မိခင္ျဖစ္သူ အိမ္ေစာေစာျပန္ႏိုင္ရန္အတြက္ လမ္းသန႔္ရွင္းေရးအလုပ္ကို ညတိုင္းသြားကူလုပ္ေပးခဲ့တဲ့ ၁၁ ႏွစ္အ႐ြယ္ေက်ာင္းသား

Unicode

မိခင်ဖြစ်သူ အိမ်စောစောပြန်နိုင်ရန်အတွက် လမ်းသန့်ရှင်းရေးအလုပ်ကို ညတိုင်းသွားကူလုပ်ပေးခဲ့တဲ့ ၁၁ နှစ်အရွယ်ကျောင်းသား

တရုတ်နိုင်ငံရှိ အသက် ၁၁ နှစ်အရွယ် Long Guotao အမည်ရှိကျောင်းသားတစ်ဦး ဟာ လမ်းသန့်ရှင်းရေးအလုပ်လုပ်နေရတဲ့ အသက် ၄၆ နှစ်အရွယ် Wu Azhen အမည်ရှိအမေဖြစ်သူကို အိမ်သို့စောစောပြန်လာနိုင်စေတဲ့ဆန္ဒဖြင့် Long ဟာ သူအားတဲ့အချိန်တိုင်း မောပန်းနေတဲ့မိခင်ဆီသို့ ညတိုင်းသွားကာ သူမရဲ့တံမြက်စည်းနဲ့အမှိုက်ပုံးကိုယူပြီးကူညီပေးလေ့ရှိပါတယ်။

ဖြတ်သွားဖြတ်လာတစ်ဦးက Long ရဲ့သူ့အမေအပေါ်ကြင်နာတဲ့အပြုအမူဓာတ်ပုံများကို ရိုက်ယူခဲ့ပြီး Weibo ပေါ်မှာ ပြန်လည်မျှဝေလိုက်တဲ့အခါ Long ရဲ့ဓာတ်ပုံများဟာ တရုတ်ပြည်သူများစွာရဲ့စိတ်နှလုံးကို ဖမ်းစားစေခဲ့ပါတယ်။ထိုဓာတ်ပုံများက တောင်ပိုင်း Guizhou ပြည်နယ်၊ Kaili မြို့ရှိလမ်းမကြီ

းတစ်နေရာကို ပြသနေခဲ့ပြီး ထိုဓာတ်ပုံများ Online ပေါ်ပျံ့နှံ့သွားခဲ့ပြီးနောက်မှာ လူအများက Long အား သူ့ရဲ့မိခင်အပေါ် ချစ်မြတ်နိုးမှုအတွက် ချီးမွမ်းခြင်းများစွာကိုလက်ခံရရှိခဲ့ပါတယ်။

“ Long က ကျွန်မကို အမြဲလာပြီး ကူညီပေးတတ်တယ်၊အရင်တုန်းကဆို သူကစနေနေ့တွေမှာ ကျွန်မအတွက်အစားအစာအမြဲပို့ပေးပြီး သူမပြန်ခင် ကျွန်မရဲ့သန့်ရှင်းရေးအလုပ်ကို နည်းနည်းကူညီပေးလေ့ရှိတယ်၊ တစ်ခါတစ်လေ တံမြက်စည်းလှည်းပြီးသွားရင်လည်း ရေဘူး၊ပုလင်းတွေကို ကူကောက်ပေးတတ်သေးတယ်၊ လူငယ်တစ်ယောက်အတွက် ဒီအလုပ်က အရမ်းခက်ခဲလွန်းပါတယ် ၊ Long က တကယ့်ကို ထူးချွန်တဲ့သားလေးတစ်ယောက်ပါ ” လို့ မိခင် Wu က ပြောကြားခဲ့ပါတယ်။

Wu ဟာ သားဖြစ်သူက သူမရဲ့လမ်းသန့်ရှင်းရေးအလုပ်ကို ကူလုပ်ပေးတဲ့အခါတိုင်း သူမက လမ်းဘေးတစ်နေရာမှာ ခဏသာအိပ်စက်လေ့ရှိကြောင်း ဆိုခဲ့ပါသေးတယ်။

“ ကျွန်မက နေ့တိုင်း မနက် ၅ နာရီမှာ အလုပ်သွားရတယ်၊ လမ်းတွေသန့်ရှင်းရေးလုပ်ပြီးအမှိုက်တွေအကုန်ပစ်ပြီးတဲ့အချိန်၊အိမ်ပြန်ရမဲ့အချိန်ဆို တော်တော်လေးကို မှောင်နေပြီ၊ ဒါကြောင့် ကျွန်မသားငယ်က ကျွန်မအရမ်းပင်ပန်းနေတာကိုသိတဲ့အတွက် ကျွန်မကိုကူညီဖို့ အမြဲတမ်း ရောက်လာတတ်တယ်၊ ကျွန်မက သူ့အတွက် အချိန်မပေးနိုင်ပေမဲ့လည်း သူ့အတွက်တော့ စာကျက်ချိန်ပိုရစေချင်ခဲ့တယ် “ ဟု မိခင် Wu က ထပ်မံပြောပြခဲ့ပါတယ်။

သို့ပေမဲ့ Wu က Long ဟာ အိမ်မှာ သန့်ရှင်းရေးကူလုပ်ခြင်းနှင့် သူမရဲ့လမ်းသန့်ရှင်းရေးအလုပ်များကိုပါ ကူလုပ်ပေးနေခဲ့တာကြောင့် သားဖြစ်သူဟာ သူ့ဘဝအတွက် အဖိုးတန်တဲ့သင်ခန်းစာတစ်ခုရရှိလိမ့်မယ်ဆိုတာကိုယုံကြည်မိကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

crd

Zawgyi

မိခင္ျဖစ္သူ အိမ္ေစာေစာျပန္ႏိုင္ရန္အတြက္ လမ္းသန႔္ရွင္းေရးအလုပ္ကို ညတိုင္းသြားကူလုပ္ေပးခဲ့တဲ့ ၁၁ ႏွစ္အ႐ြယ္ေက်ာင္းသား

တ႐ုတ္ႏိုင္ငံရွိ အသက္ ၁၁ ႏွစ္အ႐ြယ္ Long Guotao အမည္ရွိေက်ာင္းသားတစ္ဦး ဟာ လမ္းသန႔္ရွင္းေရးအလုပ္လုပ္ေနရတဲ့ အသက္ ၄၆ ႏွစ္အ႐ြယ္ Wu Azhen အမည္ရွိအေမျဖစ္သူကို အိမ္သို႔ေစာေစာျပန္လာႏိုင္ေစတဲ့ဆႏၵျဖင့္ Long ဟာ သူအားတဲ့အခ်ိန္တိုင္း ေမာပန္းေနတဲ့မိခင္ဆီသို႔ ညတိုင္းသြားကာ သူမရဲ႕တံျမက္စည္းနဲ႔အမႈိက္ပုံးကိုယူၿပီးကူညီေပးေလ့ရွိပါတယ္။

ျဖတ္သြားျဖတ္လာတစ္ဦးက Long ရဲ႕သူ႔အေမအေပၚၾကင္နာတဲ့အျပဳအမူဓာတ္ပုံမ်ားကို ႐ိုက္ယူခဲ့ၿပီး Weibo ေပၚမွာ ျပန္လည္မွ်ေဝလိုက္တဲ့အခါ Long ရဲ႕ဓာတ္ပုံမ်ားဟာ တ႐ုတ္ျပည္သူမ်ားစြာရဲ႕စိတ္ႏွလုံးကို ဖမ္းစားေစခဲ့ပါတယ္။ထိုဓာတ္ပုံမ်ားက ေတာင္ပိုင္း Guizhou ျပည္နယ္၊ Kaili ၿမိဳ႕ရွိ

လမ္းမႀကီးတစ္ေနရာကို ျပသေနခဲ့ၿပီး ထိုဓာတ္ပုံမ်ား Online ေပၚပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္မွာ လူအမ်ားက Long အား သူ႔ရဲ႕မိခင္အေပၚ ခ်စ္ျမတ္ႏိုးမႈအတြက္ ခ်ီးမြမ္းျခင္းမ်ားစြာကိုလက္ခံရရွိခဲ့ပါတယ္။

“ Long က ကြၽန္မကို အၿမဲလာၿပီး ကူညီေပးတတ္တယ္၊အရင္တုန္းကဆို သူကစေနေန႔ေတြမွာ ကြၽန္မအတြက္အစားအစာအၿမဲပို႔ေပးၿပီး သူမျပန္ခင္ ကြၽန္မရဲ႕သန႔္ရွင္းေရးအလုပ္ကို နည္းနည္းကူညီေပးေလ့ရွိတယ္၊ တစ္ခါတစ္ေလ တံျမက္စည္းလွည္းၿပီးသြားရင္လည္း ေရဘူး၊ပုလင္းေတြကို

ကူေကာက္ေပးတတ္ေသးတယ္၊ လူငယ္တစ္ေယာက္အတြက္ ဒီအလုပ္က အရမ္းခက္ခဲလြန္းပါတယ္ ၊ Long က တကယ့္ကို ထူးခြၽန္တဲ့သားေလးတစ္ေယာက္ပါ ” လို႔ မိခင္ Wu က ေျပာၾကားခဲ့ပါတယ္။

Wu ဟာ သားျဖစ္သူက သူမရဲ႕လမ္းသန႔္ရွင္းေရးအလုပ္ကို ကူလုပ္ေပးတဲ့အခါတိုင္း သူမက လမ္းေဘးတစ္ေနရာမွာ ခဏသာအိပ္စက္ေလ့ရွိေၾကာင္း ဆိုခဲ့ပါေသးတယ္။

“ ကြၽန္မက ေန႔တိုင္း မနက္ ၅ နာရီမွာ အလုပ္သြားရတယ္၊ လမ္းေတြသန႔္ရွင္းေရးလုပ္ၿပီးအမႈိက္ေတြအကုန္ပစ္ၿပီးတဲ့အခ်ိန္၊အိမ္ျပန္ရမဲ့အခ်ိန္ဆို ေတာ္ေတာ္ေလးကို ေမွာင္ေနၿပီ၊ ဒါေၾကာင့္ ကြၽန္မသားငယ္က ကြၽန္မအရမ္းပင္ပန္းေနတာကိုသိတဲ့အတြက္ ကြၽန္မကိုကူညီဖို႔ အၿမဲတမ္

း ေရာက္လာတတ္တယ္၊ ကြၽန္မက သူ႔အတြက္ အခ်ိန္မေပးႏိုင္ေပမဲ့လည္း သူ႔အတြက္ေတာ့ စာက်က္ခ်ိန္ပိုရေစခ်င္ခဲ့တယ္ “ ဟု မိခင္ Wu က ထပ္မံေျပာျပခဲ့ပါတယ္။

သို႔ေပမဲ့ Wu က Long ဟာ အိမ္မွာ သန႔္ရွင္းေရးကူလုပ္ျခင္းႏွင့္ သူမရဲ႕လမ္းသန႔္ရွင္းေရးအလုပ္မ်ားကိုပါ ကူလုပ္ေပးေနခဲ့တာေၾကာင့္ သားျဖစ္သူဟာ သူ႔ဘဝအတြက္ အဖိုးတန္တဲ့သင္ခန္းစာတစ္ခုရရွိလိမ့္မယ္ဆိုတာကိုယုံၾကည္မိေၾကာင္းလည္း ေျပာၾကားခဲ့ပါေသးတယ္။

crd