၁၅၀ကီလိုဂရမ္ရွိ ေလးလံေသာ သံဖိနပ္ကို စီး၍ ေျခေထာက္အေလးခံၿပီး ေလ့က်င့္ခန္းျပဳလုပ္ေသာ အမ်ိဳးသား

Unicode

၁၅၀ကီလိုဂရမ်ရှိ လေးလံသော သံဖိနပ်ကို စီး၍ ခြေထောက်အလေးခံပြီး လေ့ကျင့်ခန်းပြုလုပ်သော အမျိုးသား

လောကကြီးတွင် ကျန်းမာရေးက အရေးကြီးဆုံးဖြစ်၍ လူတို့သည် မိမိကိုယ်ကို နေမကောင်းမဖြစ်အောင် ခန္ဓာကိုယ်ကျန်းမာ သန်စွမ်းအောင် အားကစားလေ့ကျင့်ခန်းများ အမျိုးမျိုးပြုလုပ်ကြသည်။

သို့ဖြစ်၍တရုတ်နိုင်ငံGuangxi ပြည်နယ်မှ Zhang Enshunအမည်ရှိသော အသက် ၄၂ နှစ်အရွယ် တရုတ်အမျိုးသားသည် သံဖိနပ်ဖြင့်လမ်းလျှောက်သောကျန်းမာရေး လေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်လျက်ရှိသည်။

အမျိုးသားသည် နှစ်ဖက်ပေါင်း ၁၅၀ကီလိုဂရမ် အလေးချိန်ရှိသော သံဖိနပ်ကိုဝတ်ဆင်ကာ မီတာ ၂၀၀နှင့် ၃၀၀လောက် လမ်းလျှောက်ခဲ့ခြင်းဖြင့် ကြွက်သားနှင့် အရိုးများသန်မာလာပြီး သွေးလည်ပတ်မှုလည်း ကောင်းလာသည်ဟု ဆိုခဲ့သည်။

ဆရာဝန်များကမူ အမျိုးသားအား ထိုလေ့ကျင့်ခန်းကို ရေရှည်လေ့ကျင့်ပြုလုပ်ပါက အန္တရာယ်ရှိလာနိုင်သည်ဟု သတိပေးခဲ့ပြီး အမျိုးသား၏ လေ့ကျင့်ခန်း ပြုလုပ်ပုံမှာ ထူးထူးခြားခြားဖြစ်နေ၍ လူအများကြားတွင် နာမည်ကြီးလာခဲ့သည်။

crd

Zawgyi

၁၅၀ကီလိုဂရမ္ရွိ ေလးလံေသာ သံဖိနပ္ကို စီး၍ ေျခေထာက္အေလးခံၿပီး ေလ့က်င့္ခန္းျပဳလုပ္ေသာ အမ်ိဳးသား

ေလာကႀကီးတြင္ က်န္းမာေရးက အေရးႀကီးဆုံးျဖစ္၍ လူတို႔သည္ မိမိကိုယ္ကို ေနမေကာင္းမျဖစ္ေအာင္ ခႏၶာကိုယ္က်န္းမာ သန္စြမ္းေအာင္ အားကစားေလ့က်င့္ခန္းမ်ား အမ်ိဳးမ်ိဳးျပဳလုပ္ၾကသည္။

သို႔ျဖစ္၍တ႐ုတ္ႏိုင္ငံGuangxi ျပည္နယ္မွ Zhang Enshunအမည္ရွိေသာ အသက္ ၄၂ ႏွစ္အ႐ြယ္ တ႐ုတ္အမ်ိဳးသားသည္ သံဖိနပ္ျဖင့္လမ္းေလွ်ာက္ေသာက်န္းမာေရး ေလ့က်င့္ခန္းကို ေန႔စဥ္ျပဳလုပ္လ်က္ရွိသည္။

အမ်ိဳးသားသည္ ႏွစ္ဖက္ေပါင္း ၁၅၀ကီလိုဂရမ္ အေလးခ်ိန္ရွိေသာ သံဖိနပ္ကိုဝတ္ဆင္ကာ မီတာ ၂၀၀ႏွင့္ ၃၀၀ေလာက္ လမ္းေလွ်ာက္ခဲ့ျခင္းျဖင့္ ႂကြက္သားႏွင့္ အ႐ိုးမ်ားသန္မာလာၿပီး ေသြးလည္ပတ္မႈလည္း ေကာင္းလာသည္ဟု ဆိုခဲ့သည္။

ဆရာဝန္မ်ားကမူ အမ်ိဳးသားအား ထိုေလ့က်င့္ခန္းကို ေရရွည္ေလ့က်င့္ျပဳလုပ္ပါက အႏၲရာယ္ရွိလာႏိုင္သည္ဟု သတိေပးခဲ့ၿပီး အမ်ိဳးသား၏ ေလ့က်င့္ခန္း ျပဳလုပ္ပုံမွာ ထူးထူးျခားျခားျဖစ္ေန၍ လူအမ်ားၾကားတြင္ နာမည္ႀကီးလာခဲ့သည္။

crd