Unicode
သခင်ဖြစ်သူရဲ့ အိမ်တွင်းမိုးလေဝသတိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရှုပ်ခဲ့ရင်း သခင်ရဲ့တွဲဖက် host အဖြစ် လူသိများလာခဲ့တဲ့ ကြောင်လေး
ကူးစက်ရောဂါကြောင့် တီဗီထုတ်လုပ်ရေးစတူဒီယိုများစွာကိုယာယီပိတ်ပစ်လိုက်ရသော်လည်း ကြည့်ရှုသူတွေကတော့၎င်းတို့ရဲ့အကြိုက်ဆုံးပြပွဲနှင့်သတင်းထုတ်လွှင့်မှုတွေကို ပိတ်ပင်မှုထဲမပါစေချင်ခဲ့ကြပါဘူး။ နာမည်ကြီးဂီတပညာရှင်များရဲ့အိမ်တွင်းဖျော်ဖြေပွဲများမှစ၍
John Krasinski ရဲ့“ Some Good News” YouTube show အထိဟာ lockdown ကာလအတွင်း ၎င်းတို့၏အိမ်များတွင်သာ သက်တောင့်သက်သာ broadcasting လုပ်ကြရပါတယ်။
၎င်းကဲ့သို့သော အိမ်တွင်း broadcasting လုပ်ခြင်းနှင့်အလားတူအဖြစ်မျိုးဖြစ်ကြုံနေခဲ့ရပြီး သူ့ရဲ့အိမ်မှမိုးလေဝသခန့်မှန်းချက်ကို ဆက်လက်တင်ဆက်နိုင်ရန် သူ့ရဲ့ဧည့်ခန်း၌ အစိမ်းရောင်ဖန်သားပြင် တပ်ဆင်ထားရတဲ့ Indiana ရဲ့ ၁၄ ဦးမြောက် ပထမဆုံးသတိပေးမိုးလေဝသပညာရှင် Jeff Lyons အတွက်လည်း များစွာအကျိုးသက်ရောက်စေခဲ့ပါတယ်။
Lyons ဟာ အိမ်တွင်း တစ်ယောက်တည်းရိုက်ကူးရင်း မိုးလေဝသသတင်းကြောငြာပေးလေ့ရှိပေမဲ့ မကြာသေးမီကမှ သူဟာ screenပေါ်သို့ ရုတ်တရက်ပေါ်လာတဲ့ဧည့်သည် သူ့ရဲ့ကြောင်လေး Bettyကို ကြိုဆိုခဲ့ရပါတယ်။အသက် ၁၀ နှစ်အရွယ်ကြောင်မလေး Betty ဟာ
သခင်Lyons ရဲ့ home studio အကြောင်းကိုစိတ်ဝင်စားလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းတွင် သူမရဲ့ screen debut ကို ပြုလုပ်ခဲ့ပါတယ်။ Lyonsဟာ မိုးလေဝသအခြေအနေကို သတင်းပို့နေရင်း Betty ကို ကောက်ယူကာ ပွေ့ချီထားခဲ့ပါတယ်။
Lyons ရဲ့ follower များရဲ့တုံ့ပြန်မှုကလည်း အလွန်ကောင်းမွန်နေခဲ့ပြီး လက်ရှိ Betty ဟာ သူ့ရဲ့ပုံမှန်တွဲဖက်တင်ဆက်သူဖြစ်ပြီး သူမရဲ့ Betty the Weather Cat ဟူတဲ့ခေါင်းစဉ်ကို ပြသရန် သူမရဲ့ကိုယ်ပိုင်ဆိုင်းဘုတ်လည်း ရှိနေပါပြီ။
သို့ပေမဲ့ Betty ဟာ ကြောင်တစ်ကောင်သာဖြစ်ပြီး မလွယ်ကူတာကြောင့် သူမအား ဝက်ပေါင်ခြောက်ဖြင့် ဆွဲဆောင်ဖို့လိုအပ်ပါတယ်။ “ screen ပေါ်မှာ
ဝက်ပေါင်ခြောက်နှစ်ခုနဲ့ ကျွန်တော့်လက်ထဲက ဝက်ပေါင်ခြောက်တွေနဲ့ အလုပ်ဖြစ်အောင်လုပ်ခဲ့ရတယ် ၊ အနည်းဆုံးတော့ အချိန်ယူရတာပေါ့ ” ဟု Lyons က မကြာသေးခင်က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Lyons ဟာ မကြာသေးမီက“ Betty the Weather Cat tracker” ကိုထည့်သွင်းခဲ့ကာ ကမ္ဘာတစ်ဝှမ်းရှိ သူ့ရဲ့အစီရင်ခံစာများကိုကြည့်ရှုသူများအား ခြေရာခံစေခဲ့ပါတယ်။ Betty ဟာ screenပေါ်မှစတင်ဝင်ရောက်ချိန်မှစ၍ သူမရဲ့အွန်လိုင်းပရိသတ်ဟာ အလွန်များပြားလာပြီး သတင်းတစ်ပုဒ်ရဲ့ထုတ်လွှင့်မှုတစ်ခုတည်းအတွက် လူ ၂၂၀,၀၀၀ အထိကို တိုးလာစေခဲ့ပါတယ်။
အချို့သောကြည့်ရှုသူများမှာ ဥရောပနှင့်သြစတေးလျမှပင် ရောက်လာကြပြီး Betty ဟာ ယခုမည်မျှနာမည်ကြီးနေသည်ကို သက်သေပြနေပါတယ်။ Betty ဟာ အရမ်းနာမည်ကြီးလာတာမို့ နောက်ဆုံးမှာ သူမရဲ့ကိုယ်ပိုင် Instagram acc ပါရှိလာခဲ့ပါတယ်။
သို့သော် Lyons က Betty ရဲ့အသစ်တွေ့ရှိသောကျော်ကြားမှုဟာ သူမအတွက် ကိုင်တွယ်ရန်အနည်းငယ်ခက်ခဲနေမှာကိုစိုးရိမ်နေခဲ့ပါတယ်။ “ဟုတ်ပါတယ်
၊ သူမ ၁၀ နှစ်ရှိပြီ၊ ဒါကြောင့် ငါသူမကို Comfort Zoneထဲကနေထုတ်လိုက်တဲ့အခါသူမအတွက်နည်းနည်းလေးပိုဆိုးလာနိုင်တယ်၊ ဒါမဲ့ ဒါက ငါတို့အားလုံးအတွက်ပါဘဲ” ဟု Lyons က ပြောကြားခဲ့ပါသေးတယ်။
crd
Zawgyi
သခင္ျဖစ္သူရဲ႕ အိမ္တြင္းမိုးေလဝသတိုက္႐ိုက္ထုတ္လႊင့္မႈကို ဝင္ရႈပ္ခဲ့ရင္း သခင္ရဲ႕တြဲဖက္ host အျဖစ္ လူသိမ်ားလာခဲ့တဲ့ ေၾကာင္ေလး
ကူးစက္ေရာဂါေၾကာင့္ တီဗီထုတ္လုပ္ေရးစတူဒီယိုမ်ားစြာကိုယာယီပိတ္ပစ္လိုက္ရေသာ္လည္း ၾကည့္ရႈသူေတြကေတာ့၎တို႔ရဲ႕အႀကိဳက္ဆုံးျပပြဲႏွင့္သတင္းထုတ္လႊင့္မႈေတြကို ပိတ္ပင္မႈထဲမပါေစခ်င္ခဲ့ၾကပါဘူး။ နာမည္ႀကီးဂီတပညာရွင္မ်ားရဲ႕အိမ္တြင္းေဖ်ာ္ေျဖပြဲမ်ားမွစ၍
John Krasinski ရဲ႕“ Some Good News” YouTube show အထိဟာ lockdown ကာလအတြင္း ၎တို႔၏အိမ္မ်ားတြင္သာ သက္ေတာင့္သက္သာ broadcasting လုပ္ၾကရပါတယ္။
၎ကဲ့သို႔ေသာ အိမ္တြင္း broadcasting လုပ္ျခင္းႏွင့္အလားတူအျဖစ္မ်ိဳးျဖစ္ႀကဳံေနခဲ့ရၿပီး သူ႔ရဲ႕အိမ္မွမိုးေလဝသခန႔္မွန္းခ်က္ကို ဆက္လက္တင္ဆက္ႏိုင္ရန္ သူ႔ရဲ႕ဧည့္ခန္း၌ အစိမ္းေရာင္ဖန္သားျပင္ တပ္ဆင္ထားရတဲ့ Indiana ရဲ႕ ၁၄ ဦးေျမာက္ ပထမဆုံးသတိေပးမိုးေလဝသပညာရွင္ Jeff Lyons အတြက္လည္း မ်ားစြာအက်ိဳးသက္ေရာက္ေစခဲ့ပါတယ္။
Lyons ဟာ အိမ္တြင္း တစ္ေယာက္တည္း႐ိုက္ကူးရင္း မိုးေလဝသသတင္းေၾကာျငာေပးေလ့ရွိေပမဲ့ မၾကာေသးမီကမွ သူဟာ screenေပၚသို႔ ႐ုတ္တရက္ေပၚလာတဲ့ဧည့္သည္ သူ႔ရဲ႕ေၾကာင္ေလး Bettyကို ႀကိဳဆိုခဲ့ရပါတယ္။အသက္ ၁၀ ႏွစ္အ႐ြယ္ေၾကာင္မေလး Betty ဟာ
သခင္Lyons ရဲ႕ home studio အေၾကာင္းကိုစိတ္ဝင္စားလာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ဧၿပီလအေစာပိုင္းတြင္ သူမရဲ႕ screen debut ကို ျပဳလုပ္ခဲ့ပါတယ္။ Lyonsဟာ မိုးေလဝသအေျခအေနကို သတင္းပို႔ေနရင္း Betty ကို ေကာက္ယူကာ ေပြ႕ခ်ီထားခဲ့ပါတယ္။
Lyons ရဲ႕ follower မ်ားရဲ႕တုံ႔ျပန္မႈကလည္း အလြန္ေကာင္းမြန္ေနခဲ့ၿပီး လက္ရွိ Betty ဟာ သူ႔ရဲ႕ပုံမွန္တြဲဖက္တင္ဆက္သူျဖစ္ၿပီး သူမရဲ႕ Betty the Weather Cat ဟူတဲ့ေခါင္းစဥ္ကို ျပသရန္ သူမရဲ႕ကိုယ္ပိုင္ဆိုင္းဘုတ္လည္း ရွိေနပါၿပီ။
သို႔ေပမဲ့ Betty ဟာ ေၾကာင္တစ္ေကာင္သာျဖစ္ၿပီး မလြယ္ကူတာေၾကာင့္ သူမအား ဝက္ေပါင္ေျခာက္ျဖင့္ ဆြဲေဆာင္ဖို႔လိုအပ္ပါတယ္။ “ screen ေပၚမွာ
ဝက္ေပါင္ေျခာက္ႏွစ္ခုနဲ႔ ကြၽန္ေတာ့္လက္ထဲက ဝက္ေပါင္ေျခာက္ေတြနဲ႔ အလုပ္ျဖစ္ေအာင္လုပ္ခဲ့ရတယ္ ၊ အနည္းဆုံးေတာ့ အခ်ိန္ယူရတာေပါ့ ” ဟု Lyons က မၾကာေသးခင္က တိုက္႐ိုက္ထုတ္လႊင့္မႈတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။
Lyons ဟာ မၾကာေသးမီက“ Betty the Weather Cat tracker” ကိုထည့္သြင္းခဲ့ကာ ကမာၻတစ္ဝွမ္းရွိ သူ႔ရဲ႕အစီရင္ခံစာမ်ားကိုၾကည့္ရႈသူမ်ားအား ေျခရာခံေစခဲ့ပါတယ္။ Betty ဟာ screenေပၚမွစတင္ဝင္ေရာက္ခ်ိန္မွစ၍ သူမရဲ႕အြန္လိုင္းပရိသတ္ဟာ အလြန္မ်ားျပားလာၿပီး သတင္းတစ္ပုဒ္ရဲ႕ထုတ္လႊင့္မႈတစ္ခုတည္းအတြက္ လူ ၂၂၀,၀၀၀ အထိကို တိုးလာေစခဲ့ပါတယ္။
အခ်ိဳ႕ေသာၾကည့္ရႈသူမ်ားမွာ ဥေရာပႏွင့္ၾသစေတးလ်မွပင္ ေရာက္လာၾကၿပီး Betty ဟာ ယခုမည္မွ်နာမည္ႀကီးေနသည္ကို သက္ေသျပေနပါတယ္။ Betty ဟာ အရမ္းနာမည္ႀကီးလာတာမို႔ ေနာက္ဆုံးမွာ သူမရဲ႕ကိုယ္ပိုင္ Instagram acc ပါရွိလာခဲ့ပါတယ္။
သို႔ေသာ္ Lyons က Betty ရဲ႕အသစ္ေတြ႕ရွိေသာေက်ာ္ၾကားမႈဟာ သူမအတြက္ ကိုင္တြယ္ရန္အနည္းငယ္ခက္ခဲေနမွာကိုစိုးရိမ္ေနခဲ့ပါတယ္။ “ဟုတ္ပါတယ္
၊ သူမ ၁၀ ႏွစ္ရွိၿပီ၊ ဒါေၾကာင့္ ငါသူမကို Comfort Zoneထဲကေနထုတ္လိုက္တဲ့အခါသူမအတြက္နည္းနည္းေလးပိုဆိုးလာႏိုင္တယ္၊ ဒါမဲ့ ဒါက ငါတို႔အားလုံးအတြက္ပါဘဲ” ဟု Lyons က ေျပာၾကားခဲ့ပါေသးတယ္။
crd