
Unicode

မှာယူထားသော အစားအစာများကို ဝန်ဆောင်မှုအနေနှင့် ရဟတ်ယာဉ်ဖြင့် လိုက်ပို့ခဲ့သော စားသောက်ဆိုင်

နိုင်ငံတကာတိုင်းတွင် မိမိလိုချင်သည့် ကုန်ပစ္စည်းများကို လိုင်းပေါ်ကနေဖြစ်စေ ဖုန်းနှင့် ဆက်သွယ်၍ မှာယူနိုင်ခြင်းသည် အလွန်အမင်း ခေတ်စားလျက်ရှိသည်။

ယခုအခါတွင်လည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဖောက်သည်တစ်ဦးသည် စားသောက်ဆိုင်တစ်ခုမှ နာမည်ကြီးအစားအစာဖြစ်သော Nasi ganja ဆန်ထမင်း ၃၆ထုပ်အား ဖုန်းဆက်ပြီး မှာယူခဲ့သည်။

ထိုစဉ် မှာယူထားသော အစားအစာကို ၅မိနစ်တွင်း ရောက်လာ၍ ထူးဆန်းနေသည်ဟု သံသယဝင်ခဲ့ရာ ထွက်ကြည့်လိုက်မှ ရဟတ်ယာဉ်နှင့် လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။

ထိုသို့ ထူးဆန်းသည့်အဖြစ်အပျက်အား ဒေသခံရဲတပ်ဖွဲ့မှ ချက်ချင်းသိရှိပြီးနောက် ထိုရဟတ်ယာဉ်နှင့်ပက်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

crd

Zawgyi






crd