“( ၈ ) နှစ်ကြာတဲ့ထိ အဆက်အသွယ်မလုပ်ခဲ့တဲ့ သားဖြစ်သူကို တွေ့ချင်လို့ (၂၀) ကီလိုဂရမ်အလေးချိန်ရှိတဲ့ အာလူးခြင်းတောင်းကိုထမ်းကာ (7) နာရီကြာ လမ်းလျှောက်သွားခဲ့သည့် မိခင်တစ်ဦး”

Unicode

၂၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အာလူးခြင်းတောင်းကိုထမ်းကာ ၈ နှစ်ကြာသည်ထိ အဆက်အသွယ်မလုပ်ခဲ့သော သားဖြစ်သူထံသွားရောက်လည်ပတ်ခဲ့သည့် မိခင်တစ်ဦး

တရုတ်နိုင်ငံ Dazhoui Sichuanတွင်နေထိုင်သော အသက်၇၄နှစ်အရွယ်မိခင်အိုကြီးတစ်ဦးသည်သားလေးတစ်ယောက်ရှိသော်လည်းအိမ်ထောင်ကျပြီးနောက် ဇနီးဖြစ်သူနဲ့အတူ အခြားရွာတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြ၍ တစ်ယောက်တည်း အထီးကျန်စွာ အိမ်ဟောင်းလေးမှာ ကျန်ရစ်ခဲ့ရသည်။

သားဖြစ်သူသည် အိမ်ထောင်ကျပြီးသည်နှင့် မိခင်အိုကြီးဆီကို အဆက်အသွယ်မလုပ်ခဲ့ပဲ သူ့မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရကာ ၈နှစ်ပင် ကြာသွားခဲ့သည်။

မိခင်အိုကြီးသည် သားဖြစ်သူ တစ်ခါလောက် အိမ်ပြန်လာမည်ကို မျှော်နေခဲ့သော်လည်း တစ်နှစ်ပြီးတစ်နှစ်အချိန်တွေသာ ကုန်ဆုံးသွားပေမယ့် ရောက်မလာသည့်အပြင် အဆက်အသွယ်လည်းပြတ်သွားခဲ့၍ အရမ်းလွမ်းနေခဲ့သည်။

မိခင်ဖြစ်သူသည် အိမ်နောက်ဖေး၌ စိုက်ပျိုးထားသော အားလူးတွေရချိန်တွင် သားဖြစ်သူကို စားစေချင်သည့်အတွက် တူးယူကာ ခြင်းတောင်းလေးမှာ ထည့်လွယ်ခဲ့ပြီး ၂၀ကီလိုမီတာအကွာအဝေးရှိ သားလေးအိမ်သို့ လမ်းလျှောက်ရင်း သယ်ဆောင်လာပေးခဲ့သည်။

မိခင်ဖြစ်သူသည် ၇နာရီကြာလမ်းလျှောက်လာခဲ့ပြီး အသက်ကြီးလာပြီဖြစ်၍ သားလေးရဲ့အိမ်ကိုမမှတ်မိတော့ပဲလမ်းပျောက်သွားခဲ့ရာမြင်တွေ့သူများမှ

ဒေသခံ ရဲတပ်ဖွဲ့အား အကြောင်းကြားပြီး အကူအညီတောင်းခဲ့၍ သားဖြစ်သူအိမ်သို့ ပို့ဆောင်ပေးခဲ့စဉ် မိခင်အိုကြီးမှာ လွမ်းသည့်စိတ်တွေကြောင့် သားလေးကိုမြင်မြင်ချင်းမှာပဲ မျက်ရည်များစွာ ကျလာခဲ့သည်။

crd

Zawgyi








crd