ေန႔ကေလးထိန္းေက်ာင္းသို႔မပို႔ေပးႏိုင္လို႔ ၁ ႏွစ္သားအ႐ြယ္သားေလးကို သြားေလရာေခၚေဆာင္သြားေနရတဲ့ delivery rider ဖခင္တစ္ဦး

Unicode

မကြာသေးခင်က မလေးရှားနိုင်ငံ Penang ပြည်နယ်ရှိ delivery ယာဉ်မောင်းတစ်ဦးဟာ ရဲအရာရှိတစ်ဦးက သူ့ရဲ့ဓာတ်ပဒ့များကို social media ပေါ်မျှဝေပေးခဲ့ပြီးနောက် သူဟာ လူသိများသွားခဲ့ရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က အနောက်တောင်ခရိုင်ရဲဌာနချုပ်တွင် အလုပ်လုပ်နေတဲ့

SJN Rohayu Mohd Rodzi အမည်ရှိရဲမေဟာ Sungai Dua မြို့ရှိအကြီးတန်းရဲအရာရှိအိမ်ရာ၌ရှိနေစဉ် အဆိုပါ foodpanda delivery rider ရဲ့ဓာတ်ပုံများကိုမျှဝေကာ “ ကျွန်မ ကားထဲကနေထွက်ပြီး အဲ့ဒီသားအဖဆီကို တန်းသွားခဲ့တယ်၊နေကပူတော့ ကလေးက ချွေးတွေကျ

နေခဲ့တယ်။ ကလေးကို နေ့ကလေးထိန်းကျောင်းပို့ဖို့ အဆင်မပြေသလို အိမ်မှာကလည်း ကြည့်ပေးတဲ့လူမရှိလို့တဲ့လေ၊ ကလေးကလည်း အဖေက ငွေရှာဖို့အလုပ်လုပ်နေတာကို နားလည်နေတဲ့ပုံတိုင်းဘဲ ၊ Penangမြို့ဒေသခံတွေက ဒီသားအဖကိုတွေ့ရင် ကျေးဇူးပြုပြီး ကူညီပေးပါ။

ရှင်တို့ သူတို့ကို မကူညီနိုင်ရင်တောင် customerများရဲ့order ကိုလိုက်ပို့တဲ့အခါ ဒီသားအဖဘေးကင်းပါစေလို့ဆုတောင်းပေးရုံနဲ့တင် လုံလောက်ပါတယ်၊ အခြားသော delivery သမားများလည်း ဘေးကင်းပါစေ ” ဟု ရေးသားကာ ဖော်ပြပေးခဲ့ပါတယ်။ တကယ်တော့ အဆိုပါဖခင်

ဖြစ်သူဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Muhammad Razwan အမည်ရှိပြီး Paya Terubong မြို့မှာနေထိုင်ပါတယ်။ Muhammad က သူဟာ လွန်ခဲ့တဲ့ ၆ လက စက်ရုံတစ်ရုံရှိအလုပ်သမားအဖြစ် အလုပ်ထုတ်ခံလိုက်ရပြီး လက်ရှိမှာ ဇနီးဖြစ်သူ Nor Hasliza Abdullah

ကလည်း ဆေးရုံတစ်ခုရှိ လက်ထောက်တစ်ဦးဖြစ်သလို ကလေးကို ပြုစုစောင့်ရှောက်ပေးဖို့ အိမ်မှာလည်း လူမရှိတာကြောင့် သူ့ရဲ့တစ်နှစ်သားအရွယ်ကို အပြင်ခေါ်ထွက်လာခဲ့ရကြောင်း Harian Metro သတင်းသို့ ရှင်းပြခဲ့ပါတယ်။ “တကယ်တော့ ကျွန်တော့်သားလေးကို ကျွန်တော်

ဒီအလုပ်စလုပ်ကတည်းက ကျွန်တော်နဲ့အတူ ခေါ်ထားခဲ့ရတာ၊ ကျွန်တော်တို့က တစ်လကို ရင်းဂစ် ၄၀၀ ရှိတဲ့အိမ်တစ်လုံးမှာ ဌားနေတာကြောင့် ကလေးကို နေ့ကလေးထိန်းကျောင်းမှာ မပို့ပေးနိုင်ဘူး။ ကျွန်တော်တို့ရဲ့ငွေကြေး အခြေအနေက မတည်ငြိမ်သေးတော့ ကျန်တဲ့ ၇ နှစ်၊

၅ နှစ်နဲ့ ၃ နှစ်အရွယ်ကလေးတွေကိုတောင် ကျွန်တော့်ဇနီးရဲ့အဒေါ်အိမ်မှာ ပို့ထားရတယ်” ဟု Muhammad က ပြောပြခဲ့ပါတယ်။ သူ့ရဲ့အလုပ်ချိန်က အချိန်ပြောင်းလွယ်တာကြောင့် သူ့ရဲ့သားလေးကို ခန္ဓာကိုယ်ရဲ့အရှေ့ဖက်မှာ ချီထားရင်း အော်ဒါလိုက်ပို့ပြီး သူ့သားလေးကိုလည်း

ဆိုင်ကယ်ဦးထုပ်လေူတစ်လုံးဝယ်ပေးသင့်ကြောင်း ပြောခဲ့ပါသေးတယ်။ Muhammad က သားဖြစ်သူကို သူ့ရဲ့အလုပ်သို့ခေါ်လာရတဲ့အကြောင်းကို သိချင်နေတဲ့ netizen များရဲ့မေးခွန်းကို ရှင်းပြပေးဖို့လိုအပ်ကြောင်း ပြောကြားရင်း “အမှန်အတိုင်းပြောရရင် ကျွန်တော်ကသာ

အတင်းအကျပ်လုပ်နေမိတာပါ။ ကလေးထိန်းကျောင်းပို့ဖို့ပိုက်ဆံတတ်နိုင်တဲ့အချိန်ကျ့ရင် သူ့ကို ကျွန်တော် အပြင်ခေါ်သွားမှာမဟုတ်ပါဘူး” လို့ ဖြေကြားပေးခဲ့ပါတယ်။ လအနည်းငယ်ကြာအလုပ်လက်မဲ့ ဖြစ်ခဲ့ပြီးနောက် အလုပ်ပြန်လုပ်ရလို့ကျေးဇူးတင်ကြောင်းလည်း Muhammad

က ဆက်ပြောထားပါသေးတယ်။ “အော်ဒါတွေအများကြီးရှိတဲ့အပတ်ဆိုရင် ကျွန်တော် ရင်းဂစ် 500 လောက် ရနိုင်တယ်၊ဒါမဲ့ တခါတလေ ရင်းဂစ် 200 လောက်ပဲရတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ထဲက တချို့က ကျွန်တော့်သားကိုတွေ့ရင် လှူဒါန်းမှုတွေလုပ်တန်ကြတာကြောင့် ကျွန်တော်

ဝမ်းသာပြီးကျေးဇူးတင်မိတယ်။ သူတို့ရဲ့အလှူအဒါန်းကြောင့် ဘုရားသခင်က သူတို့ကို ကောင်းချီးပေးနေသလို ကျွန်တော်တို့သားအဖကိုလည်း ကောင်းချီးပေးနေမယ်လို့ ယုံကြည်တယ်” ဟု Muhammad က ထို့ကဲ့သို့ ပြောဆိုကာ သူ့ရဲ့စကားကို အဆုံးသတ်ခဲ့ပါတယ်။

Crd

Zawgyi

မၾကာေသးခင္က မေလးရွားႏိုင္ငံ Penang ျပည္နယ္ရွိ delivery ယာဥ္ေမာင္းတစ္ဦးဟာ ရဲအရာရွိတစ္ဦးက သူ႔ရဲ႕ဓာတ္ပဒ့မ်ားကို social media ေပၚမွ်ေဝေပးခဲ့ၿပီးေနာက္ သူဟာ လူသိမ်ားသြားခဲ့ရပါတယ္။ ဇူလိုင္လ ၂၆ ရက္ေန႔က အေနာက္ေတာင္ခ႐ိုင္ရဲဌာနခ်ဳပ္တြင္ အလုပ္လုပ္ေနတဲ့

SJN Rohayu Mohd Rodzi အမည္ရွိရဲေမဟာ Sungai Dua ၿမိဳ႕ရွိအႀကီးတန္းရဲအရာရွိအိမ္ရာ၌ရွိေနစဥ္ အဆိုပါ foodpanda delivery rider ရဲ႕ဓာတ္ပုံမ်ားကိုမွ်ေဝကာ “ ကြၽန္မ ကားထဲကေနထြက္ၿပီး အဲ့ဒီသားအဖဆီကို တန္းသြားခဲ့တယ္၊ေနကပူေတာ့ ကေလးက ေခြၽးေတြက်

ေနခဲ့တယ္။ ကေလးကို ေန႔ကေလးထိန္းေက်ာင္းပို႔ဖို႔ အဆင္မေျပသလို အိမ္မွာကလည္း ၾကည့္ေပးတဲ့လူမရွိလို႔တဲ့ေလ၊ ကေလးကလည္း အေဖက ေငြရွာဖို႔အလုပ္လုပ္ေနတာကို နားလည္ေနတဲ့ပုံတိုင္းဘဲ ၊ Penangၿမိဳ႕ေဒသခံေတြက ဒီသားအဖကိုေတြ႕ရင္ ေက်းဇူးျပဳၿပီး ကူညီေပးပါ။

ရွင္တို႔ သူတို႔ကို မကူညီႏိုင္ရင္ေတာင္ customerမ်ားရဲ႕order ကိုလိုက္ပို႔တဲ့အခါ ဒီသားအဖေဘးကင္းပါေစလို႔ဆုေတာင္းေပး႐ုံနဲ႔တင္ လုံေလာက္ပါတယ္၊ အျခားေသာ delivery သမားမ်ားလည္း ေဘးကင္းပါေစ ” ဟု ေရးသားကာ ေဖာ္ျပေပးခဲ့ပါတယ္။ တကယ္ေတာ့ အဆိုပါဖခင္

ျဖစ္သူဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Muhammad Razwan အမည္ရွိၿပီး Paya Terubong ၿမိဳ႕မွာေနထိုင္ပါတယ္။ Muhammad က သူဟာ လြန္ခဲ့တဲ့ ၆ လက စက္႐ုံတစ္႐ုံရွိအလုပ္သမားအျဖစ္ အလုပ္ထုတ္ခံလိုက္ရၿပီး လက္ရွိမွာ ဇနီးျဖစ္သူ Nor Hasliza Abdullah

ကလည္း ေဆး႐ုံတစ္ခုရွိ လက္ေထာက္တစ္ဦးျဖစ္သလို ကေလးကို ျပဳစုေစာင့္ေရွာက္ေပးဖို႔ အိမ္မွာလည္း လူမရွိတာေၾကာင့္ သူ႔ရဲ႕တစ္ႏွစ္သားအ႐ြယ္ကို အျပင္ေခၚထြက္လာခဲ့ရေၾကာင္း Harian Metro သတင္းသို႔ ရွင္းျပခဲ့ပါတယ္။ “တကယ္ေတာ့ ကြၽန္ေတာ့္သားေလးကို ကြၽန္ေတာ္

ဒီအလုပ္စလုပ္ကတည္းက ကြၽန္ေတာ္နဲ႔အတူ ေခၚထားခဲ့ရတာ၊ ကြၽန္ေတာ္တို႔က တစ္လကို ရင္းဂစ္ ၄၀၀ ရွိတဲ့အိမ္တစ္လုံးမွာ ဌားေနတာေၾကာင့္ ကေလးကို ေန႔ကေလးထိန္းေက်ာင္းမွာ မပို႔ေပးႏိုင္ဘူး။ ကြၽန္ေတာ္တို႔ရဲ႕ေငြေၾကး အေျခအေနက မတည္ၿငိမ္ေသးေတာ့ က်န္တဲ့ ၇ ႏွစ္၊

၅ ႏွစ္နဲ႔ ၃ ႏွစ္အ႐ြယ္ကေလးေတြကိုေတာင္ ကြၽန္ေတာ့္ဇနီးရဲ႕အေဒၚအိမ္မွာ ပို႔ထားရတယ္” ဟု Muhammad က ေျပာျပခဲ့ပါတယ္။ သူ႔ရဲ႕အလုပ္ခ်ိန္က အခ်ိန္ေျပာင္းလြယ္တာေၾကာင့္ သူ႔ရဲ႕သားေလးကို ခႏၶာကိုယ္ရဲ႕အေရွ႕ဖက္မွာ ခ်ီထားရင္း ေအာ္ဒါလိုက္ပို႔ၿပီး သူ႔သားေလးကိုလည္း

ဆိုင္ကယ္ဦးထုပ္ေလူတစ္လုံးဝယ္ေပးသင့္ေၾကာင္း ေျပာခဲ့ပါေသးတယ္။ Muhammad က သားျဖစ္သူကို သူ႔ရဲ႕အလုပ္သို႔ေခၚလာရတဲ့အေၾကာင္းကို သိခ်င္ေနတဲ့ netizen မ်ားရဲ႕ေမးခြန္းကို ရွင္းျပေပးဖို႔လိုအပ္ေၾကာင္း ေျပာၾကားရင္း “အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ကသာ

အတင္းအက်ပ္လုပ္ေနမိတာပါ။ ကေလးထိန္းေက်ာင္းပို႔ဖို႔ပိုက္ဆံတတ္ႏိုင္တဲ့အခ်ိန္က်႕ရင္ သူ႔ကို ကြၽန္ေတာ္ အျပင္ေခၚသြားမွာမဟုတ္ပါဘူး” လို႔ ေျဖၾကားေပးခဲ့ပါတယ္။ လအနည္းငယ္ၾကာအလုပ္လက္မဲ့ ျဖစ္ခဲ့ၿပီးေနာက္ အလုပ္ျပန္လုပ္ရလို႔ေက်းဇူးတင္ေၾကာင္းလည္း Muhammad

က ဆက္ေျပာထားပါေသးတယ္။ “ေအာ္ဒါေတြအမ်ားႀကီးရွိတဲ့အပတ္ဆိုရင္ ကြၽန္ေတာ္ ရင္းဂစ္ 500 ေလာက္ ရႏိုင္တယ္၊ဒါမဲ့ တခါတေလ ရင္းဂစ္ 200 ေလာက္ပဲရတယ္၊ ဘာပဲျဖစ္ျဖစ္ သူတို႔ထဲက တခ်ိဳ႕က ကြၽန္ေတာ့္သားကိုေတြ႕ရင္ လႉဒါန္းမႈေတြလုပ္တန္ၾကတာေၾကာင့္ ကြၽန္ေတာ္

ဝမ္းသာၿပီးေက်းဇူးတင္မိတယ္။ သူတို႔ရဲ႕အလႉအဒါန္းေၾကာင့္ ဘုရားသခင္က သူတို႔ကို ေကာင္းခ်ီးေပးေနသလို ကြၽန္ေတာ္တို႔သားအဖကိုလည္း ေကာင္းခ်ီးေပးေနမယ္လို႔ ယုံၾကည္တယ္” ဟု Muhammad က ထို႔ကဲ့သို႔ ေျပာဆိုကာ သူ႔ရဲ႕စကားကို အဆုံးသတ္ခဲ့ပါတယ္။

Crd