ေက်ာက္ေဆာင္ေတြၾကားမွာ တကယ့္ေႁမြေတြရွိတဲ့ ေခ်ာင္းသာ ေငြေဆာင္က ေႁမြကြၽန္း.

Unicode

ကျောက်ဆောင်တွေကြားမှာ တကယ့်မြွေတွေရှိတဲ့ ချောင်းသာ ငွေဆောင်က မြွေကျွန်း..

မြန်မာပြည်အတွက် နိုင်ငံခြားဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိတဲ့ နေရာဒေသများထဲက တစ်ခုဖြစ်တဲ့ ငွေဆောင်ကမ်းခြေ မြွေကျွန်းကတော့ မြွေကျွန်းလို့ပြောတဲ့အတိုင်း တကယ့်ကျောက်ဆောင်ကျောက်ကြားတွေထဲမှာ မြွေများရှိနေတဲ့ ကျွန်းပဲ ဖြစ်ပါတယ်။

ငွေဆောင်ကမ်းခြေဟာ ရေသန့်ခြင်း၊ ကမ်းခြေလှခြင်း၊ ကမ်းခြေအလျားရှည်ခြင်းများကြောင့် ယခင်ကတည်းက ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်အပန်းဖြေကြလေ့ရှိပါတယ်။

ငွေဆောင်မြို့ သဇင်ကျေးရွာရှိ မြွေကျွန်းမှ ချောင်းသာကမ်းခြေသို့ Speed Boat ဖြင့် သွားလျှင် မိနစ် ၂ဝ ခန့်သာ ကြာမြင့်သည်။ သို့သော် ငွေဆောင် ကမ်းခြေနှင့် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များက ယခုခရီးစဉ်ကို သိရှိသူ အလွန်နည်းပါးတာကို တွေ့ရှိရပါတယ်။

၂ဝ၁၈ ခုနှစ်လောက်တွင် ငွေဆောင်မြွေကျွန်း နှင့် ချောင်းသာခရီးစဉ်ကို ခရီးသွားများပိုမိုသိရှိလာပြီး လာရောက်လည်ပတ်သူ များပြားလာခဲ့ပါတယ်။ မြွေကျွန်း ဆိုတဲ့အတိုင်း ကျောက်ဆောင်တွေကြားမှာ မြွေများအစုအဝေးနဲ့ တွေ့ရတတ်ပါတယ်။

ချောင်းသာ ကမ်းခြေမှ မြွေကျွန်း (သို့မဟုတ်) မြွေကျွန်းမှ ငွေဆောင် ကမ်းခြေသို့ သွားရောက်ခဲ့လျှင် ခရီးသွားဧည့်သည်များ အနေဖြင့် ခရီးစဉ်တစ်ခုတည်းဖြင့် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေအလှအပများကို ခံစားထိတွေ့ရမှာ ဖြစ်ပါတယ်။

ချောင်းသာမှ မြွေကျွန်းသို့ Speed Boat စီး၍ သွားလျှင် မိနစ် ၂ဝ ခန့်သာ ကြာမြင့်ပြီး မြွေကျွန်းမှ ငွေဆောင်ကမ်းခြေသို့ ဆိုင်ကယ်ကယ်ရီဖြင့်သွားလျှင် မိနစ် ၃ဝ ခန့်သာကြာမြင့်၍ ခရီးစဉ်တစ်ခုတည်းဖြင့် ကမ်းခြေနှစ်ခု၏ မတူညီသော သဘာဝရှုခင်းအလှအပများကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Crd

Zawgyi

ေက်ာက္ေဆာင္ေတြၾကားမွာ တကယ့္ေႁမြေတြရွိတဲ့ ေခ်ာင္းသာ ေငြေဆာင္က ေႁမြကြၽန္း..

ျမန္မာျပည္အတြက္ ႏိုင္ငံျခားဝင္ေငြမ်ားစြာ ရွာေဖြေပးလ်က္ရွိတဲ့ ေနရာေဒသမ်ားထဲက တစ္ခုျဖစ္တဲ့ ေငြေဆာင္ကမ္းေျခ ေႁမြကြၽန္းကေတာ့ ေႁမြကြၽန္းလို႔ေျပာတဲ့အတိုင္း တကယ့္ေက်ာက္ေဆာင္ေက်ာက္ၾကားေတြထဲမွာ ေႁမြမ်ားရွိေနတဲ့ ကြၽန္းပဲ ျဖစ္ပါတယ္။

ေငြေဆာင္ကမ္းေျခဟာ ေရသန႔္ျခင္း၊ ကမ္းေျခလွျခင္း၊ ကမ္းေျခအလ်ားရွည္ျခင္းမ်ားေၾကာင့္ ယခင္ကတည္းက ခရီးသြားဧည့္သည္မ်ား လာေရာက္ လည္ပတ္အပန္းေျဖၾကေလ့ရွိပါတယ္။

ေငြေဆာင္ၿမိဳ႕ သဇင္ေက်း႐ြာရွိ ေႁမြကြၽန္းမွ ေခ်ာင္းသာကမ္းေျခသို႔ Speed Boat ျဖင့္ သြားလွ်င္ မိနစ္ ၂ဝ ခန႔္သာ ၾကာျမင့္သည္။ သို႔ေသာ္ ေငြေဆာင္ ကမ္းေျခႏွင့္ ေခ်ာင္းသာကမ္းေျခသို႔ လာေရာက္လည္ပတ္သည့္ ခရီးသြားဧည့္သည္မ်ားက ယခုခရီးစဥ္ကို သိရွိသူ အလြန္နည္းပါးတာကို ေတြ႕ရွိရပါတယ္။

၂ဝ၁၈ ခုႏွစ္ေလာက္တြင္ ေငြေဆာင္ေႁမြကြၽန္း ႏွင့္ ေခ်ာင္းသာခရီးစဥ္ကို ခရီးသြားမ်ားပိုမိုသိရွိလာၿပီး လာေရာက္လည္ပတ္သူ မ်ားျပားလာခဲ့ပါတယ္။ ေႁမြကြၽန္း ဆိုတဲ့အတိုင္း ေက်ာက္ေဆာင္ေတြၾကားမွာ ေႁမြမ်ားအစုအေဝးနဲ႔ ေတြ႕ရတတ္ပါတယ္။

ေခ်ာင္းသာ ကမ္းေျခမွ ေႁမြကြၽန္း (သို႔မဟုတ္) ေႁမြကြၽန္းမွ ေငြေဆာင္ ကမ္းေျခသို႔ သြားေရာက္ခဲ့လွ်င္ ခရီးသြားဧည့္သည္မ်ား အေနျဖင့္ ခရီးစဥ္တစ္ခုတည္းျဖင့္ ေခ်ာင္းသာကမ္းေျခႏွင့္ ေငြေဆာင္ကမ္းေျခအလွအပမ်ားကို ခံစားထိေတြ႕ရမွာ ျဖစ္ပါတယ္။

ေခ်ာင္းသာမွ ေႁမြကြၽန္းသို႔ Speed Boat စီး၍ သြားလွ်င္ မိနစ္ ၂ဝ ခန႔္သာ ၾကာျမင့္ၿပီး ေႁမြကြၽန္းမွ ေငြေဆာင္ကမ္းေျခသို႔ ဆိုင္ကယ္ကယ္ရီျဖင့္သြားလွ်င္ မိနစ္ ၃ဝ ခန႔္သာၾကာျမင့္၍ ခရီးစဥ္တစ္ခုတည္းျဖင့္ ကမ္းေျခႏွစ္ခု၏ မတူညီေသာ သဘာဝရႈခင္းအလွအပမ်ားကို ခံစားႏိုင္မွာ ျဖစ္ပါတယ္။

Crd