Unicode
အိမ်မွေးတိရစ္ဆာန်လေးတွေ ဆိုတာ လူသားတွေအတွက် သူငယ်ချင်းကောင်း ဖြစ်ရုံမက တစ်ခါတလေမှာ မိသားစုဝင် တစ်ယောက်လည်း ဖြစ်နေတတ်ပါသေးတယ်။
အိမ်မွေးတိရစ္ဆာန်လေးတွေ နေကောင်းကျန်းမာစဉ် အချိန်မှာ လူသားတွေကို ပျော်ရွှင်မှုတွေ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့နောက်ဆုံးအချိန်မှာ သူတို့ရဲ့ဆန္ဒကို တိရစ္ဆာန် ဆရာဝန်တစ်ယောက်က ရှင်းပြထားပါတယ်။
တိရစ္ဆာန်လေးတွေနေမကောင်းရင်တချို့ကဆေးခန်းကိုခေါ်လာပြီးတချို့ကတော့အိမ်မှာပဲထားပါတယ်။ဆရာဝန်ကအကြံပေးထားတာကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေက သူတို့ရဲ့ နောက်ဆုံးအချိန်မှာ သူတို့အချစ်ရဆုံး သခင်ကို လိုက်ရှာတတ်တာကြောင့် သူတို့နားမှာ ရှိနေပေးသင့်တယ် ဆိုတာပါ။
သူတို့လေးတွေနေမကောင်းရင်သခင်တွေကဆေးခန်းကို ပို့ကြပါတယ်။နေသိပ်မကောင်းသေးရင်ဆေးခန်းမှာထားခဲ့ကြပါတယ်။ဒါပေမယ့်ကျန်းမာရေးကဆိုးလာလို့ ဆေးခန်းမှာ သေဆုံးသွားတဲ့အခါ သူတို့ အရမ်းချစ်တဲ့ သခင်ကို တွေ့ခွင့်မရလိုက် ကြပါဘူး။
အဲဒါကြောင့် ဆရာဝန်က တိရစ္ဆာန်လေးတွေရဲ့ နောက်ဆုံးအချိန်မှာ သူတို့အချစ်ဆုံးသခင် ရှိနေပေးသင့်ကြောင်း အကြံပေးတာ ဖြစ်ပါတယ်။
သူတို့ နေမကောင်းဖြစ်ပြီး နောက်ဆုံးအချိန် ရောက်တဲ့အခါ သင်က အလုပ်များနေလို့ မကြည့်ဖြစ်ခဲ့ရင် သူ့ကို မချစ်တော့လို့၊ သေတော့မှာမလို့ ဂရုမစိုက်တော့ဘူးလို့ ထင်သွားပြီး အရမ်းအားငယ်သွားကြပါတယ်။
နောက်ဆုံးမှာတော့ သူတို့အထီးကျန်စွာနဲ့ လောကထဲကနေ ထွက်သွားကြပါတော့တယ်။
ဆေးခန်းမှာ တိရစ္ဆာန်လေးတွေကို ထားခဲ့ပြီး နောက်ဆုံး အချိန်မှာ မရှိလိုက်ရရင်သခင်တွေကအရမ်းကိုယူကြုံးမရကြောင်း Dr Evan Shawကသူ့အတွေ့အကြုံတွေအရ ပြောပြပါတယ်။
အဲဒါကြောင့် သင်ချစ်ရတဲ့ တိရစ္ဆာန်လေးက နောက်ဆုံးအချိန် ရောက်တော့မယ်ဆိုရင် အတတ်နိုင်ဆုံး သူတို့ဘေးမှာ ရှိနေပေးလိုက်ပါ။
Crd
Zawgyi
အိမ္ေမြးတိရစာၦန္ေလးေတြ ဆိုတာ လူသားေတြအတြက္ သူငယ္ခ်င္းေကာင္း ျဖစ္႐ုံမက တစ္ခါတေလမွာ မိသားစုဝင္ တစ္ေယာက္လည္း ျဖစ္ေနတတ္ပါေသးတယ္။
အိမ္ေမြးတိရစာၦန္ေလးေတြ ေနေကာင္းက်န္းမာစဥ္ အခ်ိန္မွာ လူသားေတြကို ေပ်ာ္႐ႊင္မႈေတြ ေပးခဲ့ၾကပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ေနာက္ဆုံးအခ်ိန္မွာ သူတို႔ရဲ႕ဆႏၵကို တိရစာၦန္ ဆရာဝန္တစ္ေယာက္က ရွင္းျပထားပါတယ္။
တိရစာၦန္ေလးေတြေနမေကာင္းရင္တခ်ိဳ႕ကေဆးခန္းကိုေခၚလာၿပီးတခ်ိဳ႕ကေတာ့အိမ္မွာပဲထားပါတယ္။ဆရာဝန္ကအႀကံေပးထားတာကေတာ့ အိမ္ေမြးတိရစာၦန္ေလးေတြက သူတို႔ရဲ႕ ေနာက္ဆုံးအခ်ိန္မွာ သူတို႔အခ်စ္ရဆုံး သခင္ကို လိုက္ရွာတတ္တာေၾကာင့္ သူတို႔နားမွာ ရွိေနေပးသင့္တယ္ ဆိုတာပါ။
သူတို႔ေလးေတြေနမေကာင္းရင္သခင္ေတြကေဆးခန္းကို ပို႔ၾကပါတယ္။ေနသိပ္မေကာင္းေသးရင္ေဆးခန္းမွာထားခဲ့ၾကပါတယ္။ဒါေပမယ့္က်န္းမာေရးကဆိုးလာလို႔ ေဆးခန္းမွာ ေသဆုံးသြားတဲ့အခါ သူတို႔ အရမ္းခ်စ္တဲ့ သခင္ကို ေတြ႕ခြင့္မရလိုက္ ၾကပါဘူး။
အဲဒါေၾကာင့္ ဆရာဝန္က တိရစာၦန္ေလးေတြရဲ႕ ေနာက္ဆုံးအခ်ိန္မွာ သူတို႔အခ်စ္ဆုံးသခင္ ရွိေနေပးသင့္ေၾကာင္း အႀကံေပးတာ ျဖစ္ပါတယ္။
သူတို႔ ေနမေကာင္းျဖစ္ၿပီး ေနာက္ဆုံးအခ်ိန္ ေရာက္တဲ့အခါ သင္က အလုပ္မ်ားေနလို႔ မၾကည့္ျဖစ္ခဲ့ရင္ သူ႔ကို မခ်စ္ေတာ့လို႔၊ ေသေတာ့မွာမလို႔ ဂ႐ုမစိုက္ေတာ့ဘူးလို႔ ထင္သြားၿပီး အရမ္းအားငယ္သြားၾကပါတယ္။
ေနာက္ဆုံးမွာေတာ့ သူတို႔အထီးက်န္စြာနဲ႔ ေလာကထဲကေန ထြက္သြားၾကပါေတာ့တယ္။
ေဆးခန္းမွာ တိရစာၦန္ေလးေတြကို ထားခဲ့ၿပီး ေနာက္ဆုံး အခ်ိန္မွာ မရွိလိုက္ရရင္သခင္ေတြကအရမ္းကိုယူႀကဳံးမရေၾကာင္း Dr Evan Shawကသူ႔အေတြ႕အႀကဳံေတြအရ ေျပာျပပါတယ္။
အဲဒါေၾကာင့္ သင္ခ်စ္ရတဲ့ တိရစာၦန္ေလးက ေနာက္ဆုံးအခ်ိန္ ေရာက္ေတာ့မယ္ဆိုရင္ အတတ္ႏိုင္ဆုံး သူတို႔ေဘးမွာ ရွိေနေပးလိုက္ပါ။
Crd