ကြီးမားသည့် လက်မောင်းကြီးနှင့်အတူ ရှင်သန်လာရသော သနားစရာ ကလေးငယ်
Unicode
လောကကြီးတွင် လူတစ်ချို့မှာ သာမန်မဟုတ်ပဲ မွေးရာပါ ချို့ယွင်းချက်များဖြင့် မွေးဖွားလာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူအများဧ။် ကဲ့ရဲ့ လှောင်ပြောင်ကာ ဖိနှိပ်ခံသက်သက် ရှင်သန်နေရသည်။
သို့ဖြစ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၂နှစ်အရွယ် ကလေးငယ်လေးတစ်ဦးသည် မွေးရာပါ ညာဖက်လက်မောင်းတွင် အကြိတ်လိုမျိုး အဖုသေးသေးပါလာခဲ့သည်။
ကံဆိုးစွာဖြင့် ထိုအကြိတ်လေးသည် တဖြည်းဖြည်းနှင့် ကြီးထွားလာရာ ရင်ဘတ်နားထိ ပျံ့နှံ့လာပြီး ယခုဆိုလျှင် လက်မောင်းအလေးချိန်မှာ ၆.၆ပေါင် ထိရှိနေပါသည်။
ကလေးငယ်ဧ။် မိဘများမှာလည်း လက်လုပ်လက်စားတွေဖြစ်ကာ ကလေးလေးအား ဆေးကုရန် ပိုင်ဆိုင်သမျှ ပစ္စည်းများရောင်းချသော်လည်း မလောက်၍ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း များထံ ချေးငှားပြီး ကုသပေးခဲ့သည်။
သို့သော် အကြိတ်မှာ မပျောက်နိုင်ဘဲ ဆက်လက်ကြီးထွားလာခဲ့ရာ ကလေးငယ်လေးဧ။် ကိုယ်အလေးချိန် မှာ ၄၂ ပေါင်သာရှိ၍ လက်မောင်းက ခန္ဓာကိုယ်ထက်ကို ပိုလေးနေပါသည်။
ကလေးငယ်လေးသည် ဒေသတွင်လည်း သူမဧ။် ရောဂါအခြေအနေကြောင့် အခြားကလေးများနှင့်အတူ ဆော့ကစားခြင်းခွင့်များ မရှိခဲ့ပါ။
ပတ်ဝန်းကျင်ရှိ ကလေးမိဘများမှ သူတို့ကလေးတွေကို အတူဆော့ခြင်းမှ တားမြစ်ကြပြီး ကလေးငယ်လေးအား အမြဲရှောင်ကွင်းသွားကြသည်။ကလေးငယ်လေးမှာ မိုဘိုင်း စမတ်ဖုန်းတစ်လုံးလေးကိုသာ အဖော်ပြုကာ နေထိုင်ခဲ့ရသည်။
လောကကြီးအကြောင်းကို ဘာမျှနားမလည်သေးသည့် ဖြူစင်လွန်းသော ကလေးငယ်လေး၏အဖြစ်အပျက်မှာ သနားစရာကောင်းလှသည်။
crd
Zawgyi
crd