စာေရးဆရာ အၾကည္ေတာ္ ခံစားခဲ့ရတဲ့ အစာေရၿမိဳႁပြန္ကင္ဆာ ဆိုတာဘာလဲ…….?

စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့ အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ…….?

အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။ အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်။

အစာရေမျိုပြွန် ကင်ဆာ က ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်၆ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။

ဘယ်သူတွေမှာဖြစ်မှာလဲ။

အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။
ဥပမာ

* GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ
* စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ (Barrett’s esophagus)
* ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ
* အဝလွန်တာ
* အရက်သောက်တာ

* သည်းခြေရည်ပြန်တက်တာ
* Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)
* အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ
* အသီးအရွက်အစားနည်းတာ
* ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ

ဘာလက္ခဏာတွေပြမှာလဲ။

အစောပိုင်းမှာဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့

* အစာမျိုရခက်ပါမယ်။

စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။

* စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။
* အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။
* ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။
* တဖြည်းဖြည်းပိန်လာပါမယ်။

* အန်ပါမယ်။
* ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။
* ချောင်းဆိုးမယ်။
* အသံပြောင်းလာမယ်။
* သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။

နောက်ဆက်တွဲဘာဖြစ်မှာလဲ။

* အစာရေမျိုပြွန်ပိတ်တာ

ကျဉ်းနေရင် နှာခေါင်းပိုက်ကနေအစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။

* ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။
* တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။
* ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။

ကုသနည်းများ

ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။
* ခွဲစိတ်နည်း
* ဓာတ်ရောင်ခြည်ပြနည်း
* ဆေးသွင်းနည်း
* Targeted therapy
* Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

ကာကွယ်နည်းများ

အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင်
* ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။
* အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။
* အသီးအရွက်များများစားပါ။
* အဝမလွန်အောင်ထိန်းပါ။

Credit – Hello ဆရာဝန်

Zawgyi

စာေရးဆရာ အၾကည္ေတာ္ ခံစားခဲ့ရတဲ့ အစာေရၿမိဳႁပြန္ကင္ဆာ ဆိုတာဘာလဲ…….?

အစာေရမ်ိဳဆိုတာ ပိုက္လုံးနဲ႔တူပါတယ္။ ပါးစပ္နဲ႔ အစာအိမ္ကို ဆက္ထားၿပီး အစာေတြကို သယ္ပို႔ေပးပါတယ္။ အစာေရမ်ိဳႁပြန္တစ္ေလွ်ာက္ ဘယ္ေနရာမွာျဖစ္ျဖစ္ ကင္ဆာျဖစ္ႏိုင္ပါတယ္။

အစာေရမ်ိဳႁပြန္ ကင္ဆာ က ကမာၻ႔အျဖစ္အမ်ားဆုံးကင္ဆာေတြထဲမွာ နံပါတ္၆ခ်ိတ္ပါတယ္။ အမ်ိဳးသားေတြမွာပိုျဖစ္ပါတယ္။

ဘယ္သူေတြမွာျဖစ္မွာလဲ။

အစာေရမ်ိဳႁပြန္ မွာရွိတဲ့ဆဲလ္ေတြကို ခဏခဏဆြမိလို႔ ဆဲလ္ေတြ ခဏခဏပ်က္စီးရင္ပိုျဖစ္ပါတယ္။
ဥပမာ

* GERDလို႔ေခၚတဲ့ စားခ်ဥ္ရည္ျပန္တဲ့ေရာဂါ
* စားခ်ဥ္ရည္ခဏခဏျပန္တက္လို႔ ဆဲလ္ေတြပ်က္စီးတာ (Barrett’s esophagus)
* ေဆးလိပ္အပါအဝင္ ေဆးတံ၊ ေဆးေပါ့လိပ္ေသာက္တာ၊ေဆး႐ြက္ႀကီးငုံတာ
* အဝလြန္တာ
* အရက္ေသာက္တာ

* သည္းေျခရည္ျပန္တက္တာ
* Achalasia (အစာေရမ်ိဳႁပြန္က်ဥ္းလို႔ အစာေတြ အစာအိမ္ထဲမေရာက္တဲ့ေရာဂါ)
* အလြန္ပူတဲ့အရည္ေတြကို အရသာခံေသာက္တာ
* အသီးအ႐ြက္အစားနည္းတာ
* ရင္ဘတ္အေပၚပိုင္းကို ခဏခဏဓာတ္ေရာင္ျခည္သင့္တာ

ဘာလကၡဏာေတြျပမွာလဲ။

အေစာပိုင္းမွာဘာမွျဖစ္မွာမဟုတ္ပါဘူး။ နည္းနည္းၾကာလာရင္ေတာ့

* အစာမ်ိဳရခက္ပါမယ္။

စစခ်င္းေတာ့ အစာလည္ပင္းမွာကပ္ေနတယ္လို႔ ေျပာပါမယ္။ အစာစားရင္သီးပါမယ္။ ေနာက္ပိုင္း အစာမာေတြကို မ်ိဳရခက္ပါမယ္။ ဒီထက္ပိုဆိုးလာရင္ အစာေပ်ာ့၊ အစာေပ်ာ့ကေန ေရေတာင္ ေကာင္းေကာင္းမ်ိဳႏိုင္မွာမဟုတ္ပါဘူး။

* စားၿပီးသားအစာေတြ ဒီတိုင္းျပန္ထြက္လာပါမယ္။
* အစာမေၾကတာ၊ ရင္ပူတာျဖစ္ပါမယ္။
* ရင္ေခါင္းေတာင့္၊ ရင္ေခါင္းေအာင့္ပါမယ္။
* တျဖည္းျဖည္းပိန္လာပါမယ္။

* အန္ပါမယ္။
* ဝမ္းဗိုက္အေပၚပိုင္း၊ ရင္ဘတ္နဲ႔ ေနာက္ေက်ာေတြေအာင့္ပါမယ္။
* ေခ်ာင္းဆိုးမယ္။
* အသံေျပာင္းလာမယ္။
* ေသြးအားနည္းသလို ျဖဴေဖ်ာ့ၿပီး အားနည္းလာမယ္။

ေနာက္ဆက္တြဲဘာျဖစ္မွာလဲ။

* အစာေရမ်ိဳႁပြန္ပိတ္တာ

က်ဥ္းေနရင္ ႏွာေခါင္းပိုက္ကေနအစာထည့္လို႔ရပါေသးတယ္။ ဒီထက္ပိုဆိုးလို႔ လုံးဝပိတ္သြားရင္ေတာ့ ဗိုက္ကေနအေပါက္ေဖာက္ၿပီး အစာထည့္ရပါမယ္။

* ကင္ဆာဆဲလ္ေတြပ်ံ႕သြားတဲ့အခါ နာပါမယ္။
* တျခားေနရာေတြကို ပ်ံ႕သြားႏိုင္ပါတယ္။
* ကင္ဆာႀကိတ္ကေန တစိမ့္စိမ့္ေသြးထြက္ေနတတ္ပါတယ္။

ကုသနည္းမ်ား

ေရာဂါအေျခအေန၊ လူနာအေျခအေနေပၚမူတည္၍ ကုသနည္းမ်ားစြာရွိပါသည္။
* ခြဲစိတ္နည္း
* ဓာတ္ေရာင္ျခည္ျပနည္း
* ေဆးသြင္းနည္း
* Targeted therapy
* Immunotherapy စသျဖင့္နည္းလမ္းေပါင္းမ်ားစြာရွိပါတယ္။

ကာကြယ္နည္းမ်ား

အစာေရမ်ိဳႁပြန္ကင္ဆာျဖစ္တာကို ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္
* ေဆးလိပ္ျဖတ္ပါ။ ေဆးလိပ္မေသာက္တတ္ရင္ မေသာက္ပါနဲ႔။ စြဲေနရင္ ျဖတ္လိုက္ပါ။
* အရက္ေလွ်ာ့ေသာက္ပါ။ အရက္မျဖတ္ႏိုင္ေသးရင္ေလွ်ာ့ေသာက္ပါ။
* အသီးအ႐ြက္မ်ားမ်ားစားပါ။
* အဝမလြန္ေအာင္ထိန္းပါ။

Credit – Hello ဆရာဝန္