၁၉နှစ်ကြာ မျက်မမြင်ဘဝကို ဖြတ်သန်းလာခဲ့ပြီး ခွဲစိတ်ကုသမှုကြောင့် ပြန်မြင်လာရသောအခါ ဆရာဝန်အားဖက်၍ ငိုခဲ့သော အဖိုးအို
Unicode
လောကကြီးရှိ အချို့သော သူများမှာ မွေးရာပါ မျက်မမြင်ဖြစ်သူများရှိသလို အကြောင်းအမျိုးမျိုးကြောင့် မျက်စိကွယ်သွားသော အဖြစ်ကိုရောက်ရှိရသူများလည်း ရှိသည်။
သူတို့လေးတွေဖို့ လောကကြီးရှိ သဘာဝဖြစ်စဉ် အလှတရားများအား မည်သို့ပင် ကြည့်မြင်ချင်လိုက်မလဲဆိုတာ တွေးကြည့်ရင်း စာနာမိပါသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံရှိ အသက် ၆၅နှစ်အရွယ် အဖိုးအိုသည် မွေးရာပါ မျက်မမြင်သူတစ်ဦးမဟုတ်ပေမယ့် ၁၉နှစ်ကြာသည်ထိ မျက်မမြင် မှောင်မိုက်သောဘဝကို ဖြတ်သန်းခဲ့ရသည်။
အဖိုးအိုမှာ ကုသရန် ဆင်းရဲနွမ်းပါးသောကြောင့် အခကြေးငွေမတတ်နိုင်ခဲ့ပေ။ကံကောင်းစွာဖြင့် အဖိုးအိုသည် ပမ်ပန်ဂါဆေးရုံတွင် ပရဟိတအဖွဲ့အစည်း၏ ဆရာဝန်ကြောင့် မျက်လုံးကုသမှုကို ခံယူခဲ့ရသည်။
ဆရာဝန်မှ အဖိုးအိုဧ။် မျက်လုံးအား ခွဲစိတ်ကုသချိန်သည် ၇ မိနစ်သာကြာခဲ့ပြီး အဖိုးအိုမှာ အကောင်းပတိ မျက်လုံးများပြန်မြင်ချိန်တွင် ကုသပေးသောဆရာဝန်အား ကျေးဇူးတင်လွန်း၍ လှမ်းဖက်လိုက်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်များပါ ကျခဲ့သည်။
ထိုသို့ အဖိုးအို၏ ၁၉နှစ်ကြာမှ လောကကြီးကို တဖန်ပြန်ရောက်လာရသည့် ခံစားချက်အသစ်ကို စိတ်လှုပ်ရှားဖြစ်နေသော အဖြစ်အပျက်လေးကို လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
crd
Zawgyi
crd