“6 နှစ်အရွယ်သားငယ်လေးနဲ့ အလုပ်ထွက်ရှာရင်း ဆိုင်ကယ်ဘီးပေါက်တာတောင် ပြုပြင်ဖို့အခက်တွေ့နေခဲ့တဲ့ အမျိုးသားရဲ့အဖြစ်”
Unicode
မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Mohd Shahrul Abd Rahim အမည်ရှိတဲ့အမျိုးသားဟာသူ့ရဲ့ 6 နှစ်အရွယ်သားငယ်လေးနဲ့အတူဆိုင်ကယ်တစ်စီးနဲ့အလုပ်ထွက်ရှာခဲ့ပါတယ် ။
နေအိမ်ကနေ 164 မိုင်အကွာမှာတော့ဆိုင်ကယ်ဘီးပြားသွားခဲ့လို့အခက်တွေ့ခဲ့ရပြီး 6 မိုင်ခန့်ကိုဆိုင်ကယ်တွန်းပြီးသွားနေခဲ့ရတာပါ ။‘
ကျွန်တော်တို့အတွက်လုံးဝမလွယ်ကူခဲ့ပါဘူး ၊ Penang မြို့မှာ အလုပ်သွားရှာဖို့ ထွက်လာခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ တံတားပေါ်မှာတင် မတော်တဆဖြစ်ပြီး ဆိုင်ကယ်ဘီးပေါက်သွားတာပါ
ရုတ်တရက် ကျွန်တော့်ရဲ့အခြေအနေကို တွေ့လိုက်တဲ့သူက ကျွန်တော့်အနား ချဉ်းကပ်လာပါတယ် ၊
ကျွန်တော်ကိုယ်တိုင်က ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့သူများကိုအကူအညီမတောင်းဘဲ ကိုယ့်ကိုသာ အားကိုးဖို့လုပ်နေခဲ့တာပါ ၊
ဒါပေမဲ့ အဲ့ကောင်လေးက ကျွန်တော်အနား တစ်ကယ့်ကို ကူညီချင်တဲ့ပုံစံမျိုးနဲ့ ရောက်လာခဲ့တာပါ ‘ ဆိုပြီး Shahrul က ပြောပြခဲ့ပါတယ် ။
ဆိုင်ကယ်ပြုပြင်ပေးတဲ့ဆိုင်အထိ ကောင်လေးက Shahrul ကို ကိုယ်တိုင်ခေါ်ဆောင်သွားခဲ့တာပါ ။
ဒါ့အပြင် Shahrul ရဲ့အကြောင်းကို social media ပေါ်မှာ ဝေမျှခွင့်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ် ။
နောက်တစ်ရက်မှာပဲ Shahrul ထံ အလုပ်ကမ်းလှမ်းခေါ်ဆိုမှုတွေ အများအပြားရရှိခဲ့ပြီး ၊ ဘတ်စ်ကားမောင်းတဲ့အလုပ်အထိပါ ကမ်းလှမ်းတဲ့သူတွေရှိခဲ့ကြပါတယ် ။
Shahrul ကတော့ အတော်လေးကိုပျော်ရွှင်စိတ်လှုပ်ရှားခဲ့ပြီး ၊ အရင်ချိန်က အလုပ်အကြိမ်ကြိမ်ကြိုးစားရှာခဲ့ပေမဲ့လည်း အဆင်မပြေခဲ့ပေမဲ့ ၊ မမျှော်လင့်ဘဲ စိတ်စေတနာကောင်းမွန်လွန်းသူနဲ့တွေ့ဆုံခဲ့ရတာဖြစ်ပါတယ် ။
crd
Zawgyi
crd