စိတ်ဆင်းရဲမှုတွေပဲပေးသော ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ချိန် စိတ်ချမ်းသာရ၍ အသက်၄၀ကျော်အရွယ်ကနေ ထက်ဝက်ငယ်ရွယ်သူအဖြစ် ပြောင်းလဲသွားခဲ့သည့် အမျိုးသမီး

Unicode

အိမ်ထောင်ကျပြီးသောအခါ မိဘအိမ်လိုမျိုး လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပါးစွာ မနေရတော့ပဲ ပူပန်သောကရောက်ရကာ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ကောင်းမွန်ပါက ပိုပြီးလှလာတတ်ကပြီး အများစုကတော့ ရုပ်ရည်ရင့်သွားသလို အိုမင်းလွယ်စေခဲ့သည်။

သို့ဖြစ်၍ ဗြိတိန်နိုင်ငံမှ အသက်၄၂နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမရဲ့အသက်၂၀အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး ကလေးနှစ်ယောက်ရှိခဲ့ရာ အိမ်ထောင်သက်၁၈နှစ်အကြာမှာတော့ စိတ်ဆင်းရဲခြင်းတွေပဲ ပေးနေသည့် ခင်ပွန်းဖြစ်သူကို ကွာရှင်းပြတ်စဲခဲ့သည်။

အမျိုးသမီးသည် ခင်ပွန်းနဲ့ အတူရှိစဉ်က စိတ်ပင်ပန်းရသလို အလုပ်လည်းပိုလုပ်ရပေမယ့် ကြင်ဖော်မဲ့မိခင်ဖြစ်လာချိန် ကိုယ့်ကိုယ်ကို အချိန်ပေးလာနိုင်ခဲ့ပြီး သူမဘဝကို ငြီးငွေ့ဖွယ်ရာပုံစံမျိုးနဲ့ မဖြတ်သန်းလိုတော့၍ အလုပ်ပိုကြိုးစားကာ ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့သည်။

အမျိုးသမီးသည် အားကစားရုံသို့ ပုံမှန်သွားသလို ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးခဲ့ပြီး သူမရဲ့စိတ်ကိုလည်း အမြဲလန်းဆန်းအောင်ထားခြင်းတို့ဖြင့် အသက်၄၀ကျော်ဟုပင် မထင်မှတ်ထားရလောက်အောင် နုပျိုလာခဲ့သည်။

Crd

Zawgyi





Crd