မျက်စိကုဖို့နဲ့အိမ်ငှားဖို့အတွက် မစားရက်မသောက်ရက်သိမ်းထားတဲ့ ရှိစုမဲ့စုပိုက်ဆံလေးတွေကိုမှ အခိုးခံလိုက်ရတဲ့ အဘိုးနဲ့အဘွားရဲ့စိတ်မကောင်းစရာအဖြစ်

Unicode

ဒီလိုကာလမှာတော့ ပြည်သူတွေအားလုံး အခက်အခဲတွေကိုယ်စီ ရင်ဆိုင်နေရပြီး စားဝတ်နေရေး ပြေလည်ဖို့အတွက်တောင် အနိုင်နိုင်ဖြေရှင်းနေရတာ ဖြစ်ပါတယ်

အထူးသဖြင့် သာမန်ပြည်သူတွေအနေနဲ့ အရင်ကထက် ပိုအခက်တွေ့နေကြပြီး ဒုက္ခမျိုးစုံကို ခါးစည်းခံနေရတာ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေမှာပဲ ခိုးဆိုးလုယက်သူတွေလည်း ပေါများလာတာကြောင့် ပြည်သူတွေ သတိထား နေထိုင်နေရတာ ဖြစ်ပါတယ် ။

အခုလည်း ဒုက္ခရောက်နေတဲ့ အဘိုးနဲ့အဘွားဆီကနေ ရှိစုမဲ့စု ပိုက်ဆံလေးတွေကို ခိုးသွားတဲ့သူကြောင့် ပြည်သူတွေဒေါသထွက်နေရတာ ဖြစ်ပါတယ် ။ ပုံထဲက အဘိုးနဲ့အဘွား လင်မယားကတော့ သားသမီးတွေဆုံးပါးသွားတာကြောင့် နှစ်ယောက်တည်းဘဝကို ရုန်းကန်ဖြတ်သန်းနေရတာ ဖြစ်ပါတယ် ။

အဘိုးက မျက်စိတစ်ဖက် တိမ်ဖုံးနေတာကြောင့် ကောင်းကောင်းမမြင်ရသလို အဘွားကလည်း ကိုယ်တစ်ခြမ်း လေဖြတ်ထားပြီး မျက်စိနှစ်ဖက်လုံး မမြင်ရှာတာပဲ ဖြစ်ပါတယ်။ ဒီအဘိုးနဲ့အဘွားကို စာနာသနားတဲ့ စေတနာရှင်တွေက တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အဘိုးနဲ့အဘွားတို့ရဲ့အိမ်အဖောက်ခံလိုက်ရပြီး စေတနာရှင်တွေက ဆေးကုဖို့လှူဒါန်းထားတဲ့ ပိုက်ဆံတွေ အခိုးခံလိုက်ရတာပဲ ဖြစ်ပါတယ် ။ အဘိုးနဲ့အဘွားတို့ရဲ့ရှိစုမဲ့စု ပိုက်ဆံလေးတွေထဲကမှ ငွေ (၄)သိန်းကျော်ကို ခိုးသွားတာ ဖြစ်ပါတယ်။

အလှူရှင်တွေကို ဘာမှမတောင်းဆိုခဲ့တဲ့ အဘိုးနဲ့အဘွားကတော့ ” သမီးတို့လုပ်ပေးရမှာစိုးလို့ဆိုပြီး ကိုယ့်ဟာကိုယ် စုနေကြတာလေးတွေပါသွားပြီ သမီးရယ် ” ဆိုပြီး ငိုနေကြတာလည်း ဖြစ်ပါတယ် ။ အဘိုးနဲ့အဘွားကိုမှ လုပ်ရက်လိုက်လေခြင်းလို့တွေးပြီး ပြည်သူတွေလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။

Crd

Zawgyi







Crd