ဦး
အခုဖော်ပြပေးမဲ့ အဖြစ်အပျက်တစ်ခုကို သင်ကြားသိသွားပြီးတဲ့နောက်မှာ သင်ဟာ ကျောက်လက်စွပ် (သို့) ကျောက်လည်ဆွဲကဲ့သို့
ရှေးဟောင်းပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ရင် သင့်အတွက် အသေအချာလေး စဉ်းစားစရာတစ်ခုဖြစ်သွားပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သင်ဟာ အခုဖော်ပြမဲ့ အမျိုးသမီးကဲ့သို့ ကံကောင်းခဲ့မယ်ဆိုရင် ပစ္စည်းတစ်ခုတည်းနဲ့ တင် သင့်ရဲ့ဘဝကို ချက်ချင်းပြောင်းလဲပစ်နိုင်တာကြောင့်ပါ။
လွန်ခဲ့တဲ့ ၁၉ ရာစုလောက်က အလွန်ရှားပါးတဲ့ ရှေးဟောင်းစိန်တစ်လုံးရဲ့ပုံသဏ္ဍာန်ဟာ ယနေ့ခေတ်အတွက် မထင်ထားလောက်စရာကောင်းတဲ့အဖြစ်ပျက်တစ်ခုကို ဖြစ်ပျက်သွားစေခဲ့ပါတယ်။
၎င်းဟာ လူများစွာအတွက် အံ့အားသင့်စရာတစ်ခုသာမဟုတ်ခဲ့တဲ့အပြင် ၎င်းတန်ဖိုးကို ကြားရသိရတဲ့လူတိုင်းရဲ့နားကိုတောင် မယုံမကြည်ဖြစ်သွားစေခဲ့ပါတယ်။
၎င်းစိန်တန်ဖိုးဟာ ဒေါ်လာ ၈၅၀,၀၀၀ ( မြန်မာငွေ သိန်း ၁ သောင်း ကျော်) ရှိကြောင်း သိရပါတယ်။ နည်းနှောတဲ့ပမာဏာတော့ မဟုတ်နေပါဘူး။
၎င်းပမာဏာက လူတစ်ယောက်ရဲ့တစ်သက်စာလောက်ရှိပါတယ်။ လက်စွပ်ပိုင်ရှင်ဖြစ်တဲ့ Debra Goddard အမည်ရှိအမျိုးသမီးက
သူမဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကျော် ကတည်းက သူမရဲ့လက်ပေါ်မှာရှိနေခဲ့တဲ့လက်စွပ်ရဲ့စစ်မှန်တဲ့တန်ဖိုးကို
သိလိုက်ရတဲ့အခါ သူမတကယ်ကို အံ့ဩသွားခဲ့ပြီး သတိပါလစ်သွားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။
သူမဟာ ၎င်းလက်စွပ်ကို ၁၉၈၀ ခုနှစ်များလောက်က UK နိုင်ငံ Isleworth မြို့ West Middlesex ဆေးရုံအနီးရှိ ဈေးတစ်ခု၌ ၁၀ ပေါင် (၁၃ ဒေါ်လာခန့်) ဖြင့်သာ ပေးဝယ်ခဲ့ပါတယ်။
သူမဟာ တန်ဖိုးအနည်းငယ်ဖြင့် ဝယ်ယူခဲ့တာကြောင့် ၎င်းလက်စွပ်ရဲ့တန်ဖိုးအစစ်အမှန်ကိုမသိဘဲ ၎င်းကို သာမန်လက်ဝတ်ရတနာတစ်ခုဟုသာ ထင်ခဲ့ပါတယ်။
ထို့ပြင် လက်စွပ်ကို သေချာစွာ သန့်ရှင်းရေးမလုပ်ထားတာကြောင့် ၎င်းဟာ အမြဲဟောင်းနေပြီး လုံးဝကို ရိုးရှင်းနေခဲ့ပါတယ်။
တစ်နေ့မှာ Debra Goddard ဟာ Sotheby’sရှိ ရတနာဆိုင်ထဲသို့ ဝင်သွားခဲ့ပြီး အတွေ့အကြုံရှိတဲ့ ဆိုင်ပိုင်ရှင်ဟာ
Debra Goddard အား သူမဆီမှာ အလွန်တန်ဖိုးရှိတဲ့ရတနာတစ်ခုရှိနေတာကို အသိပေးအကြောင်းကြားခဲ့ပါတယ်။
မယုံနိုင်စရာပါဘဲ၊ ထို့နောက် Debra Goddard က ၎င်းဆိုင်ပိုင်ရှင်အား ၎င်းလက်စွပ်အတွက် နောက်ထပ်စစ်ဆေးမှုများပြုလုပ်နိုင်ဖို့ Gemological Association of America သို့ ၎င်း လက်စွပ်ကို ဆက်သယ်သွားခွင့်ပေးခဲ့ပါတော့တယ်။
ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် ကျွမ်းကျင်သူများက ၎င်းလက်စွပ်ဟာ ၁၉ ရာစုမှာ လူကြိုက်များတဲ့ကူရှင်ပုံစံဖြင့် ဖြတ်တောက်ခဲ့ကြောင်း ပြောကြားအတည်ပြုခဲ့ကြပါတယ်။
အမှန်တော့၊ လက်စွပ်တွင် ထည့်ထားတဲ့ကျောက်ဟာ ဒေါ်လာ ၈၅၀,၀၀၀ ခန့်တန်ဖိုးရှိပြီး ၎င်းဟာ ပြည့်စုံတဲ့ surreal အလှတရားနှင့် ၂၆.၂၇ ကာရက်အဖြူရောင်စိန်တုံးကြီးတစ်တုံးဘဲ ဖြစ်ပါတယ်။
လက်စွပ်ပိုင်ရှင်ကတော့ အကြီးကြီးပွတာပေါ့ဗျာ။ Debra Goddard ရဲ့ကံဇာတာကတော့ ပြောမပြတန်အောင်ပါဘဲ။
Crd
Zawgyi
စိန္လက္စြပ္တစ္ကြင္းကို ျမန္မာေငြ ၁၅,၀၀၀ က်ပ္ျဖင့္ ဝယ္ယူခဲ့ၿပီးတဲ့ေနာက္မွ ၎က သိန္း ၁ေသာင္းေက်ာ္တန္ဖိုးရွိေနမွန္းသိခဲ့ရတဲ့ အမ်ိဳးသမီးတစ္ဦး
အခုေဖာ္ျပေပးမဲ့ အျဖစ္အပ်က္တစ္ခုကို သင္ၾကားသိသြားၿပီးတဲ့ေနာက္မွာ သင္ဟာ ေက်ာက္လက္စြပ္ (သို႔) ေက်ာက္လည္ဆြဲကဲ့သို႔
ေရွးေဟာင္းပစၥည္းတစ္ခုကို ပိုင္ဆိုင္ထားခဲ့ရင္ သင့္အတြက္ အေသအခ်ာေလး စဥ္းစားစရာတစ္ခုျဖစ္သြားပါလိမ့္မယ္။
ဘာေၾကာင့္လဲဆိုေတာ့ သင္ဟာ အခုေဖာ္ျပမဲ့ အမ်ိဳးသမီးကဲ့သို႔ ကံေကာင္းခဲ့မယ္ဆိုရင္ ပစၥည္းတစ္ခုတည္းနဲ႔ တင္ သင့္ရဲ႕ဘဝကို ခ်က္ခ်င္းေျပာင္းလဲပစ္ႏိုင္တာေၾကာင့္ပါ။
လြန္ခဲ့တဲ့ ၁၉ ရာစုေလာက္က အလြန္ရွားပါးတဲ့ ေရွးေဟာင္းစိန္တစ္လုံးရဲ႕ပုံသ႑ာန္ဟာ ယေန႔ေခတ္အတြက္ မထင္ထားေလာက္စရာေကာင္းတဲ့အျဖစ္ပ်က္တစ္ခုကို ျဖစ္ပ်က္သြားေစခဲ့ပါတယ္။
၎ဟာ လူမ်ားစြာအတြက္ အံ့အားသင့္စရာတစ္ခုသာမဟုတ္ခဲ့တဲ့အျပင္ ၎တန္ဖိုးကို ၾကားရသိရတဲ့လူတိုင္းရဲ႕နားကိုေတာင္ မယုံမၾကည္ျဖစ္သြားေစခဲ့ပါတယ္။
၎စိန္တန္ဖိုးဟာ ေဒၚလာ ၈၅၀,၀၀၀ ( ျမန္မာေငြ သိန္း ၁ ေသာင္း ေက်ာ္) ရွိေၾကာင္း သိရပါတယ္။ နည္းေႏွာတဲ့ပမာဏာေတာ့ မဟုတ္ေနပါဘူး။
၎ပမာဏာက လူတစ္ေယာက္ရဲ႕တစ္သက္စာေလာက္ရွိပါတယ္။ လက္စြပ္ပိုင္ရွင္ျဖစ္တဲ့ Debra Goddard အမည္ရွိအမ်ိဳးသမီးက
သူမဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ေက်ာ္ ကတည္းက သူမရဲ႕လက္ေပၚမွာရွိေနခဲ့တဲ့လက္စြပ္ရဲ႕စစ္မွန္တဲ့တန္ဖိုးကို
သိလိုက္ရတဲ့အခါ သူမတကယ္ကို အံ့ဩသြားခဲ့ၿပီး သတိပါလစ္သြားခဲ့ရေၾကာင္း ဆိုခဲ့ပါတယ္။
သူမဟာ ၎လက္စြပ္ကို ၁၉၈၀ ခုႏွစ္မ်ားေလာက္က UK ႏိုင္ငံ Isleworth ၿမိဳ႕ West Middlesex ေဆး႐ုံအနီးရွိ ေဈးတစ္ခု၌ ၁၀ ေပါင္ (၁၃ ေဒၚလာခန႔္) ျဖင့္သာ ေပးဝယ္ခဲ့ပါတယ္။
သူမဟာ တန္ဖိုးအနည္းငယ္ျဖင့္ ဝယ္ယူခဲ့တာေၾကာင့္ ၎လက္စြပ္ရဲ႕တန္ဖိုးအစစ္အမွန္ကိုမသိဘဲ ၎ကို သာမန္လက္ဝတ္ရတနာတစ္ခုဟုသာ ထင္ခဲ့ပါတယ္။
ထို႔ျပင္ လက္စြပ္ကို ေသခ်ာစြာ သန႔္ရွင္းေရးမလုပ္ထားတာေၾကာင့္ ၎ဟာ အၿမဲေဟာင္းေနၿပီး လုံးဝကို ႐ိုးရွင္းေနခဲ့ပါတယ္။
တစ္ေန႔မွာ Debra Goddard ဟာ Sotheby’sရွိ ရတနာဆိုင္ထဲသို႔ ဝင္သြားခဲ့ၿပီး အေတြ႕အႀကဳံရွိတဲ့ ဆိုင္ပိုင္ရွင္ဟာ
Debra Goddard အား သူမဆီမွာ အလြန္တန္ဖိုးရွိတဲ့ရတနာတစ္ခုရွိေနတာကို အသိေပးအေၾကာင္းၾကားခဲ့ပါတယ္။
မယုံႏိုင္စရာပါဘဲ၊ ထို႔ေနာက္ Debra Goddard က ၎ဆိုင္ပိုင္ရွင္အား ၎လက္စြပ္အတြက္ ေနာက္ထပ္စစ္ေဆးမႈမ်ားျပဳလုပ္ႏိုင္ဖို႔ Gemological Association of America သို႔ ၎ လက္စြပ္ကို ဆက္သယ္သြားခြင့္ေပးခဲ့ပါေတာ့တယ္။
ခြဲျခမ္းစိတ္ျဖာျခင္းအားျဖင့္ ကြၽမ္းက်င္သူမ်ားက ၎လက္စြပ္ဟာ ၁၉ ရာစုမွာ လူႀကိဳက္မ်ားတဲ့ကူရွင္ပုံစံျဖင့္ ျဖတ္ေတာက္ခဲ့ေၾကာင္း ေျပာၾကားအတည္ျပဳခဲ့ၾကပါတယ္။
အမွန္ေတာ့၊ လက္စြပ္တြင္ ထည့္ထားတဲ့ေက်ာက္ဟာ ေဒၚလာ ၈၅၀,၀၀၀ ခန႔္တန္ဖိုးရွိၿပီး ၎ဟာ ျပည့္စုံတဲ့ surreal အလွတရားႏွင့္ ၂၆.၂၇ ကာရက္အျဖဴေရာင္စိန္တုံးႀကီးတစ္တုံးဘဲ ျဖစ္ပါတယ္။
လက္စြပ္ပိုင္ရွင္ကေတာ့ အႀကီးႀကီးပြတာေပါ့ဗ်ာ။ Debra Goddard ရဲ႕ကံဇာတာကေတာ့ ေျပာမျပတန္ေအာင္ပါဘဲ။
Crd