Unicode
တောင်သူတွေအတွက် သဘာဝ အစွမ်းထက် အိမ်တွင်းဖြစ် အီးအမ် မြေသြဇာ ပြုလုပ်နည်း
တစ်ပိုင်တစ်နိုင် တောင်သူလယ်သမားတွေအတွက် အိမ်တွင်းဖြစ်မြေဩဇာတွေနဲ့ ပိုးပြေးဆေးတွေအကြောင်းကို ပို့စ်တွေလည်းရေးတင်ခဲ့သလို စာအုပ်နှစ်မျိုးလည်း ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ စာအုပ်တွေဝယ်လို့မရလိုက်ကြသူတွေနဲ့ ပို့စ်တွေမဖတ်မိလိုက်ကြတဲ့သူတွေအတွက် ထပ်ပြီးတင်ပေးလိုက်ရပါတယ်။
ဒီနည်းစနစ်တွေကို လိုက်လုပ်ကြတဲ့တောင်သူတွေဟာ ကောင်းတဲ့လက်တွေ့ အကျိုးကျေးဇူးတွေကို ခံစားနေကြရလို့ မသိသေးသူများလည်း လက်တွေ့လိုက်လုပ်နိုင်ကြပြီး အကျိုးရကြစေဖို့ ထပ်ပြီးတင်ပေးလိုက်တာပါ..
၁။ စွမ်းထက် အီးအမ် မြေသြဇာ ပြုလုပ်ဖို့ ပါဝင်သည့်ပစ္စည်းများ.. (၁) သစ်ပင်အောက်ကမြေကြီး ၅ ကျပ်သား (၂) နွားသေးလတ်လတ်ဆတ်ဆတ် ၁ လီတာ (၃) နွားချေးလတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား (၄) ပဲမှုန့်အစိမ်း (ဘာပဲမှုန့်ဖြစ်ဖြစ်) ၁၅ ကျပ်သား (၅) ထန်းလျှက်
၁၅ ကျပ်သား(ကြံသကာ၊ သကြားအညိုလည်း သုံးလို့ရပါတယ်) (၆) ရေ ၄ ဂါလံခွဲ (နွားသေးစုဆောင်းရရှိတဲ့ ပမာဏအပေါ်မူတည်လို့ နွားသေးနှစ်လီတာရရင် ကျန်တာတွေလည်း နှစ်ဆ၊ သုံးလီတာရရင် ကျန်တာတွေလည်းသုံးဆတိုးလို့ ဖျော်စပ်ပါ
ဖျော်စပ်ပုံ.. (၁) သစ်ပင်ကြီးတွေအောက်က မြေကြီးငါးကျပ်သားကို အရွက်ခြောက်တွေ၊ အမှိုက်တွေမပါအောင် ဖယ်ထုတ်ပြီး တူးယူပါ၊ ဝါးရုံပင်အောက်ကမြေကြီးဆို ပိုကောင်းပါသတဲ့။
(၂) စုစုပေါင်းပမာဏရေလေးဂါလံခွဲထဲက ရေအနည်းငယ်နဲ့ မြေကြီးကိုဖျော်ပါ၊ အမှိုက်တွေနဲ့ ကျောက်ခဲတွေဆည်ပစ်ပါ။
(၃) နွားချေးလတ်လတ်ဆတ်ဆတ်ကိုလည်း လေးဂါလံခွဲထဲကရေနဲ့ ရေသင့်ရုံဖျော်ပါ၊ အမှိုက်တွေဆည်ပစ်ပါ။
(၄) ပဲမှုန့် (ဘာပဲမှုန့်ရရ) ကိုလည်း ရေသင့်ရုံနဲ့ဖျော်ပေးပါ။
(၅) ထန်းလျှက်ကိုလည်း ရေသင့်ရုံလေးနဲ့ ကျိုထားပေးပါ။
(၆) ရေဖျော်ထားတာတွေအားလုံးကို ကျန်နေသေးတဲ့ရေထဲမှာ အားလုံးစုပေါင်းထည့်ပေးလိုက်ပါ။
(၇) နွားသေးကိုလည်း ရောထည့်ပေးလိုက်ပါ။
(၈) အားလုံးနှံ့စပ်သွားအောင် မွှေပေးပြီး ဖျော်ရည်ထည့်ထားတဲ့ အိုး၊ပုန်း ကို လုံအောင်ဖုံးထားပါ၊ ယင်မနားပါစေနဲ့၊ ယင် အုသွားရင် လောက်တက်လာပါလိမ့်မယ်။ (၉) ဖျော်ရည်အိုးကို အရိပ်ထဲထားပါ။ တစ်နေ့တစ်ကြိမ် မွှေပေးပါ။
(၁၀) ဖျော်ပြီးနောက်ရက်ကြရင် ဖျော်ရည်မျက်နှာပြင်အပေါ်ယံမှာ မှိုမျှင်လေးတွေတက်နေတာ မြင်တွေ့ရပါ့မယ်။ နောက်ရက်တွေ နောက်ရက်တွေမှာ ပိုပိုပြီး များလာပါလိမ့်မယ်။ (၁၁) အရောင်ကလည်း ညိုဝါရောင်လေး ပြောင်းပြောင်း လာပါလိမ့်မယ်။
(၁၂) အနံ့ကလည်း ချဉ်စုတ်စုတ်အနံ့ကလေး ထွက်ထွက်လာပါလိမ့်မယ်။ အပုပ်နံ့ထွက်လာရင် မအောင်မြင်ပါ။
(၁၃) စပြီးလုပ်တဲ့ရက်ကနေ ရှစ်ရက်မြောက်နေ့မှာ စပြီးသုံးလို့ရပါပြီအသုံးပြုပုံ.. (၁) လေးဂါလံဝင်တဲ့ဆေးဖျန်းပုံးမှာ စွမ်းထက်အီးအမ်
တစ်လီတာကနေ သုံးလေးငါးလီတာ အထိထည့်ပြီး အပင်တွေ၊ စိုက်ပေါင်တွေ၊ မြေကြီးတွေပေါ် ဖျန်းလို့ရပါတယ်။ ကိုယ်လုပ်ထားတဲ့ပမာဏ အနည်းအများပေါ်မူတည်ပြီး ဆေးနှုန်းကိုထည့်လို့ရပါတယ်။ အပင်ကို မလောင်စေပါဘူး။
(၂) ရှစ်ရက်မြောက်နေ့ကနေ တစ်ပတ်အတွင်း ကုန်အောင်သုံးနိုင်ရင် ပို ထိရောက်ပါတယ်၊ အဲသည်ရက်ထက်ကျော်လာရင် ဖျော်ရည်ထဲမှာပါတဲ့ အဏုဇီဝပိုးလေးတွေ တဖြည်းဖြည်းနဲ့ သေဆုံးကုန်ကြပါသတဲ့၊ တစ်ပတ်အတွင်းမကုန်လည်းပဲ ဆက်ပြီးသုံးသွားကြတာပေါ့၊ အကျိုးတော့မမဲ့ပါဘူး။
(၃) သီးနှံပင်လေးတွေစပြီးပေါက်လာရင် ဖျန်းလို့ရပါပြီ။(၄) ဆယ်ရက်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ်လောက် ပုံမှန်ပက်ဖျန်းပေးပါ၊ သီးနှံစိုက်ပျိုးတစ်ရာသီမှာ အနည်းဆုံးခြောက်ခါပက်ဖျန်းပေးပါ။
(၅) တစ်နှစ်အတွင်း နွားတစ်ကောင်ကရတဲ့ နွားသေးနဲ့နွးချေးဟာ စွမ်းထက်အီးအမ် ဧကသုံးဆယ်စာ ပက်ဖျန်းဖို့လုံလောက်ပါတယ်။ (နွားမလေးတစ်ကောင်လောက်တော့ မွေးဖို့ကြိုးစားကြတာပေါ့၊ နွားသေးနွားချေးအသုံးတွေက အများကြီးရှိလာပါဦးမယ်)အကျိုးကျေးဇူးများ.. (၁) ဖျန်းပြီးသုံးလေးရက်အတွင်း သီးနှံပင်များ သိသိသာသာ စိမ်းညို့လန်းဆန်းလာပါတယ်။
(၂) ပုံမှန်ပက်ဖျန်းသွားတဲ့အခါ သီးနှံကြီးထွားဖြစ်ထွန်းမှု ကောင်းပါတယ်။(၃) သီးနှံပင် ကျန်းမာကြံ့ခိုင်မှု ပိုကောင်းပါတယ်။(၄) သီးနှံအထွက်တိုးစေပါတယ်။(၅) မြေကြီး မြေဆီဩဇာ ပိုမိုထက်သန်လာစေပါတယ်။(၆) စိုက်ပျိုးရေးဂေဟအဖွဲ့အစည်းကို ပိုမိုကြံ့ခိုင်လာစေပါတယ်။
(၇) နှစ်စဉ်မပျက်သုံးစွဲသွားရင် ပျက်နေတဲ့မြေကြီးတွေ ပြန်ကောင်းလာစေပါတယ်။(၈) နှစ်စဉ်မပျက်သုံးစွဲသွားရင် အချားမြေဩဇာထည့်သွင်းမှုတွေ လျော့ကျလာပါတယ်လို့ ပါကစ္စတန်နဲ့ အိန္ဒိယက သုတေသီတွေက ပြောပြထားပါတယ်။
Professor Thein Su (Yezin Agricultural University)
Crd
Zawgyi
ေတာင္သူေတြအတြက္ သဘာဝ အစြမ္းထက္ အိမ္တြင္းျဖစ္ အီးအမ္ ေျမၾသဇာ ျပဳလုပ္နည္း
တစ္ပိုင္တစ္ႏိုင္ ေတာင္သူလယ္သမားေတြအတြက္ အိမ္တြင္းျဖစ္ေျမဩဇာေတြနဲ႔ ပိုးေျပးေဆးေတြအေၾကာင္းကို ပို႔စ္ေတြလည္းေရးတင္ခဲ့သလို စာအုပ္ႏွစ္မ်ိဳးလည္း ထုတ္ေဝျဖန႔္ခ်ိခဲ့ပါတယ္။ စာအုပ္ေတြဝယ္လို႔မရလိုက္ၾကသူေတြနဲ႔ ပို႔စ္ေတြမဖတ္မိလိုက္ၾကတဲ့သူေတြအတြက္ ထပ္ၿပီးတင္ေပးလိုက္ရပါတယ္။
ဒီနည္းစနစ္ေတြကို လိုက္လုပ္ၾကတဲ့ေတာင္သူေတြဟာ ေကာင္းတဲ့လက္ေတြ႕ အက်ိဳးေက်းဇူးေတြကို ခံစားေနၾကရလို႔ မသိေသးသူမ်ားလည္း လက္ေတြ႕လိုက္လုပ္ႏိုင္ၾကၿပီး အက်ိဳးရၾကေစဖို႔ ထပ္ၿပီးတင္ေပးလိုက္တာပါ..
၁။ စြမ္းထက္ အီးအမ္ ေျမၾသဇာ ျပဳလုပ္ဖို႔ ပါဝင္သည့္ပစၥည္းမ်ား.. (၁) သစ္ပင္ေအာက္ကေျမႀကီး ၅ က်ပ္သား (၂) ႏြားေသးလတ္လတ္ဆတ္ဆတ္ ၁ လီတာ (၃) ႏြားေခ်းလတ္လတ္ဆတ္ဆတ္ ၆၀ က်ပ္သား (၄) ပဲမႈန႔္အစိမ္း (ဘာပဲမႈန႔္ျဖစ္ျဖစ္) ၁၅ က်ပ္သား (၅) ထန္းလွ်က္
၁၅ က်ပ္သား(ႀကံသကာ၊ သၾကားအညိဳလည္း သုံးလို႔ရပါတယ္) (၆) ေရ ၄ ဂါလံခြဲ (ႏြားေသးစုေဆာင္းရရွိတဲ့ ပမာဏအေပၚမူတည္လို႔ ႏြားေသးႏွစ္လီတာရရင္ က်န္တာေတြလည္း ႏွစ္ဆ၊ သုံးလီတာရရင္ က်န္တာေတြလည္းသုံးဆတိုးလို႔ ေဖ်ာ္စပ္ပါ
ေဖ်ာ္စပ္ပုံ.. (၁) သစ္ပင္ႀကီးေတြေအာက္က ေျမႀကီးငါးက်ပ္သားကို အ႐ြက္ေျခာက္ေတြ၊ အမႈိက္ေတြမပါေအာင္ ဖယ္ထုတ္ၿပီး တူးယူပါ၊ ဝါး႐ုံပင္ေအာက္ကေျမႀကီးဆို ပိုေကာင္းပါသတဲ့။
(၂) စုစုေပါင္းပမာဏေရေလးဂါလံခြဲထဲက ေရအနည္းငယ္နဲ႔ ေျမႀကီးကိုေဖ်ာ္ပါ၊ အမႈိက္ေတြနဲ႔ ေက်ာက္ခဲေတြဆည္ပစ္ပါ။
(၃) ႏြားေခ်းလတ္လတ္ဆတ္ဆတ္ကိုလည္း ေလးဂါလံခြဲထဲကေရနဲ႔ ေရသင့္႐ုံေဖ်ာ္ပါ၊ အမႈိက္ေတြဆည္ပစ္ပါ။
(၄) ပဲမႈန႔္ (ဘာပဲမႈန႔္ရရ) ကိုလည္း ေရသင့္႐ုံနဲ႔ေဖ်ာ္ေပးပါ။
(၅) ထန္းလွ်က္ကိုလည္း ေရသင့္႐ုံေလးနဲ႔ က်ိဳထားေပးပါ။
(၆) ေရေဖ်ာ္ထားတာေတြအားလုံးကို က်န္ေနေသးတဲ့ေရထဲမွာ အားလုံးစုေပါင္းထည့္ေပးလိုက္ပါ။
(၇) ႏြားေသးကိုလည္း ေရာထည့္ေပးလိုက္ပါ။
(၈) အားလုံးႏွံ႔စပ္သြားေအာင္ ေမႊေပးၿပီး ေဖ်ာ္ရည္ထည့္ထားတဲ့ အိုး၊ပုန္း ကို လုံေအာင္ဖုံးထားပါ၊ ယင္မနားပါေစနဲ႔၊ ယင္ အုသြားရင္ ေလာက္တက္လာပါလိမ့္မယ္။ (၉) ေဖ်ာ္ရည္အိုးကို အရိပ္ထဲထားပါ။ တစ္ေန႔တစ္ႀကိမ္ ေမႊေပးပါ။
(၁၀) ေဖ်ာ္ၿပီးေနာက္ရက္ၾကရင္ ေဖ်ာ္ရည္မ်က္ႏွာျပင္အေပၚယံမွာ မႈိမွ်င္ေလးေတြတက္ေနတာ ျမင္ေတြ႕ရပါ့မယ္။ ေနာက္ရက္ေတြ ေနာက္ရက္ေတြမွာ ပိုပိုၿပီး မ်ားလာပါလိမ့္မယ္။ (၁၁) အေရာင္ကလည္း ညိဳဝါေရာင္ေလး ေျပာင္းေျပာင္း လာပါလိမ့္မယ္။
(၁၂) အနံ႔ကလည္း ခ်ဥ္စုတ္စုတ္အနံ႔ကေလး ထြက္ထြက္လာပါလိမ့္မယ္။ အပုပ္နံ႔ထြက္လာရင္ မေအာင္ျမင္ပါ။
(၁၃) စၿပီးလုပ္တဲ့ရက္ကေန ရွစ္ရက္ေျမာက္ေန႔မွာ စၿပီးသုံးလို႔ရပါၿပီအသုံးျပဳပုံ.. (၁) ေလးဂါလံဝင္တဲ့ေဆးဖ်န္းပုံးမွာ စြမ္းထက္အီးအမ္
တစ္လီတာကေန သုံးေလးငါးလီတာ အထိထည့္ၿပီး အပင္ေတြ၊ စိုက္ေပါင္ေတြ၊ ေျမႀကီးေတြေပၚ ဖ်န္းလို႔ရပါတယ္။ ကိုယ္လုပ္ထားတဲ့ပမာဏ အနည္းအမ်ားေပၚမူတည္ၿပီး ေဆးႏႈန္းကိုထည့္လို႔ရပါတယ္။ အပင္ကို မေလာင္ေစပါဘူး။
(၂) ရွစ္ရက္ေျမာက္ေန႔ကေန တစ္ပတ္အတြင္း ကုန္ေအာင္သုံးႏိုင္ရင္ ပို ထိေရာက္ပါတယ္၊ အဲသည္ရက္ထက္ေက်ာ္လာရင္ ေဖ်ာ္ရည္ထဲမွာပါတဲ့ အဏုဇီဝပိုးေလးေတြ တျဖည္းျဖည္းနဲ႔ ေသဆုံးကုန္ၾကပါသတဲ့၊ တစ္ပတ္အတြင္းမကုန္လည္းပဲ ဆက္ၿပီးသုံးသြားၾကတာေပါ့၊ အက်ိဳးေတာ့မမဲ့ပါဘူး။
(၃) သီးႏွံပင္ေလးေတြစၿပီးေပါက္လာရင္ ဖ်န္းလို႔ရပါၿပီ။(၄) ဆယ္ရက္တစ္ႀကိမ္၊ ႏွစ္ပတ္တစ္ႀကိမ္ေလာက္ ပုံမွန္ပက္ဖ်န္းေပးပါ၊ သီးႏွံစိုက္ပ်ိဳးတစ္ရာသီမွာ အနည္းဆုံးေျခာက္ခါပက္ဖ်န္းေပးပါ။
(၅) တစ္ႏွစ္အတြင္း ႏြားတစ္ေကာင္ကရတဲ့ ႏြားေသးနဲ႔ႏြးေခ်းဟာ စြမ္းထက္အီးအမ္ ဧကသုံးဆယ္စာ ပက္ဖ်န္းဖို႔လုံေလာက္ပါတယ္။ (ႏြားမေလးတစ္ေကာင္ေလာက္ေတာ့ ေမြးဖို႔ႀကိဳးစားၾကတာေပါ့၊ ႏြားေသးႏြားေခ်းအသုံးေတြက အမ်ားႀကီးရွိလာပါဦးမယ္)အက်ိဳးေက်းဇူးမ်ား.. (၁) ဖ်န္းၿပီးသုံးေလးရက္အတြင္း သီးႏွံပင္မ်ား သိသိသာသာ စိမ္းညိဳ႕လန္းဆန္းလာပါတယ္။
(၂) ပုံမွန္ပက္ဖ်န္းသြားတဲ့အခါ သီးႏွံႀကီးထြားျဖစ္ထြန္းမႈ ေကာင္းပါတယ္။(၃) သီးႏွံပင္ က်န္းမာႀကံ့ခိုင္မႈ ပိုေကာင္းပါတယ္။(၄) သီးႏွံအထြက္တိုးေစပါတယ္။(၅) ေျမႀကီး ေျမဆီဩဇာ ပိုမိုထက္သန္လာေစပါတယ္။(၆) စိုက္ပ်ိဳးေရးေဂဟအဖြဲ႕အစည္းကို ပိုမိုႀကံ့ခိုင္လာေစပါတယ္။
(၇) ႏွစ္စဥ္မပ်က္သုံးစြဲသြားရင္ ပ်က္ေနတဲ့ေျမႀကီးေတြ ျပန္ေကာင္းလာေစပါတယ္။(၈) ႏွစ္စဥ္မပ်က္သုံးစြဲသြားရင္ အခ်ားေျမဩဇာထည့္သြင္းမႈေတြ ေလ်ာ့က်လာပါတယ္လို႔ ပါကစၥတန္နဲ႔ အိႏၵိယက သုေတသီေတြက ေျပာျပထားပါတယ္။
Professor Thein Su (Yezin Agricultural University)
Crd